အမျိုးသားချင်း လက်ထပ်သူ လူမှုရေးအဖွဲ့မှ အထုတ်ခံရ

parparaziApril 29, 20101min27118

အမျိုးသား အချင်းချင်း လက်ထပ် ထားသည့် ကရင် တိုင်းရင်းသား အဆိုတော် တဦးကို ရန်ကုန် အခြေစိုက် Klo and Kweh ဖောင်ဒေးရှင်းက အဖွဲ့ဝင်အဖြစ်မှ မကြာသေးမီက ထုတ်ပယ်ပြီး အဖွဲ့၏ အခမ်းအနားများတွင် သီချင်းဆိုခွင့် ပိတ်ပင်လိုက်ကြောင်း သိရသည်။

အဆိုတော်၏ အမည်မှာ ယူရီ ဖြစ်ပြီး ထိုင်းအမျိုးသား တဦးနှင့် လွန်ခဲ့သည့် ၃ နှစ်ကပင် လက်ထပ် ထားသည်ဟု သိရသည်။

“(Klo and Kweh အဖွဲ့က) စင်ပေါ်ကို ပေးမတက်ပါဘူး၊ လိင်တူ ချစ်သူ ဖြစ်လို့ သီချင်း ပေးမဆို နိုင်ပါဘူး၊ ကရင်ထဲမှာ လိင်တူ ချစ်သူ မရှိပါဘူး ဆိုပြီးတော့ ကျနော့်ကို အခု ထိုင်းမှာ လာလုပ်တဲ့ ဒီအဖွဲ့ရဲ့ ၉ နှစ်မြောက် အထိမ်း အမှတ်ပွဲက စပြီးတော့ ကြေညာ လိုက်တာပါ”ဟု အဆိုတော် ယူရီက ဧရာဝတီကို ပြောသည်။

အဖွဲ့ကြီးက ထိုသို့ ပိတ်ပင် လိုက်သည့် အတွက် အလွန် ဝမ်းနည်းပြီး မိမိကိုယ်ကို သတ်သေရန်ပင် စဉ်းစားမိခဲ့သည်ဟု ယူရီက ဆိုသည်။ ထုတ်ပယ်သည့် အကြောင်းနှင့် ပတ်သက်ပြီး အဖွဲ့ ခေါင်းဆောင်များကို မေးမြန်း သော်လည်း ပြန်လည် ဖြေကြားခြင်း မရှိဟု သူက ပြောပြသည်။

Klow and Kweh အဖွဲ့ကို အမေရိကန် ပြည်ထောင်စုရောက် ကရင်တိုင်းရင်းသားများ၊ မြန်မာနိုင်ငံမှ ကရင် တိုင်းရင်းသားများက ၂၀၀၁ ခုနှစ်တွင် တည်ထောင် ခဲ့သည်ဟု သိရသည်။ ယူရီသည် ထိုအဖွဲ့၏ ဂီတဆိုင်ရာ လုပ်ငန်း အဖွဲ့ ဖြစ်သော Klo and Kweh Music Awards (KKMA)တွင် စတင် ဖွဲ့စည်းစဉ်ကပင် ပါဝင် ဆောင်ရွက် ခဲ့သည်ဟု ဆိုသည်။

ဧရာဝတီက ထိုလုပ်ငန်း အဖွဲ့ သဘာပတိ Dr. Ya Ha Lay Lay La အား ဆက်သွယ် မေးမြန်းသည့်အခါ အဆိုတော် ယူရီနှင့် ပတ်သက်ပြီး ပြောစရာ မရှိဟူသော အဖြေကိုသာ ရရှိခဲ့သည်။

အဆိုတော် ယူရီသည် ကရင်သီချင်း စီးရီး ၂ ခွေ ထွက်ရှိထားသူ ဖြစ်သည်ဟု သိရသည်။ ယခင်က အဲမန္တလေး လေကြောင်းလိုင်းတွင် လေယာဉ်မောင်အဖြစ် ၁ဝ နှစ်ကြာ လုပ်ကိုင်ခဲ့ ဖူးသည်ဟု ဆိုသည်။

ယူရီသည် ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့သည်။ မကြာမီမှာပင် နှစ်ဘက် မိဘများကို အသိပေးပြီး ထိုင်းအမျိုးသား တဦးနှင့် လက်ထပ်၍ လက်ရှိ ထိုင်းနိုင်ငံတွင်ပင် နေထိုင်လျက် ရှိသည်။

လိင်တူခြင်း ထိမ်းမြားမှုကို မြန်မာပြည် အပါအဝင် နိုင်ငံ အများအပြားတွင် ပိတ်ပင်ထားသည်။ လက်ထပ်ခွင့် ရရေးအတွက် လှုံ့ဆော်မှုများ ရှိသော်လည်း အောင်မြင်မှု အနည်းအကျဉ်းသာ ရသဖြင့် အမျိုးသမီးချင်း၊ အမျိုးသားချင်း တရားဝင် လက်ထပ်နိုင်မှုကို နိုင်ငံအနည်းငယ် တွင်သာ တွေ့နိုင်သည်။

အမျိုးသားချင်း လက်ထပ်ထားသူ အဆိုတော် ယူရီ၏ အခြေအနေကို စာနာသည်ဟု မိန်းမလျာ (လိင်တူ ချစ်သူ) များအကြောင်း အထူးပြုလေ့လာ ရေးသားဖူးသည့် နာမည်ကျော် စာရေးဆရာမ နုနုရည် (အင်းဝ) က ဆိုသည်။

“သူတို့က မိန်းကလေးစိတ်၊ မိန်းမ အတွေးအခေါ်ပဲ ဖြစ်နေတယ်လေ၊ သူတို့ကို ပြောင်းလဲလို့မှ မရတာ၊ အဲ့ဒီလို မရတဲ့ အတွက် မိန်းမတယောက် အနေနဲ့ သူတို့ကို လက်ထပ်ဖို့ အထိ လူ့ အသိုင်းအဝိုင်းက ခွင့်ပြုမယ်၊ အားလုံး ကလည်း အဆင်ပြေမယ် ဆိုရင် သူတို့အတွက် ကောင်းတာပေါ့”ဟု နုနုရည် (အင်းဝ) က ဧရာဝတီကို ပြောသည်။

ယူရီ ကဲ့သို့သော အမျိုးသားများကို “မိန်းမလျာ” ဟု အများက ခေါ်ကြသည်။ သို့သော်လည်း ၎င်းတို့ကမူ “လိင်တူချစ်သူ” ဟူသော ဝေါဟာရကို ပိုမို နှစ်သက်သည်ဟု သိရသည်။

သာမန် အမျိုးသားများ အဖြစ် ပြောင်းလဲ နေထိုင်ရန် မဖြစ်နိုင်ကြောင်း သိရှိကြ သောကြောင့် မိန်းမလျာများသည် ယနေ့ခေတ်တွင် ၎င်းတို့၏ အခြေအနေမှန်ကို သတ္တိရှိရှိ ထုတ်ဖော် လာကြသည်ဟု စာရေးဆရာမ နုနုရည် (အင်းဝ) က ပြောသည်။

“လူတွေရဲ့ အမြင်တွေက မပြောင်းလဲပေမယ့် သူတို့က သတိ္တ ပိုကောင်း လာတယ်၊ အရင်ကဆိုရင် ပတ်ဝန်းကျင်က ဝိုင်းနှိမ်ကြတော့ ဒါကို ကြောက်ပြီး မဖော်ရဲဘူးလေ၊ ပုန်းနေ တဲ့ဘဝနဲ့ပဲ တသက်လုံး သွားတဲ့ သူတွေ ရှိတယ်”ဟု စာရေး ဆရာမက ရှင်းပြသည်။

“တကယ်တော့ ဒါက ဟော်မုန်း ပြောင်းလဲ ခြင်းကြောင့် ဖြစ်လာတဲ့ အတွက် နားလည်မှု ပေးနိုင်ရင် ကောင်းတယ်၊ ဒါကို အပြစ်ကြီး တခုလို သဘောထားပြီး ဆက်ဆံမယ် ဆိုရင်တော့ မကောင်းပါဘူး” ဟု နုနုရည် (အင်းဝ) က ဆက်ပြောသည်။

မိန်းမလျာများသည် AIDS ရောဂါ ပျံ့ပွားစေသူများ ဖြစ်သောကြောင့် လူ့အသိုင်း အဝိုင်းတွင် မရှိသင့်သူများဖြစ်သည်ဟု ယူဆနေ သူများကိုပင် တွေ့ဖူးကြောင်း HIV/AIDS ဝေဒနာရှင်များကို ကူညီပြီး ပညာပေးလုပ်ငန်း လုပ်ဆောင်နေသော ရန်ကုန်မြို့မှ မဖြူဖြူသင်းက ပြောသည်။

“ဒီလိုလူတွေကို မရှိသင့်ဘူးလို့ ပြောနေမယ့်အစား ရှိလာပြီ ဆိုရင် ဘယ်လို လုပ်မလဲ ဆိုတာ စဉ်းစားသင့်ပါတယ်၊ သူတို့ကို အသိ အမှတ်မပြုဘူး ဆိုရင် ဒါကို ခိုးကြောင်ခိုးဝှက် ဖြစ်နေဦးမှာပဲလေ၊ ဒီလို ရောဂါ ဆိုတာကလည်း ပွင့်လင်းမှုမရှိဘူး၊ နားလည်မှု မရှိဘူး ဆိုရင် ပိုပြီး ပြန့်ပွားဖို့ပဲ ရှိမှာပဲ”ဟု မဖြူဖြူသင်းက ဧရာဝတီကို ပြောသည်။

အမျိုးသမီးသည် အမျိုးသားထက် နိမ့်ကျသည်ဟုပင် ယူဆတတ်ကြသည့် မြန်မာနိုင်ငံတွင် မိန်းမလျာများ အခွင့်အရေး ရရှိရန် ခက်ခဲဦးမည်ဟုလည်း သူက ပြောဆိုသည်။

လူမှုပတ်ဝန်းကျင်တွင် ဆိုးဝါးစွာ ဖယ်ကြဉ်ခံထားရသော မိန်းမလျာများအပေါ် လူအများ၏ အမြင်သည် အနည်းငယ်သာ ပြောင်းလဲ လာသည်ဟု ရန်ကုန်မြို့မှ လူငယ်တဦးဖြစ်သူ ကိုခိုင်မာက ဧရာဝတီကို ပြောသည်။
“အခုဆိုရင် သူတို့နဲ့အတူ လက်ဖက်ရည်ဆိုင် တွဲထိုင်မယ်၊ ဆံပင်ပုံစံ ပြင်ချင်ရင် သူတို့ဆီမှာ သွားပြင်မယ်၊ ဒီလိုတွေ လူငယ် ယောကျာ်းလေးတွေ ကြားထဲမှာ ရှိလာတယ်၊ ဒါပေမယ့် လိင်တူချစ်သူအဖြစ် ခံယူထားတဲ့သူ အတွက်တော့ အကန့်အသတ်တွေ အများကြီး ရှိနေပါသေးတယ်”ဟု ကိုခိုင်မာက ပြောသည်။

မိန်းမလျာ အလှပြိုင်ပွဲများကို ယမန်နှစ်က ရန်ကုန်နှင့် မန္တလေးတို့တွင် ခမ်းခမ်း နားနား ကျင်းပနိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ကျင်းပခွင့်ရရန် မသေချာတော့ကြောင်း သိရသည်။

မိန်းမလျာများသည် အတတ်ပညာတခု တတ်မြောက်မှသာ လူအများက ထိုအတတ်ပညာကို အသုံးပြုရန်အတွက် နေရာပေး ဆက်ဆံတတ်ကြသည်ဟု စာရေးဆရာမ နုနုရည်(အင်းဝ) က ပြောဆိုသည်။

Source : Irrawaddy

18 comments

  • susunosuki

    April 29, 2010 at 2:56 pm

    တော်နေကြာဆို အမေရိကန်လိုပဲ
    ကျွန်တော်တို့ဆီမှာ လိင်တူချစ်သူတွေများလာမှာပါ
    ပြီးရင်လိင်တူလက်ထပ်ပွဲဆိုတာတွေကြားလာရဦးမှာ

  • susunosuki

    April 29, 2010 at 3:02 pm

    တော်နေကြာဆို အမေရိကန်လိုပဲ
    ကျွန်တော်တို့ဆီမှာ လိင်တူချစ်သူတွေများလာမှာပါ
    ပြီးရင်လိင်တူလက်ထပ်ပွဲဆိုတာတွေကြားလာရဦးမှာ
    ရပ်ကွက်ထဲမှာတောင်ကိုယ့်မျက်စိရှေ့စိတ်ပြောင်းသွားသူတွေမြင်ဖူးတယ်

    • ကိုထွန်းဝင်း

      April 29, 2010 at 4:11 pm

      အမြင်မကျဉ်းပါနဲ့ဗျာ။ သူများဘာလုပ်လို့ကိုယ်နဲ့ဘားမှဆိုင်ပါဘူး။ အရှင်ဘုရားဟောထားသလို ဒီဘဝမှာ သမာတ (samata) လဲလိုအပ်တယ်။

  • kopauk mandalay

    April 29, 2010 at 3:38 pm

    သူ.စိတ်ခံစားချက်က ကျားဖြစ်ဖြစ် မဖြစ်ဖြစ်အရေးမကြီးဘူး။
    ဒါသူ.ရဲ.ကိုယ်ပိုင်လွတ်လပ်ခွင်.လေ။
    ဒါပေမဲ.
    တူတူချင်းကိုအတူနေချင်တယ်ဆိုတာကိုတော. လူသိရှင်ကြား တရားဝင်လက်ခံဘို.ဆိုတာကတော.
    ကျနော်တို.လို. အရှက်နဲ.လူလုပ်တဲ.တိုင်းပြည်မှာ လုံးဝလက်မခံသင်.ဘူး။

  • Shwemannmay

    May 5, 2010 at 8:45 am

    ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုပေမယ် ့ ဒီလိုလိင်တူချင်းလက်ထပ်တာကို မြန်မာပြည်မှာ တရားဝင်ခွင့်ပြုတာမျိုးကိုတော့မဖြစ်သင့်ဘူးထင်ပါတယ်
    ဘာသာရေးအရ လည်းမသင့်တော်ပါဘူး

  • miemaung

    May 19, 2010 at 5:30 am

    ခုနောက်ပိုင်း ရန်ကုန်မှာ MSM တွေကို အလှပြိုင်ပွဲလုပ်ပေးလိုက်ပြီးကတည်းက သူတို့တွေ နည်းနည်း ပေါ်ပေါ် ထင်ထင် နေလာကြတယ်လို့ ထင်တယ်။ ကိုယ်ပိုင်အရည်အချင်းနဲ့ အတတ်ပညာတွေနဲ့ လုပ်ကိုင်စားသောက် နေသူတွေကို (ဥပမာ- Make-up Artists, Costume Designers) လက်ခံနိုင်စရာ ဖြစ်ပေမယ့် ဘာမှ မယ်မယ်ရရ မလုပ်ဘဲ အလကားနေ အလှပြင်ပြီး ယောက်ျားတွေကို လိုက်ညုနေတဲ့ MSM တွေကို မြင်ရတာတော့ ကျနော်တို့ နိုင်ငံအတွက် လုပ်ကိုင်ဆောင်ရွက်ပေးနိုင်တဲ့ ယောက်ျားအင်အားကို ထိခိုက်တယ်လို့ မြင်မိပါတယ်။

  • moethiha

    May 22, 2010 at 9:03 am

    ရပ်ကွက်ထဲမှာလဲယောက်ျားလျှာတွေမိန်းကလေးတွေနဲ့တွဲသွားတွဲလာလုပ်တာတွေ့ရတယ်လေ။
    သူတို့လဲ…………….

  • thantzinhtut

    May 22, 2010 at 1:40 pm

    တစ်ယောက်တလဲ ကြောက်ကြောက်

  • darkoosky

    May 24, 2010 at 5:26 am

    be lo pyit tar le yu ri yalllll… Dote Kha nay oyi pauk..
    Nyilay to ka htin yar lote Kya..
    kaung tal kwar…

  • ka lay lay

    May 24, 2010 at 7:32 am

    သနားစရာပါပဲ
    သူ့ခမျာ မိန်းမမရတာသေ ချာလို့
    ယောက်ကျားယူသွားတာ ဖြစ်နိုင်ပါတယ်။

  • Sayagyi

    May 25, 2010 at 5:42 am

    သူတို ့ကိုအခွင့်အရေးပေးသင့်တယ်။ ဒါပေမဲ့ သူတို ့ကြောင့် စိတ်ပြောင်းသွားကြသောလူငယ်တွေများလာတာက မကောင်းတဲ့အခြေနေတရပ်ပဲ။ အဲဒါမျိုးလုပ်သူတွေလိင်တူတွေကိုတော့ပြင်းပြင်းထန်ထန် အရေးယူသင့်တယ်။ မြန်မာပြည်မှာ ဟော်မုန်းကြောင့် စိတ်ပြောင်းတာထက် မသမာမှုကြောင့် စိတ်ပြောင်းသွားရတဲ့လူငယ်ပိုများမယ်။ အဲဒါကြောင့် လူငယ်ယောက်ျားလေးတွေ အနေနဲ ့သူတို ့ကို သတိထားဆက်ဆံရမယ်။

  • Thiha2010

    May 27, 2010 at 4:05 am

    အမှန်က ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးဒေါ်နွားကျောင်းနေကြတာ…
    လူတိုင်းမှာ မွေးကတည်းက အားနည်းချက်အားသာချက်ရှိကြစမြဲပါ..
    ငါသာ သူ့လိုဆိုရင်ဆိုတဲ့ ကိုယ်ချင်းစာတရားကို အားနည်းသူဖက် မတွေးတတ်ကြပဲ အားသာတဲ့ဖက်သာတွေးတတ်ကြတဲ့လူတွေအတွက် အလုပ်တစ်ခုပိုရကြတာပေ့ါ…

  • dawn528

    May 27, 2010 at 6:15 am

    အဲဒါပြောတာပေါ့။ကိုယ့်ဟာကို အငြိမ်မထားချင်ပဲ ဆော့ချင်ကြတဲ့ကောင်လေးတွေသတိထား။ ကာမေသု မိစ္ဆာ ရဲ့အကျိုးအပြစ်တွေပေ့ါ။ဒီကံကိုကျူးလွန်တဲ့သူဟာ နောင်ဘဝမှာယောက်ကျားမဟုတ်မိန်ူးမ မဟုတ်ဆိုတဲ့အပုန်းဘဝကိုလဲရမယ်။ မိန်းမသားစစ်စစ်တွေလိုလဲ လင်ကိုပေါ်ပေါ်ထင်ထင်ယူလို့လဲမရ။လူအများရဲ့ကဲ့ရဲ့ပြစ်ထင်ခြင်းကိုလဲခံရ ဆိုတာပေါ့။ အင်မတန်ကြောက်ဖို့ကောင်းပါတယ်။ ကံအကျိုးပေးပေါ့။

  • လင်းဝေကျော်

    June 3, 2010 at 4:34 am

    ဟိုမုန်းပြောင်းလို့ အခြောက်ဖြစ်တယ်လို့ ကာကွယ်ပြောပေးသော နုနုရည် ၊အဝ၊ ရေ သေချာလို့လား။
    စိတ်ပိုင်းဆိုင်ရာ လွဲမှားမှုက စတာပါ။
    ယောကျာင်္းအချင်းချင်း ကြောက်ရွံ့စိတ် ( ကလေးဘဝမှာ ကြောက်စိတ်တွေက စဖြစ်တာ၊ မယှဉ်ရဲတော့တာ။ Escapism ဆန်ဆန် )
    နောက် လိင်စိတ် ဆိုင်ရာ လွဲမှားတဲ့ အမြင် ( မိန်းမမြင်ရင် စိတ်ပါတတ်တဲ့ ယောကျာင်္းဘဝကို မှားတယ် ငရဲကြီးမယ်ထင်ပြီး… လွဲကုန်တာ )
    အလှအပကို ဦးစားပေးလွန်းတာ ( ကိုယ့်ကိုကိုယ် ချောတယ်ထင် ပြီး မှန်ထဲကြည့်ရင်းကနေများလာတော့ ဖင်ခံချင်စိတ်ပေါ်လာတယ်ဆိုတာမျိုး)
    စိတ်ရောဂါတစ်မျိုးဖြစ်တဲ့ ကိုယ့်ခန္ဓာကိုယ် ကို သူများကိုပြချင်တာ (သူများကို ဖင်ချွတ်ပြချင်လာတာ )
    နည်းနည်းကြီးမှ စော်မကြည် စိတ်ကျ ရောဂါနောက်ဆက်တွဲ ( စော်မရ တော့ လိင်စိတ်ဖြေဖျောက်ရင်း ရှုပ်လာတာရယ် ယုံကြည်မှုကျလာတာရယ် )

  • tinmin

    June 26, 2010 at 9:36 am

    ဘာတွေဖြစ်ကုန်ပြီလဲ လုံးဝန်းတဲ့ ကမာ္ဘကြီး

  • etone

    June 28, 2010 at 2:31 am

    ဆရာမနုနုရည်ကကိုယ်ချင်းစာတယ်ဆိုတော့သူကရော ဘာကြီးလဲ ။
    တကယ်တော့လူ့အသိုင်းဝိုင်းမှာ ဒါမျိုးကလုံးဝမဖြစ်သင့်တဲ့ကိစ္စပါ ။

  • aung

    July 8, 2010 at 12:25 am

    ဘဝပေးကုသိုလ်ပေါ့ဗျာ။
    နှီမ်ပြောတာတော့မလုပ်ချင်ပါဘူး ၊ဒါကတစ်ပိုင်းပေါ့
    နုနုရည်(အင်းဝ)ကိုတော့ စမ်းစစ်ဖို့လိုပါတယ်။
    (၁) သူကိုယ်တိုင်လဲ လိင်တူစိတ်ဝင်စားသူဖြစ်ရမယ်
    (၂)သူ့ဆွေမျိုးအသိုင်းအသဝန်းမှာ အဲဒီလိုလူမျိုးရှိရမယ်
    ဒါကြောင့်သူsupport လုပ်တာဖြစ်ရမယ်။
    သူကိုယ်တိုင်ရေးတဲ့တချို့သော ဝတ္ထုတွေမှာ စာရိတ္တကို အလေးမထားဘဲရေးတဲ့စာတွေဖတ်ဘူးပါတယ်။
    ဟိုး…ကာလတစ်ခုဆီမှာ သာရ မဂ္ဂဇင်းမှာ ရေးဖူးတဲ့ ”နမ်းမှာလားမောင်ရဲ့ မွှေးတယ်ရှင်” ဆိုတဲ့ဝထ္တုတိုလေးဖတ်ဖူးတဲ့သူရှိရင်
    သိနှိုင်ပါတယ်။

  • cruz

    October 12, 2010 at 5:56 pm

    စိတ်ပျက်စရာကြီးပါလား…….

Leave a Reply