အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခုလှုပ်

klnApril 30, 20101min570

ဧပြီ ၂၉ရက်နံနက် ဝဝနာရီ ၃၃မိနစ် ၂၈စက္ကန့်တွင် ကမာ္ဘအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် မိုင် ၂၆ဝခန့်ကွာဝေးသော စစ်တွေမြို့ ၏အရှေ့တောင်ဘက် မိုင် ၆ဝခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅ဒသမ၁ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုလှုပ်သွားသည်ကို တိုင်းထွာရရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်း ၂၀၁ဝခုနှစ် ဧပြီလ ၃ဝရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။ www.khitlunge.org.mm