ဧပြီလ ၂ရ ရက်၊ မြန်မာစံတော်ချိန် ည၁၈း၃ဝ နာရီမှာ စတင်ပြီး သတိထားလေ့လာခဲ့ရတဲ့ လေဖိအားနည်းရပ်ဝန်း 95B စတင်ဖြစ်ပေါ်စဉ်မှ ယနေ့ နံနက် ၆ နာရီခွဲအချိန်ရရှိတဲ့ အချက်အလက်များကို နှိုင်းယှဉ် လေ့လာကြည့်တဲ့ အခါ အခုလို တွေ့ရပါတယ် –

01 May 2011 1800Z Location: 14.2 91.1 Winds: 25 knots Central Pressure: 1004 hPa
01 May 2011 1200Z Location: 13.1 90.6 Winds: 25 knots Central Pressure: 1004 hPa
01 May 2011 0000Z Location: 11.0 91.0 Winds: 25 knots Central Pressure: 1004 hPa
30 Apr 2011 0000Z Location: 9.4 86.8 Winds: 20 knots Central Pressure: 1007 hPa
29 Apr 2011 0000Z Location: 10.6 85.1 Winds: 20 knots Central Pressure: 1007 hPa
28 Apr 2011 0600Z Location: 10.5 83.4 Winds: 15 knots Central Pressure: 1010 hPa
27 Apr 2011 1800Z Location: 10.4 82.1 Winds: 15 knots Central Pressure: 1010 hPa
27 Apr 2011 1200Z Location: 10.3 82.0 Winds: 15 knots Central Pressure: 1010 hPa

အခုလို လေထုလွှာအပေါ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လက်ဝဲရစ် လေစီးကြောင်းလည်ပတ်မှုကို အိနိ္ဒယမိုးလေဝသဌာနကတော့ နောက် ၂ ရက်လောက်မှာ လေဖိအားနည်းရပ်ဝန်းအဖြစ် သတ်မှတ်လို့ရမဲ့ အခြေအနေဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်

The upper air cyclonic circulation over central parts of south Bay of Bengal persists and extends up to mid­-tropospheric levels. It may develop as a low pressure area during next 1­2 days.

လက်ရှိ အခြေအနေမှာ ကျနော်တို့ကတော့ ဒီလေဖိအားနည်းရပ်ဝန်း 95B ရဲ့ တည်နေရာနဲ့ ရွေ့လျားမှုကို တောက်လျှောက် စောင့်ကြည့် တင်ပြပေးသွားမှာ ဖြစ်ပါတယ်၊

ဒီနေ့ မြန်မာစံတော်ချိန် ၆နာရီ ရတဲ့ data တွေအရ 95B ဟာ မြန်မာနိုင်ငံ မော်တင်စွန်းရဲ့ အနောက်ဘက်တည့်တည့် မိုင် ၃၄ဝ လောက်မှာ တည်ရှိနေတာဖြစ်ပါတယ်၊ ရွေ့လျားမှုကေ

About MaungMin

has written 7 post in this Website..