Promotion ဆိုတိုင်း မယုံနဲ့

etoneApril 26, 20111min61345

သင်္ကြန်မရောက်ခင်ကတည်းက တာဆူနေတဲ့ ပရိုမိုးအစီစဉ်တွေ လုပ်လိုက်တာ တစ်ခုပြီး တစ်ခုမရိုးနိုင်အောင်ပါ… ။ အမှန်ကန်က တမျိုး၊ လိမ်လည်ပြီး တမျိုး ၊ကျော်အောင်ညာပြီး တမျိုး မတူညီတဲ့ စိတ်ကူးတွေနဲ့ မိမိတို့ရဲ့ ကုန်ပစ္စည်းတွေကို စားသုံးသူတွေလက်ထဲ ပေါ်ပြူလာဖြစ်အောင် မရောက်ရောက်တဲ့နည်းနဲ့ ပို့ဆောင်ဖို့ အလုယှက် ကြိုးပမ်းကြပါသည် … ။ ထိုပစ္စည်းများ ထဲတွင် မိန်းမ အသုံးဆောင်နှင် အ လှပြင် ပစ္စည်းများက ထိပ်တန်းနေရာယူခဲ့သည် ။ သင်္ကြန် အထူး အစီစဉ် ရိုက်နှိပ်ထားသော ပိုစတာများ ၊ လက်ကမ်းစာစောင်များကလည်း ပလူကိုပျံလို့ ။ ဘယ်နေ့မှ ဘယ်နေ့အတွင်းဝယ်ယူလျှင် မည်မျှ ရာခိုင်နှုန်းလျှော့ချမည် စသည်ဖြင့် ဈေးကွက်ထဲ ထိုးဖောက် စွဲဆောင်မှူတွေ လုပ်ခဲ့ကြသည် … ။ ကြော်ငြာအားကောင်း သဖြင့် သွားရောက်ဝယ်ယူရာမှ ကြော်ငြာနှင့် တကယ့်လက်တွေ့မတူညီပဲ လက်တလုံးကြား လုပ်ကာ ကြော်ငြာထားကြောင်း သိရသည့် အဖြစ်နှင့် ကြုံသော အခါ တမ်းတမ်းစွဲ ဝယ်ယူ သုံးစွဲနေကြ customer ပင်လျှင် ထိုကုန်ပစ္စည်းသုံးစွဲမှုအပေါ် ပြောင်းလဲရန် ဆန္ဒဖြစ်မိသည် ။ ပြည်တွင်းထုတ် နာမည်ကြီးဂျာနယ် ၊ နာမည် မကြီးသော ဂျာနယ်များတွင် ကြော်ငြာတစ်ခု ဖတ်လိုက်ရသည် ။ ၎င်းမှာ အရည်သွေးကောင်း ဖိနပ်အမျိုးစား တစ်ခုသည် တစ်ရံဝယ်လျှင် တရံလက်ဆောင် ပေးမည် ကာလ အပိုင်းခြားမှာ 19-3-11 မှ 10-4-11 အထိဟု ရေးသားထားပြီး ဝယ်ယူရရှိနိုင်သော ဆိုင်များ အမည် ရေးသားထားခဲ့သည် ။ ထို ဖိနပ် အမျိုးစားမှာ ခြေထောက် ဆိုဒ်ကြီးသူများအတွက် အထူးသင့်လျှော်ပြီး ခိုင်ခံ့လွန်းတာကြောင့် ဖိနပ်ကံမကောင်းတဲ့ ကျမ စနေနံနဲ့ ဓါတ်မတည့်မှူ အပြီးမှာ အမြဲလိုလို ဝယ်ဖြစ်ခဲ့သော ဖိနပ်အမျိုးစားဖြစ်သည် ။ 2006ခုနှစ်မှ ယခုထိ စဝယ်ခဲ့သော ဖိနပ်မှာ တရံမှ ပြတ်အောင်ပင် မစီးရသေးပေ… ။ ရှပ်တီးရှပ်ပြာ ခလုတ်တိုက်သော ကြောင့် ဖိနပ်ထိပ် ပွန်းပဲ့ခြင်းမျိုး ၊ စည်းမဲ့ ကမ်းမဲ့ ဖိနပ် ချွတ်သောကြောင့် သူများ တက်နင်းခံရကာ ဖိနပ်ကျိုးခြင်းများဖြစ်ခြင်းမှ အပ ဖိနပ်ပြတ်အောင် မစီးခဲ့ရပေ…။ ပြတ်၍ လွင့်ပစ် ရခြင်း မရှိသော်လည်း မပြတ်ပဲ အကြမ်းဖိနပ်လုပ်စီးတောင် တပုံတပင် ဖြစ်နေတာမို့ လွင့်ပစ်ခဲ့ရသည် ။ ဖိနပ်ဖိနပ်တစ်ရံဈေးနှုန်းမှာ အမျိုးစားနှင့် ဒီဇိုင်းပေါ် မူတည်ပြီး 7900 မှ တစ်သောင်း ခွဲကြားတွင် ရှိသည် ။ ဈေးနှုန်း သင့်တင့် မျှတပြီး ခိုင်ခံသောကြောင့် နာမည်ရ တံဆိပ် တစ်ခု အဖြစ် ဈေးကွက်ထဲ နေရာရလာခဲ့သည် ။ ဝန်ဆောင်မှူလည်း ကောင်းခဲ့သည် … ဝယ်ယူ သည့်နေ့မှ တစ်လအတွင်း အပျက်စီးဖြစ်ခဲ့လျှင် ပြုပြင်ပေးသည် ၊ ပြုပြင်ရန် ခက်ခဲသော အနေထားဖြစ်လျှင် အသစ်တစ်ရံဖြင့်  လဲ လှယ်ပေးသည် ။ ဝယ်ယူပြီး တစ်ပတ်ခန့် အကြာ ဖိနပ်မှ ပန်းပွင့်ကြီး တပွင့် ပြုတ်ကျသွားကြောင်း complain တက်ရာ ပြုပြင်ပေးပါမည် တပတ်ခန့်ကြာမည် ဖိနပ်ထားခဲ့ရန် ပြောသောကြောင့် ကျမနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးသည် ။ စီးထားသော ဖိနပ်ကို ချွတ်ပေးခဲ့ပြီး ကျမက ခြေဗလာနှင့် အိမ်ပြန်ရမည်ဆိုတဲ့ သဘောလား ၊ ဖိနပ်ပြုပြင်ရန် စီးလာသော ဖိနပ်ကို ထားခဲ့ပြီး နောက်အသစ်တရံ ဝယ်စီးရမည့်သဘောလား ဟု အလှအပသာ စိတ်ဝင်စားပြီး တခြား အရောင်းစာရေးမနှင့် တီးတိုး အတင်းတုတ်နေသော ဖိနပ်ကောင်တာမှ ဖိနပ်ရောင်းသော မိန်းကလေးကို ရန်တွေ့ခဲ့ဖူးသည် ။  တူညီတဲ့ အပွင့် လက်ကျန်မရှိတော့သောကြောင့် ကျမ ကို အသစ်တရံ လဲလှယ်ခွင့်ေ ပးခဲ့သည်… ပေးထားသော အခွင့်ရေးမှာ ရက် အနည်းငယ်အတွင်းတွင်သာ အကြုံးဝင်သည် … အလုပ်တစ်ဘက်နှင့်မို့ အသစ်တစ်ရံ လဲလှယ်ခွင့် ကဒ်ကို ပိတ်ရက်တွင် သွားယူရာ ထိုနေ့တွင်ပင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသဖြင့် မဖြစ်မနေ တစ်ရံ လဲလှယ်ခဲ့ပါသည် ။ဝယ်ယူသူ မွေးနေ့ကို မှတ်သားထားကာ ထိုနေ့တွင် ပို့စ်စကဒ်များပို့ပြီး ဝယ်ယူသော ဖိနပ်မှ 3000 လျှော့ပေးသော အစီစဉ်များရှိသော်လည်း … ကျမတို့ လမ်း လိပ်စာရှာရခက်သည် ထင်ပါ့ တနှစ်မှ ရောက်မလာခဲ့ပါ 😀 ။ ယခုနှစ်တွင် တော့ အလွန်ဆိုးဝါးသော လှည့်ဖြားကြော်ငြာမှု တစ်ခုပြုလုပ်ခဲ့ပြီး လူတွေကို အကြောင် ရိုက်ခဲ့ပြန်သည် ။ ပြည်တွင်းထုတ် ဂျာနယ်များတွင် ရေးသားထားချက်အရ ဖိနပ်တရံဝယ်လျှင် ၊ တရံ လက်ဆောင်ရမည် ဖြစ်ကြောင်း ရေးသားထားသော်လည်း လက်တွေ့တွင်မူ … အနည်းဆုံး ကျပ် တသောင်းကျော်မှ ၊ ဖိနပ်တရံ ထပ်ရမည် ဖြစ်ပြီး ထို ထပ်ရမည့် တစ်ရံကိုလည်း မဲ စနစ်ဖြင့် ရွှေးချယ်ရမည် ဖြစ်သည် ။ ထို ထပ်ရမည့် ဖိနပ်သည် မိမိစိတ်ကြိုက် ရွှေးရမည် ၊ သို့ မဟုတ် ဆိုင်မှ ထည့်ပေးသော ဖိနပ် တရံသာ ရမည်ဖြစ်ကြောင်း မဲစနစ်ဖြင့် ဆုံးဖြတ်စေသည် ။ ကြော်ငြာမှာ တစ်သောင်းကျော်မှ ဟူသော စာသား တလုံးတလေမှ မပါဝင်ပေ ။ slipper ဖိနပ်အများစုသည် တစ်သောင်းအောက်ဖြစ်သောကြောင့် ဖိနပ် တစ်ရံ ဝယ်လျှင်တောင်မှ တစ်သောင်းပြည့်ရန် ထောင်ဂဏန်း အနည်းငယ်မျှ လိုသေးသည် … ထို ဖိနပ်အမျိုးစားတွင် တစ်ထောင်တန် ၊ နှစ်ထောင်တန် ဖိနပ်မရှိသဖြင့် တစ်သောင်းကျော်ရန် ဖိနပ် နှစ်ရံဝယ်မှသာ လက်ဆောင် နောက်တစ်ရံ ရနိုင်တော့မည်… ။ ဖိနပ်အမြင့် အများစုမှာ ဒီဇိုင်းပုံ တုံးများဖြစ်သဖြင့် slipper များကသာ ပိုပြီး အရောင်းသွက်ကြောင်း သိရသည် ။ ကြော်ငြာကတည်းက နှစ်ရံဝယ်လျှင် တစ်ရံ ရနိုင်မည့် အခွင့်ရေးဟု ရှင်းလင်းစွာ ရေးသင့်သည့် အစား မလှိမ့်တပတ် ကြော်ငြာခဲ့သောကြောင့် ဈေးဝယ်သူတို့ စိတ် အနှောက်ယှက်ဖြစ်ခဲ့ရပြီး မဝယ်ပဲ ပြန်လာခဲ့ကြသည် … ။ ထို မဝယ်ပဲ ပြန်လာခဲ့သော လူများထဲတွင် ကျမလည်း ပါခဲ့သည် ။  😛 ထင်ယောင်ထင်မှား ပရိုမိုးရှင်းကြော်ငြာစာသားများရေးပြီး ဈေးကွက်အတွင်းစွဲဆောင်ခြင်းသည် စားသုံးသူအား အရူးလုပ်ခြင်းဟုပင် ထင်မိပါတော့သည် ။

45 comments

  • dream

    April 26, 2011 at 4:33 am

    အိပ်မက်ဆီကိုတော့ 3000 discount ပေးတဲ့စာရွက် စာတိုက်ကနေ ရောက်ဖူးတယ်
    သွားတော့မဝယ်ဖြစ်ဘူး။

  • moethidasoe

    April 26, 2011 at 5:27 am

    တို့တော့ promotion ဆိုရင် ဘယ်တော့မှ မသွားဘူး ..
    (၁) ပုပ်ကုန်နဲ့ တွေ့တတ်လို့
    (၂) ဒိတ်နီးတာနဲ့ တွေ့တတ်လို့
    (၃) မလှိမ့်တပတ်တွေနဲ့ တွေ့တတ်လို့

    ကြိုက်တာတွေ့ရင် တွေ့တဲ့အချိန် ဝယ်တယ် .. အဲဒီအချိန် အတန်ဆုံးပဲ

  • unclegyi1974

    April 26, 2011 at 5:47 am

    မြန်မာကပရိုမိုးရှင်းတွေကအာဖျံကွီးတွေများပါတယ်
    အသုံးလိုတဲ့အချိန်ဝယ်တာအကောင်းဆုံးပါပဲ
    ပရိုမိုးရှင်းဆိုတိုင်းဝယ်ထားပြီးမသုံးသေးရင်
    မဟုတ်သေးပါဖူးတကယ်တန်တယ်ဆိုလည်း
    ဟုတ်သေး

  • moethidasoe

    April 26, 2011 at 6:40 am

    အိမ်နားမှာ လူတစ်ယောက် ရှိတယ် .. သူက သူများက ကောင်းတယ်လို့ ပြောတဲ့ ပစ္စည်းတိုင်း အိမ်မှာ ရှိထားအောင် ဆိုပြီး ဝယ်တယ် .. ဝယ်ပြီး သုံးသလားဆိုတော့ မသုံးဘူး .. သိမ်းထားတယ် .. ပျက်သွားမှာ စိုးလို့ တဲ့ .. အဲဒီလူက promotion ဆိုရင် သိပ်ကြိုက်ပဲ ..

  • moegyothwar

    April 26, 2011 at 10:01 am

    ကျွန်တော်တို့လုပ်ငန်းမှာ Promotion နဲ့ပတ်သက်ရင် ဘယ်တော့မှမလုပ်ဖို့ မူကိုချထားတယ်။ Promotion အတွက်ကုန်ကျစရိတ်ကြော်ငြာစရိတ် အကုန်လုံး ကို လျှော့လိုက်ရင် စားသုံးသူသက်သာတာပေါ့။ လုပ်ငန်းတိုင်းမှာ အရောင်းထိုင်း ကုန်ကိုမြန်မြန်ထုတ်ချင်ကြတာ သဘာဝပါ။ နည်းလမ်းတကျ နှစ်ဦးနှစ်ဘက်ကြည်ဖြူတဲ့ပုံစံတော့ဖြစ်သင့်ပါတယ်။ Consumer Rights Associations တွေရှိသင့်လာပါပြီ။ ပေးရတာနဲ့တန်တဲ့ ဝန်ဆောင်မှု ဒါမှမဟုတ် ပစ္စည်းကို စားသုံးသူတွေရင်သင့်ပါတယ်။ မရခဲ့ရင်လဲပြန်ပြီး တရားစွဲနိုင်တဲ့အခွင့်အရေးရှိမှ ငါတကော ကောတတ်၊ ကလိမ်ကျတတ်တဲ့ လုပ်ငန်းရှင်တွေရန်က ကင်းနိုင်မှာပါ။

  • naywoonni

    April 26, 2011 at 12:11 pm

    ပရိုမိုးရှင်း= ကံစမ်းမဲ= အယုံအကြည်မရှိ ပရိုမိုးရှင်းဆိုရင်ရှောင်ပါတယ်..။ ကံစမ်းမဲဆိုတာလဲ ရှောင်ပါတယ်..။ ဆရာ့ဆရာကြီး တစ်ယောက်က မှာသွားဖူးတယ်..။ ပရိုမိုးရှင်းနဲ့ကံစမ်းမဲ ကိုရှောင်နိုင်ရင် အိုတောင်မဆင်းရဲဘူးဆိုပဲ………

  • nature

    April 26, 2011 at 3:43 pm

    ဒါတွေဖတ်လိုက်တော့ promotion ဝယ်ချင်စိတ်ကုန်သွားပြီ။

  • ကြုံတုန်း ဝင် Promotion လုပ်ပါရစေ etone ရေ..

    ယောကျာ်းလေးတစ်ယောက်နုနုငယ်ငယ်၊ သန်မာတောင့်တင်း ယောကျာ်းပီသပြီး လွန်စွာခန့်ညားလှသော သူတစ်ယောက်အား လိုအပ်သူများ အလုအယက်တောင်းယူနိုင်ပါကြောင်း

    (မှတ်ချက် – ဦးရာလူနှစ်ဦးခန့်သာ လက်ခံနိုင်မည်ဖြစ်ပြီး သိပ်များလျင် လက်မခံနိုင်ပါကြောင်းနှင့် အမျိုးသမီး ငယ်ငယ်ချောချောများ သီးသန့်အတွက်သာ Promotion လုပ်ခြင်းဖြစ်ကြောင်း..)

    • etone

      April 27, 2011 at 4:27 am

      အာ… ကြော်ငြာက ဝင်သေးတယ်… ဒုက္ခပါပဲ 😀 ဒီကြော်ငြာတွေ့ပြီး etone ကနေ တဆင့် ဆက်သွယ်လာတဲ့လူတွေတော့ရှိတယ်…သူတို့ပြောတာ… ဘာတဲ့… အသက်ငယ်တာမငယ်တာ ပြသနာ မဟုတ်ဘူးတဲ့… ဖွဲတဆုတ်လောက်မနိုင်တဲ့ အရွယ်ဖြစ်လည်းအဆင်ပြေတယ်တဲ့ …အဓိကက သွားမပါလျှင်နေ … ကားပါလျှင် ပြီးရော ဆိုပဲ … 😀 😀

      • king

        May 5, 2011 at 10:41 am

        etone ရေ
        ကားဆိုရင်တော့ ဆိုက်ကားတောင်ပိုင်ဘူးကွ
        ဒါပေမယ့် ကားထက်သာတာတော့……………
        သို့သော် အတည်ကြံမည့်သူများသာ ပြောပြပါမည်

    • king

      May 5, 2011 at 10:38 am

      ဟိုက် ရှုံးနိမ့်မှုများနဲ့ လူ ဆိုတဲ့ သူငယ်ချင်းရေ
      နာမည်ကလည်း ခေါ်ရခက်လို်က်တာ
      အကုန်လုံးတော့ ကြိုက်ပါတယ် ဒါပေမယ့် သူငယ်ချင်း နာမည်ကို သူတို့ကမကြိုက်လို့
      ကျွန်တော် King ဆီ ဝိုင်းလိုက်နေကြတယ်….. အဲဒီအတွက် ကိုယ်ရံတော်သက်တော်စောင့်
      မိန်းကလေးချောချော အပျိုလေးများကို အထူးအစီအစဉ်ဖြင့် ခန့်အပ်မည်ဖြစ်ကြောင်းနှင့်
      လစာ တစ်လလျှင် 1500 နှင့် တစ်ခါ အာဘွားပေးထားခွင့် ပေးမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ (အမြန်ဆက်သွယ်ရန် လျှောက်လွှာပိတ်ရက် 10-10-101010)

  • soethuya7

    April 27, 2011 at 3:29 am

    ကျွန်တော်စဉ်းစားမိတာကတော့ စီးပွားရေးလုပ်နေတာပဲ အလှူပေးနေတာမှမဟုတ်တာ ဘယ်သူကအရှုံးခံပြီးလုပ်မှာတဲ့လဲ တစ်နည်းနည်းနဲ့လှည့်ပြီးယူတာကြတာပါပဲ ပရိုမိုးရှင်းဆိုပြီးလုပ်လဲ အဲဒီပရိုမိုးရှင်းပေးတဲ့ဈေးနဲ့ကိုက်ညီအောင် ပစ္စည်းရဲ့အရည်အသွေးကို လျှော့ချမယ် ဒါမှမဟုတ် အတွင်းထဲမှာပါတဲ့ ပစ္စည်းပမာဏကိုလျှော့ချမယ် ဲ့လို့ပဲထင်တယ်

    • bigcat

      April 27, 2011 at 3:57 am

      ဟုတ်ဖူးဗျ၊ ပရိုမိုးရှင်းလုပ်တဲ့သဘောက အရေအတွက်များများရောင်းလို့ရတဲ့ economies of scale ကိုယူတာ။ များများရောင်းရရင် ကုန်ပစ္စည်းလည်ပတ်မှုအားကောင်းပြီး အဖက်ဖက်ကနေ စရိတ်သက်သာမယ်။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံးအတွက်ကောင်းတဲ့ ဒေါ်ဝင်းဝင်းရဲ့ နည်းဗျူဟာပေါ့ဗျာ။
      မြန်မာပြည်မှာတော့ ဝယ်နိုင်စွမ်းက အကန့်အသတ်ရှိလို့ အရောင်းသတ်မှတ်ချက်မပြည့်တဲ့အခါ ကြံဖန်ပြီးစွံအောင်ထုတ်လို့ စည်းကမ်းချက်တွေ ဗျောင်တမျိုး ကွယ်လို့တဖုံ ထားကြပုံရတယ်။ အရောင်းမြှင့်တင်ရေးလုပ်ပြီးမှ အဝယ်မလိုက်ရင် ကိုယ်ပေးချင်တဲ့သူကို ပေးတာ၊ သိပ်မကောင်း မိုဒယ်အောက် တာတွေကို ထိုးပေးတာတို့၊ လာဝယ်သူကို ဂရုမစိုက်တာတို့ ဖြစ်သွားတယ်။ ပိုင်ရှင်ကလည်း အဝယ်လိုက်တော့ ပရိုမိုးရှင်းနှုန်းနဲ့ရောင်းတိုင်း ရှုံးနေတော့ ဂရုမစိုက်တော့ဘူးပေါ့။ ရောင်းတဲ့ပစ္စည်းက တမျိုးတပုံစံထဲဆိုရင်တော့ ပစ္စည်းအရည်အသွေးတို့ ပမာဏတို့ကို လျော့လို့မရပါဘူး။ နောက်တခါ ပရိုမိုးရှင်း မလုပ်ရုံသာရှိမှာပေါ့။ မြန်မာပြည်ဈေးကွက် ပုံစံနဲ့ဆိုရင် တီဗွီကြော်ငြာအား သိပ်မတတ်နိုင်ရင် (သို့) ရောင်းတဲ့ပစ္စည်းက တီဗွီမှာကြာ်ငြာရလောက်အောင် ဝယ်သူမများရင် ခပ်တည်တည်နဲ့ ဝယ်သူကိုစေတနာထားပါတယ်ဆိုပြီး ဈေးလျော့ရောင်းတာ၊ ကံစမ်းမဲ၊ တခုဝယ်ရင် နောက်တခု အလကား (သို့) တဝက်ဈေး လုပ်ကြတယ်။

      • etone

        April 27, 2011 at 5:45 am

        ဒီဖိနပ်က ပရိုမိုးရှင်း အစီစဉ်တိုင်း တကယ့်ကို အစစ်မှန်ရောင်းချခဲ့ပါလျှက်နဲ့ ဒီတစ်ခါမှာ အတော်လေး စိတ်ပျက်မိလို့ ရေးမိသွားတာ… ။ အရင်က အစီးစဉ်တွေမှာ တစ်ရံကို ထက်ဝက်ဈေးတို့ … သုံးရံ တစ်သောင်း နှုန်းနဲ့ တို့ တကယ့်ကို လျှော့ပေးတာ …ကွာလတီလည်းကောင်းတယ်… ဒီဇီုင်းသာ update မဖြစ်တာ… ဒီဇိုင်း အလန်းလေးတွေ ထွက်လည်း ကိုယ့်ခြေထောက်နဲ့ လိုက်ဦးမှဆိုတော့ ဒီဇီုင်းသစ်မဟုတ်လည်း ပြသနာမရှိဘူးလေ… ။ သုံးရံတသောင်းနှုန်းတုန်းက ဖိနပ်တွေအကုန်ကောင်းပေမဲ့ ဆိုက်ဒ်စုံမကျန်တော့လို့ ချရောင်းတာလို့ သိရတယ်… ။ ရောင်းတဲ့ လူတွေကို အင်တာဗျူးကြည့်တာ 😛 😛

      • aorgaeni

        September 13, 2011 at 4:01 pm

        Dear big cat !
        this is what i reply to eitone.
        Cause I’m not familiar with this link and just reply to her.
        So whom i mention may not see this post.
        I want everyone can see the post openly.
        Since she deleted away public reply , so that I just send to you all.
        Anyway appreciate all of your comment s about our brand.
        Also my thanks will go to her.
        Cause she really care and concern our brand.

        hi eitone! and everyone,
        I’m from Shoe Gallery.
        Thanks your comment and concern.
        We did promotion with reasonable price.
        As you asked to our staff is correct, there are not complete size then we sell.
        We are doing business and we have to make profit for ourselves and our staffs.
        We sent a lot gift cards to customer when is their birth month come in.
        But We can’t send all out.
        We have more than 60,000 customer list and try to send out as much as we can.
        And also some of return mail are come in that not complete address or the receiver is not in.
        One more thing is when we gave gift card to customers, there is a month validity.
        We are not giving going to expire soon gift card.
        Even if we make mistake, we’ll call customer and inform sales girls to allow to give this gift card.
        If you all have problem next time, can put in web like this and also CC to us in our fan page ” Shoe Gallery”
        or can directly email to mayshoegallery@gmail.com.
        We can say that we are not perfect but try to improve towards excellence.
        And pls understand that all the shoe has expire date.
        Not only our brands, actually not only in shoe.
        Honestly we are not only selling shoe, we are selling arts and service.
        We understand that 100 % satisfied to everyone is impossible.
        But we have our culture and we believe in ourselves.
        And we try to sell the customer with heart.
        Not only thinking to sell out all the goods.
        We have the system that ” First In, First Out( FIFO)
        If there are left over stock, we’ll sure do with promotion.
        As bigcat said
        ပရိုမိုးရှင်းလုပ်တဲ့သဘောက အရေအတွက်များများရောင်းလို့ရတဲ့ economies of scale ကိုယူတာ။ များများရောင်းရရင် ကုန်ပစ္စည်းလည်ပတ်မှုအားကောင်းပြီး အဖက်ဖက်ကနေ စရိတ်သက်သာမယ်။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံးအတွက်ကောင်းတဲ့ ဒေါ်ဝင်းဝင်းရဲ့ နည်းဗျူဟာပေါ့ဗျာ။
        But these are not going to spoil soon.
        to big cat!
        you said the things are correct.
        But when we sell during promotion, we also take care customer.
        Not like you are taking cheap and we are giving shit.( sorry, If I’m rude in this )
        I understand the customer feeling that everyone need service.
        Even though we trained our staffs but there are a few mistake and misunderstand with our staffs and customer.
        We learnt Consumer Rights and believe in CR.
        So we care our customer.
        But this may not be 100 % satisfied for everyone.
        But we are trying!
        thanks for all of your comment and concern.
        Pls CC or link to Shoe Gallery fan page in Facebook when you have any complain.
        If you don’t have FB, can email to mayshoegallery@gmail.com.
        If not can call office @ 01 566231 / 01 564955/ ( 9:00 am to 5:00 pm weekday,
        9:00 am to 12:00 am weekend)

  • chocolategirl

    May 5, 2011 at 9:58 am

    အခုပြောတဲ့ဆိုင်မှာခဏခဏ ဝယ်ပါတယ်..လိပ်စာတွေရော..မွေးနေ့တွေလည်းတောင်းတယ်.
    တစ်ခါမှစာမလာပါဘူး၊Excel မှာ Promotionချလို့ဝယ်လိုက်မိတယ်..2ရက်ပဲစီးရတယ်.
    ကော်ကွာသွားတယ်..Junction 8 မှာလျော့ရောင်းလို့သွားတော့လည်း ကောင်းတာတစ်ခုမှမရှိ
    တော့ဘူး..ကောင်းတာတွေကအရင်ဈေးပဲတဲ့..ဘယ်တော့မှမဝယ်တော့ဘူး.စိတ်နာလို့:p

    • aorgaeni

      September 13, 2011 at 4:44 pm

      can you call our office tin sear phi, 01 566231/ 01 564955. She is handling customer complain.
      and can email to us mayshoegallery@gmail.com.
      thanks

  • aorgaeni

    September 13, 2011 at 12:35 am

    hi eitone! and everyone,
    I’m from Shoe Gallery.
    Thanks your comment and concern.
    We did promotion with reasonable price.
    As you asked to our staff is correct, there are not complete size then we sell.
    We are doing business and we have to make profit for ourselves and our staffs.
    We sent a lot gift cards to customer when is their birth month come in.
    But We can’t send all out.
    We have more than 60,000 customer list and try to send out as much as we can.
    And also some of return mail are come in that not complete address or the receiver is not in.
    One more thing is when we gave gift card to customers, there is a month validity.
    We are not giving going to expire soon gift card.
    Even if we make mistake, we’ll call customer and inform sales girls to allow to give this gift card.
    If you all have problem next time, can put in web like this and also CC to us in our fan page ” Shoe Gallery”
    or can directly email to mayshoegallery@gmail.com.
    We can say that we are not perfect but try to improve towards excellence.
    And pls understand that all the shoe has expire date.
    Not only our brands, actually not only in shoe.
    Honestly we are not only selling shoe, we are selling arts and service.
    We understand that 100 % satisfied to everyone is impossible.
    But we have our culture and we believe in ourselves.
    And we try to sell the customer with heart.

    Not only thinking to sell out all the goods.
    We have the system that ” First In, First Out( FIFO)
    If there are left over stock, we’ll sure do with promotion.
    As bigcat said
    ပရိုမိုးရှင်းလုပ်တဲ့သဘောက အရေအတွက်များများရောင်းလို့ရတဲ့ economies of scale ကိုယူတာ။ များများရောင်းရရင် ကုန်ပစ္စည်းလည်ပတ်မှုအားကောင်းပြီး အဖက်ဖက်ကနေ စရိတ်သက်သာမယ်။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံးအတွက်ကောင်းတဲ့ ဒေါ်ဝင်းဝင်းရဲ့ နည်းဗျူဟာပေါ့ဗျာ။
    But these are not going to spoil soon.

    to big cat!
    you said the things are correct.
    But when we sell during promotion, we also take care customer.
    Not like you are taking cheap and we are giving shit.( sorry, If I’m rude in this )
    I understand the customer feeling that everyone need service.
    Even though we trained our staffs but there are a few mistake and misunderstand with our staffs and customer.

    We learnt Consumer Rights and believe in CR.
    So we care our customer.
    But this may not be 100 % satisfied for everyone.
    But we are trying!

    thanks for all of your comment and concern.
    Pls CC or link to Shoe Gallery fan page in Facebook when you have any complain.
    If you don’t have FB, can email to mayshoegallery@gmail.com.
    If not can call office @ 01 566231 / 01 564955/ ( 9:00 am to 5:00 pm weekday,
    9:00 am to 12:00 am weekend)

  • windtalker

    September 13, 2011 at 12:57 am

    အဟင့်
    မအီးတုံး ရဲ ့
    ပို ့စ် ကို အခု မှ ဖတ်မိတာ မှားလေခြင်းနော်
    မောင်ပေ နော်
    ဩဂုတ်လထဲ မှာနော်
    အိုင်ပက်တွေ လက်တော့ တွေ ကံစမ်းမဲ ဖောက်ပေးမယ် ဆိုတဲ့နော်
    မျက်စိဆေး ကို သုံးတာပေါ့နော်
    ကံတွေ စမ်းခဲ့တာပေါ့နော်
    မပေါက်ဘူး ပေါ့နော်
    တစ်ကယ်ကော ဖောက်ပေးရဲ ့လားပေါ့နော်
    သံသယ တွေ ရှိလာတာပေါ့နော်
    အခု ဒီပို ့စ် ကို ဖတ်ပြီး မှ ပေါ့နော်
    မောင့်မျက်ရည်ဝိုင်း ……ဟိုင်းဟိုင်း
    ဒီပို ့စ် ကို ဖတ်ပြီး မှပေါ့နော်

    • etone

      September 13, 2011 at 4:16 pm

      ကိုပေပြောတဲ့ မျက်စဉ်းဆိုတာ .. V.ROHTO မဟုတ်လားဟင် … ဆေးဆိုင်တွေမှာ .. 2800ကျပ်ကနေ 3000ကျပ်အတွင်းရောင်းပါတယ် … ။ တလောကတင် နှစ်ဗူးဝယ်လျှင် လိုးရှင်းဗူးသေးလက်ဆောင်ဆိုတာ ကြားလိုက်သေးတယ်… ဝယ်ထားတာ … လေးငါးလလောက်ရှိပြီ … တခြားပစ္စည်းထက်စာလျှင် ဈေးကြီးပေမဲ့..သာမန်မျက်စိယားတာ ၊ နားချင်တာဖြစ်တာလောက်ကတော့ … ခပ်လိုက်လျှင် အေးဆေးပဲ .. ။
      မျက်စိကို လက်နဲ့ပွတ်လို့ နီရဲ ယောင်ရမ်းနေတာတောင် တစ်ရက်ပဲ သုံးလိုက်ရတယ် … ကြာရှည်လည်း ခံတယ် … ဈေးကြီးပေမဲ့ အရည်သွေးကောင်းလို့ .. သုံးသင့်တယ်လို့ ထင်တာပါပဲ .. ။ ကိုယ်တွေ ဝယ်တုန်းက ဘာအစီစဉ်မှ မရှိသေးဘူး .. ။ 😛

  • etone

    September 13, 2011 at 8:47 am

    SHOE GALLERY က ဝင်ရောက်ဆွေးနွေးတာ ကျေးဇူးတင်ပါတယ် … ပြန်ရှင်းပြထားတာလည်း ကောင်းပါတယ် … service တွေလည်း တဖြည်းဖြည်း ပိုကောင်းလာပါတယ် … တချို့ ပရိုမိုးရှင်းတွေမှာ ဖိနပ်ရဲ့ ဈေးထက်ဝက်ချတာမျိုး ၊ သုံးရံ တစ်သောင်းနှုန်းနဲ့ ချထားပေးတာမျိုး ကြုံခဲ့ဖူးပါတယ် … သို့သော် …….

    .. ပို့စ်တင်ရတဲ့ ရည်ရွယ်ချက် အကြောင်းရာကိုတော့ ပြန်ရေးပြထားတာ မတွေ့ရပါဘူး … ။ပရိုမိုးရှင်း ကြောငြာမှာ တမျိုး ၊ တကယ်သွားဝယ်တာ တမျိုးဖြစ်နေတဲ့အခါ ဝယ်ယူသူဘက်က ဓါတ်ပေါက်သွားလို့ ဒီလို စာမျိုးထွက်လာတာလေ ။ ပြသနာက ဖိနပ်ကွာလတီမှာ မဟုတ်ဘူး ၊ ဆားဗစ်မှာလည်း မဟုတ်ဘူး … ပရိုမိုးရှင်း သတင်း စာစီတဲ့နေရာမှာ ပြသနာဖြစ်နေတာ … ။ 🙄

    အဲ့ဒီတုန်းက BUY 1 , GET 1 တကယ်ပေးတာမှ မဟုတ်ပဲ …တစ်ရံဝယ်ပြီးတောင် တစ်သောင်းမကျော်လျှင် get 1 မရနိုင်ဘူးလေ … ။ တစ်ရံဝယ်ပြီး … နောက်တစ်ရံပေးတဲ့အခါ … left over size တွေထဲက stock ထုတ်ပေးတောင် customer ဘက်က ကျေနပ်မှာပဲ …. အခုဟာက ဝယ်သာဝယ်လိုက်တာ … ပြီးမှ တသောင်းမကျော်လျှင် မပေးပါဘူးဆိုတော့ … ဓါတ်မပေါက်တဲ့လူ အတော်ရှားတယ် 😀 😀 😀

  • zawmaung

    September 13, 2011 at 9:17 am

    “. ပို့စ်တင်ရတဲ့ ရည်ရွယ်ချက် အကြောင်းရာကိုတော့ ပြန်ရေးပြထားတာ မတွေ့ရပါဘူး … ။ပရိုမိုးရှင်း ကြောငြာမှာ တမျိုး ၊ တကယ်သွားဝယ်တာ တမျိုးဖြစ်နေတဲ့အခါ ဝယ်ယူသူဘက်က ဓါတ်ပေါက်သွားလို့ ဒီလို စာမျိုးထွက်လာတာလေ ။ ပြသနာက ဖိနပ်ကွာလတီမှာ မဟုတ်ဘူး ၊ ဆားဗစ်မှာလည်း မဟုတ်ဘူး … ပရိုမိုးရှင်း သတင်း စာစီတဲ့နေရာမှာ ပြသနာဖြစ်နေတာ … ။ 🙄

    အဲ့ဒီတုန်းက BUY 1 , GET 1 တကယ်ပေးတာမှ မဟုတ်ပဲ …တစ်ရံဝယ်ပြီးတောင် တစ်သောင်းမကျော်လျှင် get 1 မရနိုင်ဘူးလေ … ။ တစ်ရံဝယ်ပြီး … နောက်တစ်ရံပေးတဲ့အခါ … left over size တွေထဲက stock ထုတ်ပေးတောင် customer ဘက်က ကျေနပ်မှာပဲ …. အခုဟာက ဝယ်သာဝယ်လိုက်တာ … ပြီးမှ တသောင်းမကျော်လျှင် မပေးပါဘူးဆိုတော့ … ဓါတ်မပေါက်တဲ့လူ အတော်ရှားတယ် 😀 😀 😀

    I would like to see comment from aorgaeni on above.,
    Thanks to Aorgaeni .

    • aorgaeni

      September 13, 2011 at 3:55 pm

      hi eitone! and everyone,
      I’m from Shoe Gallery.
      Thanks your comment and concern.
      We did promotion with reasonable price.
      As you asked to our staff is correct, there are not complete size then we sell.
      We are doing business and we have to make profit for ourselves and our staffs.
      We sent a lot gift cards to customer when is their birth month come in.
      But We can’t send all out.
      We have more than 60,000 customer list and try to send out as much as we can.
      And also some of return mail are come in that not complete address or the receiver is not in.
      One more thing is when we gave gift card to customers, there is a month validity.
      We are not giving going to expire soon gift card.
      Even if we make mistake, we’ll call customer and inform sales girls to allow to give this gift card.
      If you all have problem next time, can put in web like this and also CC to us in our fan page ” Shoe Gallery”
      or can directly email to mayshoegallery@gmail.com.
      We can say that we are not perfect but try to improve towards excellence.
      And pls understand that all the shoe has expire date.
      Not only our brands, actually not only in shoe.
      Honestly we are not only selling shoe, we are selling arts and service.
      We understand that 100 % satisfied to everyone is impossible.
      But we have our culture and we believe in ourselves.
      And we try to sell the customer with heart.
      Not only thinking to sell out all the goods.
      We have the system that ” First In, First Out( FIFO)
      If there are left over stock, we’ll sure do with promotion.
      As bigcat said
      ပရိုမိုးရှင်းလုပ်တဲ့သဘောက အရေအတွက်များများရောင်းလို့ရတဲ့ economies of scale ကိုယူတာ။ များများရောင်းရရင် ကုန်ပစ္စည်းလည်ပတ်မှုအားကောင်းပြီး အဖက်ဖက်ကနေ စရိတ်သက်သာမယ်။ ရောင်းသူ၊ ဝယ်သူ နှစ်ဦးစလုံးအတွက်ကောင်းတဲ့ ဒေါ်ဝင်းဝင်းရဲ့ နည်းဗျူဟာပေါ့ဗျာ။
      But these are not going to spoil soon.
      to big cat!
      you said the things are correct.
      But when we sell during promotion, we also take care customer.
      Not like you are taking cheap and we are giving shit.( sorry, If I’m rude in this )
      I understand the customer feeling that everyone need service.
      Even though we trained our staffs but there are a few mistake and misunderstand with our staffs and customer.
      We learnt Consumer Rights and believe in CR.
      So we care our customer.
      But this may not be 100 % satisfied for everyone.
      But we are trying!
      thanks for all of your comment and concern.
      Pls CC or link to Shoe Gallery fan page in Facebook when you have any complain.
      If you don’t have FB, can email to mayshoegallery@gmail.com.
      If not can call office @ 01 566231 / 01 564955/ ( 9:00 am to 5:00 pm weekday,
      9:00 am to 12:00 am weekend)

  • pan pan

    September 13, 2011 at 9:22 am

    မetoneပြောကတည်းက shoe gallery မှန်းရိပ်မိပါတယ်
    သူကအမြဲ discountချတယ်နော်
    ဂိုဒေါင်ရှင်းလို့ ဘာလို့နဲ့ စုံနေတာပဲ
    တလောက facebookမှာ ဓါတ်ပုံတင်ပြီး like countစုတဲ့ကိစ္စရော
    အောင်မြင်လား အစ်မရေ…

    • ကြောင်ကြီး

      September 13, 2011 at 10:08 am

      သူက နှစ်ရံတောင်ရမယ်ဆိုပဲ။ အဲဒါ အွန်လိုင်းတက်ပြီး ကာလာနဲ့ ဒီဇိုင်းအစုံ ရွေးနေလေရဲ့။ လှမ်းချက်တာတောင် အဖက်မလုပ်ဘူး။

      • etone

        September 13, 2011 at 10:15 am

        ဟားဟား ဟားဟား …ကိုကြောင်ကြီးကတော ့ … ပို ့မဲ့ပို့ အဆုံးရောက်အောင် ပို့နေပါလားဗျို့ …. 🙄 တကယ်ကို မလွယ်ဘူး ရူးနိုင်တယ်ဆိုတဲ့ သီချင်းပဲ အေးဆေးဆိုနေတော့မယ် 😛 😛

  • မီးမီး သော်

    September 13, 2011 at 12:30 pm

    မလွယ်ပါလား ပရိုမိုးရှင်းတွေက။ဟူးးးးနော် စိတ်ကုန်ပါတယ်

  • etone

    September 13, 2011 at 12:54 pm

    တူညီတဲ့ comment မျိုး နှစ်ခါ ထပ်တင်လျှင် မိမိပို့စ်ကို ဂရုစိုက်သည် ဟူသော အကြောင်းပြချက်ဖြင့် …ဖျက်ပစ်ပါမည် ။ :mrgreen:

  • aorgaeni

    September 13, 2011 at 1:17 pm

    တစ်ရံဝယ်လျှင် တရံလက်ဆောင် ပေးမည် ကာလ အပိုင်းခြားမှာ 19-3-11 မှ 10-4-11 အထိဟု ရေးသားထားပြီး , ဖိနပ်ဖိနပ်တစ်ရံဈေးနှုန်းမှာ အမျိုးစားနှင့် ဒီဇိုင်းပေါ် မူတည်ပြီး 7900 မှ တစ်သောင်း ခွဲကြားတွင် ,

    normal price is 7,900 ks to 15,000 ks.
    when we do this promotion we discounted 3000ks per pair also included .
    Then can top up with this and entitle for promotion._

    ထို ဖိနပ်အမျိုးစားတွင် တစ်ထောင်တန် ၊ နှစ်ထောင်တန် ဖိနပ်မရှိသဖြင့် တစ်သောင်းကျော်ရန် ဖိနပ် နှစ်ရံဝယ်မှသာ လက်ဆောင် နောက်တစ်ရံ ရနိုင်တော့မည်… ။ ဖိနပ်အမြင့် အများစုမှာ ဒီဇိုင်းပုံ တုံးများဖြစ်သဖြင့် slipper များကသာ ပိုပြီး အရောင်းသွက်ကြောင်း သိရသည် ။ ကြော်ငြာကတည်းက နှစ်ရံဝယ်လျှင် တစ်ရံ ရနိုင်မည့် အခွင့်ရေးဟု ရှင်းလင်းစွာ ရေးသင့်သည့် အစား မလှိမ့်တပတ် ကြော်ငြာခဲ့သောကြောင့် ဈေးဝယ်သူတို့ စိတ် အနှောက်ယှက်ဖြစ်ခဲ့ရပြီး မဝယ်ပဲ ပြန်လာခဲ့ကြသည် … ။ ထို မဝယ်ပဲ ပြန်လာခဲ့သော လူများထဲတွင် ကျမလည်း ပါခဲ့သည် ။ 😛 ထင်ယောင်ထင်မှား ပရိုမိုးရှင်းကြော်ငြာစာသားများရေးပြီး ဈေးကွက်အတွင်းစွဲဆောင်ခြင်းသည် စားသုံးသူအား အရူးလုပ်ခြင်းဟုပင် ထင်မိပါတော့သည် ။
    in adv, as you mentioned that we didn’t say about 10,000 ks and above.
    this is correct.
    We, Shoe Gallery doesn’t have editor to check for the writing style.
    Cause we haven’t start the journal business yet.
    We may do those type of advertise to persuade the customer.
    I can say that when people do business or deal with others, there are so many white lie in it.
    But can assure that we didn’t do and will never do the announcement like selling 50 % off , but we increase the original price with double.
    This is not only in myanmar and any other country.
    Persuade the customer with white lie.
    Some people worst than that.
    I can admit here that we are not perfect, but trying to improve only.

    ဝယ်ယူ သည့်နေ့မှ တစ်လအတွင်း အပျက်စီးဖြစ်ခဲ့လျှင် ပြုပြင်ပေးသည် ၊ ပြုပြင်ရန် ခက်ခဲသော အနေထားဖြစ်လျှင် အသစ်တစ်ရံဖြင့် လဲ လှယ်ပေးသည် ။ ဝယ်ယူပြီး တစ်ပတ်ခန့် အကြာ ဖိနပ်မှ ပန်းပွင့်ကြီး တပွင့် ပြုတ်ကျသွားကြောင်း complain တက်ရာ ပြုပြင်ပေးပါမည် တပတ်ခန့်ကြာမည် ဖိနပ်ထားခဲ့ရန် ပြောသောကြောင့် ကျမနှင့် ကတောက်ကဆဖြစ်ခဲ့ဖူးသည် ။ စီးထားသော ဖိနပ်ကို ချွတ်ပေးခဲ့ပြီး ကျမက ခြေဗလာနှင့် အိမ်ပြန်ရမည်ဆိုတဲ့ သဘောလား ၊ ဖိနပ်ပြုပြင်ရန် စီးလာသော ဖိနပ်ကို ထားခဲ့ပြီး နောက်အသစ်တရံ ဝယ်စီးရမည့်သဘောလား ဟု အလှအပသာ စိတ်ဝင်စားပြီး တခြား အရောင်းစာရေးမနှင့် တီးတိုး အတင်းတုတ်နေသော ဖိနပ်ကောင်တာမှ ဖိနပ်ရောင်းသော မိန်းကလေးကို ရန်တွေ့ခဲ့ဖူးသည် ။ တူညီတဲ့ အပွင့် လက်ကျန်မရှိတော့သောကြောင့် ကျမ ကို အသစ်တရံ လဲလှယ်ခွင့်ေ ပးခဲ့သည်… ပေးထားသော အခွင့်ရေးမှာ ရက် အနည်းငယ်အတွင်းတွင်သာ အကြုံးဝင်သည် … အလုပ်တစ်ဘက်နှင့်မို့ အသစ်တစ်ရံ လဲလှယ်ခွင့် ကဒ်ကို ပိတ်ရက်တွင် သွားယူရာ ထိုနေ့တွင်ပင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသဖြင့် မဖြစ်မနေ တစ်ရံ လဲလှယ်ခဲ့ပါသည်

    One more thing is when we gave gift card to customers, there is a month validity.
    We are not giving going to expire soon gift card.not a week card for customer. It’s at least for 1 month time. some has 45 days.

    ။ဝယ်ယူသူ မွေးနေ့ကို မှတ်သားထားကာ ထိုနေ့တွင် ပို့စ်စကဒ်များပို့ပြီး ဝယ်ယူသော ဖိနပ်မှ 3000 လျှော့ပေးသော အစီစဉ်များရှိသော်လည်း … ကျမတို့ လမ်း လိပ်စာရှာရခက်သည် ထင်ပါ့ တနှစ်မှ ရောက်မလာခဲ့ပါ 😀 ။
    We sent a lot gift cards to customer when is their birth month come in.
    But We can’t send all out.
    We have more than 60,000 customer list and try to send out as much as we can.
    And also some of return mail are come in that not complete address or the receiver is not in.
    One more thing is when we gave gift card to customers, there is a month validity.
    We are not giving going to expire soon gift card.
    Even if we make mistake, we’ll call customer and inform sales girls to allow to give this gift card.

    ပရိုမိုးရှင်း ကြောငြာမှာ တမျိုး ၊ တကယ်သွားဝယ်တာ တမျိုးဖြစ်နေတဲ့အခါ ဝယ်ယူသူဘက်က ဓါတ်ပေါက်သွားလို့ ဒီလို စာမျိုးထွက်လာတာလေ ။ ပြသနာက ဖိနပ်ကွာလတီမှာ မဟုတ်ဘူး ၊ ဆားဗစ်မှာလည်း မဟုတ်ဘူး … ပရိုမိုးရှင်း သတင်း စာစီတဲ့နေရာမှာ ပြသနာဖြစ်နေတာ

    I can admit and say again that we are not perfect.
    we can make 100 % satisfied to everyone in one time.

    Anyway eitone really concern our brands.
    so thank you so much eitone.

    pan pan says:

    မetoneပြောကတည်းက shoe gallery မှန်းရိပ်မိပါတယ်
    သူကအမြဲ discountချတယ်နော်
    ဂိုဒေါင်ရှင်းလို့ ဘာလို့နဲ့ စုံနေတာပဲ
    တလောက facebookမှာ ဓါတ်ပုံတင်ပြီး like countစုတဲ့ကိစ္စရော
    အောင်မြင်လား အစ်မရေ…

    yes, we do so many promotion.
    you can check it out here.
    http://www.facebook.com/media/set/?set=a.10150331095204113.359789.230541174112&type=1

  • cobra

    September 13, 2011 at 2:19 pm

    နောက်ဆိုလူတွေပါပရိုမိုးရှင်းပေးတော့မယ်တဲ့။

  • etone

    September 13, 2011 at 2:51 pm

    ပြန်လည်ဝင်ရောက် ဆွေးနွေးပေးတဲ့ Shoe Gallery ကို ကျေးဇူးတင်ပါတယ် … ။ ရေးထားတဲ့ ကွန့်မန့်အရ …
    (((normal price is 7,900 ks to 15,000 ks.
    when we do this promotion we discounted 3000ks per pair also included .
    Then can top up with this and entitle for promotion._ )))လို့ပါပါတယ် … ။ ပရိုမိုးရှင်းလုပ်တဲ့ အချိန် ဖိနပ်တစ်ရံ သုံးထောင်နဲ့ ရောင်းနိုင်တဲ့ ဖိနပ်အမျိုးစားပါကောင်းပါပါလိမ့်မယ် သို့သော် ၃၀၀ဝတန် ဖိနပ်ရောင်းသော နေရာက (ကျွန်မသွားနေကြဆိုင်)စိန်ဂေဟာ (လှည်းတန်း) ပရိုမိုးရှင်း ဧရိယာ မြေညီထပ်မှာဖြစ်ပြီး buy 1 get 1 အစီစဉ် ကြော်ငြာထားတာ … အပေါ်ထပ် shoe gallery counter မှာဖြစ်လို့ … အောက်က ဖိနပ်တစ်ရံ (၃၀၀၀)တန်နဲ့ … အပေါ်ထပ်က ဖိနပ်တရံ (နဂိုဈေး) ပေါင်း နှစ်ရံဝယ်လျှင် တစ်သောင်းဖိုးပြည့်မယ်ဆိုတာ မရိပ်စားမိတာက တစ်ကြောင်း ၊ အောက်က ပရိုမိုးရှင်း ဧရိယာကဖိနပ်က ဖိနပ်ဝယ်ယူမှူဟာ အပေါ်ထပ်ဖိနပ်ကောင်တာမှာပါ အကျုံးဝင်နေတာ တစ်သက်နဲ့ တစ်ကိုယ် မကြုံဖူးတာက တစ်ကြောင်းမို့လို့ …. တစ်သောင်းပြည့်အောင် မကြံဆောင်နိုင်ခဲ့ဘူး .. ။ အရောင်းကောင်တာက ဘယ်သူမှလည်း အဲ့ဒီလိုဝယ်ဖို့ …. guide line မပေးခဲ့ဘူး … 😀 ဘယ်လိုပဲဖြစ်ဖြစ် Buy 1 Get 1 မဟုတ်ခဲ့တာ အသေချာပါပဲ .. ။ 🙄

    (((in adv, as you mentioned that we didn’t say about 10,000 ks and above.
    this is correct.
    We, Shoe Gallery doesn’t have editor to check for the writing style.
    Cause we haven’t start the journal business yet. ))) လို့ရေးထားတာလည်း တွေ့ရပါတယ် … ဂျာနယ် ဘစ်ဇနက်မရှိတာနဲ့ … အက်ဒီတာမရှိတာနဲ့ ဆိုတာက အကြောင်းပြချက်ပါ … ။ စာအနည်းငယ်ချရေးပြီးတွေး ကြည့်ရုံနဲ့ … အဓိပါ္ပယ်ပေါက်နိုင်တဲ့ စာမျိုးမှာ … ဂျာနယ်လုပ်ငန်းအတွေ့ကြုံရော … အက်ဒီတာရော လိုမှ မလိုတာပဲ … ။ စကားကော်ကပ်ပြောတယ်လို့ပဲ .. ကောက်ချက်ချချင်ပါတယ် …။ 🙄

    (((I can say that when people do business or deal with others, there are so many white lie in it. ))) ဟုတ်ပါတယ် business တစ်ခုကို လုပ်တော့မယ်ဆိုလျှင် ဘယ်သူမှ မရှုံးချင်ကြတာ ဓမ္မတာပါ .. ဒါကြောင့်လည်း နည်းအမျိုးမျိုးသုံးပြီး လုပ်ငန်းလည်ပတ်မှုကောင်းအောင်၊ အောင်မြင်အောင် ၊ကြာရှည်ရပ်တည်နိုင်အောင် … လုပ်နေကြတာပေါ့ … ။ ဒါပေမဲ့ ပရိုမိုးရှင်းဆိုတဲ့ အစီစဉ်မှာ white lie ထည့်သုံးလိုက်တာ … ယုံကြည်မှူကို ပျက်ပြားစေပါတယ် … ။ မိတ်ဟောင်းဖြစ်တဲ့ customer တွေရော .. မိတ်သစ်ဖြစ်မယ့် customer တွေ အတွက်ပါ …. စိတ်အချဉ်ပေါက်သွားတာ အမှန်ပဲ ။ အဲ့ဒီနေ့က ကျွန်မအပါဝင် ရုံးက အစ်မခြောက်ယောက် စုစုပေါင်း 7ယောက်ဖိနပ်ဝယ်ဖို့ လာခဲ့တာတော့ အမှန်ပဲ … အဲ့ဒီလူတွေထဲမှာ … စီးနေကြလူတွေလည်းပါသလို …အခုမှ ဒီဘရန်းကို ပါးစပ်ကြော်ငြာအားနဲ့ …လိုက်စီးကြမယ့် လူတွေလည်းပါနေပါတယ်… ။ စိတ်ထဲ နည်းနည်းဖုသွားတဲ့ ကျွန်မတို့တွေ … အဲ့ဒီနေ့က တစ်ယောက်မှ မဝယ်ဖြစ်ခဲ့ကြဘူး … ။
    (အခုတော့လည်း … မူရင်းတန်ဖိုးပေးပြီး … ဝယ်စီးဖြစ်တာပဲ )

    (((we didn’t do and will never do the announcement like selling 50 % off , but we increase the original price with double. ))) တခြား ဘရန်းတွေတော့ မသိပေမဲ့ .. ဒီဖိနပ်ဘရန်းနဲ့ ပတ်သတ်လို့ … အတာ်ကြာကြာ သုံးခဲ့ဖူးလို့ ကျွန်မက ဈေးနှုန်းကောင်းကောင်းသိနေပါတယ် … ။ ကျွန်မလို … တခြား long time customers တွေလည်း ရှိမှာပါ …ဆိုလိုချင်တာက … ဈေးကိုနှစ်ဆတင်တယ်ထားပြီးပြန်လျှော့တယ် ထားဦးတော့ … မသိပဲ ဝယ်လိုက်မိတာထက် …သိလို့ မဝယ်ပဲနေတဲ့လူများမှာပါလို့ ပြောချင်တာပါ … ။ စီးပွားရေးလုပ်ငန်းတွေထဲ နဂိုဈေးထက် နှစ်ဆတင်ပြီး …. တစ်ဝက်လျှော့ပါတယ် လုပ်တဲ့ ကုန်ပစ္စည်းတွေလည်း ရှိမှာပါ … သို့သော် ..ရေပေါ်ဆီလိုပါပဲ … နာမည်ကောင်းနဲ့ ကြာကြာရပ်တည်နိုင်မှာတော့မဟုတ်ပါဘူး … ။ ပန်းသတင်းလေညှင်းဆောင်ပြီး … လူသတင်းလူချင်းဆောင်ပါတယ် .. ။

    (((One more thing is when we gave gift card to customers, there is a month validity.
    We are not giving going to expire soon gift card.not a week card for customer. It’s at least for 1 month time. some has 45 days.))) လို့ပြောခဲ့ပေမဲ့ … ကျွန်မရခဲ့တဲ့ ကဒ်က တစ်ပတ်သာသာလောက်သာ အကျုံးဝင်တယ်လို့ ရေးပြထားပါတယ် … ။ လူကြီးမင်းတို့ ဆီမှာ record ရှိမယ်ဆိုလျှင် 2011 ဖေဖော်ဝါရီလလယ်လောက်က စာရင်းကိုပြန်ကြည့်ကြည့်ပါ … ဖေ့စ်ဘွခ်က ကျွန်မနံမည်နဲ့ ဖိနပ်လဲလှယ်ထားတဲ့ စာရင်းရှိကောင်းရှိမှာပါ … ။ Valid စာရင်းပါ ပြုစုထားလျှင် ကျွန်မ လဲလှယ်ခွင့်ရသော ကာလအပိုင်းခြားကိုပါ …အလွယ်တကူတွေ့မြင်နိုင်ပါလိမ့်မယ် … ။

    (((We sent a lot gift cards to customer when is their birth month come in.
    But We can’t send all out.
    We have more than 60,000 customer list and try to send out as much as we can. )))
    စကားစပ်မိလို့ … ကဒ်မရောက်လာတဲ့ အကြောင်းပြောမိတာပါ … မရောက်လာလည်း never mind ပါ … လိုအပ်လျှင် လိုအပ်သလို အချိန်အခါပေါ်မူတည်ပြီး …. ကာလတန်ဖိုးအတိုင်း ဝယ်စီးဖြစ်ပါတယ်လေ … ။ အမြဲလိုလိုကတော့.. မူရင်းဈေးနဲ့ ဝယ်ဖြစ်တယ် … ။ တစ်ခါတစ်လေ discount ချတဲ့ ကာလနဲ့ တိုးတယ် .. တစ်ခါတစ်လေ .. မူရင်းဈေးနဲ့ ဝယ်ပြီ းတစီးလေးတွေ လက်ဆောင်ပေးတာနဲ့ တိုးတယ် .. စသည်ဖြင့်ပေါ့ … ။ 😛

    (((we can make 100 % satisfied to everyone in one time.))) ဖြစ်မယ် ဆိုလို့ ဝမ်းသာပါတယ် … လုပ်ငန်းပိုမိုအောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ် …. ဝင်ရောက်ဆွေးနွေးမှူကိုလည်း ကျေးဇူးတင်ပါတယ် .. ။ 😛

  • aorgaeni

    September 13, 2011 at 3:30 pm

    zawmaung says:
    “. ပို့စ်တင်ရတဲ့ ရည်ရွယ်ချက် အကြောင်းရာကိုတော့ ပြန်ရေးပြထားတာ မတွေ့ရပါဘူး … ။ပရိုမိုးရှင်း ကြောငြာမှာ တမျိုး ၊ တကယ်သွားဝယ်တာ တမျိုးဖြစ်နေတဲ့အခါ ဝယ်ယူသူဘက်က ဓါတ်ပေါက်သွားလို့ ဒီလို စာမျိုးထွက်လာတာလေ ။ ပြသနာက ဖိနပ်ကွာလတီမှာ မဟုတ်ဘူး ၊ ဆားဗစ်မှာလည်း မဟုတ်ဘူး … ပရိုမိုးရှင်း သတင်း စာစီတဲ့နေရာမှာ ပြသနာဖြစ်နေတာ … ။
    အဲ့ဒီတုန်းက BUY 1 , GET 1 တကယ်ပေးတာမှ မဟုတ်ပဲ …တစ်ရံဝယ်ပြီးတောင် တစ်သောင်းမကျော်လျှင် get 1 မရနိုင်ဘူးလေ … ။ တစ်ရံဝယ်ပြီး … နောက်တစ်ရံပေးတဲ့အခါ … left over size တွေထဲက stock ထုတ်ပေးတောင် customer ဘက်က ကျေနပ်မှာပဲ …. အခုဟာက ဝယ်သာဝယ်လိုက်တာ … ပြီးမှ တသောင်းမကျော်လျှင် မပေးပါဘူးဆိုတော့ … ဓါတ်မပေါက်တဲ့လူ အတော်ရှားတယ်
    I would like to see comment from aorgaeni on above.,
    Thanks to Aorgaeni

    cause my first is directly send to eitone.
    So Zaw maung not see and he requested.
    That’s why copy and paste again for first comment.
    Honestly I don’t understand the function here.

    etone says:
    တူညီတဲ့ comment မျိုး နှစ်ခါ ထပ်တင်လျှင် မိမိပို့စ်ကို ဂရုစိုက်သည် ဟူသော အကြောင်းပြချက်ဖြင့် …ဖျက်ပစ်ပါမည် ။

  • aorgaeni

    September 13, 2011 at 3:52 pm

    and also i did one mistake !
    we can make 100 % satisfied to everyone in one time.))) ဖြစ်မယ် ဆိုလို့ ဝမ်းသာပါတယ် … လုပ်ငန်းပိုမိုအောင်မြင်ပါစေလို့လည်း ဆုတောင်းပါတယ် …. ဝင်ရောက်ဆွေးနွေးမှူကိုလည်း ကျေးဇူးတင်ပါတယ်
    here i want to say is we can’t make 100 % satisfied to everyone in one time.
    I really can’t not guarantee for that.

    eitone!
    I understand your meaning.
    But have to say again that we are not perfect.
    I believe in you that you really care our brand and when you see some mistake that time, you can’t stand it.
    Have to say again that thank you so much for your concern, cause you want us to be perfect, isn’t it?

    လူကြီးမင်းတို့ ဆီမှာ record ရှိမယ်ဆိုလျှင် 2011 ဖေဖော်ဝါရီလလယ်လောက်က စာရင်းကိုပြန်ကြည့်ကြည့်ပါ … ဖေ့စ်ဘွခ်က ကျွန်မနံမည်နဲ့ ဖိနပ်လဲလှယ်ထားတဲ့ စာရင်းရှိကောင်းရှိမှာပါ … ။ Valid စာရင်းပါ ပြုစုထားလျှင် ကျွန်မ လဲလှယ်ခွင့်ရသော ကာလအပိုင်းခြားကိုပါ …အလွယ်တကူတွေ့မြင်နိုင်ပါလိမ့်မယ် … ။

    this may be the way,
    We have reserve gift card in shoe gallery , what you got is from shop then expire soon.
    cause you may said that u need urgently and you can’t leave the shoe without flowers.
    So they give you a pair card to change your shoe there.
    They may thought that you want to change with shoe right now.
    So they didn’t check properly and didn’t remind you for that.

    စကားစပ်မိလို့ … ကဒ်မရောက်လာတဲ့ အကြောင်းပြောမိတာပါ … မရောက်လာလည်း never mind ပါ … လိုအပ်လျှင် လိုအပ်သလို အချိန်အခါပေါ်မူတည်ပြီး …. ကာလတန်ဖိုးအတိုင်း ဝယ်စီးဖြစ်ပါတယ်လေ … ။ အမြဲလိုလိုကတော့.. မူရင်းဈေးနဲ့ ဝယ်ဖြစ်တယ် … ။ တစ်ခါတစ်လေ discount ချတဲ့ ကာလနဲ့ တိုးတယ် .. တစ်ခါတစ်လေ .. မူရင်းဈေးနဲ့ ဝယ်ပြီ းတစီးလေးတွေ လက်ဆောင်ပေးတာနဲ့ တိုးတယ် .. စသည်ဖြင့်ပေါ့ …

    စိတ်ထဲ နည်းနည်းဖုသွားတဲ့ ကျွန်မတို့တွေ … အဲ့ဒီနေ့က တစ်ယောက်မှ မဝယ်ဖြစ်ခဲ့ကြဘူး … ။
    (အခုတော့လည်း … မူရင်းတန်ဖိုးပေးပြီး … ဝယ်စီးဖြစ်တာပဲ )
    thank you so much that you still in love with shoe gallery.

    if you have some problem next time, you can directly send us email or can write in our shoe gallery fan page.
    We may not check all the webs. But you can CC or share link to us.
    This is 5 months ago and it’s hard to trace for us.
    thank you anyway.

    zawmaung,
    If you can’t see my post, I’ll directly send to you.
    thank you.

  • မှော်ဆရာ

    September 13, 2011 at 4:09 pm

    အလိမ်အကြာမဟုတ်တဲ့ တကယ့် ပရိုမိုးရှင်းကိုရော စိတ်မဝင်စားဘူးလား
    ဥပမာ – အင်တာနက် 10 နာရီသုံးစွဲခွင့် ကဒ်ဝယ်ရင် 2 နာရီအလကားပေးတာမျိုး
    – ဓါတ်ပုံဆိုင်မှာ 10 ရိုက်ရင် ရိုက်တဲ့ပုံထဲက ပုံကြီးတစ်ပုံ လက်ဆောင်ပေးတာမျိုး
    တကယ်ကို ရောင်းအား တက်လာတာမျိုး ကြုံဖူးပါတယ်။
    ပရိုမိုးရှင်းဆိုတိုင် မယုံရတာမျိုးတော့ မဟုတ်လောက်ပါဘူး
    အဓိကက စေတနာ အရင်းခံ ပေါ့ဗျာ
    ကိုယ့်ဆိုင်မှာပဲ တစိုက်မတ်မတ် အားပေးလာတဲ့ လူမျိုးကို ကြုံကြိုက်တဲ့အခါ မျိုးမှာ တတ်နှိုင်သလောက် ပြန်ပေးဆပ်တာမျိုးက နှစ်ဦးနှစ်ဖက် တကယ်ကို အကျိုးရှိပါတယ်..
    ဒါကြောင့် စားသုံးသူတွေကလဲ အမှန်အကိုင်ဆိုင်ကို ရွေးချယ်အားပေးပါ
    ရောင်းချသူဘက်ကလဲ တကယ်ကို စားသုံးသူတွေ အပေါ်မှာ စေတနာထားပါ
    ဒါဆိုရင် တကယ်ကို အစစ်အမှန် နှစ်ဦးနှစ်ဖက် ကောင်းမွန်တဲ့ ပရိုမိုးရှင်း ဖြစ်လာမှာပါ…။

    • aorgaeni

      September 13, 2011 at 4:38 pm

      this is right!
      But sometime can’t make 100 % satisfied to everyone in same time.
      We did and care for customer.
      That’s why can see that even she complain she still buy from shoe gallery.
      I’m not blaming her but thanks to her for this post.
      She care and complain then she still buy.
      We don’t want the people angry and just leave.
      We want their complain and we comprise for their needs.

      • ကြောင်ကြီး

        September 14, 2011 at 10:17 am

        ီဒီးယား aorgaeni
        အိုင် စင်စီးယားလီး ဟက်ဖ် ဝမ်းသင်းဂ် တူ ဆက်ဂျက် ဝစ်သ် ယူဝါ ပါစက်ပ်ရှင်း အော့ဖ် ကပ်စတန်မာ စက်တစ်ဖက်ရှင်း “can’t make 100 % satisfied to everyone”။ အစ်တ်ဟက်ဒ် ဘက်တား ရီဖရေ့စ် သတ်ထ် “ဝီအာ ထရိုင်းရင်း တူဂက်တ် ဟန်ဒရပ်ပါစင်န့် ကက်စတမ်မာ စက်တစ်ဖက်ရှင်း အော် စတိုက်ဗွင်း တူဝက်ဒ် ဟန်ဒရပ်ပါစင်န့် ကက်စတမ်မာ စက်တစ်ဖက်ရှင်း။ ယူမေစီး ဟောင်းသေ ဒစ်ဖရန့်လီး ဆောင်းဒ် ဘပ်တ် ဆန့်စ် အင် သ စိမ်းန်မီးနင်း ဖရွမ် သ မားကက်တင်း ပွိုင့်အော့ဖ်ဗျူး။ အစ်ဖ်ယူအဂရီး၊ ဟက်ဖ် ရယ်ဒီ အပဲရ်အော့ဖ် လေဒီရှုး ဖော် မိုင်ဂဲဖရန်းဒ် စွန်းတူဘွန်း။ 😳

        • Moe Z

          September 14, 2011 at 11:17 am

          နံပါတ်ဘယ်လောက်စီးတာလဲ ထည့်ပြောလေ ဦးကြောင်ရဲ့…
          မတော်ဘဲနေဦးမယ် 😀

    • etone

      September 13, 2011 at 4:47 pm

      ပရိုမိုးရှင်းတိုင်းတော့ စိတ်ဝင်စားတာ မဟုတ်ပါဘူး မှော်ဆရာရေ… ။ ကျွန်မစီးနေကြဖိနပ်တံဆိတ်မို့ သတိထားစောင့်ကြည့်နေတာပါ … ။ တချို့ ပရိုမိုးရှင်းတွေ တကယ့်ကို အရှုံးခံပြီး ရောင်းတာ ရှိပါတယ် .. အစပိုင်းမှာ မိတ်ခေါ်တဲ့ သဘောနဲ့ပေ့ါလေ … ။ 🙂

  • etone

    September 13, 2011 at 4:10 pm

    ပို့စ်ရဲ့ အောက်ခြေမှာ comment ပေးတာနဲ့တင် … ဆိုက်ထဲက မန်ဘာဝင်တွေရော .. မန်ဘာမလုပ်ပဲ ဝင်ဖတ်သူတွေပါ မြင်နိုင်ပါတယ်ဆိုတာ ပြောရင်းနဲ့ … ဆွေးနွေးမှုကို ဒီမှာပဲ ရပ်လိုက်ပါတော့မယ် 🙄

  • zawmaung

    September 14, 2011 at 10:47 am

    aorgaeni , thanks . I saw your post and etone reply too .
    Achieving 100% satisfaction for human is not possible . However ,white lie is not good either.
    You are right that you should thanks to etone to bring up such complain which instead of keep in heart , walk away and never return.

  • kai

    September 14, 2011 at 3:34 pm

    ဘာပဲပြောပြော… တုံးမမရဲ့ စာကို.. ဆိုင်ရာသူက..ပြန်ရှင်းရေးလာတယ်ဆိုကတည်းက.. ကောင်းတဲ့လက္ခဏာဆောင်တယ် မြင်မိတယ်..။
    အဲဒီအတွက် ဆိုင်ရာသူတွေကို.. ကျေးဇူးတင်ပါတယ်..

    ဆိုတော့..
    ပရိုမိုးရှင်းခေါ်ခေါ်.. ဆေးလ်စ်ပြောပြော.. ယူအက်စ်က ဒီပါမန်တယ်စတိုးဆိုင်ကြီးတွေလည်း.. ဘာမှန်းကို မသိအောင် ရောချရေးတတ်ကြတယ်..။
    တခုဝယ်..တခုရ..။
    တခုဝယ်..နောက်တခု..ဈေးတဝက်..။
    တခုဝယ်.. နောက်တခု.. အပိုပေး..အခွန်မဆောင်ရ..။
    ၂ခုဝယ်..တခုငွေပေးရန်မလို..၂ခုလုံးအခွန်ဆောင်ရန်…

    ဟော..
    ဒီနေ့တင်.. ဆိုတဲ့..ကားဆားဗစ်လုပ်တဲ့ AAA နေရာက..စာတစောင်လာတယ်..။
    သင့်အား အထူးမင်ဘာအဆင့်မြင့်လိုက်ပြိ.. မန်ဘာကြေး ငွေအပိုပေးရန်မလိုတဲ့..။
    နောက်မှာစာပိစိကွေးတွေ.. ပြွတ်သိပ်နေအောင်ရေးထားတာ.. မျက်စိညောင်းတာနဲ့..သေသေချာချာ.. မဖတ်ချင်ပါဘူး..။
    စိတ်ကူးပေါက်လို့..ဖတ်ကြည့်ပါတယ်..။
    အခုရှိပြီးမန်ဘာက.. နောက် ၃လဆိုကုန်မှာ..အဲဒါအထိပဲ.. အပိုကြေးပေးရန်မလိုဆိုပဲ..
    နောက်နှစ်ကစပြီး. အထူးမန်ဘာကြေးကို..အထူးကြေးနဲ့ ချမှာတဲ့..။
    ဖုန်းဆက်ပြိး..နိုးနိုးနိုးနိုး..အကြိမ်၁၀ဝလောက်လုပ်လိုက်ရတယ်..

    ပြောပြတာပါ..။ 🙂
    မားကက်တင်းသမားကတော့.. ဈေးဝယ်သူအိပ်ထဲကပိုက်ဆံထွက်အောင်.. နည်းပေါင်းစုံသုံးမှာပဲ..
    ကိုယ်က.. ဘာလည်းမသေချာရင်.. သေချာအောင်.. မေးယုံရှိတော့တယ်.. ထင်မိတာပဲ..။

    • etone

      September 14, 2011 at 4:00 pm

      လာရှင်းမှာပေါ့ သဂျီးရဲ့ .. တုံမမတို့ လက်ကမြင်းပြီး မမြင်မြင်အောင် သူတို့ ဖေ့စ်ဘွခ်မှာ လင့်သွားချန်ခဲ့တာကိုး … ဟီးဟီး … 😛

  • zawmaung

    September 14, 2011 at 4:36 pm

    “လာရှင်းမှာပေါ့ သဂျီးရဲ့ .. တုံမမတို့ လက်ကမြင်းပြီး မမြင်မြင်အောင် သူတို့ ဖေ့စ်ဘွခ်မှာ လင့်သွားချန်ခဲ့တာကိုး … ဟီးဟီး …”

    eton က MG ကိုကော ၊ shoe gallery ကို ပါ ကြော်ငြာပေးပြီးသား ဖြစ်သွားတာပေါ့။

  • kai

    September 14, 2011 at 11:17 pm

    Complaint / Claim Category အသစ်ဖွင့်လိုက်ပါကြောင်း…. 🙂

    • etone

      September 15, 2011 at 10:34 am

      Good Idea !!!! ပါ သဂျီးးးးးးးးးးး :mrgreen:

Leave a Reply