Water World ရုပ်ရှင်ရိုက်ကွင်း ကိုလေ့လာခဲ့စဉ်

fattyApril 27, 20111min20916

Water World ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခန်း
ကိုသရုပ်ပြ ရိုက်ကူးပြသနေပုံဖြစ်ပါတယ် ..။

16 comments

  • ဆူး

    April 27, 2011 at 2:12 pm

    အဲဒီမှာ ဖောက်ခွဲတာ အုန်းဒိုင်း ဘုန်းကွမ်းနဲ့.. နားတွေ အူလို့.. မီး အရှိန်ဟပ်လို့ ပူသလိုတောင် ဖြစ်သေးတယ်။
    ဆူး ပြောတဲ့ နေရာက စလုံးကတော့ မဟုတ်ဘူး.. ဘန်ကောက် မှာ တုန်းက ရောက်တဲ့ နေရာနဲ့ နာမည်တူသလို ပုံစံတူလို့ ဝင်ဖောပေးတာ။
    စာဖတ်သူတွေ ဖီလင်သိအောင်..

  • fatty

    April 27, 2011 at 3:52 pm

    ဟုတ်ပါတယ် ဆူးပြောသလိုပါဘဲ … ယမ်းဖေါက်ခွဲတာတွေ … ဖိုက်တင်တွေ … ဘုတ်အမြန်စီးတာတွေလုပ်ပြပါတယ်။
    movie လဲရိုက်ခဲ့ပါတယ် ..။ တင်လို့မရတော့ မတင်ရဘူးပေါ့ …။

  • etone

    April 28, 2011 at 3:24 am

    ဒို့ကတော့ မြန်မာပြည်က ၊ တောထဲမှာ ယမ်းဖောက်ခွဲတဲ့ ရှုတင်မြင်ခဲ့ဘူးတယ် ဟဲဟဲ 😛 သေနတ်နဲ့ ပစ်လို့ ဗိုက်မှန်တာတို့ ဘာတို့ဆို ဝါယာကြိုးသွင်းပြင်း ဖောက်တာ… ရင်ဘတ်မှန်ယုံမကဘူး အကျီင်္တောင် ပြဲထွက်တယ်… ။ အောက်က အသားထိမှာ ဆိုးလို့ အထပ်ထပ် ပတ်ထားရတယ်… ။ ယမ်းအချိန်ဆမှားပြီး မတော်လို့ တကယ်ဖောက်ပြီးသားဖြစ်လျှင် သေရကိန်းဆိုက်တယ်… ။

  • sayargyi

    April 28, 2011 at 3:31 am

    Universal studios ထဲမှာ အဲဒီ water world ကို အကြိုက်ဆုံးဘဲ…

  • manawphyulay

    April 28, 2011 at 3:33 am

    ဘယ်လိုဇာတ်လမ်းလေးတွေ ရို်က်နေတာလည်းဆိုတာပါ ရှင်းပြပေးဦးလေ။ ပုံပဲကြည့်မိတော့ မရောက်ဖူးတော့ ဗဟုသုတပိုရတာပေါ့နော်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 28, 2011 at 4:40 am

    လူဆိုးတွေလာလို့
    မင်းသမီးနဲ့မင်းသားက
    ရေထဲမှာဆင်းပုန်းနေကြတာ
    ကြာလာတော့မင်းသမီးကအသက်အောင့်လို့မနိုင်ဖြစ်လာတဲ့အခါ
    မင်းသားကရေထဲမှာဘဲမင်းသမီးကို
    အသက်ရှူအားကူနည်းတွေလုပ်ပေးတာ
    တော်တော်ကြည့်ကောင်းတယ်
    ပြောတာသဘောပေါက်သလား
    မပေါက်ရင်
    မေးလ်းကနေတစ်ခေါက်သေသေချာချာရှင်းပြမယ်
    ဒီမှာဆိုတော့ ဦးဖက် စိတ်အနှောင့်အယှက်ဖြစ်မှာဆိုးလို့
    သူကဒါမျိုးတွေစိတ်ဝင်စားတာမဟုတ်ဘူး
    တရားသမားဟာဂိုး

  • ဆူး

    April 28, 2011 at 4:56 am

    ဘာဇတ်လမ်းမှန်းတောင် မသိတော့ပါဘူး.. ဒေါကြီး မောကြီးနဲ့ တိုက်ကြ ခိုက်ကြ.. ဟိုပစ် ဒီပစ်.. ရေတွေ ထဲမှာ အုံးဒိုင်း ဂုံးဂွမ်း.. အမြင်တခု အနေနဲ့ ထူးခြားမှု ဆိုတာကိုဘဲ ပြောလို့ရမှာဘဲ.. မေ့တော့ မေ့နေပြီ။

  • babymay

    April 28, 2011 at 7:01 am

    အဲဒီဇာတ်ကားကို သိပ်ကြိုက်တယ်။ မကြာခဏပြန်ကြည့်မိတယ်။ စိတ်ကူးအတွေးအခေါ်လေးလည်းကောင်းတယ်။ မင်းသားမင်းသမီး သရုပ်ဆောင်တာလည်း သဘာဝကျတယ်။ ဇာတ်ကားကောင်းတစ်ခုပါ။။။

  • hmee

    April 28, 2011 at 7:15 am

    သူတို့ကရေထဲမှာနေတာ မြင်မြင်သမျှ ရေတွေပဲ ကုန်းမြေကို မမြင်ဘူးဖူး။ မြေလေးနဲနဲရဖို. အတော်ကြိုးစားရတာလေ။ နောက် ကလေးလေးက ကုန်းမြေအကြောင်းပြောတော့ မယုံပဲ လိုက်ရှာတာလေ။ နောက်ဆုံး ကုန်းမြေဆီ ရောက်သွားတယ်။ ဟုတ်လား မသိ ကြည့်ဖူးတာပြောတာနော်။ မှားရင် ခွင့်လွှတ်ကြပါ။

  • kai

    April 28, 2011 at 7:32 am

    ဟောလိဝုဒ်က ယူနီဗာဆယ် စတူဒီယိုက ဟာနဲ့ ပုံ အနေအထား…တူတူပဲ..။
    တကမ္ဘာလုံးတူတူလုပ်ကြတယ်ထင်တယ်…။
    အထဲက မင်းသားမင်းသမီးကရော.. စင်္ကာပူမှာ… ဘိုတွေပဲသုံးတာလား…။

    ဟောလုဝုဒ်ကဟာက..အခု ကင်းကောင်3D ကနာမယ်ကြီးနေတယ်..။ အဲဒီမှာရော ရှိသလားမသိ…။

  • ဆူး

    April 28, 2011 at 10:31 am

    ဂျပန်မှာတော့ ကင်းကောင် မရှိဘူး ထင်တယ် မတွေ့ခဲ့ဘူး။

  • fatty

    April 28, 2011 at 11:19 am

    သရုပ်ဆောင်တွေက ဘိုတွေဘိုမတွေပါ ..။ ဒီစတူဒီယိုမှာ 4 D ပြပါတယ် ။ အတော်ကြည့်လို့ကောင်းသား။

  • ဆူး

    April 28, 2011 at 11:31 am

    ဂျပန်က ယူနီဗာဆယ် စတူဒီယို မှာ 4D က ဒိုင်နိဆော အရမ်းမိုက်တယ်.. အသည်းတော်တော် ယားဖို့ ကောင်းတယ်။ အကောင်လိုက်ကိုက်လို့.. ပတ်ပြေးရင် ၃ထပ် တိုက် အမြင့်လောက်က ကျသွားတာ.. အသည်းကိုအေး သွားတာဘဲ

  • intro

    April 29, 2011 at 10:02 am

    အဲ့သည့်ကားထဲမှာ စွန့်ပစ်ရေ ထဲကနေ သောက်ရေ ရအောင် လုပ်ပေးတဲ့ ကိရိယာလေးကို တော့ သဘောကျမိသား… Manuel ရှိရင် လိုတောင် လိုချင်မိသေးတယ်… ဒါမှ ပြည်တွင်းဖြစ် ရေသန့်စင်စက်ဆိုပြီး စီးပွားလုမလို့… 😛

  • MaMa

    April 29, 2011 at 1:35 pm

    စွန့်ပစ်ရေကနေ သောက်ရေပြန်လုပ်ထားရင် သောက်ရဲပါ့မလား။ ကိုယ်တိုင် သောက်ပြပြီးမှ ရောင်းလို့ရမယ်ထင်တယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 29, 2011 at 3:27 pm

    အတည်ဖြစ်သွာပြီတဲ့ဗျို့
    ဘယ်သတင်းမှာ
    ဘယ်တုန်းကလည်းမသိဘူး
    ဘယ်အဖွဲ့ကဆိုလား
    အာကာသထဲမှာ
    ရှူရှူးတွေကို ပြန်သန့်စင်ပြီးသောက်ကြတာ

Leave a Reply