ကျွန်ုပ်၏ အယူဝါဒ-၂

asiamastersApril 25, 20111min874

 

 

၁။         ကျွန်ုပ်၏ အယူဝါဒ-၂ မှာ လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း ဖြစ်ပါတယ်။ ရည်ရွယ်တဲ့အကြောင်းကို အင်္ဂလိပ် ဘာသာစကားဖြင့် (Purpose) ဟုခေါ်ပါတယ်။ “လူ့ဘဝရဲ့ရည်ရွယ်တဲ့အကြောင်း” ဆိုတော့ အင်္ဂလိပ်စကားဖြင့် (Purpose of life) လို့ ဆိုရမှာဖြစ်ပါတယ်။ လူသားတွေဟာ လူ့အသုံးအဆောင်ပစ္စည်းတွေပြုလုပ်ရာမှာဖြစ်စေ၊ ပရိဘောဂများ ပြုလုပ်ရာ မှာ ဖြစ်စေ၊ နေထိုင်ရာအိမ်ယာများဆောက်လုပ်ရတွင်ဖြစ်စေ၊ တံတားများ၊ လမ်းများ ဆည်မြောင်းတာတမံများ တည်ဆောက်ရာ တွင်ဖြစ်စေ၊ ရည်ရွယ်တဲ့ အကြောင်းရင်းတွေရှိကြပါတယ်။ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းရင် များများပိုအသုံးဝင်မယ်၊ ရည်ရွယ် တဲ့ အကြောင်း မကောင်းရင်တော့ ကိုယ်လုပ်ခဲ့တဲ့ ပစ္စည်းတွေဟာ အသုံးမဝင်ပဲ အပိုဖြစ်ယုံမက၊ ရှားပါးတဲ့ ကိုယ့်ရဲ့ အရင်းအမြစ် တွေပါ အားလုံးဆုံးရှုံးသွားရမှာဖြစ်ပါတယ်။ နောင်လာနောင်သားအားလုံးအတွက် ဆပ်မကုန်နိုင်သော အကြွေးများ ကျန်နေမှာဖြစ် ပါတယ်။

 

၂။         ကျွန်တော်တို့ စားပွဲတစ်လုံးလုပ်ကြမယ်ဆိုပါစို့။ ခြေတောက်လေးချောင်းပါပြီး၊ အပေါ်အခင်းမျက်နှာပြင် ပါပြီဆိုတာနဲ့ စားပွဲလို့ခေါ်လို့တော့ ရပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီစားပွဲမှာ ရည်ရွယ်တဲ့ အကြောင်းရင်းမရှိဘူး။ ဒါကြောင့် ဘယ်လောက် ကြီးကြီး လုပ်မယ်။ ဘယ်လောက်အမြင့်ထားမယ်။ ဘာပစ္စည်းနဲ့လုပ်မယ်ဆိုတာ တွေမစဉ်းစားပါဘူး။ ဒီလိုမျိုးရည်ရွယ်တဲ့ အကြောင်းရင်း မရှိပဲလုပ်ဆောင်တဲ့ အကြောင်းကိစ္စတိုင်းဟာ ဘာမှ အသုံးမဝင်ယုံမက လူသားတွေကိုပါဒုက္ခပေးလေ့ရှိပါတယ်။ အခု ရည်ရွယ်တဲ့ အကြောင်းရင်း ရှိပြီဆိုပါစို့။ ရည်ရွယ်တဲ့ အကြောင်းက ဒီစားပွဲကို စားသောက်ဆိုင်မှာ သုံးမယ်။ ဒီရည်ရွယ်တဲ့ အကြောင်း ရှိလာပြီ ဆိုတာနဲ့ စားသုံးသူဘယ်နှစ်ယောက်နေရာချထားပေးမလဲဆိုတာစဉ်းစားရမယ်။ တစ်ဦးအတွက်လား၊ နှစ်ဦးအတွက်လား၊ လေးဦး အတွက်လား၊ အဝိုင်းပုံစံလုပ်မလား၊ လေးဒေါင့်လုပ်မလား၊ ဘယ်လောက်အမြင့်လုပ်မလဲ။ ဘယ်လိုပစ္စည်းမျိုးနဲ့လုပ်မလဲ။ဆေးကြော တာသန့်ရှင်းတာခံနိုင်အောင် ဘယ်လိုလုပ်မလဲ။ ထိန်းသိမ်းဖို့လွယ်ကူအောင်ဘယ်လိုလုပ်မလဲ။ အများနဲ့ မတူပဲထူးခြားတဲ့ အဆင် အပြင်ဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာ တွေစဉ်းစားလာမှာဖြစ်ပါတယ်။ ဒီလိုမျိုးရည်ရွယ်တဲ့အကြောင်း ကောင်းကောင်းနဲ့ တည် ဆောက်ထားတာကို (Purposeful) ဖြစ်တယ်လို့ခေါ်တယ်။ ဘာမှ ရည်ရွယ်တဲ့အကြောင်းမရှိပဲ လုပ်ခဲ့တာမျိုးတွေကိုတော့ (Purposeless) လို့ခေါ်ပါတယ်။

 

၃။         ကျွန်တော်တို့ရဲ့ အသုံးဆောင်ပစ္စည်းတွေ ပြုလုပ်ရင်တောင်မှ ရည်ရွယ်တဲ့အကြောင်း ရှိရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ လူ့ဘဝရဲ့ ရည်ရွယ်ချက်အကြောင်းကကောဘာလဲ ဆိုတဲ့မေးခွန်းကို မေးကြရမှာဖြစ်ပါတယ်။ လူ့ဘဝရှင်သန်ရာမှာ ရည်ရွယ်တဲ့ အကြောင်းရင်းကောင်းကောင်းနဲ့ရှင်သန်ခြင်း (Purposeful life) နဲ့ ဘာ ရည်ရွယ်တဲ့အကြောင်းရင်းမှ မရှိတဲ့ (Purposeless life) ဆိုပြီးတော့ တွေ့ရမှာဖြစ်ပါတယ်။

 

၄။         လူ့ဘဝရဲ့ ရည်ရွယ်တဲ့အကြောင်းရင်း (Purpose of life) က လူ့ဘဝကို ဖြစ်သလိုမနေပဲ၊ မိမိရဲ့ ဝင်ငွေ၊ ဗဟုသုတ၊ ခွန်အား၊ နည်းပညာ၊ လူသားဆန်မှုနဲ့ လောကအမြင်တွေကို တစ်နေ့ထက်တစ်နေ့ ပိုကောင်းလာအောင်လုပ်ရင်းနဲ့ အမြင့်မားဆုံး  အနေအထား သို့ ရောက်ရှိသွားရန်သာဖြစ်ပါတယ်။

 

 

၅။         ဒီလိုရည်ရွယ်တဲ့အကြောင်း ရှိတဲ့လူတွေဟာ လူသားတွေအတွက်ရော သူ့အတွက်ပါ ဘာလိုအပ်တယ်ဆိုတာ သိတယ်။ ယုံယုံကြည်ကြည်နဲ့အတွက် ကြိုးစားသူတွေ၊ ဇွဲရှိသူတွေ၊ အကျင့်စာရိတ္တကောင်းသူတွေဖြစ်လာတယ်။ သူတို့ကိုယ်တိုင်ကုံလုံယုံမက တခြားသူတွေကိုပါ ကောင်းကျိုးပြုပါတယ်။  ပိုမိုကောင်းမွန်တဲ့ ဘဝတွေကိုကို ပိုင်ဆိုင်လာပြီး ဘဝကို ပျော်ရွှင်စွာနဲ့ အသုံးချနိုင် ကြပါတယ်။

 

၆။         လူ့ဘဝရဲ့ ရည်ရွယ်တဲ့အကြောင်း မရှိသူများကတော့ ဘဝကို ဖြစ်သလိုနေဖို့ကျိုးစားကြပါတယ်။ ဘာရည်ရွယ်တဲ့ အကြောင်းမှမရှိတဲ့အတွက် ဘာလုပ်ရမှန်းလဲမသိပါဘူး။ ဒါပေမဲ့ လူသားရဲ့သဘာဝအတိုင်း ပထမတော့ စားဖို့၊ အိပ်ဖို့၊ ကာမ ဂုဏ်လိုက်စားဖို့ လောက်ပဲ သိတယ်။ တခြားဘာလုပ်ရမယ်ဆိုတာမသိဘူး။ ဘဝကို ဒုက္ခလို့ အဆိုးမြင်ပြီးဖြစ်သလိုနေကြတယ်။ ဒါကြောင့် ဒီလိုလူမျိုးတွေဟာ လူပျင်းတွေဖြစ်လာတယ်။ ဘာမှဖြစ်ဖြစ်မြောက်မြောက် ဖြစ်အောင် မကျိုးစားတော့ဘူး။ လူပျင်းတွေ နောက်ကို ဆက်လက်လိုက်ပါလာက ဆင်းရဲခြင်းဖြစ်တယ်။ ဆင်းရဲပြီဆိုရင်တော့ ရှင်လျှက်နဲ့ ငရဲကျပြီသာအောက်မေ့ပေတော့။ တစ်ချို့ကတော့ ခိုးလို့ရလို့၊ အလွဲသုံးစားလို့ရလို့ စတဲ့ အခြေအနေတွေကြောင့် အခြေအနေကောင်းတွေ ရလာသူတွေ ရှိတတ် တယ်။ ဒီလိုတွေကြတော့ သူတို့ကိုယ်သူတို့ ဘုရင်တွေ၊ နတ်တွေ ဝင်စားတယ်လို့ အယူတွေရောက်ကုန်ပြီး လူတွေကို ဒုက္ခပေး တော့တာပဲ။ အတိတ်ဘဝကပဲကောင်းလာလို့ ချမ်းချမ်း သာသာနေရတယ်လို့ ထင်လာကြတယ်။ ဒါလိုအခြေအနေ အားလုံးဖြစ်ရ တာဟာ ရည်ရွယ်တဲ့ အကြောင်းမရှိလို့ဖြစ်တယ်။

 

၇။         မိမိဘဝ ကို ရည်ရွယ်တဲ့အကြောင်းရင်း ကောင်းကောင်းနဲ့ ရှင်သန်ပါ။

4 comments

  • unclegyi1974

    April 25, 2011 at 3:04 pm

    ဘုရင်တွေနတ်တွေဝင်စားတယ်လို့ထင်နေတဲ့
    သူတွေကလည်းရည်ရွယ်ချက်ရှိရှိလုပ်နေတယ်
    လို့ထင်ပါကြောင်း

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 25, 2011 at 5:18 pm

    ဆည်မြောင်း၊ လမ်း၊ တံတားတွေ ဆောက်လုပ်တဲ့အကြောင်းတွေရဲ ့
    အတိမ်းအစောင်းအကျိုးအပြစ်တွေ
    ကောင်းကောင်းလေးမွန်းမံရေးသားနိုင်မယ်ဆိုရင်
    တော်တော်ဗဟုသုတရလိမ့်မယ်ထင်တယ်
    တတ်နိုင်ရင်
    မြန်မာနိုင်ငံမှာရှိတဲ့
    ကန်ထရိုက် အဆောက်အဦးတွေရဲ ့
    ဝါးကွက်တွေရှာပြီးဖြစ်သလိုဆောက်ထားတဲ့အကြောင်မှသည်
    သူများတွေတိုက်ဆောက်တာကိုအားကျပြီး
    ရှိစုမဲ့စုလေးနဲ ့
    ဘိလပ်မြေချွေတာ၊ သံချွေတာ
    ချွေတာပေါင်းဆုံနဲ ့ဆောက်ထားတဲ့
    အဆောက်အဦးတွေရဲ ့ဆိုးပြစ်တွေကို
    လူတွေသိအောင် ရေးသားသင့်ကြပါကြောင်း

  • hninkharr

    April 26, 2011 at 1:00 pm

    သံချွေတာ တာလွန်ပြီး သံချောင်းနေရာမှာ ဝါးပိုးဝါးတွေထည့်ဖို့ကြိုးစားနေပါတယ် ။

Leave a Reply