MFTB ရှေ့မှာ ခံလိုက်ရပြန်ပြီ

fattyMay 2, 20111min20526

အားလုံးသိကြတဲ့အတိုင်း MFTB ရှေ့ ငွေလဲတဲ့အခါ လူလိမ်လူကောက်တွေများလှပါတယ် ..။
ပိုက်ဆံ တသိန်းထုတ်ကို တရွက်ကိုနှစ်ရွက်ပုံစံမျိုးနဲ့ ခေါက်ထားပြီး လာလဲတဲ့သူကို အဖမ်းအဆီးများတဲ့အကြောင်း ခပ်မြန်မြန် ပိုက်ဆံ ရေတွက်ဖို့ပြောလေ့ရှိပါတယ် ..။
အများအားဖြင့်တော့လောလော လောလောနဲ့ရေတွက်ပြီး ယူသွားလိုက်ကြတာ အိမ်ရောက်မှပြန်ရေတော့ တသောင်းအုပ် ၁ဝ အုပ်မှာ ၁ဝရွက်ပျောက်နေပါတယ် ..။

အဲဒီလိမ်နည်းက လူသိများနေပါပြိ ဒါပေမဲ့အခုထိ လုပ်တုန်းပါဘဲ ..။
ကျနော်ကြတော့နည်းသစ်နဲ့ခံလိုက်ရပြန်ပါတယ် ..။
ပိုက်ဆံအုပ်လိမ်နည်းကိုသိလို့ အေးအေးဆေးဆေးရေတွက်ရအောင် လက်ဘက်ရည် ဆိုင်တဆိုင်ကိုခေါ်သွားလိုက်ပါတယ် ..။
သူတို့ပေးတဲ့ အုပ်ရေကို အကုန်လုံးပြန်ဖြည်ခိုင်းပြီးရေတွက်ပါတယ် ..။ သူတို့လဲမတတ်သာဘူး အကုန်ပြန်ဖြည်ရပါတယ် ..။
ကျနော်ကလည်း ဘာရမလဲငါ့ကိုလာလိမ်လို့ ဆိုတဲ့ပုံစံနဲ့ပေါ့ ..။
သူတို့ပိုက်ဆံ ပြည့်တဲ့အခါ ကျနော် US 100 တန် ငါးရွက်ကိုသူတို့လက်ထဲထည့်လိုက်ပါတယ် ..။

ကျနော့ကိုတရွက်ပြန်ပေးပြီး .. အကိုဒီတရွက်ကတော့ .. နဲနဲစွန်းနေတယ်ဆိုပြီး ပြန်ပြပါတယ် ..။
ကျနော့အမှားက အဲဒီတရွက်ကို အသေအချာငုံ့ကြည့်လိုက်တာပါဘဲ ..။
ဘယ်မှာစွန်းလို့လဲကွ .. ဆိုတော့ ဒီနားမှာလေ အကိုရဲ့ … အသေအချာကြည့်ပါအုံးတဲ့ ..။
ဒုတိယအကြိမ် ထပ်ကြည့်လိုက်မိပြန်ပါတယ် ..။ ကျနော့ကို အာရုံလွှဲပြီး တခဏ အတွင်းမှာဘဲ ….
ကျနော်ပေးလိုက်တဲ့ ငါးရွက်က … လေးရွက်ဘဲရှိပါတော့တယ် ..။ ကျနော်ဘယ်လိုမှ ငြင်းလို့လဲမရတော့ပါဘူး ..။
ရဲသွားတိုင် ရအောင်ကလဲ တရားမဝင်တဲ့ကိစ္စဖြစ်နေတဲ့အပြင် သူတို့က ရဲနဲ့ပါပေါင်းစားနေကြတာပါ ..။

တခါတရံ ကိုယ့်ပိုက်ဆံ အကောင်းကို သူတို့ပိုက်ဆံ အစွန်းနဲ့ အာရုံလွှဲပြီး လဲတတ်ကြပါသေးတယ် ..။
ဒါကြောင့် စိတ်ချရသောသူနဲ့သာ အလုပ်လုပ်ကြပါခင်ဗျား ……………………..။

26 comments

  • bigcat

    May 2, 2011 at 4:03 am

    သိပ်မရှင်းပါ၊ ဥိးဖက်က ပလိန်းဂျီး ဒေါ်လာတရာ ဆုံးသွားတဲ့သဘောလား…..

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 4:19 am

    အက်စလုပ်တော့မဟုတ်ဘူးပေါ့
    ကိုယ့်ရဲ့ဒေါ်လာအကောင်းကြီးကို
    စွန်းနေတာနဲ့လေးပေးလိုက်ရတော့
    ကိုယ်ကအင်ထိသွားတဲ့တစ်ရွက်ကို
    ဘယ်မှာပြန်ပြီးဘယ်သူ့ကိုတန်ပြန်မလဲဆိုတာက
    အပိုင်းနှစ်ဖြစ်ပါကြောင်း
    ဟုတ်တယ်နော် ဦးဖက်
    လက်ညောင်မှာဆိုးလို့ ဖြေပေးလိုက်တာ 🙂 🙂 🙂

  • babymay

    May 2, 2011 at 4:24 am

    ဟုတ်တယ် သူတို့တွေ တအားကျွမ်းကျင်တယ် ။ လိမ်တဲ့နေရာမှာ။ တစ်ခါတုန်းကကိုယ်တွေ့ပဲ။။။

  • nagargyi

    May 2, 2011 at 4:52 am

    လိမ်တာက သူ့တို့ရဲ့ အသက်မွေးဝမ်းကျောင်းပညာပဲ။
    တတ်နိုင်ရင်ရှောင်တာကောင်းတယ်။

  • ဆူး

    May 2, 2011 at 5:11 am

    စိတ်မကောင်းပါဘူး။
    တခါမှတော့ အဲလို မခံရဘူးသေးဘူး။
    မှတ်ထားပါ့မယ်.. နောက် အဲလို မခံရအောင်…

  • moegyothwar

    May 2, 2011 at 6:17 am

    ငွေလဲရင်ပြသနာတက်ကြတာတွေ နေ့တိုင်းကြားနေရပါတယ်။ ကျွန်တော် ၁၉၉ရ ထဲက ငွေလဲလာတာ ဘာမှပြသနာတက်တာမရှိခဲ့ပါဘူး။ အထုပ်လိုက်ကို ပေးလိုက်ပြီး အအေးဆိုင်မှာထိုင်စောင့်တာ ကျွန်တော်ရဲ့ထုံးစံပါ… ယနေ့ထိလဲဒီတိုင်းလဲနေတာပါဘဲ။ သွားတိုင်းလဲ ဒီနေ့ဘယ်နယောက်ခံလိုက်ရပြန်ပြီ.. ပါသွားပြန်ပြီနဲ့.. ကြားနေရပါတယ်။ MFTB နားမှာငွေလဲရင် ဈေးအမြင့်ဆုံးပေးရင်သတိသာထားတော့.. ကျွန်တော့အဖွဲ့တွေက အမြဲ ၂ ကျပ်လောက်နဲတယ်… ပေါ်တင်ပြောပြီးစားကြတာပါ။ အနဲဆုံးမလဲခင်ဈေးမေး၊ လက်ငင်းငွေပါလားကြည့်.. ကိုယ်တိုင်ငွေရေပြီးမှ သူတို့ကို USD ပေး…. ရဲကပါ ရိုက်စားတွေနဲ့ပေါင်းထားလို့ တိုင်လဲမထူးပါဘူးဗျာ.. လူကောင်းတွေ..လူမှန်တွေရှိနေပါသေးတယ်…. သေသေချာချာရှာဖွေနိုင်ပါစေဗျာ…

  • etone

    May 2, 2011 at 7:04 am

    etone ကတော့ ပိုက်ဆံလဲလျှင် ရုံးမှာပဲ လဲတယ်… ။ လက်ရှိပေါက်ဈေးထက်တော့ နည်းနည်းနှိမ်ပေးပေမဲ့ တစ်ခါလဲ လျှင် တစ်ရာ ၊ နှစ်ရာဆိုတော့ အရမ်းကြီး မကွာတော့ဘူးလေ… ။ ရုံးက လစာရပြီး ဆယ်ရက်လောက်ဆို ပိုက်ဆံမရှိတော့တာနဲ့ မုန့်ဖိုးရထားတဲ့ အစိမ်းလေးတွေ ထုတ်ထုတ်ရောင်းပြီး အသက်ဆက်ရတယ်… 😛 တစ်ခါလောက်ပုံမှန်လဲဖြစ်တယ်… ။ အခုတော့ ဈေးက ဇောက်ထိုးကျနေလို့ ရတဲ့ မြန်မာငွေလစာလေးပဲ ခြစ်ကုတ်ပြီး သုံးနေရတယ်… ။ 😀 ကိုဖက်တီးလဲ ချင်လျှင် ဟိုတယ်က သူငယ်ချင်းတွေဆီ သွားလဲလို့ရတယ်… ချိတ်ပေးရမလား… ။ ရုံးမှာ လာလဲချင်လည်းရတယ်.. ။ ဈေးကတော့ ငါးကျပ်လောက်ကွာပေမဲ့ … ပိုက်ဆံပြည့်တယ် မလိမ်ဘူး … ။

  • char too lan

    May 2, 2011 at 10:25 am

    <>
    အမှတ် ၁၂၂၊ ၄၂ လမ်း(အပေါ်)၊ဗိုလ်တစ်ထောင်။
    ဖုန်း – ၂၄၅၇၂၀၊ ၂၄၅၇၂၁။
    အဲ့ဒီရုံးမှာ USD, FEC, SGD, RGM…. လဲလို့ရပါတယ်။
    စိတ်ချရပါတယ် ဈေးတော့နဲနဲကွာမယ်ထင်တယ်။

    • ဟုတ်တယ်ဗျို့… ဝန်ဆောင်ခတော့ တစ်ပြားမှမရပါဘူး.. သတင်းမှန်မို့ ထောက်ခံပေးတာပါ
      ဒါပေမယ့် ကျွန်တော်လဲအလိမ်ခံခဲ့ရဖူးလို့

      ချာတူးလန်ပြောတဲ့နေရာမှာ ပြန်ရောက်တုန်းက တစ်ခါရောင်းတယ်
      ပြန်လာတော့ တစ်ခါပြန်ဝယ်ဖူးတယ်… စိတ်အေးလက်အေးလဲလုပ်ရတယ်၊ စိတ်လဲချရပါတယ်ဗျု့ိ။

  • char too lan

    May 2, 2011 at 10:29 am

    အန် !! နာမည်ထည့်ပေးလိုက်တာ ဘယ်ပျောက်သွားတာလဲ ??
    ဘယ်လို စစ်စတန်လဲ ရှင်းပြပါအုံး @_@
    (ဓနမင်း) ဆိုင်နာမည်ပါ။

  • nature

    May 2, 2011 at 12:29 pm

    မျက်လှည့်တွေ လက်လှည့်တွေပါတတ်မယ်ထင်တယ်။

  • unclegyi1974

    May 2, 2011 at 3:44 pm

    ကိုဖက်က၁၀ဝလုံးအလကားပေးလိုက်ရတာနဲ့
    တူတယ်
    အများအားဖြင့်အဲလိုလူတွေကပုံမှန်လုပ်
    စားသူတွေထက်ဈေးပေးပိုပါတယ်
    ဈေးပိုပေးသူဆိုသတိသာထားပေတော့ဗျို့

  • kopauk mandalay

    May 2, 2011 at 3:50 pm

    ကိုပေါက်ကတော့ မြန်မာပိုက်ဆံဘဲ ရတော့ ဒီအကြောင်းတွေ မသိဘူးရယ်။
    သိများသိလို့ကတော့ တပုဒ်ကို80နုန်းနဲ့ အပိုင်းတွေခွဲပြီးလုပ်စားလိုက်မှာနော်………………………..

  • fatty

    May 4, 2011 at 8:32 am

    ဟုတ်ပါတယ်ဗျာ အသားလွတ်ကြီးတစ်ရွက်ပါသွားတာပါ …။ ကျနာ်ပေးလိုက်တာ ၅ ရွက် .. တရွက်ကို ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ထပ်ခါထပ်ခါကြည့်ခိုင်းပြီး မျက်လှည့်ပြလိုက်တာပါဘဲ ..။
    အဆက်အသွယ်လေးတွေပေးတာကျေးဇူးအထူးတင်ပါတယ် …။

  • kai

    May 4, 2011 at 8:47 am

    လိမ်ခံရတယ်ဆိုတာ… လက်ငင်းမသိပဲခံလိုက်ရပြီး.. တော်တော်ကြာမှသိတာမျိုးကိုပြန်ပြောတာပါ..။
    အခုဟာကြီးက..ဓမြတိုက်နေတာပဲ..။

    နောက်ဆို.. ဘေးနားလူ ၅ယောက်လောက်ဝိုင်းခိုင်းလို်က်ပြီး.. ဒေါ်လာရော..မြန်မာငွေရောအကုန်ယူလာခဲ့လိုက်..။

  • ဆူး

    May 4, 2011 at 8:57 am

    တရွက်ပါသွားတော့ ၈သောင်းခွဲ လောက် ပလုံသွားပြီ။
    မြန်မာကော ဒေါ်လှ ကော ယူဖို့ဆိုရင်.. သဂျီးရဲ့ ရွာပြင်က လူတွေကိုပါ ခေါ်သွားမှ ဖြစ်မယ်။

  • king

    May 4, 2011 at 9:04 am

    အော်
    သူများတွေ အလိမ်ခံရတဲ့အကြောင်းတွေနဲ့
    ကိုယ်တွေများ အစိမ်းဆိုရင်တောင် စိမ်းလန်းစိုပြည်က မြက်တောင် ခဏခဏ မကြည့်ရ
    (ဝင်ကြေး ၃၀ဝ မတက်နိုင်လို့ … ဟီးးးးးးးးးးးး)
    ဒဏ်ရာတွေပြည့်နှက်နေတဲ့ ခြေင်္သေ့လေးကိုပဲ တယုတယလေး ကိုင်တွယ်ပြီး
    လစာမထုတ်ခင် အလျှင်မီအောင် ကိုယ်လက်ထဲမြဲဖို့ကြိုးစားရင်း….
    အိမ်ထောင်ပြုဖို့ဆိုတာတောင် မစဥ်းစားရဲသေးတဲ့ ဘဝပါလားနော်

  • kai

    May 4, 2011 at 9:05 am

    ကြုံလို့ပြောရရင်.. ယူအက်စ်မှာ.လမ်းမှာလမ်းလျှောက်နေတဲ့…လူ ၁၀ဝ ဖမ်းတားပြီး ပိုက်ဆံအိပ်ဖွင့်ကြည့်.. တရာတန်တရွက်တွေ့မယ်…မထင်ရေးချမထင်..။

    ဒေါ်လှ ရာတန်ငါးရွက်ကိုများ..လမ်းဘေးမှာ..ထုတ်ပြလဲလှယ်နေလို့ကတော့… လောက်တောင်မလောက်…။
    တစ္ဆေသရဲတွေ… အိမ်အထိပါလာနိုင်တယ်..။ 🙂

  • nozomi

    May 4, 2011 at 9:15 am

    ကိုဖက် လူလိမ်နဲ့ တွေ့လို့ပါ သူကြီးရာ ယူအက်စ်လို မတိုးတက်ပေမဲ့ မြန်မာပြည်မှာ ဘဏ်ကနေ ငွေထုတ်ရင် ဆာလာအိတ်တွေနဲ့ ထုတ်တာ ဘာအစောင့်မှာ မပါဘူး ဘာမှမဖြစ်ကြပါဘူး

  • ဆူး

    May 4, 2011 at 9:17 am

    အိမ်အထိ လိုက်လာတာ ဘာလို့လဲ…
    ကြားဖူးတာတော့ အမဲတွေ သိပ်ဆိုးတယ်ဆို.. တွေ့ရင် လု တတ်တယ် ဆိုလား..

    သူတို့ဆီက အကြွေ မူးစေ့ မတ်စေ့ ကိုပဲ အားထားသုံးတာကိုး.. ဒီက အထုတ်လိုက် ဆွဲသွားရင်တော့ ဘာမှ တော့ မဖြစ်တာ သေချာတယ်။

  • kai

    May 4, 2011 at 9:27 am

    ဒေါ်လာရာတန်ဆိုရင်တော့ အမည်းမှမဟုတ်ပါဘူး..။ ဘေးကအကုန်လိုလို မျက်စောင်းထိုးနေမှာ..။
    သာမန်အားဖြင့် ၂ဝတန်နဲ့..အောက်တွေပဲသုံးကြတာပါ..။ ၅ဝတန်တောင် မသုံးသလောက်ပဲ..။

    ဆိုတော့…
    ပလပ်စတစ်ကဒ် ရှိတယ်လေ…။
    ဝယ်ချင်တာ.. ကဒ်နဲ့ဝယ်ကြတာပေါ့..။
    မြန်မာပြည်လည်း.. အဲဒီ ခရက်ဒစ်ကဒ်တွေ သုံးသင့်တယ်.။

    ပွိုင့်ဖိုးတွေတောင် ခရက်ဒစ်ကဒ်..ဒက်ဘစ်ကဒ်နဲ့ ငွေပေးမလား စဉ်းစားနေတာပဲ..။
    နောက်ပိုင်း မြန်မာတွေ..နိုင်ငံခြားအထွက်များလာရင်.. လက်လွဲတာလည်း လွယ်တယ်မဟုတ်လား..။ 🙂

    • Gipsy

      May 4, 2011 at 10:33 am

      သူကြီးခင်ဗျား…၊
      မသက်ဆိုင်သူတွေ ပါဝင်လာတဲ့ အတင်းအဖျင်း ပို့စ် တွေကိုဖျက်ပေးပါခင်ဗျား…၊
      သက်ဆိုင်တဲ့အားလုံးကိုဖျက်ပေးရန်တောင်းဆိုပါတယ်…၊
      ကောင်းမြတ် 88 ရော အရင်ပို့စ်တွေ ကိုပါဖျက်ပေးပါခင်ဗျာ…၊
      သူကြီးထံသို့ mail ပို့ထားပါတယ်..၊
      ရောက်တယ်မရောက်ဖူး မသိလို့ပါခင်ဗျ…၊

  • ဆူး

    May 4, 2011 at 9:36 am

    မြန်မာပြည်မှာ ကဒ် စနစ် ရှင်သန်လာဖို့ လူတွေ ယုံယုံကြည်ကြည် သုံးဖို့ အချိန် စောင့်ရအုန်းမယ် ထင်တယ်။
    ပွိုင့် စနစ် ကို အကြံပေးချင်တာတော့.. မြန်မာ ငွေ အနေနဲ့ ပြ မနေပဲ.. ဒေါ်လာ အနေနဲ့.. ပြရင် ပိုကောင်းမလားလို့.. မြန်မာ ငွေ အနေနဲ့ ပြတာ ဂဏန်းတွေသာ များနေတာ.. တကယ်တမ်းတော့.. ၁သိန်းကို ၁၀ဝ တွက်မယ်ဆိုရင်.. ၁၀ဝ ကို မှာ ၈သောင်း ဝန်းကျင်.. လောက်ပဲ ဖြစ်သွားမှာ.. အခွံသာကြီးပြီး အစံ သေးနေသလို တွေးမိတယ်။

  • nature

    May 4, 2011 at 11:56 am

    ရောင်းနေဝယ်နေကြဖောက်သည်တွေကတော့ ဒါမျိုးမလုပ်ပါဘူး၊ တခါတလေမှအဲဒီမှာသွားရောင်းတဲ့သူတွေကတော့မကြာခဏဖြစ်တတ်ပါတယ်။

  • မမလေး

    May 4, 2011 at 1:04 pm

    ငွေလဲရင်တော့ Summit Parkview မှာတော့ စိတ်ချရတယ် ဒါပေမယ့် အဲ့ဒီကလူတွေက အပေါက်ဆိုးတယ် .. မျက်နှာထားတင်းတင်း အသံမာမာနဲ့ …

    • eros

      May 4, 2011 at 2:08 pm

      သေချာတာပေါ့ Summit Parkview ကပန်းချီဆိုင်ကလေ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လဲတာကို မျက်နှာထားတင်းတင်း အသံမာမာနဲ့ သူ့ ထမင်းစားနေတယ် ထင်နေလားမသိဘူး။ မဖြစ်မနေသာတဲ့ အဆုံးမှာမှ သွားတယ်။ တခြားနေရာတွေပဲသွားတယ်။

Leave a Reply