စီဒီအမ်အေ ၈၀ဝဖုန်းတွေအတွက် မြန်မာအဘိဓာန်ဆော့ဖ်ဝဲဖြန့်ချိ

klnApril 30, 20101min450

စီဒီအမ်အေ ၈၀ဝမဂ္ဂါဟက်ဇ်ဖုန်းတွေမှာ ထည့်သွင်းသုံးနိုင်မယ့် Sm3 Unit Finder နဲ့ Sm3 Unit Converter မြန်မာစာအခြေခံဆော့ဖ်ဝဲတွေကို ပြည်တွင်းနည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်စ်အမ်ကျူ့(Sm3)က ထုတ်လုပ်လိုက်ပြီလို့ဆိုရပါတယ်။ အခုထည့်သွင်းထားတဲ့အဘိဓာန်မှာ သာလွန်အင်္ဂလိပ်-မြန်မာအဘိဓာန်ကိုမှီငြမ်းထားကြောင်း သိရတယ်။ သာလွန်အဘိဓာန်မှာ ဝေါဟာရနဲ့အနက်အဓိပ္ပာယ်ဖွင့်ဆိုချက်ပေါင်း ၉၅,၀၀ဝကျော်၊ အင်္ဂလိပ်စာအသုံးအနှုန်းသစ် ရာပေါင်းများစွာနဲ့ခေတ်သုံးဝေါဟာရတွေလည်းပါဝင်တယ်လို့ဆိုရတယ်။ A to Zအက္ခရာစဉ်အလိုက်အစအဆုံးအလျင်မပြတ် ရှာဖွေကြည့်ရှုနိုင်ဖို့စီမံထားပြီး ရှာချင်တဲ့စကားလုံးကို ရိုက်ထည့်ပြီးတာနဲ့ ဖော်ပြနိုင်စွမ်းရှိတယ်လို့သိရတယ်။ သည်ဆော့ဖ်ဝဲကို Java MIDP 2.0 ပါဝင်တဲ့ဖုန်းတွေထည့်သွင်းသုံးနိုင်မယ်လို့ဆိုတယ်။ မှတ်ဉာဏ်ပမာဏ 2.2Mbမမ်မိုရီခန့် (အမ်ပီသရီးသီချင်းတစ်ဝက်ပမာဏ)နေရာယူမယ်လို့သိရတယ်။ လက်ရှိမှာ အင်္ဂလိပ်-မြန်မာအဘိဓာန်ကို စတင်ထည့်သွင်းထားပြီး နောင်မှာတခြားအဘိဓာန်တွေကိုလည်း စုစည်းထည့်သွင်းပေးမယ်လို့ ဆိုပါတယ်။ သည်ဆော့ဖ်ဝဲကို ဂျီအက်စ်အမ်၊ စီဒီအမ်အေနဲ့ စီဒီအမ်အေ ၈၀ဝမဂ္ဂါဟက်ဇ်ဖုန်းတွေမှာ ထည့်သွင်းနိုင်ပြီး ဝန်ဆောင်ခကျပ် ၉၅၀ဝနဲ့ ရန်ကုန်မန္တလေးက ဖုန်းဆိုင်တွေမှာ ထည့်သွင်းနိုင်သည်။
www.khitlunge.org.mm