ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး(၇)

etoneMay 17, 20111min903

ရွာရောက်ပြီး လေးလခန့် အကြာ အစာလုံးဝစားလို့ မရတော့ပေ… စားသမျှ
ပြန်အန်ထွက်လာသည်… ။ ဗိုက်ထဲတွင်လည်း နေလိုမကောင်းပဲ နာသည်ဟု မကြာခဏ
ညည်းတွားရာ… ရန်ကုန်ပြန်တက်ပြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည် … ။
ထိုအချိန်တွင် ရောဂါ ကျွမ်းနေခဲ့ပြီဖြစ်ကြောင်း ဒေါ်ကျင်ရော …ဦးတင်ပါ …
တွေးမထားခဲ့မိပေ… ။ ဆေးရုံရောက်မှ အခြေနေဆိုးရွားနေပြီဖြစ်ကြောင်း
သိခဲ့ရသည်… ။ ဆေးရုံတွင် ခွဲစိပ်ကုသမှုခံယူခြင်းတမျိုး

တည်းသာ
ပြုလုပ်နိုင်သော အဆင့်ဟု သတ်မှတ်ပြီး… လူနာဧ။် သဘောတူညီချက်တောင်းသည် …။
လူနာမှာ အသက်ခြောက်ဆယ်ကျော်ဖြစ်ခြင်းအပြင် အားအင် ချိနဲ့ နေခြင်းကြောင့်
ခင်ပွန်းဖြစ်သူဦးတင်သည် …ခွဲစိပ်ကုသမှူကို မခံယူခဲ့ပေ… ။ ဆေးရုံမှ
ပြန်ဆင်းပြီး ရွာတွင်ပင် ခေါင်းချစေမည် ဟု စိတ်ကူးရှိလေသည်… ။ 

ဆရာဝန်ကြီးကို ခွင့်တောင်းကာ ဆေးရုံမှ ဆင်းမည်ဟူသော အကြံဖြင့် ဆရာဝန်ကြီး
ရုံးခန်းဝကို သွားစဉ် … လမ်းတွင် ရင်းနှီးသော မျက်နှာတစ်ခု
တွေ့လိုက်ရသည်… ။
မြင်ဖူးသလိုလိုတော့ရှိသည်… မည်သူမည်ဝါဟု မခွဲခြားနိုင်ပေ…
သို့သော်…ထိုပုဂိ္ဂုလ်က ပြုံးပြကာ နှုတ်ဆက်သည် … ဦးတင် အတော်ကြာလေး
စဉ်းစားတော့မှ မှတ်မိသည်ကာ သင်းသင်းတို့ စက်ရုံမှာထိုင်သော
ဆရာဝန်ဖြစ်ကြောင်းပြန်မှတ်မိတော့သည်… ။ ထိုအချိန် ကျမှ အားကိုးတကြီးဖြင့်
….   လက်အတင်းဆွဲကာ … ယောကျာ်းအရင့်မာကြီးတန်မဲ့ ….
ပူဆွေးမျက်ရည်ကျရရှာသည် … ။ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး ….
ဆေးလေးသိန်းဖိုးကပ် ထားသည် အထိ ဝမ်းနည်း ကြေကွဲစွာ ပြောပြရှာသည် … ။
တတ်နိုင်သမျှ အားပေးကာ လူနာအား အသက်ရှင်စဉ် ကာလတိုအတွင်း
စိတ်ချမ်းသာအောင် ထားရန် ၊ ဘာသာတရားလိုက်စားစေရန် တွန်းအားပေးရေး
များကိုသာ လက်လှမ်းမီသလောက်ပြောပြနိုင်တော့သည် … ။
“ကျွန်တော် အတတ်နိုင်ဆုံးကူညီပါ့မယ်”ဟု နှစ်သိမ့်ကာ …. ဆရာဝန်ကြီးကို
ဆေးရုံက ဆင်းချင်ကြောင်း လိုက်ပြောပေးသဖြင့် ဆင်းခွင့်ရခဲ့သည်… ။
အများတကာ ဆေးရုံမှ ဆင်းခွင့်ရသောအခါ ပျော်ရွင် တက်ကြွနေကြသော်လည်း …
ဦးတင်တို့ အဖြစ်မှာ ဆုတ်လည်းစူး ၊ စားလည်း ရူးရမယ့် အဖြစ်မို့ …
ပြုံးရိပ်တောင် မသန်းနိုင်ပါ …. ။ ကြေကွဲစို့နင့်စွာ ကျောခိုင်းသွားသော
ဦးတင်ကိုကြည့်ကာ ကျွန်တော့်ရင်ထဲ နာကျင်လာသလိုပင် ခံစားမိသည်… ။ တကယ်ဆို
နာကြ ၊ သေကြတာက မြင်နေကြ အဖြစ်တွေ ဆိုပေမဲ့…. ။ ဒီတစ်ခါ လူနာကတော့
ကိုယ်တိုင် ညွှန်ကြားပြီး ကုသမှူခံယူခိုင်းပါလျှက်နဲ့ အယူတိမ်းခဲ့လို့
ဖြစ်ရတာမို့ … ပိုစိတ်မကောင်းဖြစ်ရပါတယ်….. ။ ဆေးကပ်ပေးတုန်းက ပါလာသော
အမြစ်ဟု ယူဆသော အရာမှာ ကျွန်တော့ ်စိတ်ထင် အရေပြားတစ်ခုသာဖြစ်မည် …. ။
မည်သည့်ဆေးများပါဝင်ဖော်စပ်ထားမှန်းမသိသော ရေညှိပြားသည် ….. ဆယ့်ငါးရက်
အကြာ လေမဝင် ၊ ရေမထိပဲ ထားချိန် ….အရေပြားများ အပူလောင်ပြီး ရေကြည်ဖု
ဖြစ်ကောင်း ဖြစ် နိုင်သည် … ထိုမှ ရေကြည်ဖုသည် အပူရှိန်ကြောင့်
လည်းကောင်း ၊ ပွတ်တိုက်ခြင်းကြောင့် လည်းကောင်း ပဲ့ကြွေကာ ရေညှိဖတ်၌
ကပ်ခြင်းကို အမြစ်ဖုပါလာသည်ဟု ယူဆခြင်းဖြစ်မည်ဟုသာ ထင်မိပါသည်… ။
xxxxxxxxxx
” သင်းသင်းရေ…ဒီနေ့ ဆေးရုံကဆင်းလျှင် ရွာတန်းပြန်ချင်လို့ ကားလက်မှတ်လေ း
ဝယ်ပေးထားပါဦး… ”
” ဟုတ် အကုန်လုံးစီစဉ်ပေးထားပါ့မယ်… ”
xxxxxxxx
ကားဂိတ်သို့ သင်းသင်း အလုပ်မှ ခွင့်ယူကာ လိုက်ပို့ခဲ့သည် … ။
ပြတင်းပေါက်ကို မှီကာ အဝေးကို ငေးဟန်ဖြင့် စကားပြောနေသော ကြီးတော်ကြီးကို
ကြည့်ကာ သင်းသင်း စိတ်မကောင်းဖြစ်ရသည်…။” ….သင်းသင်းတို့လည်း
ကြီးတော်ကြီးတို့ကြောင့် အလုပ်ပျက်အကိုင်ပျက်နဲ့ အချိန်ကုန်
လူပင်ပန်းဖြစ်ကြရတယ်… စိတ်မကောင်းပါဘူး …အားလည်းနာတယ် ။ ”
“ရပါတယ်… ကြီးတော်ကြီးရယ်… တရွာတည်းနေတဲ့သူအချင်းချင်း ရိုင်းပင်းကူညီရမှာပေါ့.. ”
” အခုတော့ ဘာမှ မစဉ်းစားပဲနေလိုက်ပါ… ရွာရောက်လျှင်
နေကောင်းသွားမှာပါနော်… သင်းသင်းတို့သားမိလည်း ရွာကိုလာလည်ဦးမှာပါ…
ကြီးတော်ကြီးတို့ အ ိမ်ဝိုင်းမှာပဲ တည်းမှာနော်… “လို့ …. မျက်နှာသေနှင့်
သင်းသင်းက ပြောရှာသည်… ။
ပြတင်းပေါက်တံခါးကိုမှီကာ လေရှူနေဟန်ဖြင့် ဒေါ်ကျင်က …” သင်းသင်းရေ …
နောက်တခါ ရွာပြန်လာလျှင် ကြီးတော်ကြီး တောင်ရှိပါ့ဦးမလားမသိဘူး ကွယ်  ….
ဦးတင်ကိုတော့မှာခဲ့ပါမယ်… မမြအေးနဲ့ သင်းသင်းရွာလာလျှင် သေချာလေး
ဧည့်ခံပေးဖို့ပါ…  ” …..
ဒေါ်ကျင့်စကားအဆုံးမှာတော့ သင်းသင်းတယောက် ဝမ်းနည်းစိတ်ကို
ဟန်ဆောင်နိုင်စွမ်းမရှိတော့ပေ… ။ ထိန်းမရသည့်အထိ ဝမ်းနည်းလာကာ
မျက်ရည်ကျမိတော့သည် … ။
“လူစုံပြီလား … ကားထွက်ပါတော့မယ်… ကိုယ့်နားကလူ ဘယ်သူကျန်သေးလဲ
ကြည့်ပေးပါလို့ “အသံပြဲကြီးနဲ့ အော်နေတဲ့ ကား အကူကောင်လေးရဲ့
စကားသံကိုကြားလိုက်ရသည်..
ဒေါ်ကျင်ကတော့ ပတ်ဝန်းကျင်ကို မျက်စိတဆုံးကြည့်နေသည်….
နောက်ဆုံးမြင်တွေ့ခွင့်ရသည့် … ရန်ကုန်မှ အပြန် မြင်ကွင်းဟူသော အသိဖြင့်
ကြည့်ခြင်းဖြစ်ကြောင်း သင်းသင်း သဘောပေါက်လိုက်သည်… ။သင်းသင်းကိုလည်း
ကျေးဇူးတင်သော ၊အားနာသော …အကြည့်ဖြင့် ကြည့်သည်… သို့သော်….
ကျေးဇူးတင်ခြင်း… အားနာခြင်းအဓိပ္ပါယ်တွေထက်… နှုတ်ဆက်ခြင်းဆိုတဲ့
အကြည့်မျိုးက ဒေါ်တင် ဟန်ဆောင်ကာ ဖုံးဖိနေသည့်ကြားမှ အကင်းပါးသော
သင်းသင်းက မြင်တွေ့ခဲ့ရသည်… ။ ဖုန်တထောင်းထောင်းထပြီး နေပူရှိန်
ပိန်းပိန်းထနေသည့် အဝေးပြေးကားဝင်းကြီးနှင့် အပြိုင် သင်းသင်းရင်တွေ
ပူနေသည်….။
ကားဘီးမှာ တစစလှိမ့်ကာ ထွက်ခွာနေပေပြီ…
ကားဝင်းအတွင်းမှ ဂိတ်ဝသို့ ထွက်ရန် …ဝင်းတပတ်မောင်းပြီးနောက် အရှိန်ဖြင့်
ထွက်ခွာသွားပေပြီ … ။ ဖုန်တလုံးလုံးကြားတွင် အရှိန်ဖြင့်
ထွက်ခွာသွားသောကို ကားကို မျက်စိတဆုံးကြည့်ကာ လက်ပြနှုတ်ဆက်ရင်း
သင်းသင်းတယောက်တည်းသာ ကျန်ခဲ့ပါတော့သည်… ။ ။


☺ ♥ ♫ ♣ ☻ ♠ ♪☺ ♥ ♫ ♣ ☻ ♠ ♪

3 comments

  • hokg

    May 17, 2011 at 9:48 am

    အစအဆုံး ၂ခါပြန်ဖတ်သွားပါတယ် ။

  • nozomi

    May 18, 2011 at 5:55 am

    စာထဲက သင်းသင်းဆိုတဲ့ ကောင်မလေးကို သိသလို လိုဘဲ :p

    • etone

      May 18, 2011 at 7:19 am

      white လျှောက်မရွှီးနဲ့ …. သင်းသင်းက etone လုံးဝမဟုတ်ဘူး ။ 😀
      တကယ့်ကို တခြားကောင်မလေးတယောက်ပါ … ။ အဖြစ်ပျက်ကလည်း တကယ့်ကိုမျက်မြင်ပဲဖြစ်ခဲ့တာ …. ကိုယ်တိုင် ပတ်သတ်တာလေးတွေတော့မရေးထားတော့ဘူး … အဓိကမကျလို့ပါ… ။

Leave a Reply