အတုယူစရာ….

bigbirdApril 24, 20111min22912


ထိုင်းနိုင်ငံမှ တက္ကစီကားမောင်းသူတစ်ဦးဟာ နိုင်ငံခြားခရီးသည်တစ်ဦးကားပေါ်တွင်မေ့ကျန်ခဲ့သော ပိုက်ဆံအိတ်တစ်လုံးကို ရှာဖွေပြီး ပြန်လည်ပေးအပ်ခဲ့တယ်လို့ ဒီနေ့ထုတ် http://www.komchadluek.net/index.php သတင်းမှာ ဖော်ပြထားပါတယ်။ အဆိုပါအိတ်ထဲမှာ ဘတ်ငွေ ၅ သိန်းနဲ့အတူ အရေးကြီးစာရွတ်စာတမ်းများ ပါရှိပါတယ်။ တက္ကစီမောင်းသမားက FM 91 radio ဌာနကို အကူအညီတောင်းပြီး ရှာဖွေခဲ့တယ်လို့ဆိုပါတယ်။
ပိုင်ရှင်ဖြစ်သူကလဲ စိတ်ထားဖြောင့်မှန်သော အဆိုပါ တက္ကစီမောင်းသူအား ဆုငွေအဖြစ်ဘတ်ငွေ တစ်သောင်း ပေးအပ်ခဲ့ပါတယ်။

12 comments

  • ချစ်စ/ဆ ရာ

    April 24, 2011 at 4:13 pm

    ကြည်နူးစရာလေးပါဗျာ
    တစ်ခါတစ်လေ လူတစ်ယောက်ရဲ ့
    ပြုမူတဲ့ကိစ္စဟာ
    သက်ဆိုင်ရာ ဒေသ လူမျိုး နိုင်ငံ တွက်
    ချီးမွန်းစရာ၊ ကဲ့ရဲ ့စရာလည်းဖြစ်တတ်ပါတယ်
    ဒါ့ကြောင့် ကျွန်တော်တို ့သူသူငါငါ
    ပြည်ပနိုင်ငံတွေမှာနေကြတဲ့သူတွေအနေနဲ ့
    ကွမ်းတံတွေးတွေထွေးတာကို ထိမ်းသိမ်းကြဘို ့စုပေါင်းပါဝင်လှုပ်ဆော်သင့်ပါတယ်ခင်ဗျ
    ကျွန်တော်ကတော့ စမ်းကြည့်ပြီးပါပြီ
    အပြေးကောင်းလို ့နံရိုးမကျိုးတယ်ခင်ဗျ

  • nozomi

    April 25, 2011 at 8:03 am

    ကျွန်တော်တို့နိုင်ငံမှာလည်း ကောက်ရတာကို ရိုးသားစွာနဲ့ ပြန်ပေး တဲ့လူတွေရှိပါတယ် အဲဒါတွေကို မီဒီယာတွေမှာ ဖော်ပြပေးကြရင် ကာယကံရှင်လဲ ကျေနပ်၊ကြည်နှုးမယ် ဖတ်မိသူတွေလဲ အားကျ ပြီး ကောင်းတဲ့အတူယူနိုင်ကြတာပေါ့

  • မမလေး

    April 25, 2011 at 10:17 am

    ဒါနဲ့အလားတူပြောရဦးမယ် … သမီး အဖေ ကင်မရာဝယ်လာတာ ဒီနေ့လိုနေ့ဆို နောက်နေ့ မှာပေါ့ သမီး အစ်မက သူ့သူငယ်ချင်းနဲ့ ဓါတ်ပုံရိုက်ဖို့ယူသွားရော .. အပြန်ကျတော့ တက်စီ ငှားပြန်လာတာပေါ့ … တက်စီပေါ်ကအဆင်း လှည့်ြ့ီး ကင်မရာယူမယ်ဆိုရော ကားသမားက ကားတံခါးပိတ်ပြီး အတင်းမောင်းပြေးသွားတယ်တဲ့လေ … သူ့မှာ တော်တော်နှမြောနေတာ … အဖေကလည်း သူစိတ်မကောင်းမှာစိုးလို့ ဆူတော့မဆူပါဘူး … ကိုယ်နဲ့မထိုက်လို့ပေါ့လို့ပဲ နှစ်သိမ့်လိုက်တော့တယ် … တတ်မှမတတ်နိုင်တော့တာ ကားနံပါတ်လည်းမသိ ဘယ်ကမှန်းလည်းလည်းမသိပဲ …

  • Ko Ko Aung

    April 25, 2011 at 5:52 pm

    (၁) လွန်ခဲ့သောငါးနှစ်ခန့်က ကျွန်တော်အလုပ်လုပ်သော ဌာနရှိ အများသုံးသန့်စင်ခန်းတွင် ခြောက်မူးသားခန့်ရှိသော ရွှေ ဟန်းချိန်းတခု ဧည့်သည်မှ ကျွတ်ကျကျန်ခဲ့ရာ လစာနည်းပြီး အလွန်အကြွေးထူလှသော သန့်ရှင်းရေးအမျိုးသမီးက ကောက်ရသဖြင့် အထက်လူကြီးကို လာရောက်အပ်နှံပါသည်။
    (၂) လွန်ခဲ့သောသုံးနှစ်က ကျွန်တော်တက္ကစီတစီးပေါ်တွင် GSM ဟန်းဖုံးတလုံးကျန်ခဲ့သဖြင့် ကျွန်တော်က လှမ်းဆက်သွယ်ရာ ၎င်း တက္ကစီသမားက နှစ်သိန်းပေးရမည် ဟုပြောသဖြင့် ၎င်းကိုစိတ်ဆိုး သည်ကတကြောင်း ၎င်းချိန်းသည့်နေရာသို့ မသွားရဲသည်က တကြောင်းကြောင့် အဆုံးခံပြီး ကတ်အသစ်လဲ လိုက်ရပါသည်။
    အထက်ပါနှစ်ဦးစလုံး ကျွန်တော်တို့ မြန်မာလူမျိုးများ ပဲဖြစ်ပါသည်။

  • kai

    April 26, 2011 at 7:57 am

    ဧပြီ၁ရ ရက်နေ့ကပြီးသွားတဲ့ မြန်မာတွေစုပြီး ပန်းခြံထဲလုပ်တဲ့…သင်္ကြန်ပွဲမှာလေ..။
    လော့စ်အိန်ဂျလိစ်မှာပေါ့..။
    အသိတယောက်ရဲ့..အသိ..နယ်ကလာတာ…ဝင်းထဲ ပိုက်ဆံအိပ်ကျပျောက်သတဲ့..။
    အဲဒါ..ရတဲ့သူက.. ပစ္စည်းပျောက်တဲ့နေရာမှာ ပြန်အပ်ပေးသွားတယ်..။

    ပိုက်ဆံ ၂၀ဝတော့ ပြန်ပါမလာတော့ဘူး..။ ဘဏ်နဲ့တခြားကဒ်တွေအကုန်ပြန်ရလို့.. မောင်မင်းကြီးသားကို အကုန်ဝိုင်းကျေးဇူးတင်နေကြရပါသတဲ့..။
    အတုယူစရာလားဟင်င်…. 🙂

  • manawphyulay

    April 26, 2011 at 8:12 am

    တစ်ခါတလေ ကားပေါ်ကျန်ခဲ့ပေမယ့် ကားသမားက မတွေ့ရင်လည်း ပြန်ပေးလို့ ဘယ်ရမလဲ။ နောက်ငှားတဲ့သူမရှိတော့ရင်တော့ တွေ့မိပြီး ပြန်ပေးကြပါတယ် ။

  • bigcat

    April 27, 2011 at 1:12 am

    အိတ်ထဲပါတဲ့ ငွေယူထားပြီး ကတ်ပြားနဲ့ပိုက်ဆံအိတ်ပဲပြန်ပေးတာ မြန်မာတွေကြားထဲမှာ ခဏခဏတွေ့ဖူးတယ်။ ယူကောင်းတယ်များ မှတ်နေကြလားမသိဘူး။
    ကျနော်တခါကောက်ရဖူးတယ်။ အကုန်လုံးကို ပိုင်ရှင်ထံအပ်လိုက်ပါတယ်။ ကိုယ်ပျောက်သွားတုန်းကလည်း yellow cab တက္ကဆီသမား ဘင်္ဂလားဒေ့ရှ်ကုလားက အိမ်တိုင်ယာရောက်တောင် ရှာပေးသေးတယ်။

  • moethidasoe

    April 27, 2011 at 5:01 am

    အားလုံးကတော့ တစ်ဦးစီးပေါ်မှာပဲ မူတည်ကြပါတယ် ..
    ဘယ်နေရာမှာမဆို ကောင်းတဲ့လူ ရှိကြသလို ကိုယ်ကျိုးကိုသာ ကြည့်တတ်တဲ့လူလဲ ရှိမှာပါ
    လူမျိုးနဲ့ မဆိုင်ဘူး .. ဘာသာနဲ့ မဆိုင်ဘူး ထင်တယ်

  • cobra

    April 27, 2011 at 5:31 am

    ကျွန်တော်မြင်ဖူးတာလည်းရှိတယ်…
    ပိုက်ဆံကိုယူထားပီးစာရွက်စာတမ်းတွေပဲပြန်ပေးတဲ့လူတစ်ယောက်ကို

  • kopauk mandalay

    April 27, 2011 at 12:05 pm

    အရင်ကတဲက အတွေးမှားနေကြတာ ရှိတယ် ရေအဆုံးကုန်းတစ်ဝက်ဆိုတာလေ။
    နေရာတကာမှာ နိုင်ငံတကာမှာ ဘာသာပေါင်းစုံ လူမျုးိပေါင်းစုံမှာ
    မရှိပေမယ့် ရိုးသားသူ ရှိနေပေမယ့်လဲ မရိုးသားနိုင်သူတွေရှိနေပါတယ်။
    အခုလို မှတ်တမ်းတင်ခံရသူရှိနေသလို အသိအမှတ်အပြုမခံရ မှတ်တမ်းတင်မခံရပေမယ့်လဲ
    ကိုယ့်မူနဲ့ကိုယ် ရိုးသားနေသူတွေရှိနေမှာ အမှန်ပါဘဲ။

  • nature

    April 27, 2011 at 3:44 pm

    မြန်မာပြည်မှာ တက္ကစီကားပေါ်မှာမေ့ကျန်တာတွေဖြစ်တတ်ပါတယ်၊ ပြန်ပေးချင်တဲ့သူတွေကလွယ်လွယ်ရဲစခန်းသွားအပ်ကြတာပဲ၊ ကျန်ခဲ့တဲ့သူကလည်း လွယ်လွယ်ရဲစခန်းသွာတိင်ကြတာပဲ၊ ပြန်ပေးချင်တဲ့သူနဲ့ ပျောက်တဲ့သူတွေ FM radio ကနေmatch ဖြစ်အောင်လုပ်ပေးနိုင်ရင်ကောင်းမှာပဲ။ သူတို့ရဲ့ရိုးဂုဏ်တွေလဲ လူသိထင်ရှား ဖြစ်နိုင်ပြီး ပီတိပိုဖြစ်နိုင်ပါတယ်။

  • nature

    April 27, 2011 at 3:47 pm

    မြန်မာပြည်မှာ တက္ကစီကားပေါ်မှာမေ့ကျန်တာတွေဖြစ်တတ်ပါတယ်၊ ပြန်ပေးချင်တဲ့သူတွေကလွယ်လွယ်ရဲစခန်းသွားအပ်ကြတာပဲ၊ ကျန်ခဲ့တဲ့သူကလည်း လွယ်လွယ်ရဲစခန်းသွာတိုင်ကြတာပဲ၊ ပြန်ပေးချင်တဲ့သူနဲ့ ပျောက်တဲ့သူတွေ FM radio ကနေmatch ဖြစ်အောင်လုပ်ပေးနိုင်ရင်ကောင်းမှာပဲ။ သူတို့ရဲ့ရိုးဂုဏ်တွေလဲ လူသိထင်ရှား ဖြစ်နိုင်ပြီး ပီတိပိုဖြစ်နိုင်ပါတယ်။

Leave a Reply