တားမြစ်ချက် ၁ဝ ချက်

bigbirdApril 30, 20111min1599


နန်းတော်အတွင်းမှာ မင်းသမီးအသစ်ဖြစ်လာတော့မယ့် Kate အတွက် တားမြစ်ချက် ၁ဝ ချက်ကို ဗဟုသုတ အဖြစ် ဖော်ပြလိုက်ပါတယ်။
၁..။ တပါးသူတို့အား မိမိနာမည်တစ်မျိုးထဲကို မခေါ်စေရ ။
၂..။ ရွေးကောက်ပွဲတွင် အရွေးမခံရ၊ မဲမထည့်ရ ။
၃..။ နိုင်ငံရေးတွင် ဝင်ရောက်မပတ်သတ်ရ ။
၄..။ တစ်ဦးထဲ လွတ်လပ်စွာ မသွားလာရ ။
၅..။ မိုနိုပိုလီ ကိမ်း မကစားရ ။
၆..။ သင်းကွဲစေမည့်စကားမပြောရ ။
၇..။ အခွံရှိသော ရေသတ္တဝါ မစားရ ။
၈..။ စီးပွားရေးမလုပ်ရ ။
၉..။ မသေချာသေးသော အကြောင်းအရာများအား မပြောရ ။
၁၀။ ထမင်းဝိုင်းတွင်း ထမင်းအရင်စားပြီးခြင်းမရှိစေရ ။ ( ဘုရင်မနှင့် တပြိုင်ထဲ စားပြီးရမည်။)

ရွာထဲက အပျိုလေးတွေ ဒီစည်းကမ်းတွေ လိုက်နာနိုင်မလားပြော …။

9 comments

  • bigcat

    April 30, 2011 at 9:00 pm

    ကြောင်မင်းသမီးလေးဖြစ်ချင်ရင်တော့ အဲဒါတွေတခုမှ လိုဘူး။ ကြိုက်တာအကုန်လုပ်လို့ရတယ်။ အဓိက က အဓိက ဆိုတာ သိရင်ပြီးရော….

  • zoe

    May 1, 2011 at 7:52 am

    ထူးဆန်း တယ်ဘာဖြစ် လို့ ” မိုနိုပိုလီ ကိမ်း မကစားရ ” လဲ ?? တ ခြား ဂိမ်း တော့ ကစား လို့ ရ တယ် ပေါ့ ။ 🙂

  • MaMa

    May 1, 2011 at 8:13 am

    အခွံရှိသော ရေသတ္တဝါ မစားရတာလည်း ထူးဆန်းတာပဲ။

  • bigbird

    May 1, 2011 at 8:52 am

    ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်ကိုတော့ မရေးထားတဲ့အတွက် ရှင်းမပြနိုင်တာခွင့်လွှတ်ကြပါနော်။
    ငှက်ကြီးဖတ်ရသလောက် မျှဝေလိုက်တာ ။

  • kai

    May 1, 2011 at 9:06 am

    အာရွှီးတွေဖြစ်ဖို့များပါတယ်..။
    ဘာပဲဖြစ်ဖြစ်လေ..။ ပျော်ရတာပေါ့နော..။

  • bigbird

    May 1, 2011 at 10:12 am

    တစ်ကယ့်စည်းကမ်း အစစ်တွေပါ သဂျီးရေ….မယုံရင် ဒီမှာကြည့်
    ဒီထဲမှာ ဘာကြောင့်လဲဆိုတာတောင်ပါသေး…. ငှက်ကြီးဘာသာပြန်ထားတဲ့ ထိုင်းဝပ်ဆိုက်က ဘာအကြောင်းပြချက်မှ မရေးထားဘူး ။
    ဒါကြောင့်လက်တွေ့မှယုံတဲ့သူတွေအတွက် လိုက်ရှာပြီး တင်ပေးလိုက်တာပါ။

    http://m24digital.com/en/2011/04/23/kate-middleton-and-the-ten-real-constraints/

  • ဆူး

    May 1, 2011 at 1:04 pm

    တားမြစ်ချက် ရှိမှ နန်းတော်ဆိုတဲ့ အတိုင်း ကိုက်ညီမှာပေါ့။
    မာန်တက်ပြီး ရာဇ မာန်နဲ့ နေရမယ် မပါဘူးနော်။

  • paukpauk

    May 1, 2011 at 1:48 pm

    ဆယ်ပါးသီလ စောင့်စရာမလိုဘူး
    ငါးပါးသီလထဲကတောင် ဆင်တာလေးတခုပဲပါတယ်
    စံတင်လောက်တဲ့ တော်ဝင် မိသားစု စည်းကမ်းပါပဲ။
    :))

  • မမလေး

    May 4, 2011 at 1:13 pm

    တော်တော်ကို ကံထူးတဲ့အမျိုးသမီးနော် … ဘာတွေ လှူတန်းထားလို့ မင်းသမီးလာဖြစ်တာလဲမသိဘူး … ဒီမှာဆို ကံစမ်းမဲ နှိုက်ရင် အမြဲ ဗလာပဲ ကံကကောင်းတယ် 😛

Leave a Reply