တရားနှင့်နေသူ ဆိုတာ ဘယ်လိုမျိုးပါလိမ့်

countryboyMay 2, 20111min20133

တရားရိပ်သာ အသီးသီး၊ ကျမ်းစာတတ်သူများက တရားနှင့်နေသူဆိုတာ ဝိပသ်သနာကမ်မဋ္ဌန်းကို အားထုတ်မှရမည် ဟု ပြောဆိုနေကြပါသည်။ တရားရိပ်သာသမားကလည်း စာပေသင်ယူသူများကို နွားကျောင်းပြီး နွားနို့မသောက်ရသူပမာ ပြောကြပါသည်။ စာပေသမားကလည်း စာပေအခြေခံရှိမှ တရားအားထုတ်နိုင်မည်ဟု ပြောကြပါသည်။ ဘယ်လို ဖြစ်လို့ လုပ်နည်းကွဲနေရပါသနည်း…လုပ်ရင်လုပ်သလောက်ပြီးမြောက်ရမည်သာ မဟုတ်လော…ရူပဗေဒဘာသာတွင် “အရွေ့မပါသော အလုပ်သည် ပြီးမြောက်အလုပ်မဟုတ်” ဟုပြောပါ သည်။ တရားနှင့်နေသူဆိုတာ ဘာလဲ…..

 

33 comments

  • naywoonni

    May 2, 2011 at 10:30 am

    အဲဒါ တရားနဲ့ နေသူတွေ မဟုတ်ဘူးဗျ တရားနဲ့ နေချင်ယောင်ဆောင်တဲ့သူတွေ တရားနဲ့နေတဲ့သူတွေက သူတို့အနားမကပ်ဘူး…။

  • mandalarthu

    May 2, 2011 at 1:36 pm

    If you want to know one who is living with Dhamma,you need to observe the learned persons near or around in Myanmar .From my point of view,you will really get the answer you want by doing two things.That’s is ”Insight Meditation” and” Living with teachings of our Lord Buddha”.
    My idea may be right or wrong,it’s just to share you.
    P.S. The important thing that you should not forge is that you can’t get the answer you want without doing anything.Sure!

    • countryboy

      May 22, 2011 at 7:40 am

      မန္တလာသူက တရားနှင့်နေသူ ဖြစ်ဖို့ မန်းသူရဲ့ ဘုရားကြီးတရားနှင့်ကိုင်ပေါက်တာပေါ့လေ။ မန်းသူရဲ့ အတွေးအမြင်ဟာ မှား(သို့)မှန် ဆိုတော့ ဘာအကျိုးကို ဖြစ်စေမှာလဲ။ ဘာမှ မလုပ်ပဲနှင့်တော့ ဘာမှ မရတာတော့ သေချာပါတယ်။ ရေကို မကူးရင်မျောမယ်၊ ကူးရင် နစ်မယ် ဆိုတာဟာ အသိမပါလို့ ၊ အမြင်လွဲလို့ပါပဲ။ လုပ်ပေမယ့် အမြင်မှားနေရင်၊ ဦးတည်ချက်မှားနေရင် အကျိုးနည်းစရာပဲရှိပါတယ်။ တရားနှင့်နေသူဆိုပြီး ရိပ်သာသွား၊ အိမ်ပြန်တော့ အိမ်သားတွေနှင့် ရန်ဖြစ်၊ မတည့်ဖြစ်တော့တာပေါ့။ ဒါက ရပ်ကွက်ထဲမှာ ဒီလိုပဲ ရှိတယ်၊

  • MaMa

    May 2, 2011 at 2:24 pm

    ဆရာတော်ကြီးတစ်ပါးက ယောက်မလိုလူနှင့် လျှာလိုလူဆိုပြီး ဥပမာတစ်ခု ပေးဖူးပါသည်။ ယောက်မသည် ဟင်းအိုးထဲတွင် ဟင်းကို မွှေနှောက်ပြီး အထိအတွေ့များသော်လည်း ဟင်း၏အရသာကို မသိပါ။ လျှာကမူ ဟင်းကို ယောက်မလောက် အထိအတွေ့မများသော်လည်း တစ်ခဏလေး ဟင်းနှင့်ထိတွေ့ရလျှင် ဟင်း၏အရသာကို သိသည်။ စာပေကို ကျက်ရုံ မှတ်ရုံ တတ်ရုံမျှဖြင့် တရားအရသာကို မသိနိုင်ပါ။ စာပေမတတ်သော်လည်း တတ်သိကျွမ်းကျင်သော ဆရာတော် သံဃာတော်များ၏ လမ်းပြညွှန်ကြားမှုများဖြင့် တရားအားထုတ်လျှင် တရားအရသာကို သိနိုင်ပါသည် ဟု မဟာစည်ဆရာတော်ကြီးက ဟောကြားဖူးပါသည်။ တရားနှင့်နေသူဆိုသည်ကို မြတ်စွာဘုရား၏ တရားတော်များကို တစ်နည်းနည်းဖြင့် လေ့လာ၊ သင်အံ၊ ကျက်မှတ်၊ အားထုတ် နေသူများ အားလုံးကို ခေါ်ဆိုနိုင်မည် ထင်ပါသည်။

    • countryboy

      May 22, 2011 at 7:31 am

      လူပြက်တွေ ပြက်ထားတာတွေ့မိသလိုပဲ ၊ ပြောပုံက စားတဲ့ပါးစပ်က မယိုဘူး၊ မစားတဲ့ ဘင်ကယိုတယ်၊ ယိုတဲ့ ဘင်ကမနံဘူး၊ မယိုတဲ့ နှာခေါင်းက နံတယ်။ ဆိုတာလို ဖြစ်နေပြီနော်၊ သက်မဲ့ဖြစ်ပေမယ့် မထီမဲ့မြင်ပြုရင် ဒဏ်ခတ်တာကို ခံရပါလိမ့်မယ်နော် မမရေ—-

    • realman

      June 25, 2011 at 10:23 am

      တရားအားထုတ်တယ်ဆိုတိုင်း ဗုဒ္ဓတရားလို့ ယူဆလို့ မရဘူးနော်။ မဟာစည်ရဲ့ ဖောင်းပိန်တရားကြီးက ဗုဒ္ဓတရားမှ မဟုတ်တာ၊ မဟာစည်က သူစိတ်ကူးပေါက်လို့ ထွင်ထားတာကြီးပဲ။ အဲဒါကို တရားလုပ်ရှုနေကြရင်တော့ အင်း – – – – – မဟာစည်ရဲ့ တရားအရသာပဲရမှာပဲ။
      အခု MaMa ကဘယ်တရားကို ပြောနေတာလဲ မသိ။

    • kogwa

      June 27, 2011 at 4:30 pm

      ကိုယ်သိသလောက်ပြောတာကို နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့….. တရားနှင့်နေသူဆိုသည်ကို မြတ်စွာဘုရား၏ တရားတော်များကို တစ်နည်းနည်းဖြင့် လေ့လာ၊ သင်အံ၊ ကျက်မှတ်၊ အားထုတ် နေသူများ အားလုံးကို ခေါ်ဆိုနိုင်မည် ထင်ပါသည်ဆိုတာရောချလိုက်တာပဲ။ဘာကြောင့်လဲဆိုတော့ လေ့လာ၊ သင်အံ၊ ကျက်မှတ်နေသောပုဂ္ဂိုလ်တွေ ထင်တိုင်းကြဲနေတာ၊ အားထုတ်နေသောပုဂ္ဂိုလ်တွေ ထင်တိုင်းကြဲနေတာတွေက နားနဲ့မမျှ၊ မျက်လုံးနဲ့မဆံ့အောင် ကြားနေ၊ မြင်နေရတော့ ဒီစကား မြတ်စွာဘုရားရဲ့ တရားတော်အပေါ်လူတွေနားလည်မှု့အများကြီးလွဲသွားနိုင်တယ်။

  • kopauk mandalay

    May 2, 2011 at 3:23 pm

    အရင်ခေတ်က ဆောင်ပုဒ်လေးတစ်ခုရှိဘူးတယ်

    သဘောတရားမပါသောလက်တွေ့သည် အကန်းနှင့်တူ၏
    လက်တွေ့မပါသော သဘောတရားသည် အကျိုးနှင့်တူ၏
    အဲ့တော့ နှစ်ခုစလုံးမျှတစွာ………………………………

    • countryboy

      May 7, 2011 at 7:00 am

      သဘောတရားဆိုတာ ဘယ်လိုပါလိမ့်၊ လူတိုင်းအကျိုးရှိ၊ ငြိမ်းချမ်း၊ ကိုင်တိုင်သိ၊ အချိန်မရွေး၊ ကိုယ်နှင့်တသားထဲဆောင် နိုင်ရမည်၊ လူသားတိုင်းနားလည်နိုင်ရမည် ဆိုတဲ့ စည်းကမ်းလေးတွေကိုတော့ သတိရစေချင်ပါသည်။ ဘာသာတရား ဆိုသောစကားလုံးနှင့် ကိုင်တွယ်ပြောဆိုလျှင် အမြင်ကွဲပြားနေမည်သာဖြစ်ပါသည်။ ကိုယ့်ဘာသာအမြင်ဖြင့် မှန်နေရုံနှင့် မှန်ပြီလို့ မဆိုလိုက်ပါနှင့်နော်–ကိုုကိုနော်။

    • countryboy

      May 22, 2011 at 7:04 am

      လက်တွေ့ကော၊ သဘောတရားကော ပါပါလျက်နှင့် အကျိုးမရှိ၊ မမှန်ကန်ရင်လည်း အကန်း-အကျိုးပေါ့။ ယနေ့ခေတ် ရိပ်သာတွေ၊ တရားစခန်း၊ တရားပွဲတွေမှာ လက်တွေ့ကော သဘောတရားကော ပါပါလျက်နှင့် ဘာကြောင့် ကျရှုံးနေရတာလဲ၊ မြန်မာနိုင်ငံမှာ လူတွေ မရိုးသားဘူး၊ လူလိမ်တွေ၊ သူခိုးတွေ ပေါမှပေါပါဗျာ။ ဒါလေးတော့ သတိထားမိစေချင်တယ် ကိုပေါက်ရေ။ ကျနော်က အပြန်အလှန် ဆွေးနွေးရတာကို သဘောကျတာဗျ။ ဘာလုပ်လုပ် အမြင်မှန်လေးတော့ ရှိဖို့လိုပါလိမ့်မယ်နော်–ကိုကိုနော်။

  • bigcat

    May 2, 2011 at 11:25 pm

    စာသမားနဲ့ လက်တွေ့သမားအပြင် ပစ္စုပ္ပန်သမားဆိုပြီး နောက်တမျိုး ရှိသေးတယ်၊ ဘယ်သူက တရားနဲ့နေသူလည်းဆိုတာ သဂျီးရှင်းပြလိမ့်မယ်..သူ့ခင်မျာဖြေချင်လွန်းလို့ စာတောင်အဆင်သင့် ရိုက်ပြီးထားပြီ… 😛

    • countryboy

      July 16, 2011 at 7:31 pm

      ပစ္စုပန်သမားကလည်း သူ့ဟာမှအမှန်၊ အတိတ် အနာဂတ်သမားကလည်း သူတို့ဟာမှ အမှန်လို့ ဆိုပြီး ဟစ်ကြွေးနေကြတာလေ။ ဒါပေမယ့် လွတ်လပ်သူဟာ လူဖြစ်သလို လွတ်လပ်မယ့်အရာက ဒုက္ခဖြစ်ပါတယ်။ သဂျီးလည်း နှလုံးပြူးနှင့် ချိန်မနေပဲ ပစ်သာပစ်ချလိုက်လို့ ပြောရမှာပါ။ သု့ိသော် ယမ်း၊ ကျည်ဆံတို့ မပါရင် သားကောင်က ကနေမှာ သေချာတယ်။ မန္တလေးနန်းတွင်း အမြှောက် ကြီးလိုဘဲ ဆိုရင်တော့ အသံပဲ မည်မှာသေချာတယ်။ လွတ်လပ်သူဟာ အသံနှင့်ခြောက်လည်း မကြောက်ပါ၊

  • peacemaker35183777

    May 3, 2011 at 2:39 am

    Uဂိုအင်ဂါရဲ့ ဘဝတစ်လျောက်လုံးဓမ်မနဲ့နေနည်း စာအုပ်ရှာဖတ်ကြည့်ပါလား
    Post တစ်ခုနဲ့နားလည်အောင်ရှင်းဖို့ခက်တယ်။

    • countryboy

      May 7, 2011 at 7:14 am

      ငြိမ်းချမ်းရေးထိန်းသိမ်းသူကလည်း ကိုလည်းမသိဘဲနှင့် သူများနွား အငှားကျောင်းသလို ဖြစ်နေပြီ၊ ကမ္ဘာက ဦးဂိုအင်ကာ ကို ဆရာတင်ပြီး စစ်ပြေငြိမ်းလိုက်မှာပေါ့။ တရားသမားဆိုတာကို ရဟန်းတွေမှာကျတော့ ဘောကန်၊ ဇယ်တောက်၊ အရက်သောက်၊ လမ်းလျှောက်၊ သီချင်းဆို၊ ဗွီဒီယို စတဲ့လုပ်ငန်းတွေကို ခေါ်သလား။ လူတွေမှာကျတော့ ရပ်ကွက်ထဲမှာ ကြိုက်သလောက်မိုက်ခဲ့၊ ပွေခဲ့ပါစေ အခါကြီးနေ့ကြီးရက်မှာ တိုက်ပုံနှင့်ပုဆိုး ဝတ်ကာ ကျောင်းသွား ဥပုသ်စောင့်သူတွေ ကို ခေါ်သလားပေါ့ ။ တွေးချင်စရာပါဗျာ—တရားထိုင်လို့ စီးပွားဖြစ်တယ်ဆိုရင် တနေ့မှာ 24နာရှိတော့ 23နာရီ တရား ထိုင်ပြီး၊ 1 နာရီလောက် အလုပ်လုပ်စေချင်ပါသည်။ မိမိပိုင်ဆိုင်သမျှ အများစုကို တရုတ် ကုလားတွေလက်ထဲ အပ်လိုက်ရမှာသေချာပါတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံတရားသမားတွေကို 2018 လောက် မှာပုံဖေါ်ကြည့်တော့ အများစုဟာ ဘာသာခြားများအောက်ရောက်မည်ဟု ရေဘဝဲ ပေါလ် အစား ဟောကိန်းထုတ် လိုက်ပါတယ်ခင်ဗျ။

    • countryboy

      May 7, 2011 at 7:42 am

      လူတွေကလည်း တရားစကား အလွန်ပြောတယ်ဗျ လုပ်တော့ မဟုတ်တာ ပြောတော့ တရားစကား၊ ကြည့်လိုက်လျှင် ကိုးရိုးကားယားပါလား

  • kai

    May 7, 2011 at 8:39 am

    တရာနှင့်နေသူဆိုသည်မှာ….
    ဖွင့်ဆိုချက် (၁) – ကားပါမစ်..အိမ်ပါမစ်..လူပါမစ်…ပါမစ်..ပါမစ်တွေရရှိရန်.. နာမယ်ကြီးလှသော နိုင်ဂွမ်တော်အဆင့်ဘုန်းတော်ကြိးများဆီချည်းကပ်ပြီး.. ဓမ္မစက်ဖြင့်… အာဏာပိုင်များဆီနားပေါက်အောင်.. တဆင့်ပြောခိုင်းကာ.. ပါမစ်များမှရရှိလာသော အကျိုးအမြတ်များ၏ အချိုးကျကို ..ပေးလှူသည်အမည်တတ်ကာ.. ဆိုင်ရာဆိုင်ရာတို့ကို… အချိုးကျခွဲဝေပေးသော..ပွဲစားများကို ခေါ်ပါသည်..။

    ( တရာဆိုတာ..သိန်း ၁၀ဝ ကိုပြောတာပါနော..။ 🙂 – နည်းများနည်းနေသလား…မသိ..။ )

  • moethidasoe

    May 7, 2011 at 9:28 am

    တစ်ခုတော့ ရှိပါတယ် .. ဘာသာရေးနှင့် ပတ်သက်ရင် အပြောင်အပျက်တွေထက် အတည်လေးများ ရေးကြပါလားကွယ် .. ဘာသာရေးကို ပျက်လုံးထုတ်တာဟာ ငရဲပြည်သွား ကြိုတင်လက်မှတ် လုပ်နေတာနဲ့ တူနေတယ် .. ကြိုတင်ကို အဲသလောက် ကြိုက်ကြသလား ဟင်

    • countryboy

      May 22, 2011 at 6:57 am

      ကောင်းတာပေါ့၊ ငရဲပြည်ကို သိသူတွေသာ ကြိုတင်လက်မှတ်ဖြတ်တာလို့ထင်မြင်မိပါတယ်၊ ဥပမာ ရန်ကုန်ဆိုတာ ရှိတယ်လို့သိရင် ကြိုတင်လက်မှတ်ဖြတ်ပြီး သွားလို့ရတာပေါ့။ ငရဲပြည်နှင့် ခြောက်ပြီး၊ နတ်ပြည်နှင့်မြှောက်နေရင် အကြောက်နှင့် အမက်ပဲ ရှိနေပါလိမ့် မယ်။ ပြောပုံက မကျေနပ်ပုံနှင့် ပြောနေပုံပဲ။ အဲဒီလောက်ကြီးလဲ စိတ်မကြီးနှင့်လေ၊ မြန်မာပြည်က ဘုန်းကြီးသာသနာမရှိတော့ဘူးကွ၊ လူတွေကပဲ သာသနာပြုနေကြရတာပေါ့။ ဥပမာ-စာရေးဆရာတွေ ဟောပြောပွဲတွေ လုပ်တာကသာ အကျိုးရှိမယ်ထင်တာပဲ။ ဘုန်းကြီးတွေ တရားဟောရင် ထမင်းလည်းကျွေးရသေး၊ ပိုက်ဆံလည်းပေးရသေး၊ ရတာကြတော့ ပုံပြင်တွေပြောပြ၊ လူတွေက ရယ်ကြ၊ မောကြပေါ့။ ဒါဟာ သာသနာလား။ စိတ်မဆိုးကြေးနော်—–

  • kai

    May 7, 2011 at 9:55 am

    ခုတလော.. ဘုန်းကြီးတွေနဲ့ ပေါင်းရိုက်နေတဲ့သူတွေ (ကားပါမစ်၊ မြေကွက်ပါမစ်၊ ယူအက်စ်လူဗီဇာ)အတွေ့များလာတာမို ့.. ရေးလိုက်တာပါ..။

    အပြောင်အပျက်လုပ်လိုက်တယ်လို့ ထင်သွားပုံရတဲ့အတွက် တောင်းပန်ပါတယ်..။

    • eros

      May 17, 2011 at 4:18 am

      ဒါကတော့ သူကြီးပြောတာ ဟုတ်တယ် ဘာသာတရားကို ခုတုံးလုပ်ပြီး လုပ်စားတာတွေ များတယ်ဗျ။ တခြားမကြည့်နဲ့ နံပါတ် အဝါနဲ့ ကားတွေကို ဘယ်သူတွေ စီးကြသလဲလို့။

      • lionking

        June 28, 2011 at 6:57 am

        မထူးပါဘူးဗျာ၊ အခု ဓမ္မကထိကတချို့လည်း တရားပွဲ ကျင်းပတဲ့သူတွေနဲ့ပေါင်းပြီး တရားကို ငွေနဲ့ရောင်းစားသလို လုပ်နေကြတာလည်း ဘာထူးမှာလဲ။ ဦးကျော်ဟိန်းကြီးက ဘုမသိဘမသိနဲ့ သူဘုန်းကြီးဝတ်ပြီးလို့ တရားဟောရင် သူကို ငွေလှူစရာမလိုဘူး၊ သူကပေးချင်လို့ဟောမှာ။ ခင်ဗျားတို့ဆီက ယူချင်လို့ ဟောမှာမဟုတ်ဘူးဆိုပြီး ကြွေးကြော်လိုက်တော့ ဓမ္မကထိကလုပ်စားနေတဲ့ ကိုယ်တော်တွေက သူတို့ ဂွင်တွေ ပိတ်ကုန်တော့မှာမို့ ဦးကျော်ဟိန်းကြီးကို ဟိုပြော ဒီပြောနဲ့ ဝိုင်တွယ်လိုက်ကြတာ အခု ဘယ်ရောက်နေမှန်း သတင်းမရတော့ဘူး။
        ဘုန်းကြီး ဓမ္မကထိက လောကက သူကျင်လည်ခဲ့တဲ့ ရင်ရှုတ်စရာကောင်းတဲ့ ရုပ်ရှင်လောကထက်ဆိုးတယ်ဆိုတာ သူ သဘောပေါက်သွားပုံရတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2011 at 3:02 pm

    တရား ဆိုတာကတော့ ဘယ်လိုပြောရမလဲ
    တရားဆိုတာကို အဓိပ္ပါယ်ဖွင့်ရရင် တော်တော်ရွာလည်သွားနိုင်တယ်လို့မြင်မိပါတယ်
    သာမန်အားဖြင့်တော့ တရားဆိုတာကိုအလွယ်လေးဘဲပြောနေကြတာ
    တရား
    ဟုတ်ပါပြီဗျာ
    ဘယ်လိုတရားတာလဲ
    တရားမျှတမှု့လား
    ကိုယ်ကျင့်တရားလား
    သူကျင့်တရားလား
    ကိုယ့်ရဲ့လုပ်ဆောင်ချက်နဲ့ကိုယ် …ကိုယ့်ရဲ့ခံယူချက်နဲ့ကိုယ်
    သူလည်းဒီလိုပါဘဲ
    တရားလို့အလွယ်ပြောကြတာကလည်း တော်တော်လေးရောထွေးတဲ့သဘောမှာရှိတယ်နော
    ကိုယ်ကတရားပါတယ်လို့လုပ်တာ
    သူကတရားခြင်မှတရားမှာ
    သူရဲ့တရားကလည်းကိုယ့်တွက်တရားဦးမှ
    ဒီတော့ကာ ကျွန်တော်ကတော့
    တရားဆိုတာထက်
    ကုသိုလ်နဲ့နေတယ်လို့ဘဲပြောကြည့်ပါမယ် ( မိမိနားလည်သလိုဖောလ်ကြည့်တာပါ )
    စာအုပ်လှန်တာ အကျင့်ပါနေလို့ အိက်စ်ကျူ့မီ 🙂
    မဇ္ဈိမနိကာယ် မူလပဏ္ဏာသပါဠိတော် မြန်မာပြန် ၁ – မူလပရိယာယဝဂ် ၉ – သမ္မာဒိဋ္ဌိသုတ်
    ၈၉။ ငါ့သျှင်တို့ ကုသိုလ်ဟူသည် အဘယ်နည်း။
    အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်းသည် ကုသိုလ် တည်း၊
    မပေးသည်ကို ယူခြင်းမှ ရှောင်ကြဉ်ခြင်း
    ကာမတို့၌မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း
    မဟုတ်မမှန် ပြောခြင်းမှ ရှောင်ကြဉ်ခြင်း
    ကုန်းချော ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
    ကြမ်းသော စကားမှ ရှောင်ကြဉ်ခြင်း
    ပြိန်ဖျင်းသော စကားမှ ရှောင်ကြဉ်ခြင်း
    (သူတစ်ပါးပစ္စည်း ဥစ္စာကို) ရှေးရှု မကြံခြင်း
    သူတစ်ပါး မပျက်စီး စေလိုခြင်းသည် ကုသိုလ်တည်း၊ အယူ မှန်ကန်ခြင်းသည် ကုသိုလ်တည်း။
    ငါ့သျှင်တို့ ဤတရားစုကို ကုသိုလ်ဟူ၍ ဆိုရ၏။
    ငါ့သျှင်တို့ ကုသိုလ်၏ အကြောင်းရင်းဟူသည် အဘယ်နည်း။
    မတပ်မက် မလိုချင်ခြင်း အလောဘ၊
    မကြမ်းတမ်း မပြစ်မှားခြင်း အဒေါသ နှင့် မတွေဝေခြင်း အမောဟ သည် ကုသိုလ်၏ အကြောင်းရင်း တည်း။
    ငါ့သျှင်တို့ ဤတရားစုကို ကုသိုလ်၏ အကြောင်းရင်း ဟူ၍ ဆိုရ၏။
    အကုသိုလ်ဟူသည် အဘယ်နည်း၊ ( အထက်ပါ၏ ဆန် ့ကျင်ဖက် )
    ………………………..
    ………………………..
    အပေါ်မှာသဂျီးပြောတဲ့
    ကားပါမစ်နဲ့ဘုန်းတော်ကြီးကိစ္စလိုမျိုးတစ်ခု အမှတ်ရမိတယ်
    ပွိုင့်ရှစ်ဆယ်ပေးရင်
    မန်းပေးမယ် 🙂 🙂 🙂

    • koyo

      May 22, 2011 at 8:19 am

      မိုက်ကယ်ဂျော်နီအောင်ဘုရေ ရှောင်ကြဉ်ရမှာတွေကို လူတွေသိကြပါတယ်။ မရှောင်ကြဉ်နိုင်ကြတာကခက်နေတာမဟုတ်လား။ဘယ်လိုရှောင်ကြဉ်ရမယ်လို့ မသိတာဟာ တရားကိုမသိတာလို့ပြောရင်လက်ခံနိုင်မလား။ ရှောင်ကြဉ်ရမှာတွေကို မရှောင်ကြဉ်လို့ မရှောင်ကြဉ်သူတွေမှာဘယ်လိုဒုက္ခရောက်ကြလို့လဲ။ ဒါကိုပီပြင်အောင်နားလည်ရင် တရားကိုနားလည်ပါလိမ့်မယ်။

  • fatty

    May 7, 2011 at 3:31 pm

    အတိုချုံးကြစို့ရဲ့ … တရားသဘောနဲ့နေသူဆိုတာ ……………………
    သဘောတရားနားလည်ပြီး ကာယကံ ဝဇီကံ မနောကံ တို့ကို သတိနဲ့ ထိမ်းထိမ်းသိမ်းသိမ်း နေသူကိုခေါ်ပါတယ် …။

  • shwethitsa

    May 16, 2011 at 8:01 am

    တရားနဲ့အညီပြောဆို၊နေထိုင်၊ကြံ်ဆ နေထိုင်ကြဖို့ လို့တော့ ပြောနေကြတာပဲ။ ဒါဆိုရင် ်တော့တရားဆိုတာ မတရားတာတွေကိုသိနေမှ ဖြစ်မှာလို့ထင်တယ်။ ထင်တာကိုပြောတာ
    တရားဆိုတာဘာကိုဆိုလိုတယ်ဆိုတာတော့ တရားကိုရှာဖွေတွေ့ရှိခဲ့တဲ့ တရားပိုင်ရှင်ဖြစ် တဲ့ ဘုရားပဲသိနိုင်မှာလေ။

  • shwethitsa

    May 16, 2011 at 8:05 am

    တရားနဲ့အညီပြောဆို၊နေထိုင်၊ကြံ်ဆ လို့တော့ ပြောနေကြတာပဲ။ ဒါဆိုရင် ်တော့တရားဆိုတာ မတရားတာတွေကိုသိနေမှ ဖြစ်မှာလို့ထင်တယ်။ ထင်တာကိုပြောတာ
    တရားဆိုတာဘာကိုဆိုလိုတယ်ဆိုတာတော့ တရားကိုရှာဖွေတွေ့ရှိခဲ့တဲ့ တရားပိုင်ရှင်ဖြစ် တဲ့ ဘုရားပဲသိနိုင်မှာလေ။

  • OQ23

    May 16, 2011 at 3:39 pm

    ဒီလိုပဲ အမြဲပြောနေကျပါပဲ
    တကယ်တန်းကျတော့ မြဲတဲ့လူရှားပါတယ်။
    နောက်မှပဲပြောတော့မယ်။

  • zaw min

    May 16, 2011 at 7:29 pm

    တရားရှိဘို့ထက် သိဘို့ပင်အလွန်ခက်လှပါသည်၊မိမိတို့နေ့စဉ် ပြုလုပ်နေသောအလုပ်များတွင် အကုသိုလ်အလုပ်ပေါင်းမည်မျှပြုလုပ်ခဲ့သည်ကို မိမိဘာသာမိမိပြန်၍စဉ်းစားမိပါသလား။
    နေ့စဉ်နဲ့အမျှ သားကျွေးမူ၊မယားကျွေးမူတွေနဲ့ လောဘ၊ဒေါသ၊မောဟ တွေထဲမှာ ကာယကံ၊ဝစီကံ၊မနောကံတွေမည်မျှပြုလုပ်ခဲ့ပါသလဲ။အဲဒီလောက်နဲနဲလေး စဉ်းစားမိရင် တရားဆိုတဲ့သဘောကို နည်းနည်းတွေးတတ် သိတတ်လာပါလိမ့်မယ်။

  • king

    May 22, 2011 at 7:45 am

    ကြုံတုန်း ရွှီးလိုက်အုန်းမှ
    တရားဆိုတာ
    မတရားတာ မဟုတ်ပါဘူးကွယ်လို့ပဲ ရှည်ရှည်ဝေးဝေး ပြောလိုက်တယ်ဗျ
    ( ^ _ * )

  • nature

    May 22, 2011 at 6:17 pm

    တရားကိုကျင့်သုံးရင် ကိုယ်ကျင့်သုံးတဲ့တရားက ကိုယ့်ကိုပြန်စောင့်ရှောက်ပါလိမ့်မယ်။

  • pan pan

    June 28, 2011 at 3:53 am

    မှန်မှန်ကန်ကန်လုပ်ရင် တရား
    မမှန်မကန်လုပ်ရင် မတရား
    မတရားတဲ့လူအချင်းချင်းတွေ့ရင် ညစ်ကြရော…

    • king

      June 28, 2011 at 8:24 am

      ဆက်ဖြည့်လိုက်ပါတယ် –
      ညစ်တဲ့လူအချင်းချင်း တွေ့ရင် မတရားတာ ပြန်ဖြစ်ရော
      ဟီးးးးးး 😛

  • True Answer

    July 16, 2011 at 8:58 pm

    တရားနှင့်နေသူ ဆိုတာ ဘယ်လိုမျိုးပါလိမ့် ဆိုတာထက် တရားဆိုတာဘာလဲ – ဘာကို အဓိကထားရမလဲ ဆိုတာကို အရင်သိအောင်လုပ်ပါ။ အသေးစိတ်သိလိုရင်တော့
    http://www.mediafire.com/?bwj7c0vv5yve8qf

Leave a Reply