ပြောပြောကစောရောပေါ့

bigbirdMay 1, 20111min1587

တစ်နေ့သောအခါရဲ့ ညနေခင်းအချိန်မှာ မောင်ရဲလင်းတစ်ယောက် အိမ်ကမိဘတွေကို သတင်းကောင်းအသိပေးဖို့ဆိုပြီး စိတ်လှုပ်ရှားစွာနဲ့ အပြေးလေးရောက်လာခဲ့ပါတယ်။

” ဖေဖေ၊မေမေ ..သားတို့မြို့က အချောဆုံးကောင်မလေးတစ်ယောက်နဲ့ သားလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီး၊ သားတို့တစ်လမ်းကျော်က ဝတ်ရည်ဆိုတဲ့ကောင်မလေးပါ။”

ညနေစာ စားပြီးချိန်မှာတော့ အဖေဖြစ်သူက သားဖြစ်သူကို နှစ်ယောက်ထဲစကားပြောဖို့ဆိုပြီး အပြင်ကိုခေါ်သွားပါတယ်။

” သားရေ..မင်းအမေနဲ့အဖေနဲ့ညားကြတာ နှစ်အတော်ကြာပေမယ့် မင်းအမေဟာ အစစအရာရာ တာဝန်ကျေခဲ့ပါတယ်။ ဇနီးကောင်းတစ်ယောက်ဆိုရင်လဲ မမှားဘူးပေါ့ကွာ။ ဒါပေမယ့်..အဖေသဘောမကျတာ တစ်ခုတော့ ရှိတယ်ကွ၊ ညအခါကျရင် အဖေ့အပေါ် တာဝန်မကျေချင်ဘူး၊ ဒါကြောင့်မို့ အဖေလဲ အငယ်အနှောင်းတွေ ရှိနေတာ မင်းအဖေ့အပေါ်နားလည်ပေးပါ၊ နောက်ပြီးအဓိက အဖေပြောချင်တာက ဝတ်ရည်ကို မင်းလက်ထပ်လို့ မဖြစ်ဘူးကွ၊ သူက မင်းနဲ့ ဖအေတူ မအေကွဲ မောင်နှမတော်နေလို့ပါကွာ”

ရဲလင်းတစ်ယောက် ဝမ်းနည်းပက်လက် အသည်းတွေကွဲကြေစွာခံစားခဲ့ရတာနှစ်အတော်ကြာ၊ ဒီလိုနဲ့ ဒဏ်ရာဟောင်းကို ကုစားဖို့ နောက်ထက်ချစ်သူတစ်ယောက် ရှာရပြန်ပေါ့။ မကြာခင်မှာပဲ ချစ်သူတစ်ယောက်ကို တွေ့ပြီး လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြန်ပါတယ်။

” သားချစ်သူနာမည်က ဝတ်မှုံပါ ၊ နောက် ၂ လကြာရင် သားတို့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီး”

ရဲလင်းက နောက်ချစ်သူတစ်ယောက်အကြောင်းကို မိဘတွေကို ပြောပြအပြီးမှာတော့ ဖခင်ဖြစ်သူက အရင်တစ်ခေါက်ကလိုပဲ သူ့သားကိုလက်တို့ပြီးခေါ်သွားပြန်တယ်။

” အဖေစိတ်မကောင်းပါဘူးကွာ၊ ဝတ်မှုံကလဲ မင်းညီမ တော်နေတယ်ကွ၊မင်းလက်ထပ်လို့မရပြန်ဘူး”

ရဲလင်းအတော်လေးစိတ်ညစ်သွားသည်။ မခံနိုင်တော့။ ဒီတစ်ခေါက်တော့ အမေနဲ့သွားတိုင်ဖို့ဆုံးဖြတ်လိုက်သည်။

” အမေပဲစဉ်းစားကြည့်ပါဦး..တစ်မြို့လုံးအဖေဒီလိုမျိုးလျှောက်လုပ်နေတာ ရည်းစားတစ်ယောက်ထားလဲညီမ၊ နှစ်ယောက်လဲ ညီမဆို သားဘယ်တော့ မိန်းမရတော့မှာလဲ”

ဒီစကားကိုကြားတဲ့ အမေဖြစ်သူက စိတ်မဆိုးတဲ့အပြင် ပြုံးပြုံးလေးနဲ့သားကိုပြန်ပြောလိုက်တာကတော့…….

“ဂရုမစိုက်ပါနဲ့သားရယ်၊ သူလဲ သားအဖေမဟုတ်ပါဘူး”တဲ့
ငှက်ကြီး (၁. ၅.၂၀၁၁)

7 comments

  • hokg

    May 2, 2011 at 3:58 am

    ပါးပါးလေး ပြုံးသွားပါတယ်….။

  • nagargyi

    May 2, 2011 at 5:03 am

    သဘောကျတယ်ဗျား။
    လူအတော်များများက ကိုယ်ကသူ့ကိုကျောနိုင်တယ်လို့ထင်ကြတယ်။
    အမှန်က ကိုယ့်နဲ့ထိုက်တန်တာပဲ ရကြတာပါ။

  • naywoonni

    May 2, 2011 at 10:25 am

    အော်…လောက ..လောက .. အဲဂလိုကြီးသာ ဂယ်ဆိုရင်…..

  • nature

    May 2, 2011 at 12:36 pm

    ဒါမျိုးပေါ့ လူပါးပုလင်းထိဆိုတာ။

  • MaMa

    May 2, 2011 at 2:38 pm

    ကိုယ်အဖေအမေဆိုတာကိုတောင် မယုံရရင် အဲဒီသားသမီးမျိုးဟာ လူ့လောကကြီးထဲမှာ ရဲရဲဝံ့ဝံ့ ရပ်တည်နိုင်ပါအုံးမလား။ လူလူသူသူ ဖြစ်နိုင်ပါဦးမလား။

  • kopauk mandalay

    May 2, 2011 at 3:24 pm

    ဒါမျုးိက မြန်မာပြည်မှာတော့ သိပ်မဖြစ်နိုင်ဘူး။
    ုနိုင်ငံခြားမှာဆိုရင်တော့ မပြောတတ်ဘူးနော်

  • bigcat

    May 3, 2011 at 1:23 am

    ကောင်မလေးတွေ ရဲလင်းလိုပဲဆိုရင်တော့ မောင်နှမ တော်သွားနိုင်ကိန်း ရှိသေးတယ်နော်…

Leave a Reply