ကျနော်သတင်းထောက်တစ်ယောက်ပါ။ ဒီနှစ်သင်္ကြန်တွင်းမြန်မာပြည်ကို ရောက်တုန်း ငပလီကို အပန်းဖြေသွားခဲ့ပါတယ်။ MG ရဲ့ ရွာသားများ (gipsy , i love this, oo , thanmyint) တို့ဖိတ်ခေါ်ထားတဲ့ အင်တာနက်ပေါ်က “ကပ်ဖား (ခ) ထွန်းသန့်ကျော် (ခ) ကျော်ကျော် “ ဆိုတဲ့ အကြောင်းကို လည်း သံတွဲမြို့က တစ်ယောက်ကိုမေးကြည့်ဖြစ်ပါတယ်။ သံတွဲမြို့က ကျဉ်းပါတယ်ဆိုတာလေးကို သွားသတိရမိပါတယ်။ ၀င်ရောက်ပြီးသာ comment မပေးဖြစ်ခဲ့ဘူးလေ။ အမြဲတမ်းတော့ အင်တာနက် သတင်းတွေဖတ်ဖြစ်ခဲ့ပါတယ်။ အခုတော့ ကိုယ်တိုင်လည်း ရောက်နေခဲ့ပြီမို့ သတင်းထောက်တစ်ဦးပီပီ စတင်လှုပ်ရှားခဲ့ပါတော့တယ်။ ကဲ..ရွာသားတို့ရေ ကိုယ်သိခဲ့တာ လေးတွေ မျှဝေခံစားကြည့်ရအောင်လား။

သံတွဲမြို့ပေါ်၊ ကမ်းခြေမကျန် ကိုယ်စုံစမ်း ခဲ့တဲ့ သတင်းလေးတွေက စုံနေတာပဲဗျာ။

ကပ်ဖား(ခ) ထွန်းသန့်ကျော်(ခ)ကျော်ကျော် ဟာ အင်တာနက်မှာ မဟုတ်မမှန်လုပ်ကြံ တင်ထားခြင်းခံရကြောင်း။

ဌင်းသတင်းများ ကို ဖြန့်ဝေနေသူများက သူနဲ့ စီးပွားပြိုင်ဘက်ဖြစ်သော ဒွါရာဝတီ ကားဂိတ်ပိုင်ရှင် ဦးချိုကြီး(ခ) ဦးဇော်သိန်း နှင့် ပန်းတိမ်လုပ်သူ ဦးခင်မောင်မြင့်(ပြည်ခိုင်ဖြိုးပါတီဝင်) တို့က ပူးပေါင်း လုပ်ဆောင်နေကြကြောင်း၊ ရည်ရွယ်ချက်ကတော့

၁။ အစ္စလာမ်ဘာသာဝင်များ လွတ်လ်စွာခရီးသွားလာခွင့်ရလျှင် ထွန်းသန့်ကျော်(ကပ်ဖားဟုခေါ်ရတာလည်း အားနာတယ်) ၏ ကားဂိတ်ဖြစ်သည့် ရဲအောင်လံ EXPRESS မှာ လူများများရပြီး ကားများများထွက်ရမည်ကို မလိုကျတာပေါ့ဗျာ ။ အဲဒါကို တစ်ချက်ခုတ်နှစ်ချက်ပြတ်သဘော နှင့် ထွန့်သန့်ကျော် နှင့် အစ္စလာမ်ဘာသာ ၀င်များကို ထိပ်တိုက် တွေ့ပေးလိုက်တဲ့ အနေနဲ့ အင်တာနက်ပေါ်တွင်တင် ပြီး သတင်းဖြန့်ဝေတာတဲ့ဗျာ။

(အဓိက ကတော့ စီးပွားရေးတိုက်ခိုက်မှုပေါ့ဗျာ ..လူများများရမှာဆိုးတာပေါ့ ၊ ဦးချိုကြီး အကြံအစည်ပေါ့)

၂။ ပါတီအတွင်း ပြန်လည်ရွေးချယ်သည့်အခါ ယခုကဲ့သို့ရေးသားခံရမယ်ဆို၇င် သူ့ကို လူကြီးများက အထင်လွဲမယ် အဲအတွက် ပါတီဝင် ဦးခင်မောင်မြင့် က လုပ်ကြံပြီးသတင်းတင်တာတဲ့ဗျာ။

၃။ ဦးချိုကြီး(ခ) ဇော်သိန်း ဆိုသူ၏ အဘိုးဖြစ်သူက မြန်မာပြည်ဖွား မဟုတ်ဘဲ ဘင်္ဂလားဒေရှ့်နိုင်ငံ မှ ၀င်ရောက်လာတဲ့ နိုင်ငံခြားသား ဆိုတာကိုလည်း ဖုံးကွယ်ချင်တယ်ဗျာ။

၎။တကယ်လို့ ဦးချိုကြီး၏ အဘိုးဖြစ်သူက နိုင်ငံခြားသာ ဆိုတာ သိသွားရင် တပ်မတော်စစ်ဘက်ဆိုင်ရာ လုံခြုံရေးမှ သိသွားမယ် ။ သူ့သားနှစ်ယောက်မှာ(ငွေပေးပြီးရအောင်လိုက်ထားသော) စစ်ဗိုလ်များ ကို ထိခိုက်မှာကိုလည်း ဆိုးတဲ့ အတွက်ကြောင့် ထွန်းသန့်ကျော်ကို အာရုံစိုက်အောင်လုပ်တာတဲ့ဗျာ။

၅။ဦးခင်မောင်မြင့်မှာ ယခု ပြည်ခိုင်ဖြိုးအဖွဲ့ဝင်ဖြစ်နေပြီ့း (ယခင် ချဲ၊နှစ်လုံး ဒိုင်ကိုင်ခဲ့ခြင်း)ကို ပါတီလူကြီးများ သိမှာ စိုးတဲ့ အတွက်အာရုံပြောင်း မျှားဦးလှည့်ထားတာပေါ့ဗျာ။ (သိရင် ပါတီကနေ အထုတ်ခံရမှာကို)

၆။ မထသ  ရာထူးဥက္ကဌမှာ မိမိ သဘောဖြင့် ရယူပိုင်ခွင့် မရှိဘဲ ကားပိုင်ရှင်များ၏ ထောက်ခံမှုရှိမှသာလျှင်လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် မထသတွင် အခြားသူများ အထင်မြင်လွဲမှားပြီး မထသ ပြိုကွဲပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် သွေးထိုးပေးတာပေါ့ဗျာ။

၇။ ပိုပြီး မသင်္ကာစရာကိစ္စ တစ်ခုကတော့ အင်တာနက်မှာ ပါလာတဲ့ “ကပ်ဖား(ခ) ထွန်းသန့်ကျော်”၏ အကြောင်းအရာများကို မိတ္တူကူးပြီး လူများ အထင်လွဲမှာအောင် ၊အင်တာနက်မသုံးတဲ့ သူတွေအောင် သိအောင်ပေါ့ ဗျာ။ လူစည်ကားတဲ့ ဈေး၊ဆေးရုံ၊ပလီတွေများ လက်ကမ်းစာစောင်တောင်ဝေတယ်ဆိုတဲ့ သတင်းပဲဗျာ။ ကျနော့်စုံစမ်းရသလောက်တော့ ဦးချိုကြီး နှင့် ဦးခင်မောင်မြင့် တို့ခေါင်းဆောင်တဲ့ အဖွဲ့တွေ လိုက်ဝေကြတယ်တဲ့ဗျာ။

စသဖြင့်ပေါ့ ။ အဲ အချက်တွေ ပြောတဲ့သူတွေများတယ်ဗျာ ။ တချို့လည်း မှားပြီး “ကပ်ဖား” ကိုပဲ ထင်ယောင်ထင်မှားတွေ ဖြစ်နေကျတာပေါ့ဗျာ။ ဒါလည်း ကျနော် သိသလောက် စုံစမ်းမိသလောက်ပါ။ဒီတော့ ဒီ “ကပ်ဖား” ဆိုတဲ့ အင်တာနက် သတင်းက မဟုတ်မမှန်လုပ်ကြံပြီး လူမှုရေး၊ စီွးားရေးအရ တိုက်ခိုက်တယ်ဆိုတာ ထင်ရှားစွာ သိခဲ့ရပါပြီ။

နောက် ကျနော်လည်း အစ္စလာမ်ဘာသာဝင် မိတ်ဆွေတစ်ဦးကို မေးမြန်းကြည့်လိုက်သေးတယ်ဗျ ။ “ကျနော်တို့ အစ္စလာမ်ဘာသာဝင်များဟာ ယခု ခရီးသွားလာရေးတွင် အခက်အခဲဖြစ်နေရတယ်ဗျာ။ ခရီးသွားလာခွင့်ကို ပြည်နယ်ထိတင်ရ တော့ ကြန့်ကြာမှုတွေရှိတယ်၊ အဲလို ထွန့်သန့်ကျော်(ခ)ကပ်ဖားကို အကြောင်းပြပြီး အင်တာနက်တင်တဲ့ ဦးချိုကြီး နဲ့ ဦးခင်မောင်မြင့် အပါအ၀င် အပေါင်းအပါတွေ လုပ်တာ နဲ့ပဲ ခရီးသွားလာခွင့် တွေ ခက်ခဲရတယ်။” အစ္စလာမ်ဘာသာဝင်များကို ခရီး သွားလာခွင့်ကြပ်တည်းအောင် ဒုက္ခရောက်အောင် အဓိက လုပ်နေတဲ့ သူက “ကပ်ဖား(ခ) ထွန်းသန့်ကျော်” မဟုတ်ဘဲ ဒွါရာဝတီ ကားဂိတ်ပိုင်ရှင် ချိုကြီးနှင့် ပြည်ခိုင်ဖြိုး  မှ ဦးခင်မောင်မြင့် တို့သာဖြစ်ကြောင်းကို စုံစမ်း သိရှိခဲ့ရပါတယ်။

(နောက်ဆက်တွဲ ဆက်လက်ရေးသားပါဦးမည်)

About kaungmyat88

has written 3 post in this Website..