´ကော်´ပြီးရင်`ပီ´ လိုက်ကြစို့

နည်ရဲဇော်April 25, 20111min1749

တစ်နေ့ တခြားသတင်းစာမျက်နှာတွေဖတ်ရင်းနဲ့ မမျှော်လင့်ဘဲ မန္တလေးဂေဇက် ကိုရောက်လာခဲ့တယ်။ တင်ထားတဲ့ ပိုစ့်လေးတစ်ပုဒ်ဖတ်ကြည့်၊ အောက်က မှတ်ချက်တွေကိုဖတ်ကြည့်၊ တစ်ယောက်နှင့်တစ်ယောက် ခင်ခင်မင်မင် ရေးထားတာတွေကို ဖတ်ကြည့်ပြီး ကျွန်တော့်စိတ်ထဲ နှစ်လိုသွားခဲ့တယ်။ ဒီလိုနဲ့ အရင် တင်ထားတဲ့ ပိုစ့်တွေပါလိုက်ဖတ်ကြည့်တယ်။ ဒီထဲက စာရေးသူတွေ၊ မှတ်ချက်ရေးသူတွေကို လူမမြင်ဘူးပေမယ့် သိလာခဲ့တယ်။ သူတို့ရေးတဲ့ဟန်၊ လေသံ ကနေ သူတို့ရဲ့စိတ်နေစရိုက်ကိုပါတစ်စွန်းတစ်စ ရိုးတိုးရိပ်တိတ် မြင်လာခဲ့ပါတယ်။ အလုပ်ထဲမှာ အင်တာနက် တစ်နေ့ကို အနည်းဆုံး ရှစ်နာရီလောက် သုံးနေရ သူဆိုတော့ နေ့စဉ်လိုလို မန္တလေးဂေဇက်ဟာ တစ်ထောက်နားရာ နေရာလေးဖြစ်လာတော့တယ်။ အတော်ကြာတဲ့အထိ မန်ဘာ မလုပ်ဖြစ်သေးဘူး။ ကိုယ်တိုင် ဝင်ရေးဖို့စိတ်ကူးမရှိသေးဘူး။ ဒါပေမယ့်အခုတော့ ဝင်ဖြစ်ပြီ။ ရေးဖြစ်ပြီ။ ကိုယ်လည်း ဒီအသိုင်းအဝိုင်းရဲ့ မိသားစုဝင်တစ်ယောက်ဖြစ်ပြီပေါ့။ မိသားစု ဆိုတော့ တည့်သည့်လူလည်းရှိမယ်။ မတည့်သည့်လူလည်းရှိမယ်။ ခပ်တန်းတန်းနေတဲ့လူလည်းရှိမယ်။ ရင်းနှီးတဲ့လူလည်းရှိမယ်။ တစ်မိပေါက်တစ်ယောက်ထွန်းတဲ့လူလည်းရှိမယ်။ စုန်းပြူးတွေလည်းရှိမယ်။ ဒါပေမယ့် ကိုယ့်မိသားစု အဝန်းအဝိုင်းလေးကို ပိုပြီးစည်ပင်စေချင်တာ မိသားစုဝင် တိုင်းရဲ့ဆန္ဒတစ်ခုဖြစ်မှာပါ။
ကိုယ်က နက်လောကသား။ နက်မပေါ်ခင်တည်းက စာတွေရေးလာပေမယ့် ဘယ်မဂ္ဂဇင်း၊ ဂျာနယ်ကိုမှ အပင်ပန်းခံပြီး စာမူမပို့ဖူးခဲ့။ ကိုယ်ရေးထားတဲ့စာ ကိုယ့်ဘာသာကိုယ်ဖတ်ရင်း ပီတိဖြစ်ရုံနဲ့ကျေနပ်တယ်။ နက်ပေါ်လာတော့ နက်ပေါ်မှာရေးတယ်။ ဘယ်အယ်ဒီတာကိုမှ အောက်ကျို့ခံစရာ မလိုဘူး။ စာပေစိစစ်ရေး နားထား။ ဒီလိုမျိုးအခွင့်အရေးကိုဖန်တီးပေးတဲ့ လူမှုရေး ဘလော့တွေ၊ ဖိုရမ်တွေကိုကျေးဇူးတင်တယ်။ ရေရှည်တည်မြဲစေချင်တယ်။ မန္တလေးဂေဇက်လည်း နက်မိသားစုထဲက မိသားစုလေးဆိုတော့ ဒီသဘောအတိုင်းပဲပေါ့။
ကျွန်တော်တို့ငယ်စဉ်က လူကြီးတွေမပြတ်သင်ကြားပေးခဲ့တဲ့ လူ့လောကကြီးမပျက်မစီးအောင် ထိန်းသိမ်းစောင့်ရှောက်ပေးတဲ့ တရားနှစ်ပါးရှိတယ်တဲ့။ ဟီရိ နဲ့ ဩတပ္ပ ၊ မကောင်းမှုကိုပြုလုပ်ရမှာ ကြောက်ခြင်းနှင့် မကောင်းမှုကို ပြုရမှာ ရှက်ခြင်း ပါတဲ့။ (လွဲနေရင် ပါဌိကျွမ်းသူများပြင်ပေးကြပါကုန်)။ မြန်မာလိုရှင်းရှင်း ပြောရလျှင် မိမိကိုယ်ကို လိပ်ပြာသန့်ခြင်းလို့ဆိုချင်ပါတယ်။ ကိုယ့်လိပ်ပြာကိုယ်သန့်တယ်ဆိုတာကလည်း မိမိမဟုတ်တာမလုပ်ကြောင်း ကိုယ့်ကိုယ်တိုင်သိမှဖြစ်မှာပါ။ ရဟန်းသံဃာတွေမှာ ရဟန်းပါရာဇိက ရှိသလို လူပုဂ္ဂိုလ်တွေမှာလည်း ပါရာဇိက လိုမျိုး ရှိတယ်လို့ကြားဖူးပါတယ်။
ကျွန်တော်တို့စာရေးသူတွေမှာတော့ စာပေပါရာဇိက ဆိုတာ သူများရေးတဲ့စာကို ကိုယ်ရေးတဲ့စာလုပ်တာပါပဲ။ ပုံနှိပ် ဂျာနယ်၊ မဂ္ဂဇင်း တွေမှာတော့ ကော်ပီပြဿနာဟာ အင်မတန်မှ ဟောင်းနွမ်းနေတဲ့ အရာဖြစ်လို့ ရိုးတောင်နေကြပါပြီ။ မကြာခဏ သတင်းစာမှာ “ကျွန်တော်xxx သည် ဦးxxx ၏ စာအား မရိုးမသားကူးယူဖော်ပြမိပါသည်´´ ဆိုတဲ့ တောင်းပန်စာတွေမျက်နှာပြောင်တိုက် ထည့်ခဲ့ရသည့် နာမည်ကြီးစာရေးစရာအတွေ အပုံပင်။ အခုအင်တာနက်ကျတော့ ပိုတောင်လွယ်သွားသေးတယ်။ သူများရေးထားတဲ့စာတွေ ကော်ပီကူးပြီး ခပ်တည်တည်နဲ့ တင်ထားလိုတင်ထား၊  သူများရိုက်ထားတဲ့ဓါတ်ပုံကိုသုံးထားနဲ့စာပေကိုုယ်ကျင့် တရားတွေချို့ယွင်းလိုက်ကြတာ။ စစ်မည့်သူမရှိ။ ဒဏ်ခတ်မည့်သူမရှိ။ ရေးသူနှင့်ကူးသူ ငြင်းကြပေရော့။ ငယ်စဉ်က ကောင်းမွန်တဲ့ အခြေခံပညာရေးမရခဲ့ကြလို့လားဟု စဉ်းစားစရာဖြစ်လာသည်။ ယနေ့ လူကြီးတစ်ယောက်ရဲ့ တွေးခေါ်ပြုမူပုံဟာ ငယ်စဉ် ကလေးဘဝမှာ ပုံသွင်းခံခဲ့ရတယ်လို့ စိတ်ပညာရှင်တွေက ယုံကြည်ကြတယ်။  ဒီတော့ ဆယ်တန်းမှာ ကူးပြီးအောင်၊ တက္ကသိုလ်ရောက်တော့လည်း ကူးပြီးအောင်။ အလုပ်ခွင်စာမေးပွဲလည်း ကူးပြီးအောင်။ ဆရာအောင်သင်းပြောသလို ကိုယ်နဲ့မထိုက်တန်တာကို ယူချင်တဲ့၊ ယူရဲတဲ့စိတ်တွေပျံ့နှံ့ကုန်ကြပြီ။ အမှားက ကြာလာတော့ အမှန်ဖြစ်၊ သူများလုပ်သလိုလိုက်မလုပ်သည့်သူပင် လူကြောင် အဖြစ် သတ်မှတ်ခံရသည်။  တက္ကသိုလ် မဟာတန်းတွေမှာ ကျမ်းပြုစုရသည်။ ဘွဲ့ယူကျမ်းကြီးလည်းရှိသည်။ assignment လို ကျမ်းသေးတွေလည်းရှိသည်။ အများစုကတော့ အင်တာနက်ပေါ်က copy/paste လုပ်ချသည်။ ခပ်တည်တည်နှင့်ကိုယ့်နာမည်တပ်သည်။ ရှက်ရကောင်းမှန်းမသိ။ သူလည်းကူး၊ ကိုယ်လည်းကူး၊ ကူးသူအချင်းချင်းရှက်စရာမဟုတ်တော့။ ယနေ့ပညာရေးလောကတွင်တော့ စာခိုးချခြင်း (plagiarism) သည်ကြီးမားသည့်ပြစ်မှုတစ်ခုဆိုသည့်စကားသည် ပြောင်မြောက်သည့်ဟာသပင်တည်း။
ဒါဆိုရင် သူများတွေရဲ့စာကို ကိုယ့်စာအဖြစ်ဘာလို့ ခိုးချကြတာလဲ။ ကျွန်တော့်အမြင်အရပြောရလျှင်
၁။ မက်လုံး(incentive) တစ်ခုခုရှိလို့။ နာမည်ကျော်ကြားမှု၊ ငွေကြေး။ (ဥပမာ မန္တလေးဂေဇက်မှာ ပိုစ့်တစ်ခုတင်ရင် အမှတ်ဘယ်လောက်ရ မယ်ဆိုပြီးသတ်မှတ်ထားတော့ ရချင်လို့။ moderator က ပေးချင်မှပေးမှာပါ။ ဥပမာလို့ပြောထားတယ်နော်)
၂။ မသိနားမလည်မှု (lack of proper knowledge) တစ်ချို့ကျတော့လည်း စေတနာလေးကကောင်းပါတယ်။ ကိုယ်ဖတ်ရ တာလေး သူများတွေဖတ်စေချင်တယ်။ အဲဒီတော့ ဆောင်းပါးတစ်ပုဒ်လုံး ကော်ပီကူးပြီးထည့်ပေးလိုက်တယ်။ credit ပေးရကောင်းမှန်းမသိဘူး။ မေ့တာလည်းဖြစ်ချင်ဖြစ်မည်။
၃။ ကူးချင်လို့ကိုကူးတာ (unscrupulous) ။ ဒါမျိုးတွေလည်းရှိသည်။
၁ နှင့် ၂ လိုလူစားမျိုးကိုဖြင့် ဝိုင်းဝန်းလက်တွဲ ခေါ်သွားလို့ရနိုင်ကောင်းပေမည်။ ၃ လိုလူမျိုးကိုတော့ဖြင့်မတတ်နိုင်။

(မိတ်ဆွေများ အမြင်တွေ ထပ်ထည့်ပေးကြပါဦး)

 

ယခု post သည် စာရေးသူ၊ စာရေးချင်သူများ၊ စာရေးဝါသနာပါသူများကိုကိုမရည်ညွှန်းပါ။

စာရေးသူဆိုတာမျိုးက ရေးချင်လို့ကိုရေးတာဖြစ်သည်။ ရင်ထဲမှာရှိသည့်ဝေဒနာတွေကို ဖော်ထုတ်ပြလိုက်ချင်သည်။ ဒါကြောင့် ကိုယ်ပိုင်ခံစားချက်၊ ဒါမှမဟုတ် သူများခံစားချက်ကို ဆင့်ပွားခံစား ရေးမည်သာ။ ကိုယ်ရေးလိုက်သည့်စာလုံးလေးတွေကို ပိတိဖြစ်သည်။ ဂုဏ်ယူသည်။ တာဝန်ခံသည်။ အရေးအသားကောင်းတာမကောင်းတာအဓိကမဟုတ်၊ အရေအတွက်များဖို့ကအဓိကမဟုတ်၊ ရေးခွင့်ရဖို့သာအဓိကဖြစ်ချေတော့သည်။

နည်ရဲဇော်
(၂၅-၀၄-၂၀၁၁)

မန္တလေးဂေဇက်တွင် သာမက အခြား site များတွင်လည်း ကိုယ်တိုင်ရေး၊ ကော်ပီဆိုလျှင်လည်း မူရင်းရေးသူကို ဖော်ပြထားသည့် လိပ်ပြာသန့်သည့်စာကလေးများ ဖတ်ချင်ပါကြောင်း ကလောင်သရမ်း(အဲလေ ကီးဘုတ် သရမ်း)လိုက်ရပါသည်။


 

9 comments

  • weiwei

    April 25, 2011 at 6:22 am

    တခြားနေရာတွေမှာတော့ မပြောတတ်ဘူး … ဒီရွာထဲမှာ ကော်ပီနေတာကတော့ မသိနားမလည်မှု lack of knowledge လို့ပဲ ထင်ပါတယ် … ဒီမှာက ပိုက်ဆံလဲမရ … ကျော်ကြားဖို့နေနေသာသာ အကဲ့ရဲ့ခံရနိုင်တာကို မသိလို့သာ ကော်ပြီး ပီနေတာဆိုတော့ …. နားလည်ခွင့်လွှတ်ပေးလိုက်ပါ …

  • ဆူး

    April 25, 2011 at 6:58 am

    အမှန်တော့ ဒီမှာ ပင်တိုင် ရေးနေတဲ့ ဖတ်နေတဲ့ လူတွေက သူတို့ လည်း မကူးနဲ့ ကူးတဲ့ လူ ရှိရင်လည်း ကူးတဲ့ အကြောင်း ဖော်ထုတ်ပြီး ပြောပေးနေမယ်ဆိုရင် လျော့သွားမလားလို့ ထင်မိပါတယ်။

  • kai

    April 25, 2011 at 7:57 am

    ပါရာဇိကကျတယ် ဆိုတာ..ရဟန်းတော်များ ၎င်းတို့ဘဝမှ ဆုံးရှုံးတာပဲ..။ ရဟန်းအဖြစ်ကဆုံးရှုံးတယ်ပေါ့..။
    ဆိုတော့.. စာပေပါရာဇိကဆိုတော့.. စာပေနဲ့တွဲရင်.. တမျိုးကြီးတော့ဖြစ်နေတယ်..။

    ထားပါတော့…
    ရဟန်းမှာ ဝိနည်းကျူးမိရင်… အာပါတ်ဖြေတယ်ဆိုတာ ရှိတယ်..။
    အောက်ဆုံးမှာအာပါတ် ဖြေပုံတချို ့ရေးကူးပေးထားတယ်..။
    အင်မတန်ကောင်းတဲ့ အလေ့အကျင့်ပါ..။ ဒါဟာ ခရစ်ယန်တွေ ကွန်ဖက်စ်လုပ်တာမျိုးနဲ့တူပါတယ်..။
    လူ့အသိုင်းအဝိုင်း..လူသားဟာ..အပြစ်ကျူးလွန်မိရင်.. အာပါတ်ဖြေသလို လုပ်နိုင်ရပါမယ်..။ လုပ်သင့်ပါတယ်..။

    ဆိုတော့.. အပေါ်ကပို့စ်တင်သူ(niyezaw)ရဲ့ စာထဲကအဓိကအချက်တွေ တချက်ချင်းပြန်ဆွေးနွေးကြည့်မယ်နော..။
    ၁။ မက်လုံး(incentive) တစ်ခုခုရှိလို့။ နာမည်ကျော်ကြားမှု၊ ငွေကြေး။ (ဥပမာ မန္တလေးဂေဇက်မှာ ပိုစ့်တစ်ခုတင်ရင် အမှတ်ဘယ်လောက်ရ မယ်ဆိုပြီးသတ်မှတ်ထားတော့ ရချင်လို့။ moderator က ပေးချင်မှပေးမှာပါ။ ဥပမာလို့ပြောထားတယ်နော်)
    သတ်မှတ်ထားတဲ့ စံနစ်ဘောင်ထဲဝင်ရင်.. မန္တလေးဂေဇက်က .. ပွိုင့်ကို ငွေသားအဖြစ်ပြောင်းပေးပါတယ်..။
    ဒါပေမဲ့.. ကော်ပီလို့ထင်ရှားတဲ့ ပို့စ်နဲ့.တိုင်စာရှိတဲ့ပို ့စ်ကို ပွိုင့်မပေးပါ..။

    ၂။ မသိနားမလည်မှု (lack of proper knowledge) တစ်ချို့ကျတော့လည်း စေတနာလေးကကောင်းပါတယ်။ ကိုယ်ဖတ်ရ တာလေး သူများတွေဖတ်စေချင်တယ်။ အဲဒီတော့ ဆောင်းပါးတစ်ပုဒ်လုံး ကော်ပီကူးပြီးထည့်ပေးလိုက်တယ်။ credit ပေးရကောင်းမှန်းမသိဘူး။ မေ့တာလည်းဖြစ်ချင်ဖြစ်မည်။
    ဒါမျိုးကိုလည်း ခွင့်မပြုပါ..။ ခရက်ဒစ်ဆိုတာထက်.. မူရင်းစာရေးသူထံခွင့်တောင်းထားပြီးမှ တိုက်ရိုက်ကူးထည့်ရင် တော့ရပါတယ်…။
    .. မိမိရဲ့သုံးသပ်ချက်..ဒါမှမဟုတ်…အခြားသတင်းများနဲ့..ပေါင်းစပ်ကိုးကားပြီးမှ.. အဲဒီမူရင်းသတင်း..ဆောင်းပါးကို ခရက်ဒစ်နဲ့. မူရင်းလင့်ခ်ပေးပြီး ကူးထည့်ရင်တော့ ရနိုင်ပါမယ်..။
    ဒါ့အပြင်..ပို့စ်တင်သူဟာ. မိမိတင်လိုက်တဲ့ ပို့စ်အပေါ် တာဝန်ယူပြီး ဦးဆောင်ဆွေးနွေးနိုင်သူဖြစ်ရမှာပါ..။

    ၃။ ကူးချင်လို့ကိုကူးတာ (unscrupulous) ။ ဒါမျိုးတွေလည်းရှိသည်။
    ဒါမျိုးကိုတော့ ကော်ပီကူးလာတာလို့ တယောက်ယောက်ပြောလာတာနဲ့.. တင်သူကိုသတိပေးပါမယ်..။
    နောက်တော့ … ဖြုတ်ရမှာပါပဲ..။

    အပေါ်က စည်းကမ်းတွေဖေါက်ဖျက်သူတိုင်းဟာ… ကိုယ်လုပ်လိုက်တာကို ..မူရင်းရေးသူကိုယ်တိုင်က ကန့်ကွက်လာသည်ရှိရင်.. တောင်းပန်ရပါမယ်..။
    တောင်းပန်လာရင်.. မူရင်းစာပိုင်ရှင်တွေကလည်း တတ်နိုင်သလောက်ခွင့်လွတ်ပေးစေချင်ပါတယ်..။
    မူရင်းပိုင်ရှင်က .. ခွင့်လွတ်ရင်.. တောင်းပန်ထားတဲ့အဲဒီပို ့စ်အတွက် ပွိုင့်မဖြတ်ပါဘူး..။
    တောင်းလည်းမတောင်းပန်ဘူး.. မသိချင်ယောင်ဆောင်နေတယ်ဆိုရင်တော့…
    မန္တလေးဂေဇက်အနေနဲ့ .. ပွိုင့်ကို ၅ဆဖြတ်မဲ့အပြင်… မင်ဘာအဖြစ်ကထုတ်ဖယ်ပစ်ဖို့… ပြင်ဆင်လုပ်ပါမယ်..။
    ထုတ်ဖယ်ဖို့အထိ ဖြစ်ဖို့ဆိုရင်.. အနည်းဆုံး စည်းကမ်းဖေါက်တာ ၃ကြိမ်တိတိဖြစ်မှပါ..။
    အခွင့်အရေးကို သုံးခါပေးလိုရင်းဖြစ်ပါတယ်..။
    မန်ဘာအဖြစ်ကထုတ်ဖယ်တယ်ဆိုရင်တော့ .. ရထားပြိးတဲ့ပွိုင့်တွေအားလုံးဆုံးရှုံးမှာဖြစ်ပါတယ်..။

    ကျန်တာ… တွေးကြစဉ်းစားပေးကြပါဦး..။
    ဒီပို ့စ်ကို … နောင်မှီငြိမ်းလို့ရအောင် ..Mandalay Gazette > Letter to Editor Category အောက်ရွေ ့ပါမယ်နော..။
    ==============

    သံဃာချင်း ဒေသနာကြား (အာပတ်ဖြေ) ပုံ

    ”သင်တို့ ဘုရားမနှစ်သက်တာ လုပ်လျှင် ဆောင့်ကြောင့်ထိုင်ရမည်”

    ရဟန်းငယ်က ရဟန်းကြီးထံ ဒေသနာကြားပုံ
    ((အာပတ်)) အပြစ်သို့ရောက်ခြင်း

    အငယ်။ ။ အဟံ ဘန္တေ သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    အရှင်ဘုရား တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

    အငယ်။ ။ အဟံ ဘန္တေ သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုမှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အာပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို အရှင်ဘုရားထံ၌ ပြောကြားပါ၏။

    အကြီး။ ။ ပဿသိ အာဝုသော တာ အာပတ္တိယော။
    ငါ့ရှင် ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

    အငယ်။ ။ အာမ ဘန္တေ ပဿာမိ။
    မှန်ပါ အပြစ်ဟုရှုပါသည်အရှင်ဘုရား။

    အကြီး။ ။ အာယတိံ အာဝုသော သံဝရေယျာသိ။
    ငါ့ရှင်နောင်ကို စောင့်ထိန်းပါလော့။

    အငယ်။ ။ သာဓု သုဋ္ဌု ဘန္တေ သံဝရိဿာမိ။
    ကောင်းပါပြီအရှင်ဘုရား နောင်ကိုစောင့်ထိန်းပါမည်။

    အကြီး။ ။ သာဓု သာဓု သာဓု။
    ကောင်းပြီ ကောင်းပြီ ကောင်းပြီ။

    ———————————————-

    ရဟန်းကြီးက ရဟန်းငယ်ထံ ဒေသနာကြားပုံ
    ((အာပတ်)) အပြစ်သို့ရောက်ခြင်း

    အကြီး။ ။ အဟံ အာဝုသော သဗ္ဗာ အာပတ္တိယော အာဝိကရောမိ။
    ငါ့ရှင် တပည့်တော်သင့်ရောက်သော အာပတ်အားလုံးကို ထင်စွာပြုပါ၏။

    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

    အကြီး။ ။ အဟံ အာဝုသော သမ္ဗဟုလာ နာနာဝတ္ထုကာ သဗ္ဗာ အာပတ္တိယော အာပဇ္ဇိံ၊ တာ တုယှမူလေ ပတိဒေသေမိ။
    တပည့်တော်သည် အကြောင်းအမျိုးမျိုးရှိသော အားပတ်အားလုံးကို သင့်ရောက်ခဲ့ ပါပြီ၊ ထိုအာပတ်အားလုံးကို ငါ့ရှင်ထံ၌ ပြောကြားပါ၏။

    အငယ်။ ။ ပဿထ ဘန္တေ တာ အာပတ္တိယော။
    အရှင်ဘုရား ထိုအာပတ်အားလုံးကို အပြစ်ဟုုရှုပါ၏လော။

    အကြီး။ ။ အာမ အာဝုသော ပဿာမိ။
    မှန်ပါ၏ငါ့ရှင် အပြစ်ဟုရှုပါသည်။

    အငယ်။ ။ အာယတိံ ဘန္တေ သံဝရေယျာထ။
    အရှင်ဘုရား နောင်ကို စောင့်ထိန်းပါဘုရား။

    အကြီး။ ။ သာဓု သုဋ္ဌု အာဝုသော သံဝရိဿာမိ။
    ကောင်းပါပြီငါ့ရှင် နောင်ကိုစောင့်ထိန်းပါမည်။

    အငယ်။ ။ သာဓု ဘန္တေ သာဓု သာဓု။
    ကောင်းပါပြီ အရှင်ဘုရား ကောင်းပါပြီ ကောင်းပါပြီ။

    • niyezaw

      April 25, 2011 at 11:16 am

      ဟင်းဟင်း၊ ထင်တော့ထင်သားပဲ။ မက်လုံးကိုဥပမာပေးတာပါဆို။ မန္တလေးဂေဇက်မှာရေးတော့လည်း နီးစပ်ရာဥပမာပေးလိုက်တာပါ။ rules for writers မှာဖတ်ပြီးသားမို့လို့ ဒီလိုမျိုးတွေမပေးပါဘူးလို့ ယုံပြီးသားပါ။ ဒီမှာရေးတဲ့သူတွေလည်း ပွိုင့်လိုချင်လို့ရေးကြတာမှမဟုတ်တာကျွန်တော်ယုံပါတယ်ဗျာ။

      –စကားမစပ် အာပတ်ဖြေတယ်ဆိုလို့—
      ဘာပဲဖြစ်ဖြစ် အမှားကျူးလွန်မိတဲ့သူက ကိုယ်မှားတာဝန်ခံလိုက်ခြင်းဟာ အင်မတန် လှပတဲ့ဖြစ်ရပ်လေးပါ။ သဘောထားကြီးရင့်ခြင်းရဲ့ ပြယုတ်လေးလဲဖြစ်ပါတယ်။ အရင်တစ်ပတ်က Bangkok Post မှာဖတ်လိုက်ရတယ်။ ကလေးမလေးတစ်ယောက်ကို ကားနဲ့တိုက်မိပြီး hit and run လုပ်သွားတဲ့ကားမောင်းသူ လူငယ်လေးက ကလေးမလေးရဲ့ ဈာပနမှာ သူမရဲ့ မိဘတွေ လက်အုပ်ချီပြီး ဝန်ချတောင်းပန်ထားနေတဲ့ ဓါတ်ပုံနဲ့သတင်းလေး။ တောင်းပန်သူကလဲ မျက်ရည်တွေစိုလို့၊ ကာယကံရှင်တွေကလဲ ခွင့်လွှတ်ပြီး မျက်ရည်တွေစိုလို့။ စာဖတ်လိုက်ရသူကတော့ မျက်ရည်ဝိုင်းလို့။

  • လင်းဝေကျော်

    April 25, 2011 at 9:24 am

    ပင်ကိုယ်ဖန်တီးတာကတော့ လိုလားသင့်သောအရာပါ။
    သို့သော် ပင်ကိုယ်ဖန်တီးပြီး အရည်အသွေးလည်း မြင့်စေချင်ပါတယ်။
    သတင်း၊ဟာသ၊တွေးစရာ၊နိုင်ငံရေး၊ကျန်းမာရေး၊စီးပွားရေး၊လူမှုအတင်းအဖျင်း စသည် စုံရင်တော့ ပိုကောင်းတာပေ့ါ။

  • kopauk mandalay

    April 25, 2011 at 11:21 am

    မဝေရေ
    (ဒီရွာထဲမှာ ကော်ပီနေတာကတော့ မသိနားမလည်မှု lack of knowledge လို့ပဲ ထင်ပါတယ် )
    ဒီစာသားလေးကတော့ ဦးကောက် လိုလူမျိုးနဲ့မဆိုင်ဘူးထင်ပါတယ်။
    သူက ဒီပြင့်ဆိုက်တွေမှာပါ ခပ်တည်တည်နဲ့နာမည်ပြောင်းပြီး ပိုစ်တွေတင်ထားတာပါ။
    ကိုယ်စိုက်တဲ့ အပင်က အသီးက ချိုသည်ဖြစ်စေ မချိုသည်ဖြစ်စေ အပင်ပိုင်ရှင်ကတော့ တန်ဘိုးထားမှာအမှန်ပါဘဲ။

  • bigcat

    April 25, 2011 at 11:39 pm

    သဂျီးရေ ကော်ပီကတ်တွေကို လက်ရှိပုံစံနဲ့ အရေးယူမှုအပြင် အနာဂတ်မှာ ပတ်ဆို့အရေးယူမယ့် အစီအစဉ်ပါရှိရင် ပိုကောင်းမယ်။ ဥပမာ မန်းလေးဂေဇက် ကြီးပွားအောင်မြင်လာလို့ ပတ်ဗလစ်စတော့အိပ်ချိန်းမှာတင်တဲ့အခါ အမည်ပေါက် ရှယ်ယာ၊ ဘွန်းစာချုပ် ဝယ်ခွင့်မပေးဘူး၊ သူတို့နဲ့ ပတ်သက်တဲ့ ဘဏ်တွေဆီက ငွေမချေးဘူး။ သူတို့နဲ့ဆိုင်တဲ့ လုပ်ငန်းဌာနတွေနဲ့ အလုပ်မလုပ်ဘူး။ သနားသဖြင့် ထွက်ပေါက်အနေနဲ့ မန်းလေးဂေဇက်မှာ အခကြေးငွေနဲ့ ကြော်ငြာထည့်ချင်ရင် ထည့်ခွင့်ပေးထားမယ်။ ရွာသားများလည်း အကျန်ခေါင်း၊ ညံဂေါင်းများ ရှိရင်လုပ်ပါအုံး….

  • photwenty

    April 26, 2011 at 2:48 am

    အိုင်တို.ကတော.ရှင်းရှင်းပဲပြောမယ်ဗျို.
    ကော်ပီတယ် ပီးရင်ဒီမှာပေ.စ်တယ်
    ဘာဖြစ်လို.လဲ
    ဘာဖြစ်လို.လဲဆိုတော. ကျနော်တို.ဖတ်ရတဲ.သတင်းလေးတွေကို ဒီဆိုဒ်ကလူတွေလဲဖတ်စေချင်တယ်အဲ.ဒါကြောင်.လုပ်တယ် ဘာရည်ရွယ်ချက်မှမရှိဘူး
    ကိုယ်တိုင်ရေးလေးတွေလုပ်ချင်တယ်..ဒါပေမယ်. ဘယ်မှာလဲအချိန် ပြီးတော. ဘယ်မှာလဲ ပို.စ်တင်လို.ရမယ်. connection ဒီ ကွန်မန်.လေးရေးတာတောင် လေးငါးခါလောက် summit လုပ်ရတယ်.. ပြီးတော.ကျန်သေးတယ် အလုပ်ထဲကနေရတဲ.အချိန်လေးမှာ ဖတ်ချင်လွန်းလို. MG ကိုဝင်ကြည်. connection က time out ဖြစ်လိုက် error တက်လိုက်နဲ. အိမ်ကနေနှစ်ဆန်းတစ်ရက်နေ.က ပြန်လာတယ် ရွာမှာလုပ်တဲ.အလှူပွဲ ဓါတ်ပုံလေးတွေတင်ပေးချင်တယ် ဒါပေမယ်. upload တောင်မရဘူးအခုအချိန်ထိဇွဲမလျော.ပဲနေ.တိုင်းတင်နေတယ် ဒါပေမယ်.မရသေးဘူး
    out of date ဖြစ်ရင်လဲ အပြောခံရအုံးမယ်
    ကဲ ကောင်းကြသေးရဲ.လား

  • windtalker

    January 31, 2012 at 9:27 pm

    ကိုနည်ရဲဇော် နဲ ့တစ်ထပ်ထဲ သဘောထား တိုက်ဆိုင်မှု ရှိကြောင်း ကွန်မင့်ပါရစေ ။
    သည်ပို ့စ် ကို တင်ခဲ့တုန်းက ၊ ကိုနည်ရဲဇော် ပစ်တဲ့ကျည်ဆံ လွဲခဲ့မယ် ထင်ပါရဲ ့။

Leave a Reply