အခြေအနေမဲ့ သန်းကြွယ်သူဌေး အပိုင်း (၂)

ကြိုက်သလောက်ပြောရော့ပဲ။မသိယောင်ဘဲနေလိုက်တယ်။ဒါကလည်း သူ့ဟာသူ ကျင့်သားရလာတာမျိုးပါပဲ။အရေထူနေပါပြီ။

ကျွန်တော့်ကို စစ်ဆေးနေတဲ့ အခန်းအပြင်ဘက်မှာတော့ ရဲသားနှစ်ယောက် ခပ်တောင့်တောင့်နဲ့သတိစွဲ ရပ်နေကြတယ်။ကြည့်ရတာ

အရေးကြီး ပုဂ္ဂိုလ်တစ်ယောက်ယောက်ရောက်နေပုံပဲ။မနက်တုန်းကတော့ သူတို့တွေ ကွမ်းလေးတဝါးဝါးနဲ့ ညစ်တီးညစ်ပတ်ဟာသတွေ ပြောနေ

ကြတာ။ဂွတ်ဘိုး  ကတော့ထုံးစံအတိုင်းကျွန်တော့် ဆွဲခေါ်လာပြီး အဲ့ဒီအခန်းထဲတွန်းလွှတ်လိုက်တယ်။အခန်းထဲမှာ လူနှစ်ယောက် မတ်တပ်ရပ်နေ

ကြတယ်။သူတို့နောက်ကနံရံမှာ ရာဇဝတ်မှု စာရင်းဇယားတွေကို ကားချပ်နဲ့ရေးပြီး ချိတ်ထားတယ်။ပြန်ပေးဆွဲတာတွေ လူသတ်တာမျိုးတွေပဲဖြစ်

မယ်။အဲ..သူတို့ထဲက တစ်ယောက်ကိုတော့ ကျွန်တော်မှတ်မိတယ်ဗျ။အဲဒီလူပဲ။မိန်းမဆံပင်လို ၊ရော့စတား တစ်ယောက်ရဲ ့ဆံပင်လို ခပ်ရှည်ရှည်။

မေးဖြေ အစီအစဉ် ရိုက်တုန်းက ညွှန်ကြားချက်တွေကို အစီအစဉ်တင်ဆက်တဲ့လူဆီ လှမ်းပြောနေတဲ့သူပေါ့။နောက်တစ်ယောက်တော့ ကျွန်တော်

မသိဘူး။ထိပ်လုံးဝပြောင်နေတဲ့ လူဖြူတစ်ယောက်ပဲ။မရမ်းစေ့ရောင်နုနု အနောက်တိုင်းဝတ်စုံ၊လိမ္မော်ရောင်တောက်တောက် လည်စည်းနဲ ့။ဒီလို

ပူအိုက်မွန်းကြပ်တဲ့ အချိန်မျိုးမှာ ဒါမျိုးဝတ်နိုင်တာ လူဖြူတွေပဲရှိမပေါ့ဗျာ။ဒါကြည့်ပြီး ဗိုလ်မှူးကြီး တေလာကိုတောင် သတိရမိသေးတယ်။

မျက်နှာကျက် ပန်ကာကတော့ အစွမ်းကုန်လည်နေတာပဲ။ဒါတောင် အခန်းထဲမှာ လှောင်နေသေးတယ်။ပြတင်းပေါက်လည်းမရှိဘဲကိုး။

လေရတယ်ကို မထင်မိတာ။အပူကလည်း ဆေးကျွတ်နေတဲ့ နံရံဖြူတွေကနေ ကူးစက်မြင့်တက်လာပြီးတော့

သစ်သားမျက်နှာကျက်နိမ့်နိမ့်တွေအောက်

မှာ ပိတ်လှောင်နေသလိုပဲ။သေးသွယ်ရှည်လျားတဲ့ ယက်မက အခန်းကို နှစ်ပိုင်း ပိုင်းထားတယ်။အခန်းထဲမှာ သံချေးတက်စားပွဲတစ်လုံးရယ်၊စားပွဲကို

ဝိုင်းထားတဲ့ ခုံသုံးလုံးရယ်၊သစ်သားယက်မကနေ စားပွဲပေါ်တွဲလောင်းကျနေတဲ့ မီးစလောင်းတစ်ခုရယ် ဒါပဲရှိတယ်။

ဂွတ်ဘိုး က ကျွန်တော့်ကိုခေါ်ပြီး လူဖြူကြီးကိုပြလိုက်တယ်။ပုံစံက ဆပ်ကပ်ဆရာက သူလေ့ကျင့်ထားတဲ့ ခြင်္သေ့တစ်ကောင်ကို ပြသလို

မျိုးပေါ့။

“ဒါ..ရမ် မိုဟာမက် သောမတ်(စ်) ပေါ့ ဆရာ”

လူဖြူကြီးက သူနဖူးကို လက်ကိုင်ပုဝါနဲ ့တို့ပြီး  ကျွန်တော့်ကိုတစ်ချက်လှမ်းကြည့်တယ်။မျိုးစပ်ထားတဲ့ မျောက်မျိုးကွဲအသစ်တစ်မျိုးပေါ့လေ။

“ဒါဖြင့်..တို့ရဲ ့နာမည်ကျော် ကံထူးရှင်ကြီးပေါ့ဟ!”

ဒီလူကြီးက ကျွန်တော်ထင်တာထက်တောင် အသက်ကြီးမယ်။သူ့လေသံကို ဖမ်းမိအောင် ကျွန်တော်ကြိုးစားကြည့်တယ်။စကားပြောရင် နှာသံပါပါ

နဲ့ ချမ်းသာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေပုံစံမျိုး ၊ဟိုး အရင် အက်ဂရာ မှာ ကျွန်တော်တွေ ့ဖူးသလိုမျိုးပဲ။တော်တော်ဝေးတဲ့ ဘယ်လ်တီမိုး တို့ ဘော်စ

တွန် နယ်တို့ ဘက်ကဖြစ်မယ်။

အမေရိကန်ကြီးက ခုံပေါ်မှာ သက်သာအောင်ပြင်ထိုင်လိုက်တယ်။သူ့မျက်လုံးတွေက အပြာရင့်ရင့်၊နှာခေါင်းက ပန်းရောင်နဲ့ နဖူးပေါ်မှာ

သွေးကြောစိမ်းစိမ်းလေးတွေ ခွဲဖြာထွက်နေတယ်။သူက စပြီး နှုတ်ဆက်တယ်။

“ဟဲလို..ငါ့နာမည်က နီးလ်ဂျွန်ဆင်..New Age Telemedia ရဲ ့ကိုယ်စားလှယ်ပေါ့ကွာ။မေးဖြေ အစီအစဉ်ကို လုပ်ပေးတဲ့ ကုမ္ပဏီလေ ..

ဒါကတော့ ထုတ်လုပ်သူ ဘီလီနန္ဒာ ပေါ့”

ကျွန်တော်ငြိမ်နေလိုက်တယ်။မျောက်တွေ ဆိုတာစကားမှ မပြောတာ။အထူးသဖြင့် အင်္ဂလိပ်လို ဆိုရင်ပေါ့ဗျာ။သူက နန္ဒာ့ ဘက်လှည့်ပြီး-

“သူ အင်္ဂလိပ်လို နားလည်တယ်မို့လား”

“ခင်ဗျားကလည်းဗျာ..ဒီလို ပေစုတ်စုတ် အရက်ဆိုင်မှာ စားပွဲထိုးလုပ်တဲ့ ငတိလိုကောင်ဆီကနေ အင်္ဂလိပ်စကားပြန်ပြောဖို့      မျှော်လင့်နေသေးတယ်”

နန္ဒာ ဆိုတဲ့ ငနဲက ဆုံးမသလိုလို သတိပေးသလိုလိုနဲ ့ အမေရိကန်ကြီး ပြောလိုက်တယ်။

စူးရှတဲ့ ကားဥဩသံ နီးလာတာကျွန်တော်ကြားလိုက်တယ်။ရဲသားတစ်ယောက်အခန်းထဲပြေးဝင်လာပြီး ဂွတ်ဘိုး ကိုတိုးတိုးကပ်ပြောတယ်။

အင်စပတ်တော်ကြီးလည်း ခပ်မြန်မြန်ထွက်ပြီး ဝဝဖိုင့်ဖိုင့် ခပ်ပုပုနဲ့ ရာထူးမြင့် ရဲအရာရှိဝတ်စုံဝတ်ထားတဲ့လူတစ်ယောက်နဲ့ အတူပြန်ဝင်လာတယ်။

ဂွတ်ဘိုးက ကွမ်းချိုးတက်နေတဲ့ သူသွားဝါဝါကြီးတွေဖြဲပြီး –

“မစ္စတာ ဂျွန်ဆင်..မင်းကြီး ရောက်ပါပြီ”

မစ္စတာဂျွန်ဆင် ထလာပြီး-

“ခင်ဗျားလာတာကျေးဇူးပဲ မင်းကြီး..ဘီလီကိုတော့ သိမယ်ထင်ပါတယ်”

မင်းကြီးက ခေါင်းတငြိမ့်ငြိမ့်လုပ်ပြီး-

“ကျုပ်လည်း ပြည်ထဲရေးဝန်ကြီးဆီက သတင်းရရချင်း လာခဲ့တာပဲ”

“အိုး..ဟုတ်တာပေါ့..သူက မစ္စတာမစ်ခေးလ်လော့ဗ် ရဲ ့သူငယ်ချင်းပဲ”

“ကဲ ကောင်းပြီဗျာ ကျုပ်ဘာလုပ်ပေးရမှာလဲ”

“မင်းကြီး ရေ W3B ကိစ္စခင်ဗျားအကူညီ ကျွန်တော်လိုသဗျ”

“W3B ..ဘာတုန်းဗျ”

“အရှည်က Who Will Win A Billion လေ။အဲဒါ ခုစနေတဲ့ မေးဖြေ အစီအစဉ်ပေါ့ဗျာ။နိုင်ငံပေါင်း ၃၅ နိုင်ငံမှာ ကျွန်တော်တို့ ကုမ္ပဏီက

လုပ်နေတာလေ။မွန်ဘိုင်း တမြို့လုံးကျွန်တော်တို့ ကြော်ငြာတွေ တွေ့မိမှာပေါ့”

“မျက်စိမှောက်သလားပဲ။ဒါနဲ ့ဘာလို့ သန်းတစ်ထောင်တောင် လုပ်ရတာလဲ”

“ဘာလို့မလုပ်ရမှာလဲဗျ..ခင်ဗျား ဘယ်သူမီလျှံနာ ဖြစ်ချင်လဲ ဆိုတဲ့အစီအစဉ် ကြည့်တယ်မို ့လား”

“အဲဒါလား ..အဲ့ဒီအစီအစဉ်ကတော့ တစ်နိုင်ငံလုံး စွဲကြတာပဲဗျ၊ကျုပ် အိမ်သားတွေဆို မဖြစ်မနေကိုကြည့်ကြတာပဲ”

“ဘာလို့ကြည့်သလဲဗျာ”

“ဘာလို့လဲဆိုတော့ တော်တော့်ကို စိတ်ဝင်စားစရာ ကောင်းတာကိုးဗျ”

“ကဲဗျာ..ဒါဖြင့်ရင် အဲ့ဒီအစီအစဉ်မှာ အမြင့်ဆုံးဆုကို တစ်သန်းမလုပ်ဘဲ တစ်သောင်းဆိုရင်ကော ခင်ဗျားတို့ပထမတုန်းကလောက်

စိတ်ဝင်စားပါဦးမလား”

“အင်း..ဘယ်စိတ်ဝင်စားတော့မလဲ”

“သေချာတာပေါ့ဗျာ၊ခင်ဗျားကြည့်လေ..လောကမှာ လူ့စိတ်ကိုဆွလို့အကောင်းဆုံးက လိင်မှုကိစ္စ မဟုတ်ဘူးဗျ..ငွေ ငွေ။

ငွေများများရှိလေ ဆွလို့ကောင်းလေပဲ”

“ဟုတ်ပါပြီ..ဒါနဲ့ အစီအစဉ်မှူးကရော ဘယ်သူတုန်းဗျ”

“ပရမ် ကူးမားလေဗျာ”

“အာ..ပရမ်ကူးမားက အရံမင်းသားလောက်ရှိတာကို၊အမီတာဘာဂျမ်း တစ်ဝက်လောက်တောင် ကျော်ကြားတာမဟုတ်ဘူး”

“စိတ်မပူပါနဲ့..သူဖြစ်မှာပါ။သူ့ရွေးလို့ ကျွန်တော်တို့တောင် ကျေးဇူးတင်ခံရဦးမယ်..ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့

New Age Telemedia ရဲ့ အိန္ဒိယကုမ္ပဏီခွဲမှာ ရှယ်ယာ ၂၉ ရာခိုင်နှုန်းတောင် ထည့်ထားတာဗျ”

“အိုခေ..ကျုပ်ကောင်းကောင်း နားလည်ပြီ။ဒါနဲ့ ဒီကောင်လေး ဘယ်သူ..ရမ်မိုဟာမက် သောမတ်စ် ၊သူက ဘယ်လိုဖြစ်ပြီး

ဒီထဲပါနေရတာလဲ”

“သူက ကျွန်တော်တို့အစီအစဉ် ၁၅ ပိုင်းမြောက်မှာ ဝင်ပြိုင်တဲ့သူလေ”

“ပြီးတော့”

“ပြီးတော့ ရူးပီး တစ်ဘီလျှံကို ရဖို့ မေးခွန်း ၁၂ခုလုံး မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့တယ်လေ”

“ဘာဗျ..ခင်ဗျားနောက်နေတာလား”

“ဟင့်အင်း မနောက်ပါဘူးဗျ..ကျွန်တော်တို့လည်း ခင်ဗျားလိုပဲ အံအားသင့်နေကြတာ။ဒီကောင်လေးက သမိုင်းတလျှောက် အမြင့်

ဆုံး ဆုကြေး ရသွားတာပဲဗျ။ အဲ့ဒီအပိုင်းကတော့ ခုမလွှင့်ရသေးပါဘူး၊ လူသိပ်မသိသေးဘူးပေါ့ဗျာ”

“အိုခေ..သူသန်းတစ်ထောင်ဆုကို နိုင်ခဲ့တယ် အဲ..ရခဲ့ရင်ပေါ့ဗျာ..ပြဿနာက ဘာတုန်းဗျ”

ဂျွန်ဆင် ခဏရပ်သွားတယ်။ “ကျွန်တော် နဲ့ မင်းကြီးရယ် ဘီလီရယ် သီးသန့်ပြောလို့ရမလား”

မင်းကြီးက ဂွတ်ဘိုး ကိုထွက်သွားဖို့ မျက်ရိပ်ပြလိုက်တယ်။အင်စပတ်တော်ကြီးက ကျွန်တော့်ကို စူးစူးဝါးဝါးကြည့်ပြီးထွက်သွားလေရဲ့။

အခန်းထဲမှာ ကျွန်တော်ကျန်ခဲ့တာပေါ့။ဒါပေမဲ့ ဘယ်သူမှ ဂရုမပြုပါဘူး။ကျွန်တော်က စားပွဲထိုးတစ်ယောက်ပဲလေ။အဲ့ဒီစားပွဲထိုးဆိုတဲ့ကောင်က

လည်း အင်္ဂလိပ်စကား နားမလည်ဘူးမို့လား။

4 comments

  • kai

    May 3, 2011 at 7:58 am

    စလန်င်းဒေါ့ထဲမှာတော့.. မေးခွန်းအကုန်မဖြေရသေးပဲ.. နောက်ဆုံးမေးခွန်းကို..အချုပ်ကနေပြေးဖြေတာ..။

    “ပြီးတော့ ရူးပီး တစ်ဘီလျှံကို ရဖို့ မေးခွန်း ၁၂ခုလုံး မှန်မှန်ကန်ကန် ဖြေနိုင်ခဲ့တယ်လေ”
    အရ.. ဝတ္တုမှာ အကုန်ဖြေထားသလိုဖြစ်နေတယ်..။

  • mgbahlaing

    May 3, 2011 at 11:30 am

    ဟုတ်တယ် ဦးခိုင်ရေ..ရုပ်ရှင်က ဝတ္ထုရဲ ့ကျောရိုးလောက်ပဲ ယူထား
    တာ။ဇာတ်ကွက် တွေလည်း မတူဘူး ခင်ဗျ။

  • Mobile

    February 5, 2013 at 10:17 pm

    အားပေးသူ သဂျီးတစ်ယောက်နှင့် စခဲ့ရတယ်ပေါ့။
    အပိုင်းနှစ်ကို ကူးယူနေပြီဖြစ်ပါကြောင်း ခြေရာလေးထားခဲ့တာပါ။

  • Ma Ma

    October 25, 2013 at 4:24 pm

    စစဖတ်ချင်းတုန်းက သိပ်မစွဲသေးဘူး။
    ဖတ်တော့ဖတ်ဖြစ်တယ် သိပ်မမန့်ဖြစ်ဘူး။
    ဖတ်ရင်းနဲ့ တဖြေးဖြေးစွဲသွားတာ။
    စာအုပ်ထွက်ရင် သိမ်းထားဖို့ ဝယ်အုံးမှာ။
    မောင်မိုဘိုင်းလိုပဲ ရီဗီရှင်း ပြန်နေကြောင်း ခြေရာပြတာ။ 🙂

Leave a Reply