“လူမိုက်၊လူတော်၊ပညာရှိ”(၁)

“ပန်းတိုင်”

လူမိုက်တို့သည် ဘဝကို ပန်းတိုင်မရှိဘဲ နေထိုင်ရှင်သန်ကြ၏။ ဦးတည်ရာမဲ့ လွင့်မျောကြကုန်၍ သူတို့သည် ကိုယ့်ကိုယ်ကိုယ် တာထွက်နေရာတွင်ပင် ရှိနေသေးကြောင်း မကြာခဏ တွေ့ရှိကြရ၏။

လူတော်တို့မှာမူ လက်လှမ်းမီလောက်သောပန်းတိုင်များကို မကြာခဏ ချမှတ်တတ်ကြ၏။ ထိုဝန်ထုပ် ဝန်ပိုးများကို ပခုံးပေါ်တွင်ထမ်းလျှက် သူတို့လက်ရှိရပ်တည်နေသည့်နေရာအား မကျေနပ်ခြင်းဖြင့် ရှုမြင်လေ့ရှိ၏။

ပညာရှိတို့မှာကား ဘဝတွင် အဆုံးစွန်သော ပန်းတိုင်ကို သိရှိကြ၏။ အောင်မြင်ရေးလှေကားပေါ်ရှိ ပန်းတိုင်ငယ်များကို ရင်ဆိုင်ယှဉ်ပြိုင်ရယူပြီး သူတို့၏ဘဝခရီးတစ်လျှောက် မျှော်လင့်ခြင်းနှင့် စိတ်ချမ်းမြေ့ခြင်းတို့ကို ပေါက်မြောက်ရရှိကြ၏။

“Destination”

The foolish live their lives without a destination, Floating along aimlessly,Often finding themseleves at the starting conditions.

The clever often set unreachable destinations, Bearing these burdens on their shoulders,Always regarding where they stand with dissatisfaction.

The wise know their ultimate destination in life,Meeting small destinations on the ladder to success, They achieve hope and happiness throughout their journey.

 

မှတ်ချက်။ လူမိုက်၊ လူတော်၊ပညာရှိ စာအုပ်ကိုဖတ်မိခြင်းဖြင့် ပြန်လည်မျှဝေလို၍ တင်ပေးခြင်းဖြစ်ပါသည်။ မူရင်းစာရေးဆရာမှာCharles Akara ဖြစ်ပြီး မူရင်းအမည်မှာ The Foolish,The Clever,The Wise ဖြစ်ပါသည်။ တူဒေး စာအုပ်တိုက်မှ ထုတ်ဝေထားခြင်းဖြစ်ပါသည်။

Thaw Zin Loikaw

One comment

  • manawphyulay

    May 2, 2011 at 3:32 am

    လူမိုက်ဘဝ ကျော်လွားပြီး လူတော်အဖြစ် ရပ်တည်ဖို့ ကြိုးစားပြီး ပညာရှိအဖြစ်သို ရောက်လတ္တံ့

Leave a Reply