အမေရိကန်နှင့် မဟာမိတ်များကိုု အကြမ်းဖက်စစ် ဆင်နွှဲခဲ့သူ၊ နိုုင်းအီလဲဗင်း တရားခံ အိုုဆာမာဘင်လာဒင်ကိုု အမေရိကန်စစ်တပ်က အသေပစ်သတ် နှိမ်နင်းလိုုက်ပြီ

ဦးကောက်May 2, 20111min1128

မေလ ၁ရက်၊ အရှေ့ဖက်ကမ်း စံတော်ချိန် ၁၁ နာရီခွဲ ညဖက်အချိန်တွင် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတ အိုုဘာမားကုိုယ်တိုုင်က ထုုတ်ဖော် အတည်ပြုပြောကြားလိုုက်သည်။

မိမိတိုု့ အမေရိကန်တပ်များ၊ လုုံခြုံရေးတပ်ဖွဲ့ဝင်များကိုုယ်တိုုင်က ဘင်လာဒင်ကိုု စစ်ဆင်ရေးဖြင့် အသေပစ်သတ်နှိမ်နင်းနိုုင်ခဲ့သည်ဟုု ဆိုုသည်။ ပစ်သတ်ဖမ်းဆီင်္းသည့် နေရာမှာ ၎င်းပုုန်းခိုုနေသည်ဆိုုသော ၎င်းအကြမ်းဖက်တပ်ဖွဲ့များရှိသော တာလီဘန်များ၊ အယ်ကိုုင်ဒါများ အခြေစိုုက်ရာ အာဖဂန်နစ္စတန်ပြည်တွင် မဟုုတ်ဘဲ ပါကစ္စတန်ပြည်၊ မြိ်ု့ကြီး အစ္စလံမာဘတ်မြို့အနီး၊ ခြံဝိုုင်းတခုုအတွင်းတွင် ဖြစ်သည်ဟုု ဆိုုသည်။
ဘင်လာဒင်နှင့် အပေါင်းအပါများ ပုုန်းခိုုနေသော နေရာကိုု ထောက်လှမ်းရေးက သတင်းထောက်လှမ်းပြီး လျိူ့ဝှက်စစ်ဆင်ရေးကိုု လပေါင်းများစွာ ပြင်ဆင် ဆင်နွဲခဲ့သည်ဟုု သမ္မတကိုုယ်တိုုင် ထုုတ်ပြောခြင်းဖြစ်သည်။
သတင်းထွက်ပေါ်ချိန်မှာ သမ္မတကြီးအတည်ပြုမပြောခင် ၂ နာရီခန့်စောသည်။ ထိုုသတင်းကြောင့် ဝါရှင်တန်ဒီစီ အိမ်ဖြူတော်ရှေ့တွင် ပရိသတ်တိုု့ စုုဝေးပြီး အမေရိကန် နိုုင်ငံတော်သီချင်း ဟစ်ကြွေးခြင်း၊ ယူအက်စ်အေ … ယူအက်စ်အေ ဟုု ကြွေးကြော်ခြင်းတိုု့ဖြင့် အောင်မြင်ခြင်း အထိမ်းအမှတ်များ ဆင်နွဲလျက်ရှိသည်။
အမေရိကန်နှင့် မဟာမိတ်များက နိုုင်ငံတကာအကြမ်းဖက် ကွန်ယက်များက ၎င်းတိုု့၏ ခေါင်းဆောင်တဦးဖြစ်သူ ဘင်လာဒင် (အသက် ၇ဝနှစ်ခန့်ရှိပြီ) ကျဆုုံးသည်ကိုု လက်တုုန့်ပြန်သည့် အကြမ်းဖက် တိုုက်ခိုုက်မှုများ ပြုလုုပ်လာခြင်းကိုု ကာကွယ်ရန်၊ သတိပြုကြရန် ပြင်ဆင်ခြင်းများ ပြုလုုပ်ထားသည်။
လွန်ခဲ့သည် ၂၀၀၁ စက်တင်ဘာ ၁၁ ရက် လွန်ခဲ့သည့် ၁ဝ နှစ် က အမေရိကန်ပြည်၊ နယူးယောက်၊ ကမာ္ဘ့ကုုန်သွယ်မှု အဆောက်အဦးကိုု ခရီးသည်လေယာဉ်ကြီးများ ပြန်ပေးဆွဲပြီး ဝင်ရောက်တိုုက်ခိုုက် ဖျက်ဆီးခဲ့ရာ လူ ၃ ထောင် ကျော် သေဆုုံးခဲ့သည်။ ထိုုမှစ၍ ၁ဝ နှစ် ဆက်တိုုက် အမေရိကန်သည် ကမာ္ဘအနှံ့တွင် အကြမ်းဖက်သမားများ အဖွဲ့အစည်းများကိုု စစ်ကြေညာပြီး တိုုက်ခိုုက်နှိမ်နှင်းလျက် ရှိရာ ယခုုအခါတွင် တရားခံဖြစ်သူ အကြမ်းဖက်ခေါင်းဆောင် အိုုစာမာ ဘင်လာဒင်ကိုု အသေပစ်သတ် နှိမ်နင်းနိုုင်ခဲ့ပြီ ဖြစ်သည်။
အိုုဘားမားသည် နိုုင်ငံတော်၏ ရန်သူ ဘင်လာဒင်ကိုု နှိမ်နင်းနိုုင်ခဲ့ပြီး ဖြစ်ကြောင်းကိုု သတင်းကြေညာသည့် စင်မြင့်တွင် တဦးတည်း ထွက်ရှိပြီး အတည်ပြုပြောကြားသွားခြင်းဖြစ်သည်။ တရားဥပဒေနှင့်အညီ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်ဟုု ၎င်းက ပြောသည်။ အမေရိကန်ပြည်သားတိုု့၏ ဂုုဏ်သိက္ခာကိုု ဆက်လက် ထိန်းသိမ်း သွားမည်။ ကာကွယ်သွားမည်ဟုု ပြောသည်။ ထိုု့အပြင် အမေရိကန်တိုု့သည် စည်းလုုံးညီညွတ်စွာဖြင့် ဆက်လက်ချီတက်သွားမည်ဟုု ဆိုုသည်။ အမေရိကန်သမ္မတ အိုုဘားမားသည် စိတ်လှုပ်ရှားဖွယ်ကောင်းသော သမိုုင်းတွင်မည့် ဖြစ်ရပ်ကြီးကိုု တည်ငြိမ်အေးဆေးစွာဖြင့် တဦးတည် ထုုတ်ပြန်သွားသည်မှာ ထူးခြားမှုဟုု ဆိုုနိုုင်သည်။

မိုးမခ ဝက်ဆိုက်မှ ကူးယူဖော်ပြပါသည်။

8 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 6:28 am

    ( အမေရိကန်နှင့် မဟာမိတ်များက နိုုင်ငံတကာအကြမ်းဖက် ကွန်ယက်များက ၎င်းတိုု့၏ ခေါင်းဆောင်တဦးဖြစ်သူ ဘင်လာဒင် (အသက် ၇ဝနှစ်ခန့်ရှိပြီ) ကျဆုုံးသည်ကိုု လက်တုုန့်ပြန်သည့် အကြမ်းဖက် တိုုက်ခိုုက်မှုများ ပြုလုုပ်လာခြင်းကိုု ကာကွယ်ရန်၊ သတိပြုကြရန် ပြင်ဆင်ခြင်းများ ပြုလုုပ်ထားသည်။)
    ဒီဆိုက်မှာကတော့ အသက်ကို ငါးဆယ်ကျော်ပြောထားတယ်
    http://freedomnewsgroup.com/2011/05/02/osama-bin-laden-killed-in-pakistan/#more-19116
    (သီရိထက် ဝါရှင်တန် ဒီစီမှ သတင်းပေးပို ့သည်
    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် နယူးယောက် ကမာ္ဘ ့ကုန်သွယ်ရေး မျှော်စင် ညီနောင် နှင့်
    အခြား တိုက် ခိုက်မှု များ ကို စီစဉ် ခဲ့သည့် ယခင် အာဖဂန် နစ္စတန် နိုင်ငံ အခြေစိုက် အယ်(လ)
    ကာယီးဒါး အကြမ်း ဖက် အဖွဲ ့ ၏ ခေါင်းဆောင် နှင့် ဆော်ဒီ အာရေး ဗီးယား နိုင်ငံ ဖွား ချမ်းသာ
    သော သူ ဌေး တစ်ဦး ဖြစ်သူ အိုစမာ ဘင် လာဒင် သည် အမေရိကန် တပ်ဖွဲ ့များ ၏ မြေပြင်
    တိုက် ခိုက် မှု များ အတွင်း ပါကစ္စတန် နိုင်ငံတွင် သေဆုံး သွား ပြီး ဖြစ်ကြောင်း နှင့် သူ၏ ရုပ်
    အလောင်း ကို အမေရိကန် တပ် ဖွဲ ့များ က ရရှိထား ပြီး ဖြစ်ကြောင်း တနင်္ဂနွေ နေ ့ည တွင်
    သမ္မတ အိုဘားမား က တစ် နိုင်ငံ လုံးသို ့မိန် ့ခွန်း ပြောကြား သည် Freedom News Group မှ
    သတင်း ရရှိသည်။
    စက်တင် ဘာ ၁၁ ရက် တိုက် ခိုက်မှု မတိုင် ခင် ကတည်းက FBI အဖွဲ ့ ၏ အလိုရှိ ဆုံး သူ ဆယ်ဦးတွင်
    ပါဝင်သည့် အိုစမာ ဘင်လာဒင်သည် အမေရိကန် တပ်ဖွဲ ့များ ၏ မြေပြင် စစ်ဆင် ရေး တစ်ခု အတွင်း
    ပါကစ္စတန် နိုင်ငံ ဉ် တနင်္ဂနွေ နေ ့ က သေဆုံး ခဲ့ကာ အမေရိကန် တာဝန် ရှိသူများ
    က စစ်ဆေး ပြီး နောက် ယနေ ့အတည် ပြု ပြောကြား ခြင်း ဖြစ်သည်။

    စက်တင်ဘာ ၁၁ ရက် တိုက် ခိုက် မှု ကြောင့် အမေရိကန် တွင် လူပေါင်း ၃၀၀ဝ ကျော် သေဆုံး ခဲ့သည်။
    အမေရိကန် သမ္မတ အိုဘာမား က အိုစမာဘင် လာဒင် သေဆုံး ကြောင်း ယနေ ့ အတည် ပြု ပြောကြား
    ခဲ့ရာ အမေရိကန် ပြည်သူများ က အိမ်ဖြူတော် တွင် လာရောက် စု ရုံးပြီး အောင်ပွဲခံကြသည်။

    အိုစမာ ဘင်လာ ဒင် သည် သေဆုံးချိန် တွင် အသက် ၅၄ နှစ် ရှိပြီ ဖြစ်သည်။ ဘင်လာဒင်သည်
    အစ္စလာ မာဘတ် မြို ့၏ မြောက် ဘက် ၅ဝ ကီလို မီတာ (မိုင် ၄၀) အကွာရှိ အဘော်ဒါဘတ် မြို ့တွင် အမေရိကန်
    ရေတပ် အထူးတပ်ဖွဲ့ က ၎င်း ပုန်းအောင် နေသည့် နေရာ ကို ဝင်ရောက် ရှင်းလင်း စဉ် အမေရိကန် တပ်ဖွဲ ့များ
    ၏ လက်ချက် ဖြင့် အသေ ဖမ်းမိ ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက် ပွဲ တွင် သူ ၏ သား နှင့် အခြား ထိပ်တန်း
    ခေါင်း ဆောင် နှစ်ဦး ကို ပါ အသေ ဖမ်းမိခဲ့သည်။

    အိုစမာ ဘင် လာ ဒင် ဆို တာ ဘယ် သူလဲ

    အမေရိကန် အပါအဝင် နိုင်ငံတကာ ဉ် အကြမ်းဖက် မှု များ ကို ကျုးလွန် ပြီး အကြမ်းဖက်
    အဖွဲ ့များ ကို ငွေကြေး စိုက်ထုတ်ပေး ခဲ့သည် အိုစမာဘင်လာဒင်သည် ၁၉၅ရ ခုနှစ်တွင်
    ယီမင် နိုင်ငံ မှ ပြောင်း ရွှေ ့အခြေစိုက် ပြီး ဆော်ဒီအာရေးဗီးယား နိုင်ငံတွင် ဆောက် လုပ်ရေး
    လုပ်ငန်း များ ဖြင့် ချမ်းသာ ကြွယ်ဝလာသည့် မိုဟာမက် ဘင်လာဒင် ၏ သားသမီး ၅၂ ယောက်
    မှ ၁ရ ယောက် မြောက် သား ဖြစ်သည်။

    ၎င်း၏ ဖခင် သည် မက္ကာ နှင့် မဒီနာ မြို ့များ မှ အစ္စလာမ် မစ် ဗလီ များ ကို ပြန်လည် မွမ်းမံ ပြုပြင်
    ရာမှ ချမ်းသာ လာခဲ့ ပြီး သားသမီး များ ကို ဆော်ဒီအာရေး ဗီးယား နိုင်ငံ မှ ထိပ် တန်း တက္ကသိုလ်
    များ တွင် ပညာ သင်ကြား စေခဲ့သည်။

    ဘင်လာဒင် သည် တက္ကသိုလ် တွင် ပါလက်စတိုင်း လူမျိုး ပါမောက္ခ အစ္စလာမ် ဝါဒ သုတေသီ
    အဗ္ဗဒူလ် လာ အာဇမ် နှင့် တွေ ့ဆုံ ပြီး နောက် ပိုင်း တွင် ထို ပါမောက္ခ တည် ထောင် ထားသည့်
    မူဂျာဟေဒင် အဖွဲ ့များ ကို ငွေကြေး ထောက်ပံ့မှု များ ပြုခဲ့သည်။

    အာဇမ်၏ မူဂျာဟေဒင် အဖွဲ ့များသည် နောက် ပိုင်း တွင် ဆိုဗီယက် ကျူးကျော်မှု ကို တွန်းလှန်နေ
    သည့် အာဖဂန် နစ္စတန် တပ်ဖွဲ ့များ ဘက်မှာ ဝင်ရောက် တိုက်ခိုက် ရာ ဘင်လာဒင် လည်း ထိုအဖွဲ ့
    တွင် လိုက်ပါသွား ခဲ့ပြီး အာဖဂန် စစ်မြေပြင် ကို ရောက် ရှိခဲ့သည်။ ထိုအချိန် တွင် ဘင်လာဒင် ၏
    အသက် သည် ၂၂ နှစ် သာရှိသေးသည်။)

  • Myanmar

    May 2, 2011 at 10:09 am

    To U Kauk : Are you taking this post from Moemaka site because almost all are the same except age of Bin Laden? If you have taken from it to share those who do not have access to that site, you should give the credit to that site. Otherwise, it is plagiarism. Please see the link ” http://moemaka.blogspot.com/“.
    To editor : Please keep the rules of MG in practice, otherwise your site’s reputation will be affected by plagiarists. Thanks!

  • nozomi

    May 2, 2011 at 10:38 am

    ဆရာခိုင်ရေ သူများတွေလဲ ပြောကုန်ပြီ

    ကိုပေါက်စာကို ကူးတယ် တကြိမ်မှားတာ အကြောင်းမဟုတ်ပေမဲ့ မှားကြောင်း ဝန်ခံဘို့ တောင်းပန်ဘို့တော့ လိုမယ် ဒါပေမဲ့ မတောင်းပန်ဘူး လူကောင်းမှန်ရင် အမှားကိုဝန်ခံရဲ တောင်းပန်ရဲတဲ့ သတ္တိရှိရမှာပေါ့

    သူတင်တဲ့ စာအားလုံးက ကိုယ်တိုင်ရေး တစ်ခုမှ မပါဘူး ကူးချတွေချည်းပဲ
    အကြောင်းအရာ ကောင်းလွန်းလို့ တခြားသူဖတ်စေချင်တဲ့ စေတနာနဲ့ဆိုရင်တော့ လက်ခံပါတယ် ဒါပေမဲ့ ဘယ်ကယူပါတယ်ဆိုတာတော့ ပါရမယ် အခုထိမပါဘူး

    နောက်တစ်ကဒ် ထပ်ပြဘို့ သင့်နေပါပြီ

  • cobra

    May 2, 2011 at 11:26 am

    အသက်အရွယ်ကလည်းသေသင့်တဲ့အရွယ်ရောက်နေပါပီ….။
    မကောင်းမှုတွေအတော်များများလုပ်ထားတော့
    သူသေတာကိုပျော်နေကြတယ့်သူတွေရှိနေတာပေ့ါ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 2, 2011 at 6:28 pm

    ( ဘုရားကဟောထားတာဘဲ…ခိုးတဲ့သူကိုမမုန်းနဲ့တဲ့…ခိုးတဲ့စိတ်ကလေးကိုအဓိကမုန်းဖို့ပါဘဲ )
    ပုံ………….
    ……………ဦးကောက်၏ဆရာ
    ………………………………….အုန်းနှောက်

  • Hello Everyone

    May 2, 2011 at 9:43 pm

    အိုဘားမား နဲ့ အိုဆာမာ က အမျိုးတွေ မဟုတ်ဘူးလာ။ အို ပါတာချင်း တူတူ။

  • Hello Everyone

    May 2, 2011 at 9:43 pm

    အိုဘားမား နဲ့ အိုဆာမာ က အမျိုးတွေ မဟုတ်ဘူးလာ:။ အို ပါတာချင်း တူတူ။

  • ဦးကောက်

    May 3, 2011 at 1:39 am

    တောင်းပန်အပ်ပါသည်။ကျနော်အမှားလုပ်မိကြောင်းဝန်ခံအပ်ပါသည်။
    ကဲ…ကျေနပ်နိုင်ကြပါစေ….ယခုလို့ပွင့်လင်းတာကို…ကြိုဆိုလျှက်ရှိပါကြောင်း…
    နောက်နောင်လည်းအားပေးနိုင်ပါကြောင်း…ကျန်းမာချမ်းသာကြပါစေ…
    နောက်လည်းဝေဖန်နိုင်ကြပါစေ…

Leave a Reply