စုံတွဲလေးတွေ

search123April 30, 20111min11711

ရန်ကုန်မှာ တွေ့နေရတဲ့ စုံတွဲတော်တော်များများ အနောက်တိုင်းဓလေ့တွေနဲ့ ရင်းနှီးယုံမက၊လက်တွေ့ကျင့်သုံးမှုတွေကတော့ နေရာတိုင်းလိုလိုမှာ တွေ့နေရပြီ။

အင်းလျားကန်စောင်းမှာဆို အစတုန်းကမှ ထီးကွယ်ပြီး ကဲကြသေးတယ်။

အခုဆို အချို့စုံတွဲတွေ က ပေါ်တင်ကို kissing ပေးနေကြတာရှိပါတယ်။

bus ကားစီးတော့လည်း ကားသေးလေးပေါ်မှာ လူတွေကျပ်ညပ်ပြီး၊ဘယ်မှလှည့်မရတဲ့ အခြေအနေမျိုးမှာတောင် ဘယ်သူ့မှ ဂရုမစိုက်ပဲ အနမ်းပေးနေကြတဲ့သူတွေ လည်းရှိပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း bus ကားကြီးပေါ် လူကြပ်ချိန် ၊ စုံတွဲတစ်တွဲမှာ နေရာတစ်ခုံရတာကို မိန်းကလေးကမထိုင်ပဲ၊ယောကျင်္ားလေးကထိုင်ပါတယ်။ပြီးတော့ မတ်တတ်ရပ်နေတဲ့ ကောင်မလေးကို ဖက်ထားပါတယ်။ကောင်မလေးကတော့ တန်းတွေ၊ကွင်းတွေ မကိုင်ပဲ ကောင်လေးဖက်ထားတဲ့ကြားထဲမှာ ဟိုယိုင်၊ဒီယိုင်နဲ့ ကြည်နူးနေပါတယ်။

အချို့ဆို လူမြင်ကွင်းတွေ ဘာတွေ ဂရုမစိုက်ပဲကို ကဲကြတာပါ။

ကားပေါ်မှာ ရဟန်း၊လူကြီး၊လူငယ် အားလုံးက သူတို့ ကွက်ကြည့်၊ကွက်ကြည့် လုပ်နေလည်းအေးအေးဆေးဆေးပါပဲ။မြင်ရတဲ့သူတွေသာ အမြင်မတော်တာ သူတို့ကတော့ ok ပဲ။သူတို့ဘာသာသူတို့ကဲတာ ဘယ်သူမှ မထိခိုက်ပေမဲ့လည်း၊မြန်မာ့ယဉ်ကျေးမှုတွေ ကိုဒီလိုနဲ့ ပဲမထိန်းသိမ်းကြတော့မှာကို စိုးရိမ်မိပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာမျက်စိနဲ့ဆိုရင်တော့ တစ်ကယ်ကို ကန့်လန့်ဖြစ်နေပါသေးတယ်။

စောင့်ထိန်းသင့်တဲ့နေရာတွေမှာ စောင့်ထိန်းရမယ်ဆိုတာ ကို မသိကြတော့ဘူးထင်ပါရဲ့။

 

 

 

11 comments

  • myamahaythi

    April 30, 2011 at 10:43 am

    ကိုယ့်ယဉ်ကျေးမှုကို ကိုယ်တိုင် တန်ဘိုးထား လေးစားကြရမှာပါ …..

  • kopauk mandalay

    April 30, 2011 at 11:23 am

    ကျနော်တို့ငယ်ငယ်က အနေအထို်င်မတတ်လို့ အမြင်မတော်ရင် အမျုးိတော်တော် မတော်
    ဆိုင်ဆိုင် မဆိုင်ဆိုင် လူကြီးတွေကလူငယ်ကို ဆုံးမတတ်ပါတယ်။
    အခုခေတ်ကတော့ ဆုံးမရမယ့်လူကြိးတွေကလဲ ………….ကဲတတ်ကြသလို
    ဘယ်သူဆုံးမတာမှ မခံရတဲ့ လူငယ်တွေကလဲ ……………..သဲကြပါတယ်။
    အဲတော့ ……………………………………..ဗြဲဟဲဟဲလို့သာအော်နေရုံပါဘဲ။

  • nayzaw

    April 30, 2011 at 12:38 pm

    အဲဒါတွေကခေတ်မှိီသလိုလိုနဲ မြန်မာယဉ်ကျေးမှုနဲ့ဘာသာရေးကို စော်ကားနေကြတာလေ အဲဒီဟာတွေကိုအတုယူတဲ
    မြန်မာလူငယ်တွေကအတုယူကြတယ် ဘာရယ်ဆိုတာကိုနားမလည်ဘူး အတုကိုတော့လွယ်လွယ်နဲယူလိုက်ကြတာပဲ
    တစ်ဖြေတစ်ဖြေနဲ…………..

  • windtalker9

    April 30, 2011 at 2:38 pm

    ဒီစာလေး ဖတ်ရလို ့123 ကို ကျေးဇူးတင်ပါတယ် ။ ခေတ်ကြီးက ပွင့်လင်းလာပြီ ဆိုပေမယ့် အဲဒီလောက်ကြီး ကြတော့ မြင်ရသူ ရှက်စရာ ဖြစ်တာပေါ့နော် ။ လုပ်တဲ့သူတွေ က မရှက်ကြတာ အသေအချာပါပဲ ။ အဲဒီလို လုပ်ပြီးလို ့ယူကြမှာ သေချာလို ့လား ဆိုတာတော့ မိန်းကလေး တွေ အတွက် စဉ်းစားစရာပဲနော် ။ ကွယ်ရာ မှာ ဖြစ်ချင်တိုင်းဖြစ်တာ က တစ်မျိုးပေါ့ ။ လူသိရှင်ကြား အရှက်မရှိ နေလိုက်မှတော့ ကိုယ့်ချစ်သူ ကို ကိုယ် တန်ဘိုး ထားရာ မကြသလို မိန်းကလေး အနေ နဲ ့လည်း မယူဖြစ်ခဲ့ရင် မိအေး ၂ခါ နာ ဖြစ်နေမယ် ထင်တယ် ။ တစ်ချို ့ယောက်ျားလေး ကြတော့ လည်း မဏ္ဍပ်တိုင် တက်ပြသလို စိတ်မျိုးနဲ ့လုပ်ကြတာလည်း ပါမှာပါ ။ ဘယ်လို ပဲ ဖြစ်ဖြစ် ဗမာ ယဉ်ကျေးမှု ဆိုတာလေး ကို မမေ့ကြဖို ့အမြဲသတိပေးနေသင့်ပါတယ်

  • bigbird

    April 30, 2011 at 3:45 pm

    “မိ မဆုံးမ၊ ဖ မဆုံးမ” တွေ ဖြစ်လိမ့်မယ်။

  • apulay

    May 2, 2011 at 9:05 am

    ခေတ်မှီတာနဲ့ အရှက်မရှိတာ တခြားစီပဲနော် ။ အပုလေးသိတဲ့ မိန်းမတယောက် ဆိုရင် ယောကျာင်္းလေးတစ်ယောက်ဆီကို သူကစပြီး မေးလ်ပို့ တယ် ။ မေးလ် ထဲမှာ မိန်းကလေးတယောက် နဲ့ ယောကျာင်္းလေးတယောက် ချစ်ကြပြီဆိုရင် ပန်းခြံ ၊ တည်းခိုခန်း ၊ ဟော်တယ်တွေကို သွားပြီး ချစ်သူတွေပြုရမယ့် ပြုဖွယ်ရာ
    တွေကို ဆောင်ရွက်ရမယ်တဲ့ ။ ပျက်ကွက်ရင် အဲဒီယောကျာင်္းလေးမှာ အပြ စ် ရှိတယ်ဆိုပဲ ။ သူအဲဒီနေရာရောက်ရင် ဘာတွေ လုပ်လဲမသိဘူးနော် ။ ဝတ်လိုက်ရင်လဲ ကျောက်ခေတ် ရောက်နေသလိုပဲ ။ အထက်ကပေါ်ပြီး အောက်ကလဲမလုံဘူး ။ အဲဒီလိုမိန်းမမျိုးတွေကြောင့် မိန်းမတွေ တန်ဖိုးမဲ့ရတယ် ။

  • cobra

    May 2, 2011 at 11:36 am

    ကျောင်းသားကျောင်းသူတွေပိုဆိုးပါတယ်။
    ကျွန်တော့သူငယ်ချင်းနဲ့ဒဂုန်တက္ကသိုလ်ကိုလိုက်သွားပါ
    တယ်ပြန်တော့အဓိပတိအဝါစီးပီးတော့လိုက်လာပါတယ်
    အဲဒီမှာစတော့တာပဲ
    နောက်ဆုံးဒေါင့်ဆုံးမှာထိုင်နေတဲ့အတွဲ
    ကျွန်တော်ကသူ့တို့၂ယောက်ဘေးမှာ
    ကောင်မလေးကဖိုင်နဲ့ကာထားပီးတော့ kissing တွေဆွဲနေတာဗျာ
    လမ်းပေါ်ကလူတွေကလည်းလက်ညှိုးတွေထိုးပီးတော့ကြည့်ကြတယ်
    သူတို့ကမရှက်ပါဘူးဗျာ
    ဆွဲကောင်းတိုင်းဆွဲနေတာ
    စောက်ရှက်မရှိတဲ့ဟာတွေ…။

  • intro

    May 2, 2011 at 3:12 pm

    ကျောင်းဝင်းထဲက အတွဲတွေ အကြောင်းရော ဖောက်သည်ချရမလား? 😛

  • မမလေး

    May 4, 2011 at 1:24 pm

    ဒါကတော့ Standard နဲ့ပဲဆိုင်တာပါ နော့် … စိတ်ဓါတ်တွေ …. အဲ့လို Bus ပေါ်မှာ နမ်းတာတော့ မြင်ဖူးတယ် … တဏှာတော်တော်ကြီးလို့ဖြစ်မယ် …

  • king

    May 4, 2011 at 1:42 pm

    သည်ပို့စ်လေးကို အခုရက်ပိုင်းအတွင်းမှာထွက်တဲ့ ဂျာနယ်မှာ ဖတ်ဖူးပါတယ်
    ဂျာနယ်က ကူးထားတာလားဗျ
    ဒါမှမဟုတ် အကူးခံလိုက်ရတာလားဗျ

  • unclegyi1974

    May 4, 2011 at 3:33 pm

    နိုင်ငံရပ်ခြားမှာကသူတို့ဓလေ့နဲ့သူတို့
    မြန်မာမှာကမြန်မာ့ဓလေ့နဲ့မြန်မာ
    ခေတ်မှီတာနဲ့အရှက်မရှိတာတခြားစီပါ
    လိုအပ်ရင်ဥပဒေထုတ်သင့်ရင်ထုတ်
    ကိုပေါက်ပြောတဲ့အဆုံးမမခံရတဲ့ကလေး
    တွေရှိနေတော့ခက်တယ်

Leave a Reply