တစ်ကယ်တော့ တရားသည်မတရားသည်ကို အသာထားကြလေ

ရွေးကောက်ပွဲကြီးတွင် အကြံအဖန်လုပ်ဇာတ်ကြီးကို သိပါလျှက်နှင့် စစ်ဖိနပ်ကိုက်ခြင်သော ပါတီဝင်များ၏ ဝင်ရောက်ယှဉ်ပြိုင်မှုကြောင့်

တရားဝင်ရွေးကောက်ပွဲဟု အထမြောက်သွားသော သမ္မတရွေးပွဲအပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးလိမ့်မည်ဟု

အတိုက်အခံများဘက်က မျှော်လင့်နေကြသော်လည်း ယနေ့( ဧပြီလကုန်ချဲထွက်ပြီးသည့်အထိ ) လွှတ်မပေးသေးပေ။

ဤရက်မတိုင်ခင် မန္တလေးဂေဇက်မှ member ဆူပါ့ဆူပါပလဲဝဲ ( သီးခံပါ )  ဆူပါ့ဆူပါဖိုက်တာ ကို ကြီးသောကြောင် ..

အကျဉ်းသားများ လွတ်မြောက်ရေးလှုပ်ရှားမှု့စုပေါင်းလက်မှတ်ထိုးပွဲကိုအားကျသည့်အနေဖြင့်

မြေအောင် ၁၁ ဖွဲ့ကလည်း တိုက်တွန်းခဲ့ပါသည် ဟု

 မဇ္ဈိမသတင်းဌာန http://burmese.bnionline.net/news/mizzima/6983-2011-04-30-00-42-35.html ကို

အင်တာနေရှင်နယ် ပရော်ဖက်ရှင်နယ်သတင်းထောက် မိုက်ကယ်ဂျော်နီအောင်ပု မှ

ကိုယ်တိုင်သတင်းထောက်ထာသလို ခပ်တည်တည်ဖြင့် တင်ပြထားပါသည်

သတင်းများမှာ ………

အစိုးရအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းသို့ အမှန်တကယ်သွားလိုကြောင်း ဖော်ပြလိုပါက ပထမဆုံးအဆင့် အနေဖြင့်

နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် နိုင်ငံရေး အင်အားစုများနှင့်ပါ တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု ၁၁ ဖွဲ့ ကြေညာချက်တွင် ဖော်ပြထားခြင်း ဖြစ်သည်။

နိုင်ငံရေး တည်ငြိမ်မှု မရှိခြင်းသည် ကျန်တဲ့အရေး အားလုံးပါ ယိမ်းယိုင်နေတယ်။

အဲဒီအတွက်နိုင်ငံရေး တည်ငြိမ်မှု မရှိတဲ့အခါမှာ ကျန်းမာရေး၊ ပညာရေး၊ ဘာသာရေးတွေသည် အားလုံး ချွတ်ခြုံကျတယ်။

အဲဒီအတွက် ဒီအရေးတွေ ကောင်းဖို့အတွက် နိုင်ငံရေးတည်ငြိမ်အောင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဆွေးနွေးပါ၊

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးကြပါလို့ ဦးဇင်းတို့ တိုက်တွန်းတယ်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီးမှ ဆရာတော် ဓမ္မသီရိက မဇ္ဈိမကို အမိန့်ရှိသည်။

အမျိုးသားဒီမိုကရေစီလွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲအနေနဲ့စတင်လက်မှတ်စုစောင်းနေတဲ့အကြောင်း ကိုလည်း DVB သတင်းအရသိရှိရပြီး ကျေးဇူးပါ DVB ရေ။

လူထုဦးစိန်ဝင်းနှင့် အခြားသောသူများလည်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

 ဒါပေမယ့်ဒီလိုကိစ္စတွေမှာပါဝင်လက်မှတ်မထိုးဘို့မကွေးတိုင်းတောင်တွင်းကြီးမြိုကနယ်အာဏာပိုင်တွေက

ကျူရှင်ဖွင့်တဲ့ပြင်ပကျောင်းက ကျူရှင်ဆရာတွေကို NLD က ဒီလို campaing လုပ်လိမ့်မယ်ပေါ့။

လက်မှတ်မထိုးပါနဲ့ နိုင်ငံရေးကင်ရှင်းကြောင်း လက်မှတ်ထိုးခိုင်းတယ်လို့ http://burmese.dvb.no/news.php?id=14097 မှာ ဖော်ပြထားပြီး

အခြားဘယ်ဒေသတွေမှာ ဒီလိုမျိုးခြိမ်းခြောက်မှုတွေရှိနေသလဲဆိုတာကို

အင်တာနေရှင်နယ် ပရော်ဖက်ရှင်နယ်သတင်းထောက် မိုက်ကယ်ဂျော်နီအောင်ပု မှ ဘယ်ဆိုက်မှာ ဘယ်သူတင်ထားသလဲဆိုတာတွေကို

ကုပ်ချောင်းကုပ်ချောင်းဖြင့် လိုက်လံရှာဖွေ သတင်းထောက်နေပြီး ရရှိပါက အချိန်မှီတင်ပြပေးပါမည်။

မည်သို့ဆိုစေ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးကိုတစ်နိုင်ငံလုံး ချဲ့ထွင်းလှုပ်ရှားမည် ဟုလည်း

http://burmese.dvb.no/news.php?id=14096 တွင်ဆိုပါသည်။

ထို.. ကိုကြီးသောကြောင် ၏လှုပ်ရှားမှု တစ်စိတ်တစ်ဒေသ အောင်မြင်မှုဟု ဆိုနိုင်မည်လားမသိပေ အဘယ့်ကြောင့်ဆိုသော်

အကျဉ်းသား အချို့ ပြန်လွှတ်ပေး မည် ဟု စစ်အစိုးရ အတည် ပြု ပြောကြား ဆိုသောသတင်းတစ်ပုဒ်ကို

http://freedomnewsgroup.com/2011/05/02/gov-grant-prisoners-release/   ဤနေရာတွင်ဖော်ပြထားပါသည်။

မြန်မာ စစ်အစိုးရက ကျောက်ထောက် နောက်ခံ ပြုထားသည့် ပုံစံသစ် စစ်အစိုးရ တစ်မျိုးက
အကျဉ်းသား အချို့ ကို ပြန်လည် လွှတ်ပေး မည် ဟု ယနေ့ အတည် ပြု ပြောကြား လိုက်သည်။
ထို အထဲ တွင် နိုင်ငံရေး အကျဉ်းသား များ ပါဝင်ခြင်း ရှိ၊ မရှိ ကို မူ သေချာစွာ ထည့်သွင်း ပြော
ကြား မရှိ ဟု Freedom News Group မှ သတင်း ရရှိသည်။

လက်ရှိ သမ္မတ ဖြစ်သူ ဦးသိန်းစိန် က ကြာသပတေး နေ တွင် ကျင်းပမည့် အရှေ့ တောင် အာရှ
နိုင်ငံ များ အသင်း (အာဆီယံ) ၏ အစည်း အဝေး မတက် ရောက် မှီ ယခုကဲ့ သို့ အစိုးရ တာဝန်
ရှိသူ တစ်ဦး မှ ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။

မြန်မာ နိုင်ငံ တွင် နိုင်ငံ ရေး အကျဉ်းသား ၂၂၀၀ ကျော် ခန့် ရှိ ပြီး အများစု မှာ နှစ်ရှည် ထောင်ဒဏ်
များ ကျခံနေရပြီး ထောင် ထဲ တွင် အကျဉ်းသား အခွင့် ရေး များ ဆုံး ရှုံးနေကြသည်။

ယခင် စစ်အစိုးရ လက်ထက် က အကျဉ်းသား များ ပြနလည် လွှတ်ပေး ရာ တွင် နိုင်ငံ ရေး အကျဉ်း
သားများ ကိုမူ အနည်းစု သာ လွှတ်ပေးသည်။ မြန်မာ စစ်အစိုးရ ခေါင်းဆောင် ဟောင်း ဦးသိန်းစိန်
အာဏာရယူ ပြီး ချိန် တွင် ဗိုလ်ကြီး ဟောင်း နေမျိုးဇင် စသည့် နိုင်ငံရေး ၊လူမှု ရေး လှုပ်ရှား သူ အချို
ကို ထပ်မံ ဖမ်းဆီး ခဲ့ပြီး ဧပြီ အတွင်း အနည်း ဆုံး နိုင်ငံ ရေး လှုပ်ရှားသူ အယောက် ၂၀ ခန့် ကို
ဖမ်းဆီး ခဲ့ကြောင်း FNG မှ သိရှိရသည်။

မြန်မာ နိုင်ငံ ရေး အကျဉ်းသားများ လွှတ်ပေးရန် Just D0 It အဖွဲ့ က ယခု နှစ် ဧပြီ ရက် ဦးသိန်းစိန်
အာဏာရရှိ ပြီး ၁၀ ရက် အကြာတွင် တောင်း ဆို ခဲ့ကာ နောက် ပိုင်း တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
အပါအ၀င် ပြည်တွင်း နိုင်ငံ ရေး လှုပ်ရှား သူများက နိုင်ငံရေး အကျဉ်းသား လွတ်မြောက် ရေး အတွက်
လက်မှတ် ထိုး တောင်း ဆိုမှု လှုပ်ရှားမှု ကို အရှိန် မြှင့် လုပ်ဆောင် လာခဲ့ကြသာည်။ Political Prisoners

ထိုသတင်းကို Lai အမည်ရှိပရိတ်သတ်တစ်ဦးက ယခင်အဖြစ်အပျက်များကို အခြခံ၍ အားနာပါးနာ အောင်ပါအတိုင်း မှတ်ချက်ချထားပါသည်

( သူတို့နဲ့ဇာတ် တူတဲ့ သူခိုး ဒါးပြတွေ ဘဲ အများဆုံးလွတ်မှာပါ။ ဒါမှအဲ ဒီကောင်တွေ စစ်မှု ထမ်း ခိုင်းမှာ။

ဒါမှ မဟုပ်ရင် ဘယ်က စစ်သား ရတော့မှာလည်း မျက်နှာပြ ဖို့အတွက် နိုင်ငံရေးသမား ၁ယောက် ၂ယောက်တော့ လွှတ်ပေး မှာ သေချာတယ်။ )

……………………………..

လွှတ်ပေးမယ်မလွှတ်ပေးဘူးဆိုတာကိုတော့ ထုံးစံအတိုင်း

ဝိုင်းဝန်းစောင့်ကြည့်ကြမှာဖြစ်ပြီး

မလွှတ်ပေးဘူးဆိုရင်တော့ ဘာဆက်လုပ်ကြမယ်ဆိုတာကို အခြေနေကြည့်ပြီး

ဆက်လုပ်သွားကြမည်ဟုခန့်မှန်းပါသည်။

သတင်းတွေဈေးကောင်းရလို့ သတင်းတွေကိုဘဲတင်ပါတော့မယ်

နောင်မျာတွင် ဈေးကွက်အခြေအနေအရ သတင်းများကို ဤသို့သုံးသပ်တင်ပြမည်ဖြစ်ပြီး

ဤသတင်းအား update လုပ်ခြင်း ပွိုင့်တိုးပေးခြင်းများ

လုံးဝ..လုံးဝ မလုပ်မိပါစေရန်နှင့်

ပြုလုပ်မိပါက သက်ဆိုင်သူ admin အနေဖြင့်

ဂျာမဏီနိုင်ငံ၏ လက်ရှိတည်ဆဲ လုပ်ထုံးလုပ်နည်းများဖြင့်

ကျွန်ုပ် အင်တာနေရှင်နယ် ပရော်ဖက်ရှင်နယ် သတင်းထောက် မိုက်ကယ်ဂျော်နီအောင်ပု မှ

ဆောင်ရွက်သွားမည်ဖြစ်သည့်အကြောင်းကို

ပြင်းပြင်းထန်ထန် အသိပေးအပ်ပါသည်။

ပုံ……..

………..မိုက်ကယ်ဂျော်နီအောင်ပု

………………………………..အပြည်ပြည်ဆိုင်ရာ ပရောဖက်ရှင်နယ် သတင်းထောက်

 

 

 



About မိုက်ကယ်ဂျော်နီအောင်ပု

aungpu michaelaungpu has written 87 post in this Website..

friend