ကြည့်မိတဲ့သူမှာအပြစ်ရှိသလား ၊ ဝတ်တဲ့သူမှာအပြစ်ရှိသလား…

lu ta loneApril 29, 20101min63026
အမေ – လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။
အမေပြောခဲ့တာက ဒီလိုပါ – မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ဝတ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။

ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမဝတ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အဝတ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။ ပေါင်ရင်းလောက်တိုတဲ့စကပ်ရှိတယ် ၊ ဒူးအောက်ရောက်တဲ့စကပ်ရှိတယ် ၊ စကပ်ကို ပေါင်ရင်းအထိခွဲထားတဲ့ စကပ်ရှိတယ် ၊ အခုနောက်တည့်တည့်ကခွဲတဲ့စကပ်တောင်ရှိသေးတယ်။ အခုမြန်မာမလေးတွေ ဝတ်တဲ့စကပ်က ပေါင်လောက်ထိတိုတဲ့ စကပ်တောင် ရှိနေပါပြီ။ ဝတ်ရဲတဲ့သူတွေက ဝတ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ ၊ နောက်ခွဲ နဲ့ စကပ်ရှည်ရှည်တွေကတော့ မြန်မာမိန်းကလေးတိုင်းလိုလို ဝတ်ဝံ့တာမြင်နေရပြီ။

အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွန့်အထက် ဘာမှ မရှိဘူး။ အမေတို့ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့ လူထဲမထွက်ရဲကြပါဘူး။ ခုတော့ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာချိတ်လို့ လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျှော်လွန်းပါဘူးကွယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက “အရှက်ကို အသက်နဲ့လဲမယ် ´´ ဆိုပြီး အမေတို့မြန်မာမိန်းမတွေ ကြွေးကျော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားပါ။ ဒါကြောင့် သမီးလေးတို့ကရော သမီးလေးတို့ရဲ့ အုပ်ထိန်းသူတွေကပါ ဝိုင်းဝန်းတည့်မတ်ပေးကြပါ။

ပြီးတော့ ထဘီ နဲ့ စကပ် ရဲ့ ကွာခြားမှုကို အမေနည်းနည်းပြောပြချင်တယ်။ ထဘီက ဝတ်ရင်း ၊ ထိုင်ရင်းကနေ တနေရာမှာ တခုခုစွန်းသွားပေသွားလိုကရှိရင် အဲ့ဒီအစွန်းအပေကို လွယ်လွယ်လှည့်ဝတ်လို့ရတယ်။ ဖုံးကွယ်လို့ရတာပေါ့။ စကပ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာပေပေ ဒီအပေကို လှည့်လို့လည်းမရဘူး။ ဒါကြောင့် ဖုံးလို့ကွယ်လို့မရဘူးပေါ့။

နောက်တခုက မြန်မာမိန်းကလေးတွေ ဘောင်းဘီဝတ်တာကိုလည်းပြောချင်သေးတယ်။ တောထဲတောင်ထဲ ခရီးကြမ်းသွားလို့ ထိုင်ထကောင်းတဲ့ဘောင်းဘီမို့ ဝတ်တာမျိုးကို အမေမပြောလိုပေမယ့် အခုခေတ်မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေအတော်အံ့ဩမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အကျင်္ ီ တိုနံ့နံ့နဲ့မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတွေနေကြရပြီ။ အမေတို့မြန်မာဓလေံထုံးစံက မိန်းကလေးဝတ်တဲ့ အဝတ်အစားဟာ “ဣန္ဒြေရတယ်´´ ဆိုတဲ့ ဆိုင်းဘုတ်ပါရတယ်။ အဝတ်အစားကိုက လျှပ်ပေါ်တယ် ၊ လော်လီတယ် ဆိုတာမျိုးမဖြစ်စေရဘူး။ အခုတော့တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကိုရွေးဝတ်နေကြတယ်။ အမေတို့မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့အရာဆိုတာရှိတယ်။ ဖော်လှစ်သင့်တဲ့အရာဆိုတာရှိတယ်။ ဘယ်ဟာကဘာလဲလို့မသဲကွဲရင် အမေ့ကိုတိုးတိုးမေး။ အခုတော့ တချို့မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ခေတ်ဆန်တာလို့ ထင်နေသလား။

အဲ့ဒီနေရာမှာ တို့အရှေ့နဲ့ အနောက်ကပြောင်းပြန်ပါ။ အနောက်ကမိန်းကလေးတွေက ဘာနဲ့မဆို စွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့အရှေ့တိုင်းကအဲ့ဒီလိုမဟုတ်ဘူး။ တို့အရှေ့တိုင်းသူမိန်းမတွေဟာ အနောက်တိုင်းသူမိန်းမတွေနဲ့မတူတာတချက်ရှိတယ်။ တို့အရှေ့တိုင်းသူတွေက ကိုယ်မှာရှိတဲ့ အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ အဲ့ဒီတော့ တို့အရှေ့တိုင်းသူတွေက အနောက်တိုင်းမိန်းမတွေထက်သာပါတယ်။ သမီးမိန်းကလေးတို့ ပြိုင်ချင်သပဆိုရင်ပြောတာပါ။

ခုခေတ်မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့တသက်လုံးလက်ခံလာတာက `ချက်´ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမဲ့အရာမျိုး။ အခုခေတ်မိန်းကလေးတွေက ဒီချက်ကြီးကို ဖော်ရုံလှစ်ရုံမကဘူး ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့ဩလို့မဆုံးဘူး။ သူတို့အဖေတွေကလည်း ဒါကိုကြည့်နေကြသတဲ့။ အဲ့ဒီတော့ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား လူတွေကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား ၊ အမေအသက်ရှည်နေသေးတာကိုပဲအပြစ်တင်ရမလား မပြောတတ်တော့ဘူး။

အခုတော့ အမေလဲ မရှိတော့ပါဘူး… အမေ မမြင်ရတော့ဘူးပေါ့…

From: New World

26 comments

  • susunosuki

    April 29, 2010 at 2:52 pm

    တားမရဘူးဗျ
    Evolution ဆိုတာလေ
    အလိုလိုဖြစ်လာတာပဲ

  • kopauk mandalay

    April 29, 2010 at 3:28 pm

    ကြည်.သူလဲမမှားဘူး ဝတ်သူလဲမမှားဘူး
    သည်လိုခေတ်ပျက်ကြီးမှာ ကျနော်တို.လူဖြစ်နေတာကို ကမှားနေတာပါ။

  • မြန်မာမလေး

    April 29, 2010 at 4:47 pm

    ခေတ်နဲ့ အညီဝတ်တာကို လက်သင့်ခံနိုင်ပေမယ့် အရမ်းကြီး ခေတ်လွန်နေရင်တော့ မကောင်းဘူးပေါ့ရှင်။ ကိုယ့် ယဉ်ကျေးမှူ ကိုတော့ ထိန်းသိမ်းသင့်ပါတယ်။ ယဉ်ကျေးမှူဟာ နိုင်ငံတစ်နိုင်ငံရဲ့ အသက်သွေးကြောပါ၊ ကိုယ်ပိုင် ယဉ်ကျေးမှူတွေ ရှေးထုံးတမ်းစဉ်လာတွေသာမရှိတော့ဘူးဆိုရင် အဲဒီနိုင်ငံဟာ ကွယ်ပျောက်သွားနိုင်တဲ့ အန္တရာယ်ရှိပါတယ်

  • မောင်တင့်တယ်

    May 1, 2010 at 12:57 pm

    ဒီဘက်နှစ်ပိုင်းမှာ ဝတ်စားဆင်ယင်မှုနဲ. ပတ်သက်ပြီး တော်တော်လေးဆိုးရွားနေပါတယ်။Globalization ခေတ်ပဲဖြစ်ဖြစ်၊ ဘယ်ခေတ်ပဲ ရောက်ရောက် မြန်မာ ဟာ မြန်မာပါဘဲ။
    ဇာတိ်ပုညဂုဏ်မာနတော့ ရှိသင့်တယ်
    ကိုယ့်နိုင်ငံ ထဲမှာ နေမှမဟုတ် ၊ သူများနိုင်ငံမှာနေထိုင်လည်း ကိုယ် ဘယ်က လာတာလည်း ဆိုတာ ကိုယ်သာလျှင် အသိဆုံးပါ

  • ပြည်သူ

    May 2, 2010 at 6:44 am

    ဟုတ်တယ်ဗျာ။
    မိန်းကလေးများ သိမှာပါ အခုနေခါများ မိန်းကလေးတယောက်ထဘီနဲ့ ရင်စေ့ ဝတ်သွားရင် အားလုံးကြည့်တဲ့အကြည့်နဲ့
    လျှပ်ပေါ်လော်လီ ဝတ်သွားရင်ကြည့်တဲ့ နဲ့ အာလုံးကြည့်တာချင်းအတူတူ ကြည့်တဲ့အကြည့်ချင်းကမတူဘူးနော်
    ” အရိုးဆုံးအရာက အဆန်းဆုံးဖြစ်နေတယ် ” ကျွန်တော့အမြင်မှာ ။ လူကြီးသူမတွေကအစ ချွေးမတော်ချင်ကြမှာဘဲ
    သေချာတာတခုကတော့ မိန်းမဈေးကျနေပြီ
    ကန်တော့နော် ကျွန်တော့အစ်မတွေ ညီမတွေကို

  • human beings

    May 2, 2010 at 7:03 am

    ဝတ်စားဆင်ယင်မှုနဲ ့ပတ်သတ်လာတော ့ comment ပေးတဲ ့သူတွေတော်တော်နဲတာပဲနော် အဟဲဟဲ.
    စာရေးသူနဲ ့စာဖတ်သူတွေကအမြင်ချင်းမတူလို ့ပဲဖြစ်ရမယ် :D.
    ဒီလိုအသိပညာပေးစာလေးတွေများများရေးပေးစေချင်တယ်.ကိုယ်ပဗမာဆိုတာမေ့ကုန်ကြပြီလားမသိတော့ဘူး..ဟူးးးးးးးးးးးးးးးးးးးးးးးး ရင်မောတယ်.သူတို ့ကိုယ်သူတို ့အဟုတ်ကြီးတွေမှတ်နေတာ
    အလန်းတွေလုပ်ချင်အားကြီးပြီးတော ့ အလန်ကြီးတွေဖြစ်ကုန်ကြပြီ.ယောက်ျားမရမှာစို ့လို ့ထင်တယ်
    ရှ်ိတာတွေအကုန်လှန်ပြနေကြတော ့တာပဲ. ကိုယ်တုံးလုံးစိန်တွေ ရွံတယ်နော် ထွီ …ဝေါ ့.

  • Kyawmonkhant

    May 7, 2010 at 3:52 am

    ဝတ်စားဆင်ယင်မှုတွေက ခုနောက်ပိုင်း ၃-၄ နှစ်အတွင်းမှာ သိသိသာကြီးကို ပြောင်းလာတာတွေ့ရတယ်ဗျ။ နောက် ၃-၄နှစ်ဆိုရင်တော့ အမျိုးသမီးတွေ ထဘီလုံးဝမဝတ်လောက်တော့ဘူးလို့ထင်တယ်။ အမျိုးသားတွေလဲ ပုဆိုးနဲ့ ဝေးလာတာတွေ့ရတယ်ဗျ။ နောက်ဆိုရင် အမျိုးသားဝတ်စုံဆိုတာ ပြတိုက်မှာ သွားကြည့်ရတော့မယ်ထင်တယ်။ မြစ်တွေတောင် ရေစီးကြောင်းပြောင်းသေးတာဆိုတော့ ခေတ်ရေစီးကြောင်း ပြောင်းတာကိုလဲ လက်မခံလို့တော့မရပါဘူး၊ ဒါပေမယ့် အဝတ်အစားနဲ့ပတ်သက်လို့ ခေတ်ရှေ့ပြေးပြီး ခေတ်လွန်နေတာကိုတော့ လက်ခံလို့မရနိုင်သေးဘူး။ တချို့လဲ မိဘကိုယ်တိုင်ဝတ်ခိုင်းတာဖြစ်မယ်၊ တချို့ကြ မိဘမသိအောင် ဝတ်တာ။ အိမ်ကထွက်လာတော့ တမျိုး၊ တနေရာမှာ သွားပြီး ဝတ်ချင်သလိုဝတ်၊ ကဲချင်သလိုကဲပြီး အိမ်ပြန်ဝင်တော့ တမျိုး။ ဒါမျိုးတွေဖြစ်နေတာဆိုတော့ မိဘကလည်း မသိရှာဘူးပေါ့။ ဘာပဲဖြစ် ဖြစ် အဲလို တန်ဖိုးထားရမည့်ဟာတွေကို လှစ်ပြပြီး ဝတ်ကျတဲ့ အမျိုးသမီးတွေကိုတော့ လေးစားမှု နဲနဲလျော့သွားသလို ခံစားရပါကြောင်း။

  • nga pay

    May 12, 2010 at 4:06 pm

    ကျွန်တော်ကတော့ကြည့်မှာ ပဲ… ကြည့်ဖို့ကို မျက်လုံးတွေပေးထားတယ်လေ…
    ဝတ်တဲ့ သူတွေကလဲ ဝတ်ကြပေါ့….ဝတ်ချင်တာကိုဝတ်ဖို့ သူမှာအခွင့်အရေးရှိတယ်……လျှပ်ပေါ်လော်လီတဲ့အဝတ်ကိုဝတ်တိုင်းလဲ လူကိုယ်တိုင်က လျှပ်ပေါ်လော်လီဦးမှပါ…. ရိုးရို်းလေးနေပြပြီးလုပ်ချင်တာလုပ်နေသူတွေလဲ ရှိမှာပေါ့….လောကကြီးကိုက ….ဖြစ်ချင်တာကိုဖြစ်အောင်လုပ်နိုင်တဲ့
    ပြောင်းလဲ မှုတွေကို ဖန်တီးပေးနေတယ်…….. လိုက်မပြောင်းတဲ့သူတွေကျန်ခဲ့လဲ အချိန်တန်ရင် သွားရမယ့်လမ်းက အဆင်သင့်ပါ..
    ပြောင်းမယ်ဆိုပြီးခေတ်နဲ့ အညီလိုုက်နေတော့ကော … အချိန်တန်ရင်သွားရမယ့်လမ်းက အဆင်သင့်ပါပဲ……..
    တကယ်တော့ ဘဝဆိုတာ…..မသိလိုက်မသိဖာသာ ထားလိုက်ဖို့အကောင်းဆုံးလို့ထင်တယ်….. …..ကျွန်တော့အတွေ့အကြုံတစ်ခုပြောပြချင်တယ်…
    ဟမ်ဘာဂါ ဆိုတာကို စားဖူးကြမယ်ထင်ပါတယ်….အခုခေတ်လူတော်တော်များများသိနေကြပါတယ်….ကျွန်တော့်အဖွား(သေသွားပြီ) ဆိုရင် တစ်ခါပဲစားဖူးလိုက်ပါတယ်… ဒါတောင်ကျွန်တော်ဝယ်ကြွေးခဲ့လို့ပါ ….သူကပြောသွားတယ်…ဒါလားဟဲ့ဟမ်ဘာဂါတဲ့… ကျွန်တော်မမြင်ဖူးလိုက်တဲ့ အဖွားအမေဆိုရင်
    သူသမီးစားဖူးတဲ့ ဟမ်ဘာဂါဆိုတာ ဘာမှန်းတောင်သိမှာ မဟုတ်ပါဘူး….. …… ဒါဟာ ပြောင်းလဲသွားတဲ့ ခေတ်ပညာ ခေတ်စနစ် ခေတ်အတွေးအခေါ်ပေါ့…..
    ငါမသိ ငါမမြင် ငါမယုံ ဆိုတာမဖြစ်သင့်သလို ….. လူတိုင်းမှာ သူ့အသိ သူ့အမြင် သူ့ယုံကြည်မှု ဆိုတာ ရှိကြမှာပေါ့ …….
    သူတို့ဖာသာ သူတို့နားလည်နိုင်စွမ်းကို သာ အသုံးချနိုင်ကြပါစေ…….
    ဘယ်သူကိုမှ ရည်ရွယ်ပြောဆို ခြင်းမရှိပါ…………အမှန်ကိုနားလည်နိုင်ပါစေ…..
    စေတနာဆိုတာ လူတိုင်းနဲ့ မတန် ….တဲ့ စကားလေးကနားလည်ရလွယ်သလိုလိုနဲ့ ခက်ပါတယ်….

  • BaKo

    May 12, 2010 at 11:22 pm

    ဘယ်သူ့မှာမှ အပြစ်မရှိဘူး။ ကမ်ဘာဦးက ဘယ်သူမှ ဘာမှဝတ်တာမဟုတ်ဘူး။ မြန်မာလည်း ရှေးက နန်တွင်းသူပဲရင်စည်းဝတ်တာ။ သာမန်အရပ်သူတွေ ရင်လျှားနေတာပဲ။ အတွင်းမှာ ဘာမှတောင်မခံဘူး။
    အဲဒီရင်စည်းဝတ်တဲ့ နန်းတွင်းမှာ မုဒိမ်းမှုတွေ နန်းတွင်းပြင်ထက်တောင် ပိုဖြစ်သေးတယ်။ မင်းနန်ပျို ့ဖတ်ကြည့်ပါလား။ မင်းသားက နန်းတွင်းသူ နှို့နှိုက်တဲ့အကြောင်းပါတယ်။
    ကုလားမတွေလည်း ချက်ဖေါ်ထားတာ နှစ်ထောင်ချီနေပြီ။ လောကနိတိမှာ မိန်းမကောင်းဆို နက်သောချက်ရှိရမယ်လို့တောင် ပြထားသေးတယ်။ နက်သောချက်ကို မြင်ရအောင် ချက်ကိုပြသင့်တယ်။

  • tartay

    May 19, 2010 at 11:48 am

    “လူမှာအဝတ်၊တောင်းမှာအကွပ်” ဆိုတဲ့စကားပုံတော့ရှိနေတာပဲလေ။ နှိုင်းယှဉ်ပြီးပြောရမယ်ဆိုရင် သူ့နေရာနဲ့သူ
    လိုက်ဖက်မယ့်အဝတ်အစားတော့ ဝတ်နေကြရတာပါပဲ။ အားကစားမယ်တို့၊ ဂျွမ်းဘားမယ်တို့၊ ရေကူးမယ်တို့
    …အစရှိတဲ့အဲဒီမယ်တွေဆိုရင်ရောဘယ်လိုလုပ်မလဲ။ လှုပ်လှုပ်ရှားရှားနဲ့ ကစားရတဲ့ပြိုင်ပွဲအလိုက် ဝတ်သင့်တဲ့
    အဝတ်အစားမျိုးကိုဝတ်ရသလိုပေါ့…။ရာသီဥတုအလိုက်လဲ ဝတ်ဆင်ဖို့အဆင်ပြေနိုင်တဲ့ဖက်ရှင်တွေ၊ အဝတ်အစား
    ဒီဇိုင်းတွေက ပတ်ဝန်းကျင်ကိုယဉ်ပါးနေပြီးသားပဲ။ မြင်တဲ့လူရဲ့စိတ်သဘောထားပေါ်လိုက်ပြီး အချိုးချကြည့်မယ်
    ဆိုရင် နောက်လာမယ့် Next Generation တွေမှာ ထမင်းစား၊ရေသောက်သလို ဖြစ်သွားမယ်ယူဆတာပဲ။
    ဒီမှာက ခေတ်ရဲ့အပြောင်းအလဲကလဲ ရှေ့မှီနောက်မှီကွာဟချက်ကအရမ်းနီးနေလို့အမြင်စိမ်းချင်စိမ်းနိုင်တာ။
    တရွေ့ရွေ့စီးနေတဲ့ရေစီးတောင် ကမ်းပါးတွေကိုပွတ်တိုက်သွားတာသဘာဝပဲ…။တဟုန်ထိုးစီးဆင်းနေတဲ့
    ကမ္ဘာရွာကြီးမှာတော့ အင်တာနက်ဆက်သွယ်ရေး၊ ပြည်တွင်းပြည်ပကူးလူးဆက်သွယ်ရေး၊ လမ်းပန်းဖြောင့်ဖြူး
    နေတဲ့ ခရီးဆက်သွယ်ရေး….အစရှိသဖြင့်ပေါ့…ဟိုးအရင်က..ကမ္ဘာကြီးဆိုတဲ့အသုံးအနှုန်းတောင် အခုတော့
    ရွာကြီးဖြစ်သွားပြီ….သာအေးတို့အစ်မကဒီအဆင်ဝတ်ရင် အေးကြည်မတို့ကလဲ ရွာက..ပွဲတော်ကျရင်
    ဒီလိုအဆင်မျိုးဝတ်ကြည့်အုန်းမှလို့ စိတ်ကူးယဉ်ပြီးအကောင်အထည်ဖော်ဖို့ကလဲ လွယ့်လွယ့်လေး…..
    ကဲ….ဘယ်လိုလဲအေးကြည်မ….ရွာထိပ်ကဂွမ်းပုံတို့အုပ်စုကတော့ လုပ်ချလိုက်ပြီ……….
    🙂
    (ကိုယ့်အတွေးနဲ့ကိုယ် ဝေဖန်တာပါ…..ဦးတည်ချက်မရှိပါဘူး)

  • moethiha

    May 21, 2010 at 4:35 am

    အခုခေတ်မိန်းကလေးအကြောင်းကိုပြောတောင်မပြောချင်တော့ပါဘူးမြင်မိရင်ကိုအသည်းနာလို့

  • Than Swe

    May 21, 2010 at 7:30 am

    ဒီလောက်တောင် အရှက် မရှိ ရ သလားဆ်ုပြီး ..
    လက်ဝါးတော် ကြီးနဲ့….
    ဆုံးမ ပစ်ချင်တယ်…
    ..ဟင်း..ဟင်း…..

  • Moe Thar

    May 21, 2010 at 12:44 pm

    ဆင့်ကဲဖြစ်စဉ်ဆိုတာ တားလို့ရတာမှမဟုတ်တာလေ……
    အဝတ်အစားတွေကို “ထွင်” ပြီးဝတ်တယ်…. ကြာလာတော့ “ခေတ်”ဖြစ်လာတယ်……. အဲဒီခေတ်က ကြာလာတဲ့အခါမှာ “ယဉ်ကျေးမှု” ဆိုတာဖြစ်သွားတာပေါ့….. အခုလဲ တစ်ကမ္ဘာလုံး လိုလို တိုတိုနန့်နန့်လေးတွေ ဝတ်လာကြတာရယ်…. ကိုရီးယားကားတွေရဲ့ ကောင်းမှုကြောင့် မြန်မာမိန်းကလေးတွေ ခေတ်မီလာကြတာပေါ့….. သူတို့ခေတ်မီတော့ ကျနော်များ ပုရိသတို့အတွက် မျက်စိအပန်းဖြေစရာဖြစ်ကြတာပေါ့…… နောင် အနှစ်(၂၀)လောက်ဆိုရင် ဘယ်လိုများဖြစ်နေကြမယ်ဆိုတာ တွေးတောင် မတွေးဝံ့ပါဘူးဗျာ…. ကိုယ်တွေလဲ အိမ်ထောင်ကျရင် သမီးမိန်းခလေးများပါလာရင် ဝဋ်လည်ဦးမှာပါလားဆိုပြီး ရင်လေးနေရပါရဲ့ဗျာ……

  • Naisaek

    May 25, 2010 at 4:39 am

    အမျိုးသားတွေက ပိုလုံခြုံလာတယ်
    အမျိုးသမီးတွေက ပို ဖေါ်လာတယ်
    ယဉ်ကျေးစွာလှပတဲ့ အမျိုးသမီးတွေက ကျွန်တော်တို့မျက်စိမှာပိုလို့ကျက်သရေရှိတာတော့အမှန်ပါဘဲ

  • chitkoko

    May 25, 2010 at 7:42 am

    ကျွန်တော်တို.မြန်မာမိန်းခလေးတွေရဲ.အလှဟာချိပ်ထမီနဲ.ရင်ဖုံးနဲ.မှမဟုတ်ပါဘူး။
    ရိုးရိုးထမီနဲ.လည်းလှပါတယ်။
    အခုပုံစံတွေကဓျေးကွက်ကတောင်းဆိုလို.လားဆိုတာသိချင်ပါတယ်ဗျာ။

  • maungshwe

    May 25, 2010 at 10:57 am

    အဲဒီလိုတော့မထင်ပါဘူး။
    ဈေးကွက်ကလဲသူ့အနေအထားနဲ့သူရှိတယ်လေ
    ခေတ်အလိုက် အကြိုက်ဘယ်တူနိုင်မလဲ
    သူတို့က ဒိလိုဟာကိုမှကောင်းတယ်လိုထင်နေတာလေ
    ဒီတော့ သူတို့ကိုသေသေချာချာ နားလည်အောင်ပညာပေးရမှာပေါ့

  • aungkoko

    May 26, 2010 at 5:37 am

    ခေတ်ကပြောင်းသွားပြီလေ…တစ်ယောက်နဲ့တစ်ယောက်ကအပြိုင်အဆိုင်ဖြစ်နေတော.တားမရပါဘူး….

  • MoeZ

    May 29, 2010 at 10:02 pm

    ကျွန်တော်ကလူငယ်တစ်ယောက်ဆိုတော့လူငယ်အမြင်နဲ.ဘဲပြောချင်ပါတယ်။မိန်းကလေးတွေအတိုအပျက်ဝတ်တာခေတ်နဲ.အညီဝတ်တာပါ။ဒါပေမဲ့ နေရာ နဲ. အခြေအနေကိုလိုက်ပြီးဝတ်သင့်ပါတယ်။ကောင်မလေးတစ်ယောက်က ဆယ်ကျော်သက်တွေအများဆုံးရှိတဲ့ ရှိုးပွဲတစ်ခုကိုသွားရင် mini skirt ဝတ်တာကို သူ.ကိုအရှက်မရှိဘူးလို.ပြောလို.မရပါဘူး။လူတိုင်းတိုနေတဲ့အချိန်မှာ သူကထဘီ နဲ. ရင်ဖုံးနဲ.သွားရင် သူ.ကိုဝိုင်းရယ်မှာပေါ့..အဲဒီလိုဘဲ၊လူကြီးတွေနဲ.ထမင်းစားပွဲဖိတ်လို.သွားတယ်ဆိုရင်တော့လုံလုံခြုံခြုံဝတ်ရမှာပေါ.။သူ.နေရာနဲ.သူဝတ်ရင်အမြင်မရိုင်းဘူး
    လို.ထင်ပါတယ်။

  • zuugyi

    June 1, 2010 at 7:07 am

    ကြည့်သောသူအသက်ရှည်၏ ပြသောသူကုသိုလ်ရ၏ ဆိုတဲ့ထုံးကိုနှလုံးမူလိုက်.. အဟီး..

  • docerlay

    July 17, 2010 at 5:02 pm

    pretty woman movie ကိုကြည့် ဖူးကြသလားဗျာ တကယ်ကောင်းတယ်
    ုခု လူထုဒေါ်အမာရေးထားတဲ့ စာကို နားလည်သွားမှာ စဉ်းစားတတ်ရင်ပေါ့

  • amin

    July 17, 2010 at 5:13 pm

    so nice all comments …….. လူ တစ်ရာက လူတစ်ယောက် ကို စကားတစ်ခွန်းစီပြောသလိုပဲ …. ဆိုလိုချင်းရာ မတူကြဘူး ..တူညီ တာ တစ်ခု က ကျွန်တော် တို့ .. ကိုယ့်မြေ ကို တိုးတတ် လို စိတ် ရှိကြတယ်… ဝေဖန်လည်း .. ထူးမလာနိုင်ပါဘူး …… တစ်ယောက်ချင်းစီ ပြင်ရင် ..တစ်နိုင်ငံ ..ပြောင်းလဲမှာပါ …. စိတ်လေး တော့ ညှိသင့်တယ် နော်….

  • Open up your eyes

    July 17, 2010 at 11:11 pm

    There is something missing in all the comments. Do you know what? How about the respect for individual girl’s choice? It appears that everyone wants to “dictate” what Burmese girls should wear. If you believe in the idea of “dictating” what others should do, your idea is more dangerous than the clothing choice of those girls.

  • toyo

    September 16, 2010 at 10:47 pm

    ဝတ်ချင်တဲ့ စိတ်ရယ်…ကြည့်ချင်တဲ့စိတ်တွေကို…မုန်းရမှာပါ…
    လူကိုမုန်းရမှာမဟုတ်ဘူး…

  • shwemanthar

    October 12, 2010 at 10:57 am

    အင်း
    Globalization ကိုပဲအပြစ်ပြောရတော့မယ်
    ကိုရီးယားကားများလည်းပါတာပေါ့
    သူတို.ကိုအတုခိုးတာလေ
    အဲဒီနယ်ချဲ.ကပြန်တိုက်ဖို..ခက်တယ်

  • unclegyi1974

    October 12, 2010 at 3:14 pm

    ခက်ပါတယ် ခေတ်ကြီးကိုအမှီလိုက်ချင်တာ လူငယ်တွေရဲ့သဘာဝပါ
    ကျွန်တော်တို့ခေတ်ကလဲခေါင်းလောင်းဘောင်းဘီတွေခေတ်စားလိုက်တာ
    လိုက်ဝတ်လိုက်ကြတာ
    အခုလဲမြင်တာအတုခိုး လိုက်လုပ်ကြတာပါဘဲ
    အမေမာပြောသလို အမျိုးသားဝတ်စုံ သတ်မှတ်ချင်ရင် လူငယ်တွေ
    စိတ်ကိုအရင်ဆုံးပြင်ပေးရမယ်ထင်ပါတယ်
    ဘယ်လိုပြင်မလဲ လူငယ်ဆိုတာအတုမြင်အတတ်သင်ကြတာပါ
    သူတို့အားကျတဲ့ အဆိုတော် မင်းသား မင်းသမီး တွေကိုကြည့်ပြီးလိုက်
    လုပ်ကြတာများပါတယ်
    လူငယ်ထုကကြီးပါတယ် သူတို့ရဲ့စံပြ အားကျတဲ့အသိုင်းအဝိုင်းကနည်းပါ
    တယ် အဲဒီနည်းတဲ့အသိုင်းအဝိုင်းကစလုပ်ရင်အလွယ်ဆုံးလို့မြင်ပါတယ်
    စံပြ အသိုင်းအဝိုင်းကစလာအောင် ဘယ်လိုလုပ်မလဲ

  • kgmalay.girl

    July 10, 2012 at 10:30 am

    taw taw kg tat sar par ! I want to know all myanmar girls. Be Care for that case

Leave a Reply