ငယ်ကတည်းက အမေ ဘုန်းကြီးကျောင်းသွားတိုင်း လိုက်တော့ ဘုန်းကြီးကျောင်းဆိုတာ ကိုယ်နဲ. သိပ်စိမ်းလှတဲ့ နေရာတခု မဟုတ်ဘူးပေါ့နော်.. ဘုန်းကြီးကျောင်းက အစပြုလို. ဘာသာရေးဆိုတာ ပိုပြီးစိတ်ဝင်စား လာမိတာပါဘဲ ..

အမေ သွားလေရာ နောက်လိုက်တော့ ဥပုဒ် စောင့်သွားလည်း ပါတော့တာပေါ့ အစကတော့ ဘုန်းကြီးကျောင်းမှာ မုန့်စားရ ကစားရ ပြီးတော့ ပုံပြင်လည်းနားထောင်ရတော့ သွားမယ်ဆို တက်ကြွ နေတာဘဲ…

ဘုန်းကြီးကျောင်းက မုန်.တွေကလည်း အလွန် အရသာရှိတာလား ဈေးထဲက မုန့်အရသာ နဲ.မတူဘူးလေ အလှူရှင်တွေရဲ. စေတနာပါ ပေါင်းထားလို.လားမသိ.. ထန်းသီးမုန့်တို. ငှက်ပျောသီး ဇနွင်းမကင်းတို. ဘိန်းမုန့်တို.ဆိုတာ အရသာရှိမှရှိ ..

ဘုန်းဘုန်းက ရှေ.က တရားချပေးရင် လူကြီးတွေနဲ.အပြိုင် လိုက် အော်ရတာကိုလည်း ပျော်တာကိုး.. ပုံတိုပတ်စလေး တွေနဲ. တရားဟောတာကို နားထောင်ရတာကလည်း တကယ် စိတ်ဝင်စားဖို. ကောင်းတာလား.. ကိုယ်က ပုံပြင်ကြိုက်တဲ့ သူဆိုတော့လေ..

နေ့လည်ဆိုလည်း လူကြီးတွေ တရားထိုင်ပြီဆို ကလေးတွေစုပြီး သောက်ရေအိုးတွေ ရေဖြည့် အိမ်သာတွေ ရေဆေး ရေထည့်ရတာလည်း ပျော်စရာကိုးနော်… ဘုန်းကြီး ကျောင်းက အိမ်သာတွေကို သန်.စင်ပေးရင် အနံ. မနံဘူး ရုပ်လည်း လှတယ်လို. ဘုန်းဘုန်းတရားထဲမှာ ပါတာကိုး… ဟိုလူအော် ဒီလူအော်နဲ့ ဘုန်းဘုန်းက လာဆူရင် ဇတ်ကလေးတွေ ပုပြီး တိုးတိုးနဲ. ပြောရတာ လည်း ဘာရယ်မဟုတ် ကလေးသဘာဝ ပျော်မိပြန်တာပါဘဲ ဒီလိုနဲ.ဘဲ အစပြုလို. ဘာသာရေးကို စိတ်ဝင်စား လာပုံကို ပြောပြတာပါ…

မှတ်မိသေးတယ် ဘုန်းဘုန်းဟောတဲ့ တရားထဲမှာ လှူစရာမရှိလို. ခြင်ကိုက်တာကို သူ.ရဲ.သွေးလှူတယ်လို. သဘောထား တဲ့ ပုံပြင်လေး နားထောင်ရတော့ ကိုယ်လည်း ခြင်ကိုက်ခံရရင် သွေးလှူတာပေါ့ ဆိုပြီး မရိုက်ဘဲ ယားတာကို ကြိတ်ပြီး ညိမ်ခံနေတတ်သေးတယ်..

လောဘကြီးတဲ့ ခြင်က သွေးဝရုံတင် မဟုတ် ဗိုက်ဖောင်းကား နေအောင် သွေးစုတ်ပြီး မပျံနိုင်.. လေမှုတ်ပြီး မောင်းတော့ မပျံနိုင်တော့ဘဲ ဖုတ်ကနဲ ပြုကျတာကို ကြည့်ပြီး အော် လောဘကြီးလွန်းရင် ဒုက ရောက်တတ်တယ်ဆိုတဲ့ အသိလေးတခု ရလိုက်သေးတယ် ..

အိမ်မှာ အဖေက နွေရာသီ ကျောင်းပိတ်ရက်ဆို သမ္ဗုဒ္ဓေ ဂါထာတို. အရဟံ ဂုဏ်တော်တို. ဘုရားစာကို အပြိုင်ကျက်ခိုင်းပြီး အရင်ဆုံး အလွတ်ရတဲ့ သူကို ဆုချတယ်လေ.. ကလေးဆိုတော့ ဘာသာရေးကို သိပ်နားလည်တာ မဟုတ်ပေမယ့် မိဘတွေရဲ့ လမ်းပြမှုနဲ.ဘဲ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်ဆိုပါတော့

အဲ ကမ္ဘာသစ် သူငယ်ချင်းတွေကို ပြောပြချင်တာ သမ္ဗုဒ္ဓေ ဂါထာရဲ. ကိုယ်တွေ. အကျိုးရှိပုံလေးပါ..

မကြာခဏ သမ္ဗုဒ္ဓေ ဂါထာကို (၁) ရက် (၁၀၀၀) (၉)ရက် (၉၀၀၀) အဓိဌာန်ဝင်ဖြစ်တယ်.. ခရီးထွက်လည်း အမြဲ ရွတ်ဖြစ်တယ် ဘေးကင်းအောင်ပေါ့နော်.. ဒီတခေါက်လည်း မွေးနေ.နဲ.ကိုက်ပြီး အဓိဌာန်ဝင်ဖြစ်တာပေါ့..

(၆)ရက် မြောက်နေ့မှာ အလုပ်ရှိလို. မှော်ဘီကနေ ရန်ကုန်လာရတယ်လေ… အပြန်ကျတော့ မိုးချုပ်တာနဲ. တိုက်ကြီး ဟိုင်းလတ်ကားလေး စီးပြီး ပြန်တဲ့နေ.ပေါ့.. စီးဖူးတဲ့သူတွေဆိုရင် သိပါလိမ့်မယ်.. ကားတွေကသာ မကောင်းတာ မောင်းတာက လွန်းပျံရှုံးလောက်ပါရဲ… သူတို.လည်း ခရီးသည် အပြိုင်လုရတာကိုး.. အကြောင်း သိပေမယ့်လည်း မတတ်နိုင်ဘူး.. နောက်ကျနေပြီဆိုတော့ ရှိတဲ့ကားဘဲ စီးရတာပေါ့.. ကိုယ့်မှ ကားမရှိတားကိုးနော်..

နောက်နေ့လုပ်ရမယ် အလုပ်တွေ အကြောင်း ဟိုအကြောင်း ဒီအကြောင်းစဉ်းစားရင်းနဲ. ဖြတ်ကနဲဆို သတိယတာနဲ. သမ္ဗုဒ္ဓေ ရွတ်မိလိုက်တယ်..

ထောက်ကြံ. ပျဉ်းမပင်နားအရောက်မှာပေါ့ အိုး ကားက အိကနဲ ဖြစ်သွားတာ သိလိုက်တယ်.. စိတ်ထဲမှာ ပြန်မတ်လာမယ်လို. ထင်လိုက်ပေမယ့် လူတွေ ရုန်းရင်းဆန်ခတ်နဲ့ အော်သံကြားလိုက်တဲ့ အချိန်မှာတော့ သွားပြီဆိုတဲ့ အသိတချက်ရလိုက်တယ်.. ဘာဖြစ်သွားမှန်း မသိလိုက်တော့ဘူး.. လမ်းနဲ. မျက်နှာနဲ. ရိုက်တာလည်း မသိလိုက်ဘူး.. တချမ်းစောင်း မှောက်နေတဲ့ ကားထဲကနေ အပြင်ကို ဘယ်လို ရောက်သွားမှန်းလည်း မသိလိုက်ဘူး..

အပြင်ရောက်တော့မှ အရေးကြီး စာရွက်စာတမ်းတွေ ဖုန်းနဲ. ပိုက်ဆံပါတဲ့ အိတ်ကို သတိယမိတာပါဘဲ.. အဲဒီ အချိန်မှာ ထူးဆန်းတာက မှောက်နေတဲ့ ကားထဲကနေ ကျမရဲ. အိတ်ကို လှမ်းလိုက်တဲ့ လက်တဘက်ကို အံ့သြစွာ တွေ.လိုက်တာ ဘဲ.. ၀မ်းသာအားရယူပြီး မှောက်နေတဲ့ ကားနားမှာ ၀ိုင်းနေတဲ့ လူတွေကြားက ခမ်းလှမ်းလှမ်းကို ထွက်လာမိတယ်..

ကားထဲက အော်ဟစ်ငိုယိုသံတွေ.. ခေါ်လို. မရတော့ဘူး .. ကယ်ကြပါအုံး ဆိုတဲ့ အသံတွေကြားနေရတယ်…. ကမ္ဘာငယ်

တခု ပျက်သွားသလိုပါဘဲ…

ခေါင်းတွေ မူးနောက်လာပြီး ပါးစပ်ထဲက ငန်ကျိကျိအရသာကို သတိထားမိလို. လက်ထဲကို ထွေးကြည့်လိုက်တော့ မှုန်ပျပျ မီးရောင်ကြား ကနေ သွေးတွေကို မြင်လိုက်ရတာပါဘဲ.. အဲဒီအချိန် အနီးအနား အိမ်တွေက ထွက်ကြည့်ကြတဲ့ အန်တီ တယောက်က ဟဲ့ ရေတိုက်လာပါဟဲ့ ဆိုပြီး ရေတခွက်လာပေးတော့ ပါးလုတ်ကျင်းပြီး သောက်လိုက်ရတဲ့ ရေတခွက်က တုန်လှုပ်ခြောက်ခြားမှုကို ဖယ်ရှားပေးလိုက်သလိုဘဲ…. မမေ့နိုင်တဲ့ ရေတခွက်…တန်ဖိုးရှိလိုက်တဲ့ ရေတခွက်.. အဲဒီ အန်တီကိုလည်း ကျေးဇူးတင်လို့ မဆုံးဘူး…

ခဏနေတော့ ကားထပ်စီးပြီး အိမ်ပြန်ရောက်လို့ မှန်ထဲကြည်.တော့မှ မျက်နှာတခုလုံး ရောင်အမ်းနေလိုက်တာ.. ဒါတောင် ခရီးဆက်ခဲ့တဲ့ တလမ်းလုံး အာပူလေးမှုတ်ပြီး ကျတ်ထုတ်ထိုးလာသေးတာနော်..

အမလို ခင်တဲ့အမက လာကြည့်ပြီး ဆေးခန်းသွားရအောင် ဆိုတာနဲ. ဆေးခန်းရောက်လို. ဆေးထိုးပြီး ပြန်အထမှာတော့ ကိုယ့်ခေါင်းကို မထူနိုင်တော့တဲအဖြစ်…

ဆေးခန်းအပြန်တလမ်းလုံး တွေးမိတာက ဒီလောက်ဆိုးဆိုးရွားရွား မှောက်သွားတဲ့ ကားထဲ က အသက်ရှင်လျှက် လွတ်မြောက်ခွင့်ရတာ သမ္ဗုဒ္ဓေရဲ.တန်ခိုး သမ္ဗုဒ္ဓေရဲ. အကျိုးပဲလို.့..

ဒါနဲ.အိမ်ရောက်တော့ တစ်ထောင်ပြည့်ဖို. ကျန်နေတဲ့ အခေါက်(၄၀၀)ကို နာကျင်မှုကြား ကဘဲ ဘုရားစင်ရှေ. အဓိဌာန်မပျက် ဆက်ရွတ်ခဲ့တယ်…

တနေ. မောင်လေးတယောက်လို ခင်တဲ့ ကလေးကို စကားစပ်လို. သမ္ဗုဒ္ဓေဂါထာ ရလား မေးတော့ မရဘူးတဲ့.. အတော်လေး အံ့သြသွားမိတယ်..

အော် အခုခေတ် မိဘတွေလည်း စားဝတ်နေရေး အတွက် ရုန်းကန်နေကြရတော့ သားသမီး တွေကို ဘာသာတရား ကိုင်းရှိုင်းဖို. သွန်သင်ပြသဖို. အချိန်မရကြတော့တာလားလို. တွေးမိ ပါတယ်..

တကယ် အန္တရာယ်ကြုံတဲ့ အချိန် သမ္ဗုဒ္ဓေဂါထာရဲ. အကျိုးကို ကိုယ်တွေ.ကြုံခဲ့တာမို. ပိုပြီး ယုံကြည်သက်ဝင်ခဲ့တယ်.. အခုထိ ကျမ ရှင်သန်နေသေးတာ မိဘတွေ ပေးခဲ့တဲ့ အသက်တင်မဟုတ်ဘဲ သမ္ဗုဒ္ဓေဂါထာက စောင့်ရှောက်ခဲ့တဲ့ အသက်နဲ. ပေါင်းပြီးရှင်သန်နေနိုင်တာလို. ခံယူလို. ဘာသာတရား နားလည်အောင် ဆုံးမသွန်သင်ခဲ့တဲ့ အဖေနဲ. အမေ့ရဲ့ ကျေးဇူးကို ပိုပြီး တန်ဖိုးထားလေးစားခဲ့သလို သမ္ဗုဒ္ဓေဂါထာကိုလည်း စွဲစွဲ မြဲမြဲ ရွတ်ဖြစ်တော့တယ်…..

လူတလုံးရေးတာဟုတ်ဘူး… ဖတ်မိတာလေး သဘောကျလို့ တင်လိုက်တာပါ…

From: New World

About lu ta lone

lu ta lone has written 261 post in this Website..