အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၃)

“အိုခေ..ကဲပြောတော့ ”

“မင်းကြီး..ဒီလိုဗျ..ခု မစ္စတာ မစ်ခေးလော့ဗ် မှာ ရူးပီးတစ်ဘီလျှံ[1] ပေးဖို့ အခြေအနေ မရှိဘူးဗျ”

“ဒါဖြင့်ရင် ဒါမျိုးပွဲမျိုး သူက ဘာလို့လုပ်သေးတုန်း”

“အဲ..ဒါက စီးပွားရေးအရ ဗန်းပြသက်သက်ထွင်လုံးပေါ့”

“အာ..ငါနားမလည်ပါဘူးကွာ..ကဲထားပါ ၊ထွင်လုံးဆိုရင်တောင် ခုဆို အမြင့်ဆုံးဆုတောင်ရ သွားပြီဆိုတော့ ခင်ဗျားတို့ပွဲက ဘာတတ်

နိုင်ဦးမှာတုန်း”

“အချိန်ဇယားနဲ့ဗျ ..မင်းကြီးရဲ့ ၊ချိန်ကိုက်ထားတာမျိုး။ ကျွန်တော်တို့ ပွဲက အံစာလှိမ့်သလိုမျိုး ကျချင်ရာကျ မဟုတ်ဘူး။ဇာတ်ညွှန်း အ

တိုင်း လုပ်ရမှာလေ။ကျွန်တော်တို့ အစီအစဉ်အရဆိုရင် ဆုကိုအနိုင်ရတဲ့သူ အနည်းဆုံး ရှစ်လ အတွင်းမရှိရဘူး၊ ပေါ်မလာရဘူးပေါ့။

အဲသည့်အချိန်အတွင်းမှာ ကျွန်တော်တို့ ရင်းထားတဲ့ငွေအတော်တော်များများကို ဒီအစီအစဉ်ကရလာမဲ့ ကြော်ငြာဝင်ငွေ နဲ့ ထေမိ

ကာမိသွားမှာ။ဒါပေမဲ့ ဒီကောင်လေးက ကျွန်တော်တို့ လုပ်ငန်းအစီအစဉ်ကို ဖျက်စီးပစ်လိုက်တာပဲ”

မင်းကြီး က ခေါင်း တဆတ်ဆတ်ငြိမ့်ပြီး -“အိုခေ..ဒါဖြင့် ခင်ဗျားတို့ ကျုပ်ကို ဘာလုပ်စေချင်တာလဲ”

“ကျွန်တော် မင်းကြီးဆီက လိုချင်တဲ့ အကူအညီကတော့ ဒီကောင်လေး သောမတ်စ် က ဉာဏ်စမ်း အစီအစဉ်မှာ လိမ်ညာပြီး

မသမာတဲ့ နည်းလမ်းသုံး ဖြေခဲ့တယ် ဆိုတာ သက်သေပြပေးဖို့ပါပဲ။ သူကဗျာ..ကြံရာပါ တစ်ယောက်ယောက်မပါဘဲ ဒီမေးခွန်း

တွေအားလုံးရဲ ့ အဖြေမှန်ကို သိနိုင်ခဲ့စရာကို မရှိဘူးဆိုတာမျိုးလေ။စဉ်းစားကြည့်ပါဦး။သူကကျောင်းဆိုတာ လုံးလုံးကို မတက်ဘူး

တာ။သတင်းစာကိုတောင် တစ်ခါမှ ဖတ်မှာမဟုတ်ဘူး။ဒီတော့ဗျာ..ဒီဆုကြီး ကိုရနိုင်ဖို့ဆိုတာ သူ့မှာဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း။

ဘယ်နည်းမှ မဖြစ်နိုင်ဘူးဗျာ။”

မင်းကြီးက သူ့ ခေါင်းကုတ်ပြီးတော့-

“အဲ..ကျုပ်တော့ သိပ်မသေချာလှဘူး။ကျုပ်လည်းတွေ့ဘူးပါရဲ ့ ဒီလိုချာတိတ်လေးတွေပေါ့။ဆင်းဆင်းရဲရဲ နဲ ့မွေးလာတယ်။နောက်

တော့ သူတို့ဟာ ပါရမီရှင်တွေ ၊ဉာဏ်ကြီးရှင်တွေ ဖြစ်သွားတာမျိုးလေ။အိုင်စတိုင်းကြီးတောင် အထက်တန်းလောက်နဲ ့ကျောင်း

ထွက်လာတယ်မဟုတ်လား”

“အာ..မင်းကြီးကလည်း ဒီငနဲလေးက ဘာအိုင်းစတိုင်းမှ မဟုတ်ဘူး ခုချက်ချင်းတောင် သက်သေပြလို့ရသေးတယ်”

ဂျွန်ဆင်က ပြောပြောဆိုဆိုနဲ့ နန္ဒာ့ ကို မျက်ရိပ် ပြလိုက်တယ်။

နန္ဒာ ဆိုတဲ့လူ ကျွန်တော့်နား ကပ်လာပြီး သူ့ဆံပင် သန်သန်တွေထဲ လက်ထိုးဖွလိုက်သေး။သူက ကျွန်တော့်ကို ဟင်ဒီ လိုပြောတယ်။

“ရမ် မိုဟာမက် သောမတ်စ် ..မင်းအနေနဲ ့တို့ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကနေ သန်းတစ်ထောင်ရအောင်တောင် တော်လွန်းတယ်ဆိုတော့

ကနေ့ မင်းထိုက်တန်တယ်ဆိုတာ သက်သေပြဖို့ တို့အတွက် နောက်မေးဖြေ အစီအစဉ်လေး အခုစလိုက်ရအောင်လား”

“မေးခွန်းလေးတွေက တကယ့်ရိုးရိုးလေးတွေပါ၊ ဘယ်သူမဆို လွယ်လွယ်နဲ့ဖြေနိုင်မှာပါကွာ”

သူက ကျွန်တော့်ကို ခုံမှာ ထိုင်ခိုင်းလိုက်ပြီး-

“ကဲ ရယ်ဒီပဲဆိုရင် ဟောဒီမှာ မေးခွန်း နံပါတ်တစ်။ပြင်သစ်နိုင်ငံသုံး ငွေကြေးက ဘာတုန်းကွာ။ရွေးဖို့က (က)ဒေါ်လာ (ခ)ပေါင်

(ဂ)ယူရို (ဃ)ဖရန့်။”

ကျွန်တော်ငြိမ်နေလိုက်တယ်။ရုတ်တရက်ပဲ မင်းကြီးက သူ့လက်နဲ့ ကျွန်တော့်ပါးကို ဖြတ်ရိုက်ထဲ့လိုက်တယ်။

“ခွေးသား ..မင်းနားလေးနေလား..ဖြေရင်ဖြေပေါ့ကွာ မဖြေရင် မင်းမေးရိုးပြုတ်ပြီမှတ်”

နန္ဒာ ဆိုတဲ့ပုဂ္ဂိုလ် က အရူးတစ်ယောက်လို အဲ..ဒါမှမဟုတ် ရော့ခ်စတားတစ်ယောက်လို ခုန်ဆွခုန်ဆွ လုပ်ပြီးတော့-

“အိုး..မင်းကြီး ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ ယဉ်ယဉ်ကျေးကျေးလေး လုပ်ရအောင်လားဗျာ”

မင်းကြီးကို သူတောင်းပန်ပြီးတော့ ကျွန်တော့်ကိုကြည့်တယ်။

“ဟုတ်ပြီ.. မင်းအဖြေက ဘာတဲ့တုန်း”

ကျွန်တော်လည်းပေစောင်းစောင်းလုပ်ပြီး ပြန်ဖြေလိုက်တာပေါ့။

“ဖရန့်”

“မှားတယ်..အဖြေမှန်က ယူရို။ အိုခေ၊ မေးခွန်း နှစ် -လပေါ်ကို ပထမဆုံးခြေချတာ ဘယ်သူလဲကွာ။အဲဒါက (က)အက်ဒွင်အယ်ဒရင်

(ခ)နေးလ် အမ်းစထရောင်း (ဂ)ယူရီဂါဂါရင် (ဃ)ဂျင်မီကာတာ။”

“မသိဘူး”

“အဲဒါ နေးလ် အမ်းစထရောင်းပဲ။မေးခွန်းသုံးက -ပိရမစ်တွေ တည်ရှိတဲ့နေရာက (က)နယူးယော့ခ် (ခ)ရောမ (ဂ)ကိုင်ရို (ဃ)ပါရီ။”

“မသိဘူး”

“ကိုင်ရို မှာရှိတာကွ..မေးခွန်းလေး- ခုအမေရိကန်သမ္မတက ဘယ်သူလဲ။(က)ဘီလ်ကလင်တန် (ခ)ကောလင်းပါဝဲလ်

(ဂ)ဂျွန်ကယ်ရီ (ဃ)ဂျော့ချ်ဘွတ်ရှ်။”

“မသိဘူးဗျာ”

“အဲဒါ ဂျော့ချ်ဘွတ်ရှ်။မစ္စတာသောမတ်စ် ရေ..ပြောရမှာ စိတ်မကောင်းဘူး။မင်း မေးခွန်းလေးတစ်ခုတောင်မှန်အောင်မဖြေနိုင်ခဲ့ဘူး”

နန္ဒာ ကမင်းကြီး ဘက်လှည့်ပြီး အင်္ဂလိပ်လို ပြန်ပြောတယ်။

“တွေ့လား ဒီကောင်က ငတုံး။အရင်အပတ်က ကျွန်တော်တို့မေးခွန်းတွေဖြေနိုင်တယ်ဆိုတာလည်း မသမာတဲ့နည်းသုံးလို့ပဲဖြစ်မှာ”

မင်းကြီးက- “ကဲ..ဒါဆို သူဘယ်လိုမသမာခဲ့တယ်ဆိုတာ စဉ်းစားမိပြီလား အခု”

“အဲဒါ ကျွန်တော်တို့ အကျပ်ဆိုက်နေတာပဲဗျ။အစီအစဉ်ကိုရိုက်ထားတဲ့ ဒီဗီဒီ ကော်ပီ ၂ချပ် ရှိတယ်ဗျာ။ကျွန်တော်တို့ ပညာရှင်တွေ

အိတ်(စ်)ပတ် တွေလည်း အသေးစိတ်စစ်တာ..မိုက်ခရိုစကုပ်တွေဘာတွေနဲ ့ပေါ့။ဒါပေမဲ့ ဘာမှ မတွေ ့ဘူးဗျ။နောက်ဆုံးတစ်ခုခု

တော့တွေ့ကို တွေ့ရမှာ”

ဗိုက်ထဲက ဆာတာ လည်ပင်းထိအောင် ရောက်လာသလိုပဲ။ကျွန်တော် မူးနောက်နေပြီ။ရှေ့ကိုင်းပြီး ချောင်းတဟွတ်ဟွတ်ဆိုးနေတယ်။

ဂျွန်ဆင်ဆိုတဲ့ အမေရိကန် ထိပ်ပြောင်က ကျွန်တော့်ကို ခပ်စူးစူးကြည့်ပြီး-

“မင်းကြီး မှတ်မိလားမသိဘူး ၊ စစ်တပ်က ဗိုလ်မှူးတစ်ယောက် ဘယ်သူမီလျှံနာ ဖြစ်ချင်လဲ အစီအစဉ်မှာ ပေါင်တစ်သန်း အနိုင်ရသွား

တုန်းကလေ။ ဟိုး အရင်နှစ်က အင်္ဂလန်မှာ ဖြစ်တာ။အဲ..ကုမ္ပဏီက ဆုကြေးပေးဖို့ငြင်းလိုက်သဗျ။နောက် ရဲ တွေက စုံစမ်းစစ်ဆေးပြီး

အဲဒီမေဂျာကို အပြစ်ပေးနိုင်ခဲ့တယ်။အဖြစ်ကဒီလိုတဲ့..သူ့မှာ ကြံရာပါ ပရော်ဖက်ဆာတစ်ယောက်ပါတယ်။အောက်ကပရိသတ်ထဲမယ်

ပေါ့ဗျာ။အဖြေမှန်ကို ချောင်းဆိုးပြီး အချက်ပေးတယ်ဆိုပဲ။ဒီမှာလည်း အဲ့သလိုမျိုး ဖြစ်သွားတာနေမှာပဲ ။သေချာတယ်ဗျာ။”

“ဒါဖြင့် ပရိသတ်ထဲက ချောင်းဆိုးတဲ့သူ ရှာရမှာပေါ့”

“ဟင့်အင်း..ချောင်းဆိုး အချက်ပြတယ်ဆိုတဲ့ သက်သေမရှိပါဘူးဗျ။သူသုံးခဲ့တာ တခြားအချက်ပြနည်း တမျိုးဖြစ်မယ်”

“ပေဂျာတို့ မိုဘိုင်း ဖုန်းတို့ နဲ ့ဆိုရင်ကောဗျာ”

“မဖြစ်နိုင်ဘူး..သူ့မှာ ဘာအီလက်ထရောနစ်ပစ္စည်းမှ မပါဘူး ..ကျွန်တော်တို့သေချာစစ်တာပေါ့။အဲ..အဲဒီ ဆဲလ်ဖုန်းတို့ ပေဂျာ တို့

ဆိုတာတွေက စတူဒီယိုထဲမှာ လိုင်းတောင် မိချင်မှ မိမယ်ဗျ”

မင်းကြီးက အိုင်ဒီယာတစ်ခု ဖျတ်ခနဲရပြီး -“သူ့ ဦးနှောက်ထဲမှာ မမ်မိုရီ ချစ်ပ် မြှုပ်ထည့်ထားတာဖြစ်မယ်လို့ ခင်ဗျားတို့ မထင်ဘူးလား”

ရွှေဉာဏ်တော်စူးရောက်လွန်းတဲ့ မင်းကြီးပဲဗျ။သူ့ကြည့်ပြီး ဂျွန်ဆင် က သက်ပြင်းချတယ်။

“မင်းကြီးရာ..ခင်ဗျား စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းတွေ ကြည့်လွန်းတယ်ထင်တယ်။ဒီမယ်..ဘာဖြစ်ဖြစ်ဗျာ ..ခင်ဗျား ကျွန်တော်တို့ကို

ကူညီပေးစေချင်တယ်။ကျွန်တော်တို့ သူ့ကြံရာပါကိုလည်း မသိဘူး။ဘယ်လို အချက်ပြစနစ်ကို သုံးလဲ ဆိုတာလည်းမသိဘူး။ဒါပေမဲ့

တစ်ရာ ရာခိုင်နှုန်းသေချာတာကတော့ ဒီ ငနာလေးက ကလိမ်ကကျစ်လေး ဆိုတာပဲဗျာ။အဲဒါကို ခင်ဗျား ကူပြီး သက်သေပြစေချင်

တာ။”

မင်းကြီးက မျှော်လင့်တကြီးနဲ ့ဒီလိုအကြံကပေးသေးတယ်။

“ဒီငနဲလေး ကို ပိုက်ဆံပေး နှုတ်ပိတ်ဖို့ မစဉ်းစားဘူးလားဗျ။ကျုပ် ဆိုလိုတာကဗျာ ဒီကောင်လေး သန်းတစ်ထောင်မှာ သုညဘယ်နှစ်

လုံးနောက်ကပါလဲဆိုတာတောင် သိမှာမှ မဟုတ်တာ။ရူးပီး တစ်ထောင် နှစ်ထောင်လောက်ပေးလိုက်ရင် တော်တော်တောင်ပျော်

သွားဦးမယ် ထင်သဗျ”

မင်းကြီးဆိုတဲ့ ဘိုးတော်ကို မူးမေ့သွားအောင် ကျွန်တော် သမချင်လာတယ်။ပြောရရင် ဒီအစီအစဉ်မတိုင်မီကတော့ ကျွန်တော်

လည်း သန်းတစ်ထောင်မှာ သုညဘယ်နှစ်လုံးရှိလဲဆိုတာ မသိဘူး။ဒါပေမဲ့ အဲဒါ အတိတ်မှာကျန်ခဲ့ပြီ။ခုကျွန်တော် သိတယ်။ကျွန်တော် ရ

သင့်တဲ့ ကျွန်တော့်ဆုကို ရဖို့ဆုံးဖြတ်ပြီးပြီ။ဆု မှ တစ် နောက်မှာ သုညကိုးလုံးတောင် ပါတဲ့ ဆုကြီး။


[1] ရူးပီးတစ်ဘီလျှံမှာ အမေရိကန်ဒေါ်လာ ၂၂သန်းခန့်ရှိသည်။

8 comments

  • mgbahlaing

    May 3, 2011 at 5:16 am

    ရေးတာ အပိုင်း (၃)တောင် ရောက်ပြီ။တစ်ယောက်မှလည်း ဝင် မမန်းကြပါလား။
    အားငယ်လာပြီ။ မင်း ဘာသာပြန်တာ ချာလိုက်တာကွာ ဆိုရင်တော့
    ရွာသားအပေါင်းတို့ မျက်စိနောက် သက်သာအောင် ဆက်ပြီး ဘာသာမပြန်
    တော့ပါဘူးဗျာ..။

  • babymay

    May 3, 2011 at 8:12 am

    ဖတ်ကောင်းနေလို့ မမန်းဖြစ်တာထင်ပါတယ်။ ဆက်ရေးပါ ။ အားပေးနေပါတယ်။

  • meelay

    May 3, 2011 at 11:13 am

    အဆုံးထိဖတ်ပြီးမှ မန်းလို့ရမှာပေါ့ …. 🙂 ဆက်ရေးပါအုံး ….

  • cherrywine

    May 11, 2011 at 5:01 am

    အဲ့ဒီကားကို အခုထိမကြည့်ဖူးသေးဘူး … ဇာတ်လမ်းကို ဒီမှာရေးပေးတဲ့အတွက်
    အရမ်းကျေးဇူးတင်ပါတယ် .. စိတ်လည်းဝင်စားပါတယ်။ ဆက်ရေးပေးပါနော်။

  • mgbahlaing

    May 11, 2011 at 5:22 am

    ဟုတ်ကဲ့ မချယ်ရီရေ..ဟိုတုန်းက ဆရာ ဈာန်မြင့် ပြောသလို
    “ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါ”

  • shadowwarden

    May 21, 2011 at 7:10 am

    Your translation is good enogh for every one to read .I’ve seen that movie and i like it very much, but that movie included no subtitles,so thanks you for translation.

  • mgbahlaing

    May 21, 2011 at 8:11 am

    to shadowwarden, the movie, slum dog millionaire is loosely based on
    the novel ‘Q & A’ .

  • Mobile

    February 5, 2013 at 10:23 pm

    ဪဒီအဆင်မှာ မောင်ဘလှိုင် စိတ်ပျက်သလိုတောင်ဖြစ်သွားရတာပါလား။
    ခြေရာလေးထားခဲ့ကြောင်းပါ။

Leave a Reply