ယ္ခု သီတင်းပတ်အတွက် စိတ်ဝင်စားဖွယ်နှင့် မှတ်သားဖွယ်သတင်းများ (၂.၅.၂၀၁၁- ၉.၅.၂၀၁၁), interesting news (2.5.2011-9.5.2011)

erosMay 2, 20113min19736

ဓာတ်ဆီပိုမို ထုတ်လုပ်နိုင်ရန် မြင်းခြံမြို့တွင် ရေနံချက် စက်ရုံအသစ် တည်ဆောက်ရန်စီစဉ်၊ ပုဂ္ဂလိက ကဏ္ဍအတွက် လစဉ်ဓာတ်ဆီဂါလန် ကိုးသန်းခန့် ရောင်းချပေးလျက်ရှိ

အထက်ပါခေါင်းစဉ်ဖြင့် weekly eleven သတင်းဂျာနယ်ဆိုက်တွင် မြန်မာနိုင်ငံ၏လက်ရှိဓာတ်ဆီဖြန်ဖြူးရောင်းချမှု အခြေအနေများနှင့် လက်ရှိအချိန်တွင် ပြည်တွင်း၌ ထုတ်လုပ်နိုင်သည့် ဓာတ်ဆီပမာဏနှင့် ပုဂ္ဂလိကပိုင်းမှ သုံးစွဲနေမှုပမာဏမှာ လုံလောက်မှု မရှိသောကြောင့် ပြည်တွင်း၌ ဓာတ်ဆီပိုမို ထုတ်လုပ်နိုင်ရန် တရုတ်နိုင်ငံနှင့် ပူးပေါင်းကာ မြင်းခြံမြို့တွင် ရေနံချက်စက်ရုံတစ်ရုံကို တည်ဆောက်နိုင်ရန် စီစဉ်မှုများ ပြုလုပ်လျက်ရှိကြောင်း နှင့် လက်ရှိဓာတ်ဆီဖြန့်ဖြူးမှုမလုံလောက်သည့် အတွက် နောင်အနာဂါတ်အတွက် စီမံကိန်းများကို ဖော်ပြသွားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8198:2011-05-01-04-32-31&catid=45:2009-11-10-07-45-41&Itemid=113

ကျွန်းပေါ်နေ ရေလုပ်သားများ၏ နေ့စဉ် စားဝတ်နေရေးမှာ ရေသယံဇာတများအပေါ် များစွာ တည်မှီနေပြီး မျှတသော သတ်မှတ်ချက်များကို လိုအပ်ကြောင်း သိရ

မြိတ်ကျွန်းစုနေ ရေလုပ်သားများ၏ နေ့စဉ်ဘဝမှာ မြန်မာ့ပင်လယ်ပြင်အတွင်း ရေသယံဇာတများ အပေါ်တွင် များစွာ တည်မှီနေကြောင်း၊ ရေလုပ်သားများ၏ နေ့စဉ် စားဝတ်နေရေးမှာ ပင်လယ်ပြင်အတွင်းမှ ငါးရခြင်း မရခြင်းအပေါ် မူတည်နေရာ တစ်နိုင်တစ်ပိုင် ဖမ်းဆီး လုပ်ကိုင်နေရသော လက်လုပ်လက်စား တံငါသည်များအဖို့ သင့်တင့်မျှတသော သတ်မှတ်ချက်များကို လိုအပ်လျက်ရှိကြောင်း၊ ပင်လယ်ပြင်အတွင်းရှိ ရေသယံဇာတများမှာ တစ်နှစ်ထက်တစ်နှစ် ရှားပါးလာနေပြီး ငါးဖမ်းလှေကြီးများမှာလည်း ပင်လယ်ပြင်အတွင်း ရှားပါးမှုကြောင့် ကမ်းနီး ချဉ်းကပ်ဆွဲခြင်းများကြောင့် ဒေသခံ တံငါသည်များမှာလည်း ကမ်းနီးတွင် လုပ်ကိုင်စားသောက်ရန် မလွယ်ကူနိုင်တော့ကြောင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8188:2011-04-28-08-58-38&catid=45:2009-11-10-07-45-41&Itemid=113

မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်များ စီမံချက် ဒဏ်ငွေများအပေါ် ဥပဒေလေ့လာသူများ အကြား အငြင်းပွားမှုများ ရှိနေ၊ မော်တော်ယာဉ် ဥပဒေကို ခေတ်နှင့်လျော်ညီ ပြင်ဆင်ပေးရန် ယာဉ်မောင်းများ မျှော်လင့်

အထက်ပါ သတင်းခေါင်းစဉ်ဖြင့်မော်တော်ယာဉ် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ စီမံချက်ဒဏ်ငွေများနှင့် ပတ်သက်၍ ဥပဒေ လေ့လာသူများအကြား အငြင်းပွားမှုများရှိနေပြီး မော်တော်ယာဉ်ဥပဒေကို ခေတ်နှင့်လျော်ညီ ပြင်ဆင်ပေးရန် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ မျှော်လင့်နေကြကြောင်း၊ ယခုအခါ လက်ရှိကျင့်သုံးနေသော တည်ဆဲဥပဒေဖြစ်သည့် ၁၉၆၄ မော်တော် ယာဉ်ဥပဒေ၊ ၁၉၈၉ မော်တော်ယာဉ် နည်းဥပဒေများနှင့် စီမံချက်ဒဏ်ငွေများအကြား သတ်မှတ်ချက်စည်း မျဉ်းများသည် ကွဲပြားခြားနားမှုများ ရှိနေ၍ ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများက မော်တော်ယာဉ်ဥပဒေကို ခေတ်နှင့်လျော်ညီ ပြင်ဆင်ပေးနိုင်ရန် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ မျှော်လင့်နေကြကြောင်း ကို အငြင်းပွားဖွယ် ဥပဒေ ပုဒ်မ များနှင့်တကွ သက်ဆိုင်သူများ၊ ပညာရှင်များ၏ ပြောကြားချက်များကို ဖော်ပြသည့်သတင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8206:2011-05-01-07-06-42&catid=42:2009-11-10-07-36-59&Itemid=112

မီးရထားပေါ်တွင် လပ်တော့ ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာအသေး စသည့် ခရီးသည်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများအတွက် တန်ဆာခ ပေးဆောင်ရန်မလိုတော့

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် မီးရထားဖြင့် ခရီးသွားသူများအနေဖြင့် လပ်တော့ကွန်ပျူတာ၊ ကက်ဆက်အသေး၊ ဗီဒီယိုကင်မရာ အသေးစသည့် ခရီးသည်နှင့် တစ်ပါတည်း ယူဆောင်သွားနိုင်သည့် ပစ္စည်းများတွက် တန်ဆာခမကောက်ခံရန်အတွက် မြန်မာ့မီးရထားရုံးချုပ်မှ တန်ဆာဌာနနှင့်ဌာနများသို့ ဧပြီလဒုတိယအပတ်မှ စတင်ကာ ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ဧပြီလ ၁ဝရက်နေ့လောက်က မြန်မာပြည်အထက်ပိုင်းကို သွားသည့် မီးရထားတစ်စင်းတွင် ခရီးသွားတစ်ဦး က လပ်တော့ ထုတ်သုံးနေခြင်းကို လက်မှတ်စစ်က တန်ဆာခ ကောက်လိုက်သည့် ကိစ္စဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာ့မီးရထားရုံးချုပ်မှ ၎င်းညွှန်ကြားချက်တွေ ထွက်လာကြောင်းကို မြန်မာ့မီးရထားလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့်တကွ လက်ရှိတွင် မြန်မာ့မီးရထား တန်ဆာဌာနမှ လျှပ်စစ်ပစ္စည်းအချို့ အတွက် သတ်မှတ်ထားသော တန်ဆာခများကို ဖော်ပြထားသည့် သတင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8235:2011-05-02-05-16-36&catid=42:2009-11-10-07-36-59&Itemid=112

အမျိုးသား ချစ်ကြည်စည်းလုံးရေးကို ရှေးရှု၍ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးထုတ်ပြန် ကြေညာပေးသင့်ဟု တိုင်းရင်းသားပါတီ ငါးပါတီ တောင်းဆို

အမျိုးသားချစ်ကြည် စည်းလုံးရေးကိုရှေးရှု၍ အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမြန်ဆုံး ထုတ်ပြန်ကြေ ညာပေးသင့်ဟု ၂၀၁၁ ခုနှစ် ဧပြီလ ၂ရ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် အချက် ငါးချက်ပါ ကြေညာချက်ကို ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ စဝေါ် ဒီမိုကရက်တစ် ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုက ရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသား များတိုးတက်ရေးပါတီတို့မှတာဝန်ရှိ သူများကလက်မှတ်ရေးထိုးကာပူးတွဲကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ကြကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် “နိုင်ငံတော်သမ္မတ သည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်၊ (ခ) အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်”စသည်တို့ကို ဖော်ပြထားသော သတင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8209:2011-05-01-07-36-12&catid=42:2009-11-10-07-36-59&Itemid=112

ဆေးတို့သရက်သီးများကြောင့် စိန်တစ်လုံး သရက်သီး တရုတ်ပြည်တွင် ဈေးနှိမ်ခံရ

အီသလင်းဆေးတို့သရက်သီးများ တင်ပို့ခဲ့မှုကြောင့် လက်ရှိသရက်သီးမှည့်များ တင်ပို့ ရာတွင် ဈေး နှိမ်ခံရသည်ကို ကြုံတွေ့နေရကြောင်း ဆေးတို့ မှည့်တဲ့အသီးသည် မချိုသော်လည်း သရက်သီးက စစချင်းတင်ပို့လိုက်၍ ဈေး ကောင်းရသွားသော်လည်း နောက်ပိုင်း ကျတော့ ဈေးနှိမ်ပေး၍ အထင် သေးသွားကြောင်း အမှန်တကယ်အသီးများ ပို့သောအခါ နစ်နာကြောင်း၊ ဒါကို ထိထိ ရောက်ရောက် တားမြစ်သင့်ကြောင်း၊ သရက်သီးတတန်၏ပေါက်ဈေး၊ နှစ်အလိုက် တင်ပို့ခဲ့သည့် တန်ချိန်၊ မန္တလေးမြို့ရှိ မြန်မာနိုင်ငံ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားချက်များ စသည်တို့ ကို ဖော်ပြထားသည့် သတင်းထောက် စိုးစန္ဒာဦး ရေးသည့် သတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/news/515/news03.html

ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုး

ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးခေါင်းစဉ်ဖြင့် သတင်းထောက်ဂျူးလိယက် ရေးသားထားသော သတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင် ဖော်ပြထားသည်။ အဆိုပါသတင်းတွင် မြန်မာနိုင်ငံတွင်း ဓာတ်ငွေ့ ရှာဖွေရေးလုပ်ငန်းများမှ ဓာတ်ငွေ့ ရှာဖွေတူးဖော်ရရှိမှုအခြေအနေ၊ ဓာတ်ငွေ့ရှာဖွေရေးလုပ်ငန်းများမှ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများ ပံ့ပိုးမှုအခြေအနေနှင့် ကုန်ကျစရိတ်များကို ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/property/515/buss01.html

ဦးခေါင်းတစ်လုံးနဲ့ ခန္ဓာကိုယ်(၂)ခုပါတဲ့ ဝက်ကလေးတစ်ကောင် မွေးပြီး ၃ မိနစ်အကြာမှာ သေဆုံးသွားခဲ့

အထက်ပါ သတင်းခေါင်းစဉ်ဖြင့် ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့၊ ရပ်ကွက်(၂) တေဇာ ခင်ဦး(၃) လမ်း အနောက်ပိုင်း၊ အမှတ် (၂/ ၁၄၃၀) တွင် နေထိုင်သော ကိုစန်းထွေး၊ မဝါတို့ တွင် ဦးခေါင်း တစ်လုံးတည်း ရှိလျက် ခန္ဓာကိုယ် (၂)ခု ပါရှိသော မွေးကင်းစ ဝက်ကလေး တစ်ကောင်မှာ မွေးဖွားပြီး (၃)မိနစ်ခန့် အချိန်အကြာ၌ သေဆုံးသွားခဲ့ကြောင်း မော်နီတာသတင်းဂျာနယ်သို့ သတင်းပေး ပြောကြားခဲ့သည့် မော်နီတာသတင်းဂျာနယ်မှ သတင်းကို ရတနာပုံ ဝဘ်ပေါ်တယ် တွင် တင်ဆက်ထားပါသည်။

သတင်းအကျယ်သို့
http://beta.yatanarpon.com.mm/content/%E1%80%A5%E1%80%AE%E1%80%B8%E1%80%B1%E1%80%81%E1%80%AB%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%94%E1%80%B2%E1%82%94-%E1%80%81%E1%82%8F%E1%81%B6%E1%80%AC%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9%E1%81%82%E1%80%81%E1%80%AF%E1%80%95%E1%80%AB%E1%80%90%E1%80%B2%E1%80%B7-%E1%80%9D%E1%80%80%E1%80%B9%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%90%E1%80%85%E1%80%B9%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9-%E1%80%B1%E1%80%99%E1%80%BC%E1%80%B8%E1%81%BF%E1%80%95%E1%80%AE%E1%80%B8-%E1%81%83-%E1%80%99%E1%80%AD%E1%80%94%E1%80%85%E1%80%B9%E1%80%A1%E1%81%BE%E1%80%80%E1%80%AC%E1%80%99%E1%80%BD%E1%80%AC-%E1%80%B1%E1%80%9E%E1%80%86%E1%80%B6%E1%80%AF%E1%80%B8%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက PAC(Public Access Centre) လိုင်စင်ကြေးငွေများ ၄ဝ ရာခိုင်နှုန်း လျှော့ချကောက်ခံ

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အများသုံး အင်တာနက် ဝန်ဆောင်မှုလုပ်ငန်း PAC(Public Access Centre) အင်တာနက် ကဖေးဆိုင်များ ပေးသွင်းရသည့် လိုင်စင်ကြေးငွေကို ယခင်ပေးသွင်းနေရသော နှုန်းထား၏ ၄ဝ ရာခိုင်နှုန်းအထိ လျှော့ချကောက်ခံခဲ့ကြောင်း၊ လက်ရှိ အင်တာနက် ကဖေးဆိုင်တို့၏ အခြေအနေ၊ နှစ်အလိုက် PAC(Public Access Centre) လိုင်စင်ကြေးရငွေများ၊ တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ PAC စင်တာ အရေအတွက် စသည်တို့ကို ဖော်ပြထားသော သတင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8233:-pacpublic-access-centre-&catid=42:2009-11-10-07-36-59&Itemid=112

တောက်တဲ့များအား အစုအပြုံလိုက် ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်

ရခိုင်ပြည်နယ်အတွင်း တောက်တဲ့များအား အစုအပြုံလိုက် ဖမ်းဆီးရောင်းချခြင်းကို သတိထား တားမြစ်သင့်ကြောင်းနှင့် သဘာဝအလျောက် ပေါက်ဖွားကြီးပြင်းသော တောက်တဲ့များအား ဖမ်းဆီးခြင်းသည် ပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးမှုနှင့်ဆက်နွှယ်မှု ရှိမရှိကို လေ့လာသင့်ကြောင်း ဒေသခံများက သုံးသပ်ပြောကြားကြောင်း တောက်တဲ့များကို တန်ဖိုးကြီး ဇီဝဆေးတစ်မျိုး ဖော်စပ်ရာတွင် အသုံးပြုကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဓိက ဝယ်ယူလျက် ရှိကြောင်းကို Weekly Eleven Media သတင်းမီဒီယာ ဆိုက်တွင်ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.news-eleven.com/index.php?option=com_content&view=article&id=8173:2011-04-28-01-48-37&catid=44:2009-11-10-07-31-38&Itemid=113

ခေတ္တရပ်နားထားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်မှုများကို ပြန်လည်ကြားနာတော့မည်

လွှတ်တော်အစည်းအဝေးများ စတင်ချိန်ကတည်းက ရပ်နားထားခဲ့သော ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်မှုများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဧပြီလနောက်ဆုံးပတ်မှ စတင်ခါ ပြန်လည်ကြားနာတော့မည်ဟု ကန့်ကွက်ခံထားရသူ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောကြားကြောင်းဖော်ပြထားသည့် သတင်းထောက် ရွှေယင်းမာဦးရေးသားသော သတင်းကို မြန်မာတိုင်း(မ်) မြန်မာဘာသာ သတင်းဆိုက်တွင် ဖော်ပြထားသည်။

သတင်းအကျယ်သို့
http://www.myanmar.mmtimes.com/2011/news/515/news02.html

ယခုတပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများရှိပါက ထပ်မံ update လုပ်သွားမည်ဖြစ်ကြောင်း နှင့် ခေါင်းစဉ် သို့ စာပိုဒ်အား ကူးယူခြင်းမပြုပါရန် မေတ္တာရပ်ခံပါသည်။

36 comments

  • eros

    May 2, 2011 at 2:38 pm

    သူကြီးရေ မပြည့်မစုံဖြစ်နေတဲ့ တခြားပိုစ့် ၂ ခုကို ဖြုတ်ချပြီး point ကိုလဲ နှုတ်လိုက်ပေးပါဦးဗျိုး။

  • kai

    May 2, 2011 at 7:00 pm

    ပွိုင့်မနှုတ်ပါဘူး..။ အခုပို ့စ်ကို သုံးဆပေးရမှာမို ့.. ဒီအတိုင်းထားလိုက်ပါတယ်..။
    ============
    သတင်းလေးထူးလေးတင်ပေးမလို့ပါ..။
    ယူအက်စ်မရင်းက.. ဘိုင်အိုကမ်မစ်ကယ်ကျွမ်းကျင်သူ တပ်သား ၁၄၅ယောက်ကို … ဂျပန်ပို ့ထားတာကနေ ပြန်ခေါ်လိုက်ပါပြီ…။
    အိုစမာဘင်လဒင်အတွက် လက်စားချေတာတွေကို ကာကွယ်နိုင်ဖို့တဲ့..။
    Elite Marines Recalled From Japan
    Already the 145 members of the Marines’ elite Chemical Biological Incident Response Force are departing Japan,
    http://abcnews.go.com/US/osama-bin-laden-triggers-security-alert-recall-marine/story?id=13505844

  • bigcat

    May 2, 2011 at 10:46 pm

    ကိုအီးရိုးစ်ရေ သတင်းအကျဉ်းချုပ်အတွက်ကျေးဇူးပါ။ အပြုသဘောဝေဖန်ရရင် အလဲဗင်းက သတင်းတွေ များလွန်းနေတယ်။ သူဆီမှာ သတင်းထူးတွေရှိတာမို့ အလဲဗင်းကို အားပြုတာ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဂျာနယ်၊ မီဒီယာအစုံ တင်ပေးနိုင်ရင် ပိုကောင်းမလားလို့ပါ…

    • eros

      May 3, 2011 at 12:59 pm

      ဟုတ်ကဲ့ပါ ကျွန်တော်လည်း တက်နိုင်သလောက်ဂျာနယ်စုံက ဖြစ်အောင်ကြိုးစားနေပါတယ်။ ခက်တာက Eleven Media site က update များများလုပ်တယ်၊ ဖြစ်တယ်ပေါ့ဗျာ ဒါကြောင့် ကျွန်တော်တခြားဆိုက်တွေ ထည့်ချင်ပေမယ့် update ကနည်းနေတော့ နည်းနည်းခက်ခဲမယ်ဗျ။ ဘာပဲပြောပြော ဝေဖန်အကြံပြုချက်များအား ကျေးဇူးတင်လျက်ပါ။

  • kai

    May 3, 2011 at 1:04 am

    ဘင်လဒင်မျက်နှာကို သေနတ်နဲ့ပစ်သတ်လိုက်တဲ့.. ဆီးလ်တင်မ်းဆခ်စ် .မှာ
    ချော့ပါ၂စင်းနဲ့.. လူ၂ဒါဇင်ပါတယ်လို့ဆိုပါတယ်..။
    ဘင်လဒင်အလောင်းကို.. ဒီအင်န်အေ စစ်ပြီး ၁၀ဝရာနှုန်းအတည်ဖြစ်တာမို ့.. အလောင်းကိုပြာချပြီး ပင်လယ်ထဲမျောလိုက်တယ်တဲ့..။
    မကြာခင်.. အထောက်အထားဓါတ်ပုံတွေထွက်လာမယ် မျှော်လင့်ရပါတယ်..။

    The United States Naval Special Warfare Development Group (NSWDG), commonly known as DEVGRU and informally by its former name SEAL Team Six (ST6),[1][2] is one of the United States’ two secretive Tier One counter-terrorism and Special Mission Units (SMUs); the other such group is 1st SFOD-D (Delta Force).

    The vast majority of information surrounding DEVGRU is highly classified and details of its activities are not commented on by either the White House or the Department of Defense.

    http://www.familysecuritymatters.org/publications/id.9401/pub_detail.asp

  • bigcat

    May 3, 2011 at 2:02 am

    ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည် ဆန်ကာတင် ၅ ဦး http://2011.citizenofburma.org/
    ဒုတိယအကြိမ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် ဆန်ခါတင်အမည်စာရင်း ထုတ်ပြန်ခြင်း

    ၁။ ဦးဇာဂနာ (လူရွှင်တော်၊ ဒါရိုက်တာ၊ လူမှုဝန်ထမ်း)
    ၂။ ဒေါ်ဖြူဖြူသင်း (တောင်ဒဂုံ အိတ်ချ်အိုင်ဗွီစင်တာ တာဝန်ခံ)
    ၃။ ဒေါ်ရှု (အကျဉ်းကျ သံဃာတော်များအား စောင့်ရှောက်နေသူ)
    ၄။ ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူ (နိုင်ငံရေးအမှုလိုက်ရှေ့နေ)
    ၅။ လူမှုအထောက်အကူပြုအဖွဲ့ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

    အထက်ဖော်ပြပါ ဆန်ခါတင် ၅ ဦး/ဖွဲ့၏ အမည်စာရင်းကို အမေရိကန်ပြည်ထောင်စု အနောက်ဘက်ကမ်း ပစိဖိတ်စံတော်ချိန် မေလ ၄ ရက် ည ၁၂ နာရီ မှ မေလ ၁၄ ရက် ည ၁၂ နာရီအထိ ပြည်သူ့ဂုဏ်ရည် အင်တာနက်စာမျက်နှာ http://www.citizenofburma.org တွင် အများပြည်သူ၏ ဆန္ဒမဲ ကောက်ခံသွားမည်ဖြစ်ပြီး ဆန္ဒမဲအများဆုံး ရရှိသူကို မေလ ၁၅ ရက်နေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကြေညာ၍ ပြည်သူ့ဂုဏ်ရည်ဆု ချီးမြှင့်ဂုဏ်ပြုသွားမည်ဖြစ်ပါသည်။ http://2011.citizenofburma.org/citizen-of-burma-award/coba-award-records/—san-francisco/346-2011-05-02-16-39-55

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 7:32 am

    ဂျက်ဖရီ ၊ ၊အယ်(လ)ကာယီဒါး အကြမ်းဖက် အဖွဲ ့ခေါင်းဆောင် ဖြစ်သူ ဆော်ဒီအာရေဗီး
    ယား နိုင်ငံသားအိုစမာဘင်လာဒင် ကို တနင်္ဂနွေ နေ ့က ပါကစ္စတန် နိုင်ငံ မြို ့တော် အစ္စလာ
    မာဘတ် အနီးကပါကစ္စတန် စစ်တပ် အငြိမ်းစား အရာရှိ တွေ နေ တဲ့ အဘော့ဘတ် မြို ့မှ အသေ
    ဖမ်း ဆီး ရမိခဲ့ပါတယ်။ ဘင်လာဒင် ဟာ အမေရိကန် က အလို ရှိဆုံးသူ တစ်ယောက် ဖြစ်ပါတယ်။

    ဘင်လာဒင် ကို အသေဖမ်း နိုင်တာ ဘယ်သူ တွေလဲ

    အသက် ၅၄ နှစ် အရွယ် ရှိ ဘင်လာဒင် ကို အသေဖမ်းဆီး နိုင်ခဲ့တာ United States Navy
    SEALs ဆိုတဲ့ အမေရိကန် ရေတပ် လက်အောက်ခံ အထူး အဖွဲ ့ဖြစ်ပါတယ်။ ကြည်း၊ရေ၊လေ
    စစ်ဆင်ရေး တွေ မှာ ဘက်စုံ ပါဝင် နိုင်အောင် SEALs (SEa , Air, Land) ဆိုပြီး အတိုကောက်
    ခေါ်ထားတာ ဖြစ်ပါတယ်။

    ၁၉၆၂ ခုနှစ် မှာ စတင်ခဲ့ပြီး မနေ ့က အိုစမာဘင် လာဒင် ကို ဖမ်းဆီး နိုင်ခဲ့တဲ့ SEALs Team 6
    ဟာ CIA အဖွဲ ့နဲ ့ စက်ဆပ်လုပ်ကိုင် ပြီး ထောက်လှမ်း ရေး နဲ ့ သုတ်သင်ရှင်းလင်းရေး လုပ်ငန်း
    တွေ အတွက် ပါ အထူးလေးကျင့် ပေးထား တဲ့ အဖွဲ ့ဖြစ်ပါတယ်။
    SEAL အဖွဲ ့ မှာ ပါဝင် တဲ့ Team အဖွဲ ့ ၁ဝ ခု နဲ ့အခြား ထောက်ပံ့ အဖွဲ ့ နှစ် ခု ပါဝင်ပြီး Seal Team
    6 ကို United States Naval Special Warfare Development Group လို ့လည်း
    အိုစမာဘင်လာဒင် ဒီနေရာ မှာ ပုန်းအောင်း နေတာ ကို အမေရိကန် အစိုးရက ၂၀၁ဝ ခုနှစ် စက်
    တင်ဘာလ ကတည်း က သတင်း ရရှိခဲ့တာ ဖြစ်ပြီး ပါကစ္စတန် စံတော် ချိန် မေလ ၂ ရက်နေ ့မှာ
    Operation Geronimo လို ့အမည်ပေးထားတဲ့ စစ်ဆင်ရေး မစခင် မှာ မတ်လ ၁၄ နေ ့မှာ
    ဒီစစ်ဆင်ရေး အတွက် အသေးစိတ် အစီအစဉ် တွေ ကို စတင် ရေး ဆွဲ ခဲ့ပါတယ်။

    ပြီးခဲ့တဲ့ နှစ် စက်တင်ဘာလ ကနေ စစ်ဆင်ရေး စီမံချက် ရေး ဆွဲ တဲ့ မတ်လ ၁၄ ရက်နေ ့အထိ
    အမေရိကန် တပ် ဖွဲ ့ဝင် တွေ ဟာ အဲဒီအိမ်ကြီး ထဲ မှာ ရှိ နေတာ ဟာ ဘင်လာဒင် ဟုတ်မဟုတ်
    အသေအချာ စုံစမ်း ခဲ့ပြီး ပါကစ္စတန် အစိုးရ ရဲ ့ကြားဖြတ် ထောက်လှမ်း မှု တွေ အရ ဘင်လာဒင်
    မှန်း သေချာတာနဲ ့ဒီစစ်ဆင် ရေး ကို စတင် ခဲ့တာ ဖြစ်ပါတယ်။

    ဧပြီလ ၂၉ ရက်နေ ့သောကြာနေ ့မနက် ၈:၂ဝ နာရီ မှာတော့ သမ္မတ အိုဘာမား က ဘင်လာဒင်
    ကို ဖမ်းဆီး ဖို ့စစ်ဆင်ရေး ကို စတင် ဖို ့အမိန် ပေး ခဲ့ပါတယ်။

    Seal Team 6 ဟာ သတင်းအရ အိုစမာဘင် လာဒင် ပုန်း ခို နေတဲ့ အဘော့ဘက်က အိမ်
    ကြီး ဆီ ကို ရဟတ်ယာဉ် ၂၅ စီး နဲ့ ပါကစ္စတန် စံတော် ချိန် နံနက် ၁ နာရီ မှာ အိမ် ကြီး
    နား ကို ချဉ်းကပ် လာပြီး ချက် ခြင်း ပဲ ရဟတ် ယာဉ် ပေါ်က ကြိုးတွေ နဲ ့ SEAls တပ်ဖွဲ ့ဝင်
    တွေ ဟာ ခြံဝင်း ထဲ ကို ခုန်ချ ခဲ့ကြပါတယ်။

    သူတို ့ဟာ အနီအောက် ရောင်ခြည် သုံး ညကြည့် Night Vision Google ရဲ ့အကူညီ နဲ ့အိမ်နား
    ကို ချဉ်းကပ် သွား ပြီး အောက်ထပ် နဲ ့ ခြံဝင်း ထဲမှာ ရှိနေတဲ့ အယ်ကာယီဒါး အဖွဲ ့ဝင် တွေ ကို
    လွယ်လွယ် ကူကူပဲ ဖမ်းဆီး နိုင်ခဲ့ပါတယ်။

    အဲဒီအချိန် ဟာ လမင်း ကို တိမ်ဖုံး ပြီး မှောင် မိုက် နေပြီး အလင်း ရောင် သိပ် မရှိ တဲ့ အချိန်
    လည်း ဖြစ်ပါတယ်။ အဲဒီ အချိန် မှာ ရဟတ်ယာဉ် တစ်စီးက စစ်ချို ့ယွင်း တာကြောင့် အဲဒီ ဝင်း
    ထဲ မှာ ပဲ အရေး ပေါ် ဆင်းသက် ခဲ့ရပါတယ်။
    SEAls အဖွဲ ့ဝင်တွေ ဟာ ခြံဝင်းထဲ မှာ နေရာယူ ပြီး နောက် တပ်ဖွဲ ့ဝင် အချို ့ဟာ တိုက်အိမ်
    ကြီး ထဲ ကိုဝင်ရောက် သွားကြပါတယ်။

    ဘင်လာဒင် နဲ ့သူ ့ရဲ ့ စတ္ထု မြောက် ဇနီး ကို နေအိမ် ရဲ ့ တတိယ ထပ် မှာ တွေ ့ရှိ ပြီး သူ ့ရဲ ့သား
    ခါလေ့ ဘင်လာဒင် ကို ပါ တွေ ့ရှိ ခဲ့ပြီး ပြန်လည် ခုခံ မှု တွေ လုပ်တဲ့ အပြင် အမျိုးသမီး တစ်ဦး
    ကို ပါ လူသားဒိုင်း အဖြစ် အသုံး ပြုတာ ကြောင့် SEALs အဖွဲ ့တွေ အိုစမာဘင်လာဒင် ကို ဦး
    ခေါင်း နဲ ့ ဝမ်းဗိုက် နေရာကို ပစ်သတ်ခဲ့ရပါတယ်။
    ဒီစစ်ဆင်ရေး ဟာ ၃၆ မိနစ် ပဲ ကြာမြင့် ပြီး အမေရိကန် နိုင်ငံ ရဲ ့ ၂၀၀၁ ခုနှစ် နိုဝင်ဘာလ ကတည်း
    ကတည်း စတင် ခဲ့တဲ့ ဘင်လာတော် ရှာပုံတော် စစ်ဆင်ရေး ကို အဆုံးသတ် နိုင်ခဲ့တာ လည်း ဖြစ်ပါ
    တယ်။

    ဒီစစ်ဆင်ရေး မှာ အမေရိကန် ရော ပါကစ္စတန် လက်နက် ကိုင် တပ်ဖွဲ ့တွေ ပါ ထိခိုက် ဒဏ်ရာ ရရှိ
    မှု မရှိ ဘဲ ဘင်လာဒင် ရဲ ့ ဆက်သား နဲ ့၎င်း ရဲ ့ညီ အပါအဝင် ငါးဦး သေဆုံးက ခြံဝင်း ထဲ မှာ ရှိ
    နေ တဲ့ အယ်(လ) ခိုင်ဒါ အဖွဲ ့ဝင် ၂၂ ဦး ကို ဖမ်းဆီး နိုင်ခဲ့ပါတယ်။

    ဒီစစ်ဆင် ရေး ကို သမ္မတ အိုဘာမား ရဲ ့ အမျိုးသား လုံခြုံရေး တပ်ဖွဲ ့ဝင် တွေ က အိမ်ဖြူတော် ကနေ
    စစ်ဘက်သုံး ဂြိုလ်တု ရုပ်သံ သတင်း ပို ့စနစ် နဲ ့ တိုက် ရိုက် ကြည့် ရှု ကာ အခြေအနေ တွေ ကို ကမာ္ဘ
    ကို သတင်း ထုတ် ပြန် နိုင်ဖို ့ အတွက် စီစဉ် ခဲ့ကြတာ ပါတယ်။

    နောက်တစ်နေ ့မှာ တော့ ဘင်လာဒင် ရဲ ့ရုပ် အလောင်း ကို မြောက် အာရေဗျ ပင်လယ် လေယာဉ်
    တင် သင်္ဘော ကာလ်း ဗင်ဆင် ပေါ်ကနေ ပင်လယ်ထဲ့ကို အချ မှာ အစ္စလာမ်ဓလေ့ ထုံးတမ်း စဉ် လာ
    အရ သဂြိုလ် ခဲ့ ပါတယ်။
    သေဆုံးသူ ဟာ ဘင်လာဒင် ဖြစ်တယ် ဆိုတာ သေချာအောင် သူ ရဲ ့ ခန္တာ ကိုယ်က အသားမျှင်စ မှာပါ
    တဲ့ DNA ကို ကွယ်လွန် သွားပြီ ဖြစ်တဲ့ ဘင်လာဒင် ရဲ ့ ညီမ တစ်ဦး ရဲ ့ DNA နဲ ့ တိုက် ဆိုင် စစ်ဆေး
    ခဲ့ပါတယ်။

    ဒီစစ်ဆင် ရေး ကို ပါကစ္စတန် စစ်တပ် ကို တောင် အသိမပေး ဘဲ ပါကစ္စတန် ထောက်လှမ်း ရေး
    ISI နဲ ့ ပါကစ္စတန် စစ်အရာ ရှိ တစ်ချို ့နဲ ့ စီစဉ် ခဲ့တာ ဖြစ်ပါတယ်။

    ဘင်လာဒင် ကို အဲဒီနေ ရာ အခြေချ ပုန်း ခို နေထိုင် နိုင် အောင် စီစဉ် ပေး ခဲ့သူ က တော့ ပါကစ္စတန် စစ်
    တပ် က ဗိုလ်မှုးချုပ် နှစ်ဦး နဲ ့ ဗိုလ်ကြီး တစ်ဦး လို ့သိရပါတယ်။ ဘင်လာဒင် ဟာ ပါကစ္စတန် နိုင်ငံ
    မှာ ၅ နှစ် ကျော် ကြာ လှည့်ပတ် ပုန်းအောင် နေထိုင် ခဲ့ပါတယ်။

    ဒီစစ်ဆင်ရေး ဟာ (Targeted Operation) လို ့ခေါ်တဲ့ ပစ်မှတ် ထားပြီး သုတ်သင် ရှင်းလင်း ဖယ်ရှား တဲ့
    စစ်ဆင် ရေး ဖြစ်ကာ နောက် ပိုင်း မှာ အမေရိကန် အစိုးရ က အလို ရှိ နေ တဲ့ သူတွေ ကို သတင်းထောက်
    လှမ်း မှု ပြုပြီး ဒီစစ်ဆင် ရေး ကို အသုံး ပြုကာ ဖယ်ရှား လာ နိုင်ပါတယ်။
    http://freedomnewsgroup.com/2011/05/03/targeted-operation/#more-19160

    • susunosuki

      May 4, 2011 at 3:45 am

      ခဏ ခဏ သေတတ်တဲ့ ဘင်လာဒင်ဒီတစ်ခါ တကယ်သေတယ်လို့ ယုံကြည်ရပါတယ်။ လူသားအချင်းချင်း မုန်းတီးမှုမရှိပေမယ့် လူပေါင်းများစွာကို ရက်ရက်စက်စက်လုပ်ကြံ သတ်ဖြတ်တတ်တဲ့ ဒီလိုလူမျိုး ကမာ္ဘလောက ကြီးက ထွက်ခွာသွားရတာကို နှစ်ထောင်းအားရ ရှိပါတယ်။ အထောက်အထား ဓါတ်ပုံတွေ ရှာကြည့်ပါဦးမယ်။ တင်ပေးနိုင်ရင်လည်း ကျေးဇူးအထူးတင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 7:41 am

    ကြံ့ဖွံ့ ပါတီသည် ပေးထားသောရွေးကောက် ပွဲကတိကို မတည်ကြောင်း ဒေသခံများက စွပ်စွဲ ပြောကြားလိုက်သည်။

    အဆိုုပါ စွပ်စွဲချက်ကို ယမန်နေ့က မောင်တောမြို့နယ် အလယ်သံကျော်တွင် ပြုလုပ်ခဲ့သော လူထု ရှင်းလင်းပွဲ အပြီးတွင် ဒေသခံ မွတ်ဆလင်များက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

    “ သူတို့က ကျွန်တော်တို့ကို လွတ်လပ်စွာ ခရီးသွားခွင့်တွေ ရအောင် လုပ်ပေးမယ်။ နိုင်ငံသား စိစစ်ရေး ကဒ်တွေ လုပ်ပေးမယ်။ ပလီတွေကို ပြင်ခွင့်ရအောင် လုပ်ပေးမယ်။ ခြင်္သေ့ (ချိန်ဟော)ကို ရွှေးကောက်ပွဲမှာ မဲပေးကြပါဆိုပြီး သူတို့က ပြောသွားတယ်။ မနေ့က လူထု ရှင်းလင်းပွဲမှာတော့ ဒီကိစ္စတွေကို ဘာမှ ပြောမသွားဘူး” ဟု လူထု ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

    ကြံ့ဖွံ့ပါတီသည် ယမန်နေ့က လူထု ရှင်းလင်းပွဲကို အလယ်သံကျော် ကျေးရွာတွင် ပြုလုပ်ခဲ့ပြီး လူပေါင်း ၂၀၀ဝ ခန့်တက်ရောက်နားထောင်ခဲ့သည်ဟု သိရသည်။

    “ ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်း ဦးဆောင်ပြီးတော့ မနေ့က နေ့လည် ၂ နာရီ ဝန်းကျင်မှာ အလယ်သံကျော် ဘောလုံးကွင်းမှာ လူထု ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သူက မိန်းခွန်းထဲမှာ သူတို့ဟာ အစိုးရပါတီဝင်ဖြစ်လို့ ဒီလို လူထု ရှင်းလင်းပွဲကို လုပ်ခွင့်ရတာ—–၊ ပြီးတော့ ရွာသူရွာသားတွေကို အစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့ အညီ လိုက်နာ နေထိုင်ကြပါ။ ဥပဒေ ချိုးဖောက်သူဟာ အရေးယူခံကြရမယ်။ အစိုးရ အနေနဲ့ကလည်း ဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေကို ဖြည်းဖြည်းချင်း အကောင်အထည်ဖော် လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်ဆိုပြီး ပြောကြားခဲ့ပါတယ်” ဟု သူက ပြောသည်။

    နအဖ စစ်အစိုးရ အာဏာသိမ်းပြီး နောက်ပိုင်း ၁၉၉၁ ခုနှစ်မှစ၍ မောင်တော ဒေသတွင် မူဆလင် ဘာသာဝင်များ ခရီးသွားလာခွင့်၊ လက်ထပ်ခွင့် နှင့် ဘာသာရေး အဆောက်အဦးများ မွမ်းမံခြင်း (သို့) အသစ်တည်ဆောက်ခြင်း ဆိုင်ရာ ဒေသန္တရ ဥပဒေများကို သက်ဆိုင်ရာမှ ပြဌာန်းထားသည်။

    အဆိုပါ ပြဌာန်းချက်များကို မွတ်ဆလင်များက ပယ်ဖျက်လိုနေသည်။

    ယမန်နေ့က လူထု ရှင်းလင်းပွဲကို ပြည်သူ့လွှတ်တော် အမတ် ဦးအောင်ဇော်ဝင်း (ခေါ်) ဇာကီးအာမတ် ဦးဆောင်ကျင်းပခဲ့ပြီး ဒေသခံများနှင့် အတူ ကြံ့ဖွံ့ပါတီဝင် ၃၀ဝ ကျော် တက်ရောက်ခဲ့သည်။ ရှင်းလင်းပွဲကို နေ့ နေ့လည် (၂)နာရီ မှ (၃)နာရီဝန်းကျင်ထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
    http://burmese.bnionline.net/news/narinjara/6986-2011-04-30-00-50-58.html

    • susunosuki

      May 4, 2011 at 3:54 am

      လာမယ့် နှစ်ပိုင်းတွေမှာ တွေ့ရမယ့် ပြဿနာ သောင်းခြောက်ထောင်ရဲ့ အစလို့ထင်တယ်။ မဲလိုချင်သူတွေက ဘာတွေလုပ်ပေးပါ့မယ်၊ လာတွေဖြစ်လာစေရမယ်ဆိုပြီး မဲဆွယ်တတ်တယ်။ ခုချိန်မှာ ပြည်သူလူထုက စောင့်ကြည့်နေကြပြီလေ။ ဘယ်ဘာသာဝင်ဖြစ်ဖြစ် ဘယ်လူမျိုးမှာ ဖြစ်ဖြစ် စည်းကမ်းပြည့်ဝ တဲ့ လွတ်လပ်တဲ့ လူ့ဘောင်ရဲ့ အကျိုးစီးပွားကို မထိခိုက်တဲ့ လွတ်လပ်ခွင့်တွေတော့ရှိသင့်တယ် လိုထင်ပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 7:44 am

    မြစ်ရေခန်း၍ ဘုရားသုံးဆူဟောင်းသို့ သွားရောက်လေ့လာသူ များ
    မင်းတော်လဝီ – မြစ်ရေ ခန်းခြောက်ခြင်းကြောင့် ပေါ်လာသည့် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင်စံခလ ပူရီမြို့နယ် ဝင်းကရွာဟောင်းရှိဘုရား သုံးဆူ စေတီဟောင်းသို့ သွားရောက်လေ့လာသူများပြား ကြောင်း တွေ့ရသည်။

    ရေမမြုပ်မီ လွန်ခဲ့သည့် အနှစ် ၃ဝ ခန့်က ဖူးတွေ့ရသည့် ဘုရားသုံးဆူ စေတီဟောင်း (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ယခင်နှစ် ဧပြီလမှ ရေခန်းခြောက်မှုကြောင့် ဘုရားသုံးဆူစေတီဟောင်း နှင့်အတူ ဝင်းကရွာဟောင်း၊ ကျောင်းဟောင်းနှင့် သိမ်ဟောင်းလည်း ပေါ်လာခဲ့ပြီး မိုးရာသီတွင် ခေတ္တနစ်မြုပ်ခဲ့ရာမှ ယခုနွေရာသီ၌ ပြန်ပေါ်လာခဲ့သည်။

    နေ့စဉ် ထိုင်းနိုင်ငံ ဒေသအသီးသီးမှ လာရောက်လေ့လာသူ ၅ဝ – ၆ဝ ခန့် ရှိပြီး ရုံးပိတ်ရက်များတွင် အယောက်တရာကျော် လာရောက်လေ့လာကြကြောင်း ဝင်းကဘုန်းတော်ကြီးကျောင်းမှ သံဃာတော်တပါးက မိန့်သည်။

    “ဗုဒ္ဓဂါယာစေတီ နဲ့ ဝင်းကကျောင်းကြီးကို လာရောက်ဖူးမျော် လေ့လာသူတွေဟာ ဘုရားသုံးဆူ စေတီ ဟောင်းဆီ ကိုလည်း သွားကြပါတယ်၊ ရွာဟောင်းအနီးမှာ ရှိတဲ့ စေတီဟောင်းထိ ကားလမ်းကောင်းနေတော့ ကားနဲ့သွားလို့ အဆင်ပြေတယ်” ဟု အထက်ပါ သံဃာတော်က မိန့်သည်။

    လွန်ခဲ့သော ၂ရ နှစ်က ထိုင်းအစိုးရ၏ ထွန်ဖါဖွန် ရေအားလျပ်စစ် စီမံကိန်းကြောင့် ဝင်းကရွာဟောင်း တခုလုံး ရေမြုပ်ခံရပြီး အဆိုပါ ဘုရားသုံးဆူစေတီသည်လည်း ရေအောက် လုံးလုံး နစ်မြုပ်သွားရသည်။

    စံခလယ်ချောင်း ၊ဘီခီး (ခေါ်) ကင်းချောင်း၊ လန်တီချောင်း သုံးသွယ် ပေါင်းဆုံရာ အရပ်၌ အဆိုပါ ဘုရားသုံးဆူ တည်ရှိသည်။

    ကန်ချနပူရီခရိုင်ရှိ ထွန်ဖါပွန် ရေအားလျပ်စစ် ဓါတ်အားပေး စက်ရုံသည် ဤဒေသရှိ မြစ်ချောင်းရေများကို အဓိက အားထားနေရသည်။

    သာမန်နှစ် နွေရာသီ ရေအနည်းဆုံး အချိန်တွင် စံခလယ်ချောင်း၌ ရေအနက် ၁၈ ပေခန့် ရှိသော်လည်း ယခင်နှစ် ရေခန်းစဉ်က ၉ ပေသာ ကျန်ရှိသည်။ ယခုလက်ရှိတွင် စံခလယ် ချောင်း၌ ရေ ၁၂ ပေ ကျန်ရှိ ကြောင်း ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခပူရီ သစ်သားတံတားအနီး ဖေါင်အိမ် ငှားခြင်းဖြင့် ၂၆ နှစ်ကျော် အသက်မွေးလာခဲ့သူ နိုင်ချစ်ငွေ က ပြောသည်။

    “မနှစ်က ရေမှတ်ကို ရောက်ဖို့ သုံးပေပဲ လိုတော့တယ်။ ဖေါင်အိမ်နဲ့ သွားလာရတာ ခက်တော့ပဲ့ချိတ်စက်လှေ တွေနဲ့ သွားကြတာ များတယ်၊ ဝင်းကရွာဟောင်းနဲ့ ဘုရားသုံးဆူ စေတီဟောင်းကိုပဲ သွားကြတာ များတယ်” ဟု နိုင်ချစ်ငွေက ပြောသည်။

    မြစ်ရေ ခန်းခြောက်ခြင်းကြောင့် မြင်တွေ့ရသည့် ဘုရားသုံးဆူစေတီဟောင်းနှင့် အဝေးမှ မြင်တွေ့ရသည့် ဝင်းကရွာဟောင်းမှ သိမ်တော် (ဓါတ်ပုံ – လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    လွန်ခဲ့သော နှစ်ပေါင်း ၂၅ဝ ကျော်ဝန်းကျင် ဟံသာဝတီ နေပြည်တော် ပျက်သုဉ်းစဉ်က ထိုင်းနိုင်ငံသို့ ဝင်ရောက်ခိုလှုံခဲ့သော မွန်လူမျိုးများက အဆိုပါဘုရားသုံးဆူကို တည်ခဲ့သည် ဟု လက်ရှိဘုရားသုံးဆူရွာ (ထိုင်း နိုင်ငံ) တွင် သီတင်းသုံးလျက် ရှိသော ကျောင်းထိုင်ဆရာတော် အသျှင်ဟံသာရာဇာက ၂၅၃ ကြိမ်မြောက် ဟံသာဝတီ နေပြည်တော် ပြန်လည်အောက်မေ့ဘွယ် အခမ်းအနားတရပ်၌ ဩဝါဒ မြွက်ကြားးစဉ် ထည့်သွင်း ပြောကြားသည်။

    ယခုပေါ်လာခဲ့သည့် ဘုရားသုံးဆူဟောင်းနှင့် လက်ရှိခေါ်တွင်နေသည့် ထိုင်း မြန်မာ နယ်စပ် ဘုရားသုံးဆူမှာ ကီလိုမီတာ ၃ဝ ခန့် ကွာဝေးပြီး သက်ကြီးရွယ်အိုတို့၏ ပါးစပ်ရာဇဝင်အရ ဤဘုရားသုံးဆူဟောင်းသည် ရှေးဧကရာဇ်မင်းများ လက်ထက်က ထိုင်းမြန်မာ နယ်စပ် ဖြစ်ခဲ့သည်ဟု ဆိုသည်။
    http://burmese.bnionline.net/news/imna/6974-2011-04-29-23-57-57.html
    ( ဒီဇာတ်ထုပ်တွေက ကျုပ်ရေးခဲ့တဲ့ ငွေယားဆိုတဲ့ ပို့စ်ရဲ့အဆက်အနွယ်တွေဆိုတာ
    ခင်ဗျားတို့မသေမချင်းမှတ်ထားဂျ )

    • susunosuki

      May 4, 2011 at 4:14 am

      ဆိုလိုတာက ကျွန်တော်တို့ နိုင်ငံနယ်စပ်တစ်ခုရဲ့ အတိတ်နဲ့ ပစ္စုပ္ပန်မှာ ကီလိုမီတာ ၃ဝ လောက်ဆုံးရှုံးသွားတယ်ပေါ့။
      ဒီအချက်ဟာ အမှန်ဆိုရင်တော့ ဝမ်းနည်းစရာပါပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 7:55 am

    လင်ယောကျင်္ား ဖြစ်သူက ဇနီးကို အလည်ရောက်နေသော အိမ်တွင် သတ်ပြီး အိမ်ကိုပါ မီးရှို့
    ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် လင် ယောကျာင်္း ဖြစ်သူက အလည်ရောက်ရှိနေသော အိမ်တွင် ဇနီး ဖြစ်သူကို အသေသတ်ပြီး တည်းခို နေသော အိမ်ကိုပါ မီးရှို့ သဖြင့်အဆောက် အဦး ၃၁ လုံး မီးထဲပါသွားသော အဖြစ်အပျက် တစ်ခု ဧပြီလ ၂၁ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြန်မာ အစိုးရပိုင် သတင်းစာများက ရေးသားဖေါ်ပြသည်။

    အစိုးရပိုင် သတင်းစာ၏ ဖေါ်ပြချက်အရ ကျောက်တော်မြို့နယ် အထက်ပိုင်း အထက် တင်းမ ကျေးရွာတွင် နေထိုင်သော ဦးမဲလား၏ နေအိမ်သို့ ဦးအကျော်ချေ အသက်(၃၂)နှစ်နှင့် ဇနီးဖြစ်သူ ဒေါ်အဖြူချေ(၂၇)နှစ်တို့ အလည် လာရောက် တည်းခိုခဲ့သည်ဟု သိရသည်။

    ထိုသို့ တည်းခိုနေစဉ် လင်မယား စကားများရန်ဖြစ်ခဲ့ရာမှ ခင်ပွန်း ဖြစ်သူဦးအကျော်ချေက ဓားဖြင့်ခုတ်၍ ဇနီးဖြစ်သူဒေါ်အဖြူချေ သေဆုံးခဲ့သည်။ သူမိန်းမအား သတ်ဖြတ်ပြီးနောက် သူတည်းခိုနေသော ဦးမဲလာ၏ အိမ်အား ထပ်မံ မီးရှို့ခဲ့သည်ဟု ဆိုသည်။

    ဦးမဲလာ၏ အိမ်မှ နောက်အိမ်များသို့ မီးကူးစက်သွားခဲ့ပြီး အဆောက်အဦး ၃၁ လုံး မီးထဲပါသွားခဲ့ကြောင်း သိရသည်။

    အဆောက်အဦး ၃၁ လုံးထဲတွင် နေအိမ် ၂၉ လုံး၊ ကျေးရွာမူလတန်းကျောင်းတစ်ကျောင်း၊ ဇရပ်တစ်ဆောင်တို့ ဖြစ်သည်။ တန်ဖိုးအားဖြင့် ငွေကျပ် ၈၆ သိန်းခန့် ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

    ၎င်းမီးလောင်မှုကြောင့်အိမ်ထောင်စု ၂၉ စု၊ လူကြီး လူငယ် ၇၉ ဦး၊အမျိုးသမီး ၇၉ ဦးစုစုပေါင်း ၁၅၈ ဦးတို့ အိုးမဲ့အိမ်မဲ့ ဖြစ်သည်ဟု သတင်းစာက ဖေါ်ပြသည်။
    http://burmese.bnionline.net/news/narinjara/6948-2011-04-27-14-56-53.html

  • etone

    May 4, 2011 at 1:29 am

    ဗမာ့သွေးတို့ ဦးဦးမှော်စရာ တို့ ကနေ ဂရုတွေကို ဝေတဲ့ မေးလ်တွေသတင်းတွေ ရနေတာ ဘယ်သူရေးတာလဲမှတ်တယ် … ဂေဇက်က eros ဖြစ်နေတာကိုး … ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 2:28 am

    သာဓုကန်တွင်း ငါးလည်းလွှတ် ကြွပ်ကြွပ်အိတ်လည်းစွန့်
    သာဓုကန်အတွင်း ငါးလွှတ်ပြီးနောက် စွန့်ပစ်ခဲ့သော ကြွပ်ကြွပ်အိတ်များကို စည်ပင်မှ လိုက်လံရှင်းလင်းခဲ့ရကြောင်း သိရသည်။
    ”နှစ်ဆန်း ၁ ရက်နေ့မှာ ငါးလွှတ်ကြတဲ့အခါ ငါးရောင်း သူတွေက ကြွပ်ကြွပ်အိတ်နဲ့ထည့်ပြီး ရောင်းတယ်။ ငါးလွှတ်တဲ့သူ အချို့က လွှတ်ပြီးရင် ကြွပ်ကြွပ်အိတ်ကို ကမ်းစပ်မှာ ဒီအတိုင်း စွန့်ထားခဲ့တယ်။ အဲဒီနေ့မှာ သာဓုကန်လာတဲ့သူက သိန်းနဲ့ချီရှိ တော့ လိုက်မထိန်းနိုင်ဘူး” ဟု သာဓုကန် ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
    ယင်းသို့ ပလတ်စတစ်စွန့်မှုမှာ နှစ်စဉ်လိုဖြစ်နေကြောင်း၊ စည်ပင်မှ ပြန်လည်ရှင်းလင်းပြီးသည့်အခါ ကန်အနီးတွင် ပုံထားပြီး နောက်မှ ဖျက်ဆီးလိုက ်ကြောင်း သိရသည်။
    နှစ်ဆန်း ၁ ရက်နေ့၌ ရန်ကုန်မြို့ဝန်းကျင်ရှိ ငါးလွှတ်ရာ နေရာများတွင် ယင်းသို့ ပလတ်စတစ်များအား ရေစပ်တွင် စွန့်ပစ်ခဲ့ခြင်းမှာ နှစ်စဉ်ဖြစ်ကြောင်း၊ ယင်းသို့ စွန့်ကြသူများမှာ တမင်တကာပြုမူခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ အားနည်းခြင်းကြောင့်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝါဒီတစ်ဦးက ပြောသည်။
    ”အင်းလျားကန်မှာဆိုလည်း ဒီအတိုင်းပဲ လူငယ်တွေ ကိုယ်တိုင်ကကို စွန့်နေတာတွေ့ရတယ်။ စွန့်ရမယ့် အမှိုက်ပုံးက နည်းနည်းလှမ်းနေရင်ကို ရေထဲစွန့်လိုက်ကြတာပဲ။ ပလတ်စတစ် က ရေနေသတ္တဝါတွေကို အန္တရာယ်ပြုမယ်ဆိုတာ စွန့်တဲ့လူတွေ ကအနည်းနဲ့အများတော့ သိကြပါတယ်။ ဒါပေမဲ့ အမူအကျင့်ကို မပြင်နိုင်ကြသေးဘူး” ဟု ၎င်းက ထပ်လောင်း ပြောသည်။
    ”နှစ်ဆန်း ၁ ရက် သာဓုကန်တွင်း ငါးလွှတ်နေစဉ် အချို့သော လူငယ်များမှာ ပလတ်စတစ်များ ရေထဲတွင် မထားရစ်ခဲ့ရန် ချိုသာသောအသံဖြင့် လိုက်လံနှိုးဆော်မှု များရှိကြောင်း၊ ယင်းသို့ နှိုးဆော်မှုကြောင့် စွန့်ရမှာရှက်ရွံ့ပြီး မစွန့်ကြသူများလည်းရှိကြောင်း အဆိုပါငါးလွှတ်ပွဲတွင် ပါဝင် ဆင်နွှဲခဲ့သူ လှည်းတန်းမှ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။
    သာဓုကန်အတွင်း ရေမကူးရ၊ ငါးမဖမ်းရဟု ထုတ်ပြန်ထား သော်လည်း နှစ်စဉ် နှစ်ဆန်း ၁ ရက်တွင် ရေကူးသူများရှိ ကြောင်း၊ ထိုနေ့တွင် လူသိန်းချီရှိသောကြောင့် တာဝန်ရှိသူများ လိုက်လံထိန်းသိမ်းရ မလွယ်ကြောင်း၊ သာဓုကန်တွင်းရေကူးခြင်းကို ပိုမိုကြပ်မတ်နိုင်သောကြောင့် ၂ဝ၁ဝ နှင့် ၂ဝ၁၁ နှစ်ဆန်း ၁ ရက်တွင် အသေအပျောက်မရှိခဲ့ကြောင်း ဂေါပကအဖွဲ့မှသိရသည်။
    ကျော်ဝင်းသူ
    http://popularmyanmar.com/mpaper/?p=18072
    ( ယင်းသို့ စွန့်ကြသူများမှာ တမင်တကာပြုမူခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိ အားနည်းခြင်းကြောင့်ဖြစ် ) ဒီအကြောင်းလေးရယ်
    ( ”နှစ်ဆန်း ၁ ရက် သာဓုကန်တွင်း ငါးလွှတ်နေစဉ် အချို့သော လူငယ်များမှာ ပလတ်စတစ်များ ရေထဲတွင် မထားရစ်ခဲ့ရန် ချိုသာသောအသံဖြင့် လိုက်လံနှိုးဆော်မှု များရှိ ) ဆိုတာရယ်ကို ဆက်စပ်ကြည့်ပြီး
    အခြေအနေအရ မသိတတ်တဲ့သူတွေကို သိတတ်ပါတယ်ဆိုတယ်ဆိုတဲ့ သူတွေက
    စိတ်ရှည်လက်ရှည် အသိပေးနားလည်စေသင့်ပြီး တစ်ချို့ကိစ္စတွေကို နိုင်ငံရေးဆိုတဲ့ သဘောတရားတွေကို
    ခဏဘေးဖယ်ထားပြီး အကျိုးပြု သဘောအဖြစ်ဖြင့် ပါဝင်ဆောင်ရွက်သင့်ကြပါကြောင်း
    ခပ်တည်တည်နဲ့ဖော်လ်သွားပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 2:37 am

    ခဲဆိပ်သင့်မည်ကို သုံးဆူဒေသခံများ စိုးရိမ်
    လွတ်လပ်သောမွန်သတင်းအေဂျင်စီ – ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ရှိနေရာအတော်များများ တွင် ခဲရိုင်းတုံးများကို စုပုံထားသည့်အတွက်ခဲဆိပ် သင့်မည့် အန္တရာယ်ကို မြို့ခံများ စိုးရိမ်နေကြသည်။

    သတ္တုတွင်း ကုမ္ပဏီ လီမိတက်များက ကရင်အမျိုးသား အစည်းအရုံး (ကေအင်ယူ) ထိန်းချုပ်နယ်မြေအတွင်းမှ တူးဖော်ခဲ့သည့် ထိုခဲသတ္တုရိုင်းများကို ဘုရားသုံးဆူမြို့တွင် အနည်းဆုံး ၈ နေရာခန့် စုပုံ ချထားကြောင်း မြို့ခံများက ပြောသည်။

    ကေအင်ယူနယ်မြေအတွင်းမှ ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို အောင်မြေကုမ္မဏီ၊ သပြုကုမ္မဏီ၊ မြသန်း ကုမ္မဏီ၊ ရွှေထူးကုမ္မဏီ၊ နဝရတ်ကုမ္မဏီစသည့် ကုမ္ပဏီများက လုပ်ကိုင်လျက် ရှိပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရန်အတွက် ဘုရားသုံးဆူမြို့၌ ချထားခြင်း ဖြစ်သည်။

    “တိုင်တစ်ရာကျောင်းအနီးမှာ ပုံထားတာ အများဆုံးပဲ။ အိတ် ငါးရာ ခြောက်ရာလောက် ရှိမယ်” ဟု ဘုရားသုံးဆူမြို့ ရပ်ကွက် ၃ မှ မြို့ခံတဦးက ပြောသည်။

    ခဲသတ္တု တူးဖော်ရေး လုပ်ငန်းကို လွန်ခဲ့သည့် ၂၀၀၃ -၂၀၀၄ ခုနှစ်တွင် သပြုသတ္တုတွင်း ကုမ္မဏီ လီမိတက်မှ စတင်လုပ်ဆောင်ခဲ့ပြီး ဘုရားသုံးဆူမြို့ တောင်ဝိုင်းရပ်ကွက် (ရပ်ကွက် ၄) တွင် ခဲသန့်စင်စက်ရုံကို ဆောက်လုပ်ခဲ့သည်။

    ၂၀၀၅ ခုနှစ်တွင် ခဲမှ စိမ့်ထွက်လာသည့် ရေကြောင့် ဒေသအတွင်းရှိ ရေတွင်း၊ ရေကန်များထဲသို့ ခဲဓါတ်များ စိမ့်ဝင်ပြီး ငါးနှင့် တိရစ္ဆာန်များ သေဆုံးခြင်း၊ လူများ ရောဂါဝေဒနာ ခံစားရခြင်းတို့ကြောင့် အာဏာပိုင်များက ခဲသန့်စင် စက်ရုံကို ပိတ်ပစ်ခဲ့သည်။

    “အဲဒီတုန်းက မြို့ပေါ်မှာပဲ လုပ်တယ်။ ဆိုတော့ အရမ်းအန္တရာယ် ကြီးတယ်၊ ငါးတွေလည်း သေတယ်၊ လူတွေဆိုလည်း ကိုယ်ယားယံတာတို့ ခေါင်းကိုက် ကိုယ်လက် ကိုက်ခဲတာတို့ ဖြစ်တယ်။ ဒါ့ကြောင့် ဆရာဝန်တွေက တောင်းဆိုလို့ အာဏာပိုင်တွေက အဲဒီခဲလုပ်ငန်းကို ရပ်စေခဲ့တယ်” ဟု အထက်ပါ မြို့ခံက ပြောသည်။

    ယခု စုပုံထားသည့် ခဲရိုင်းတုံးများမှာ ဘုရားသုံးဆူမြို့တွင် သန့်စင်မည် မဟုတ်ပဲ ထိုင်းနိုင်ငံသို့ တင်ပို့ရန် အတွက် ခေတ္တချထားခြင်းသာ ဖြစ်သော်လည်း ယခင်က ခံစားခဲ့ရသည့် ဆိုးကျိုးကြောင့် ဒေသခံများ ကြောက်လန့်နေကြခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။
    http://burmese.bnionline.net/news/imna/7008-2011-05-03-12-52-25.html

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 2:42 am

    စစ်တပ်မှ ရွာသားများကို ဝါးများ တောင်းခံ
    ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့၌အခြေစိုက်ထား သော စစ်အစိုးရတပ် ခမရ ၁၀၂ သည် ၎င်းတို့ တပ်စခန်းနှင့် စိုက်ပျိုးရေး ခြံများအသုံးပြုရန် အတွက် ဒီးမော့ဆိုမြို့နယ်ရှိထီးဖိုးကလိုးကျေးရွာ အုပ်စုကို ဝါးများတောင်းခံ ထားကြောင်းသိရ သည်။

    ထိုစစ်အစိုးရတပ်သည် ဧပြီလ ၂၈ ရက်နေ့က ထီးဖိုးကလိုးကျေးရွာအုပ်စုရှိကျေးရွာအုပ်စုဥက္ကဌနှင့်ကျေးရွာ ဥက္ကဌ တို့ကို အစည်းအဝေး ခေါ်ယူခဲ့ပြီး ၁ဝ ပေရှိ ဝါးကို တစ်ရွာလျှင် ၃ဝ ချောင်း ခုတ်ယူခိုင်းကာ ဧပြီလ ၃ဝ ရက်နေ့တွင် တပ်စခန်းသို့ အရောက်လာပို့ခိုင်းခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။
    “ရွာသားတွေက ဝါးမပေးရင် မရဘူး။ မပေးရင် စစ်တပ်တို့ကို ပိုက်ဆံ ပေးရမယ်လေ။ ခါတိုင်းက ရွာသားတွေ ဝါးမပေးရင် စစ်တပ်က ကျေးရွာအုပ်စုဥက္ကဌကို ပိုက်ဆံ တောင်းတယ် အဲလိုလုပ်တယ်။ နောက်ပြီးအုပ်စု ဥက္ကဌက ကျေးရွာဥက္ကဌတွေနဲ့ ရွာသားတွေကို ပိုက်ဆံ တခါ ပြန်တောင်းရတယ် အဲလိုလုပ်တယ်” ဟု ၎င်းက ပြောသည်။

    ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက “စစ်တပ်တွေက သူတို့ တောင်းထားတဲ့ ဝါးတွေကို စိုက်ပျိုးရေး ခြံနဲ့တချို့လုပ် တယ်။ သူတို့ တပ်စခန်းမှာ စားဖို့ အသီးအနှံတွေ၊ ပန်းပင်တွေလည်း စိုက်ထားတယ်လေ။ နောက်ပြီး သူတို့ ကျင်းတွေလေ အဲဒီအပေါ်မှာ မြေကြီးတွေနဲ့ ဖုံးထားတယ်။ ဝါးတွေနဲ့လည်း လုပ်ထားတယ်” ဟု ပြောပါသည်။

    ဒီးမော့ဆိုမြို့၌ အခြေစိုက်ထားသော ထိုစစ်အစိုးရတပ်သည် ယခင်နှစ်များကလည်းထီးဖိုးကလိုးကျေးရွာအုပ်စု ကို တပ်စခန်းအတွက် သစ်များနှင့် ဝါးများကို တောင်ခံခဲ့ဖူးကြောင်း သိရသည်။

    ထီးဖိုးကလိုးကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁ဝ ရွာ ရှိပြီး ၎င်းကျေးရွာတို့မှာ ဒေါကူလီ၊ ဒေါတဒါး၊ ဒေါဘျာကူး၊ ဒေါးစေး၊ ထီးဖိုးကလိုး၊ ထီစဲကလိုး၊ ဒေါကူစေး၊ ထျေးလျား၊ ဒေါးလျခူနှင့် ဒေါလောခူတို့ ဖြစ်ကြောင်း သိရသည်။
    ( ဒါက ကျုပ်လည်းကိုယ်တွေ့ကြုံဘူးတယ်ဗျ
    အေဘေးဒေ တစ်ခါတစ်လေ ရေပါထမ်းပို့ပေးရတယ်
    နောက်ပြီး သူတို့ကသနတ်ကိုင်ထားပြီး ဂတုတ်ကျင်းထည်းမှာနေတယ်
    ကျုပ်တို့ရွာသားတွေက အပြင်ဖက်မှာ လားတစ်ယောက်တစ်ကောင် သွားတစ်ယောက်တစ်စုံနဲ့ကင်းစောင့်ရတယ်

  • Shwe Tike Soe

    May 4, 2011 at 3:16 am

    ရန်ကုန်မြို့တော်ခန်းမ အရောင်ပြောင်း

    ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ၂၀၁၁ခု ဧပြီ ၁ ရက်မှ စတင်၍ ကော်မတီအဆင့်မှ စည်ပင်သာယာရေးဝန်ကြီးဌာန အဆင့်သို့ ရောက်ရှိပြီး နောက်ပိုင်း ဧပြီ လဆန်းတွင် မြို့တော်ခန်းမ အဆာက်အအုံတစ်ခုလုံးအား ပြန်လည်ပြုပြင်ခြင်း ဖြစ်သည်။….
    http://www.myanmarnewszone.com/local-news/7815-new-color-for-yangon-city-hall.html

  • susunosuki

    May 4, 2011 at 5:03 am

    လူချင်းအတူတူတောင် သူတို့ဘဝက တော်တော်နိမ့်ကျတယ်။ အနာ္တရယ်များတယ်။ ဒီလောက် မနေသင့်တဲ့အရပ်ရှိသေးရဲ့လား။
    (တစ်ရွာမပြောင်း သူကောင်းမဖြစ်)

  • kai

    May 4, 2011 at 8:19 am

    http://www.irrawaddy.org/bur/index.php/news/6307-nbi-

    NIB အကြီးအကဲအဖြစ် ကာချုပ်တာဝန် စယူ
    ဧရာဝတီ Tuesday, 03 May 2011 16:41

    အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) ကို ဖွဲ့စည်းပြီးဖြစ်ရာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အကြီးအကဲ တာဝန်ကို စတင် ထမ်းဆောင်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

    NBI အကြီးအကဲအဖြစ် စတင် တာဝန်ယူလိုက်သည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် (ဓာတ်ပုံ – Getty Images)
    ပြည်တွင်းနိုင်ငံရေးနှင့် လုံခြုံရေးကိစ္စများကို အထူးစုံစမ်းစစ်ဆေးမည့် NIB အတွက် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကာကွယ်ရေး ဝန်ကြီးဌာနမှ စစ်တပ်အရာရှိ ၂၀ဝ ကျော်ကို ပြောင်းရွှေ့ တာဝန် ပေးအပ်ခဲ့သည်ဟုလည်း သတင်းရရှိသည်။

    တနိုင်ငံလုံးရှိ ကြည်းတပ်၊ လေတပ်နှင့် ရေတပ် တပ်စု၊ တပ်ရင်းများမှ အရာရှိ ၂၀ဝ ကျော်ကို ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ရွေးချယ်ပြီး အမျိုးသားထောက်လှမ်းရေးအဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် ခေါ်ယူခဲ့ကြောင်း၊ ရွေးချယ်ခံရသော စစ်အရာရှိ များထဲတွင် ဗိုလ်ကြီးအဆင့်မှ ဗိုလ်မှူးကြီး အဆင့်အထိ ပါဝင်ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်မှ သိရသည်။

    “အရွေးခံလိုက်ရတဲ့ တပ်မတော်အရာရှိတွေက သူတို့ရဲ့ တပ်ရင်းမှာ ထမ်းဆောင်နေတဲ့ တာဝန်တွေအစား NIB က ပေးတဲ့ တာဝန်ကိုပဲ ထမ်းဆောင်ရမယ်” ဟု NIB အတွက် အရွေးချယ် ခံလိုက်ရသော စစ်အရာရှိတဦးနှင့် နီးစပ်သူတဦးက ပြောသည်။

    NIB တွင် စစ်တပ်မှ အရာရှိများအပြင် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထူး စုံစမ်းစစ်ဆေးရေး ဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ ဌာနဆိုင်ရာ ဝန်ထမ်းများလည်း ပါဝင်ကြောင်း သိရသည်။

    အမျိုးသား ထောက်လှမ်းရေးအဖွဲ့သည် ပြည်တွင်း နိုင်ငံရေးပါတီများ၏ နိုင်ငံရေး လှုပ်ရှားမှုများ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ၊ ငြိမ်းချမ်းရေး ရယူထားသော တိုင်းရင်းသားအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများ၊ ပြည်တွင်း အကြမ်းဖက် ဖောက်ခွဲမှု လုပ်ရပ်များ၊ တပ်မတော်တွင်း သွေးခွဲမည့် လုပ်ရပ်များ အပါအဝင် နိုင်ငံတော် လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ပျက်ပြား စေနိုင်သော အရေးကိစ္စအားလုံးကို စုံစမ်းထောက်လှမ်း အရေးယူ သွားမည်ဟု သိရသည်။

    အမျိုးသား ထောက်လှမ်းရေးအဖွဲ့ကို ဖွဲ့စည်းရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ကို ကာကွယ်ရေး ဦးစီးချုပ်ရာထူး တရားဝင် လွှဲပြောင်း မပေးအပ်မီကတည်းက ညွှန်ကြားခဲ့ခြင်းဖြစ်သည်ဟု နေပြည်တော် စစ်ဘက်ဆိုင်ရာ အသိုင်းအဝန်းက ပြောဆိုသည်။

    • etone

      May 5, 2011 at 3:55 am

      ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က DSA ကျောင်းအုပ်ဖြစ်ခဲ့ဖူးပါတယ် … ။ 2003 လောက်က ဖြစ်မယ် ထင်တယ်… ။
      တိုက်ရည် ခိုက်ရည် ကောင်းတာကြောင့် လူကြီးတွေ အကြိုက်တွေ့တဲ့ အရာရှိတစ်ဦးဖြစ်ခဲ့ကြောင်းလည်း သတင်းထွက်ခဲ့တယ် … ။ အသက်ကလည်း မကြီးသေးတော့ အလားလာတွေ အများကြီးရှိမယ်လို့ ထင်တော့ထင်သား … ။

  • bigcat

    May 5, 2011 at 2:05 am

    ကဲကဲ… လွှတ်တော်အမတ်မင်းများ အလုပ်စတင်လုပ်နေကြပါပြီတဲ့…….
    အငြင်းပွားဖွယ် ကားလိုင်စင် စက်မှု ၂ ချပေး
    သဲသဲ | ဗုဒ္ဓဟူးနေ့၊ မေလ ဝ၄ ရက်
    နယူးဒေလီ (မဇ္ဈိမ)။ ။ အမှတ် ၂ စက်မှု ဝန်ကြီးဌာနက အမတ်အချို့ကို ကားဝယ်ယူခွင့် ပါမစ် ထုတ်ပေးခဲ့ရာတွင် အကြောင်းပြချက် ရှင်းလင်းစွာ မသိရသည့်အပြင် မည်သူများကို ပေးသည်ကိုပါ မသိရသဖြင့် အငြင်းပွားဖွယ် ဖြစ်နေသည်။
    လျှောက်လွှာတင် စနစ်ဖြင့် ရောင်းချ ပေးနေသည့် ကျပ် ၅၅ သိန်းတန် တရုတ်ဖက်စပ် မြန်မာ မီနီဆလွန်းကားကို ပြင်ပဈေးကွက်တွင် ကျပ် သိန်း ၁၅ဝ ပေါက်ဈေး ရှိနေသည်။
    သင်္ဃန်းကျွန်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီမှ ဦးသိန်းညွန့်နှင့် ဦးကြည်မြင့်၊ ကြံ့ခိုင်ရေးပါတီ အမတ် ၉ ဦး အပြင် ရခိုင်အမျိုးသားများ တိုးတက်ရေး ပါတီ RNDP မှ ရသေ့တောင် ပြည်သူ့ လွှတ်တော် အမတ် ဒေါ်ခင်စောဝေလည်း ဝယ်ယူခွင့် ပါမစ် ရရှိသည် ဟူသော သတင်းများ ပါတီများအကြား ပေါ်ထွက်နေသည်။ ……………… အမတ်အချို့ ကားပါမစ် ရရှိခြင်းနှင့် ပတ်သက်၍ NDF အမျိုးသား လွှတ်တော်အမတ် ဒေါက်တာ မြတ်ဉာဏစိုးက “ကျနော်တို့ အမြဲတမ်း ကော်မတီ ၄ ရပ် ရှိတာပဲလေ။ ဒီကိုယ်စားလှယ်တွေ အတွက်တောင်မှ မဖြစ်မနေ ကားတွေ ဝယ်ခွင့်ပေးတယ်ဆိုတာ မရှိပါဘူး။.. ဒါကတော့ ကိုယ်စားလှယ် တဦးစီရဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနဲ့လည်း ဆိုင်မယ် ထင်တယ်” ဟု ဆိုသည်။…………..

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 2:18 am

    စိတ်ပျက်စရာတော့အတော်ကောင်းသား
    သူတို့ဘယ်လိုဘဲပြောပြော
    တိုင်းပြည်တွက် စိတ်ထားတွေမမှန်ဘူးဆိုတာကတော့ပြောလို့ကိုရနိုင်တယ်
    လောင်စာဆီလုပ်ကွက်တွေကိုထိန်းချုပ်ထားတော့
    မော်တော်ယာဉ်လိုင်စင်တွေပါထိမ်းချုပ်ပြန်ရော
    ဆက်သွယ်ရေးတွေပါထိန်းချုပ်တော့
    တစ်ကယ့်နိုင်ငံတော်ကိုတိုးတက်စေတဲ့ကိစ္စတွေကို
    သူတို့လုပ်ဘို့ထက် ကိုယ်ကျိုးရှာတာဘဲအားစိုက်လုပ်တယ်ဆိုတာထင်ရှားတယ်
    ကြည့်ပါဦး ကားတစ်စီးရဲ့မူရင်းဈေးနဲ့ပေါက်ဈေးရဲ့ကွာဟချက်ကို

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 2:48 am

    လက်မှတ်သစ် ထုတ်ပေးမည့် သတင်းကြောင့် မြန်မာအလုပ်သမားများ ထိုင်းသို့ ပိုဝင်လာ
    အလုပ်သမား လက်မှတ်များ ထပ်မံ ပြုလုပ်ပေးမည် ဆိုသည့် သတင်းကြောင့် ထိုင်းနိုင်ငံ အတွင်းသို့ မြန်မာနိုင်ငံသားများ တရားမဝင် လာရောက်လျက်ရှိရာ တပတ်အတွင်း၌ လူ ၁၄၉ ဦး အဖမ်းခံရကြောင်း သိရှိရသည်။

    အဆိုပါ မြန်မာနိုင်ငံသားများသည် အလုပ်သမား လက်မှတ် ရရှိရေးအတွက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှ တဆင့် ဘန်ကောက်မြို့သို့ သွားရောက်ရန် ကြိုးပမ်းခဲ့ရာတွင် ထိုင်းအာဏာပိုင်များ၏ စစ်ဆေး ဖမ်းဆီးမှုကိုခံခဲ့ရခြင်း ဖြစ်သည်။

    အဖမ်းခံရသူများမှာ အမျိုးသမီး ၂၈ ဦးနှင့် အမျိုးသား ၁၂၁ ဦးတို့ ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့ နှင့် မေလ ၁ ရက်နေ့တို့ တွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။

    မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ(TACDB) အဖွဲ့မှ လက်ထောက် ဒါရိုက်တာ ဦးမြင့်ဝေက အလုပ် သမားများ အနေဖြင့် တရားမဝင်နည်းလမ်းဖြင့် လာရောက်ခြင်း မဟုတ်ဘဲ မြန်မာ ပြည်တွင်းမှ နိုင်ငံကူး လက်မှတ် ပြုလုပ်ပြီး ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်လာလုပ်ရန် စဉ်းစားသင့်ကြောင်း ပြောဆိုသည်။

    “အပြင်မှာ ဘတ်ငွေ ၁၅၀၀ဝ ပေးပြီးတော့ မလုပ်သင့်တော့ဘူး၊ လမ်းခရီးမှာ မလုံခြုံမှုတွေ၊ မတော်တဆထိခိုက်မှုတွေ လူ့အခွင့် အရေး ချိုးဖောက်မှုတွေ အမြဲတမ်း ဖြစ်နေတယ်”ဟု ဦးမြင့်ဝေက ဆက်ပြောသည်။

    အဖမ်းခံထားရသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ မဲဆောက်မြို့ရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ မြန်မာနိုင်ငံသားများ ရဲစခန်းတွင် မရှိကြောင်း တာဝန်ကျ ရဲ တဦးက ပြောသည်။

    ၎င်း၏ ပြောပြချက်အရ မြန်မာနိုင်ငံသားများ အဖမ်းအဆီးခံရပါက လူဝင်မှုကြီးကြပ်ရေး(လဝက) တာဝန်ရှိသူများထံ တိုက် ရိုက် ပို့ဆောင်ပေးလေ့ရှိပြီး လဝက အချုပ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လေ့ရှိကြောင်း သိရသည်။

    လွန်ခဲ့သည့် ဧပြီ ၂ရ ရက်နေ့က ထိုင်းအစိုးရ ဝန်ကြီး အဖွဲ့ အစည်းအဝေး၏ အတည်ပြုချက်အရ ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ကိုင် နေထိုင်ခွင့်လက်မှတ် မပြုလုပ်ရသေးသော မြန်မာ၊ လာအိုနှင့် ကမော္ဘဒီးယားနိုင်ငံများမှ တရားမဝင် အလုပ်သမားများ အတွက် အလုပ်သမား မှတ်ပုံတင် ထပ်မံပြုလုပ်ပေးမည် ဖြစ်သည်။

    ၎င်း ဝန်ကြီးအဖွဲ့ အစည်းအဝေးမှ အလုပ်သမားလက်မှတ် အသစ်များကို မည်သည့် ရက်တွင် စတင် ပြုလုပ်ပေးမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

    ယခု ခွင့်ပြုချက်တွင် အလုပ်သမားလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ပေးစဉ်က ပျက်ကွက်ခဲ့သူများနှင့် လက်မှတ် လုံးဝမပြုလုပ်ရသေးသူများ အကျုံးဝင်ကြောင်း၊ လက်မှတ်ပြုလုပ်ထားသူ မိဘများအနေဖြင့် အသက် ၁၅ နှစ် အောက် ကလေး များကို မှီခိုသူအဖြစ် ခေါ်ထားနိုင်ပြီး ၁၅ နှစ်အထက် ကလေးများအတွက် သီးခြားလက်မှတ် ပြုလုပ်ရမည် ဖြစ်ကြောင်း သိရ သည်။

    ယခုကဲ့သို့ မှတ်ပုံတင်ခွင့် ပေးခြင်းသည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားများ တရားမဝင် ဝင်ရောက်ပြီး နေထိုင် အလုပ် လုပ်ခြင်းမှ တားဆီးနိုင်ရန် ဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသူများက ဆိုသည်။

    အလုပ်သမား လက်မှတ်ပြုလုပ်ထားသူတိုင်းသည် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန်လည်းလိုအပ်ကြောင်း၊ ယာယီ နိုင်ငံ ကူးလက်မှတ် ပြုလုပ်ရန် နိုင်ငံသား စိစစ်အတည်ပြုခြင်း(National Verification) အစီအစဉ်တွင် ပါဝင်ရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ကြေညာထားသည်။

    နိုင်ငံသား စိစစ်အတည်ပြုခြင်း လုပ်ငန်းစဉ်ကို လာအိုနှင့် ကမော္ဘဒီးယား နိုင်ငံသားများအတွက် ၂၀၀၆ ခုနှစ်နှင့် မြန်မာနိုင်ငံ သားများအတွက် ၂၀၀၉ ခုနှစ် ဩဂုတ်လ အတွင်း၌ စတင်လုပ်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

    ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိကြောင်း အလုပ်သမားအဖွဲ့များ၏ ခန့်မှန်းပြောဆိုချက် အရ သိရသည်။
    http://www.bur.irrawaddy.org/index.php/news/6308-2011-05-03-10-45-01

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 2:58 am

    လယ်၊ ခြံ ဧကရာကျော် မောရဝတီရေတပ်မှသိမ်း
    ကျလွန်းထော – တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာရှိ လယ်မြေနှင့် ဥယျာဉ်ခြံများကို သိမ်းဆည်းရန်အတွက် မောရဝတီ ရေတပ်စခန်းမှ ဖေဖော်ဝါရီလတွင် စတင်တိုင်းတာနေပြီး တိုင်များ ကို စိုက်ထူထားသည်ဟု ဒေသခံရွာသားတဦးက ပြောသည်။

    တပ်တည်ရန်အတွက် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အသိမ်းခံရသည့် ရာဘာခြံတခြံ ( ဓာတ်ပုံ – လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    “စစ်သင်တန်းကျောင်း ဆောက်ဖို့လို့ ပြောသံ ကြားတယ်၊ ရွာသားတွေကို ဘာမှ မပြောဘူး၊ ကျနော့် ရော်ဘာခြံ ခြစ်ရပြီးသား ၈ ဧကနဲ့ သီဟိုဠ်ခြံ ၁၈ ဧက အကုန်လုံးပါသွားတယ်” ဟု အသိမ်းခံရသည့် ခြံရှင်တဦးကပြော သည်။

    အလျား ရ မိုင်၊ အနံ ၄ မိုင် အကျယ်ရှိ လယ်မြေနှင့် ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရသည်ဟု ခန့်မှန်းရကြောင်း၊ အသိမ်းခံရသူများအနေနှင့် မည်သည့်ဌာနသို့ တိုင်ကြားရမည်ကို မသိရှိကြောင်းနှင့် တိုင်ကြားရန်လည်းမဝံ့ရဲ ကြောင်း သူက ပြောသည်။

    “သူတို့ တပ်ကို ကြောက်နေရတော့ ဘာမှ ပြန်မပြောရဲဘူး၊ ကျနော့်ခြံဆိုရင် လက်ရှိပေါက်ဈေး သိန်း (၃၀၀) ကျပ်ကျော် တန်ဖိုးရှိတယ်၊ အခုချိန်မှာ (၁၀) သိန်းတန်ကို (၃) သိန်းနဲ့ ပြန်ရောင်းတောင် ဘယ်သူမှ မဝယ်ဘူး၊ အချို့ဆိုရင် ခြံဝယ်ထားတာ တနှစ် မပြည့်သေးဘူး၊ အခုလို ဖြစ်သွားတာ လူတိုင်းက တော်တော် စိတ်ဓါတ်ကျနေကြတယ်” ဟု သူက ဆက်ပြောသည်။

    အသိမ်းခံရသည့် ကျေးရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည့်အတွက် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီး အချို့မှာ နီးစပ်သည့် ရေးမြို့သို့ ပြောင်းရွေ့သွားကြသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ရေးမြို့ခံတဦးက ပြောသည်။

    “ရေးမြို့ကို (၁၅) ဦး ထွက်လာတယ်၊ ပြီးတော့ ထိုင်းနိုင်ငံကိုလည်း ၂ဝ ဦးလောက် သွားကြတယ်၊ သူတို့ကို ကျနော် မေးကြည့်တော့ လုပ်စရာမရှိလို့ ရွာကနေ ထွက်သွားရတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

    ၎င်းပြင် ကျေးရွာသားများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

    လယ်ယာမြေပိုင်ဆိုင်သူများ အနေဖြင့် ထိုက်သင့်သည့် လျော်ကြေးငွေများ ပြန်လည်ရရန်အတွက်လက်ရှိအစိုးရ သစ်ထံ ဖော်ထုတ် တိုင်ကြားသွားမည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှသတင်းအချက်အလက် စုဆောင်း ကောက်ခံရေး တာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။

    “အခုလို သိမ်းယူနေတာဟာ ဒါပထမဦးဆုံးအကြိမ် မဟုတ်ဘူး၊ ဒါတင်မကသေးဘူး လမ်းဖောက်၊ဂက်စ်ပိုက် လိုင်းလုပ်ဖို့ ဆိုပြီး ဒီကျွဲသုံးညီမရွာအနီးမှာ ရှိတဲ့ မင်းသားရွာ၊ သဲချောင်းရွာနဲ့ ဟိန်းဆဲရွာတွေမှာလည်း မြေတော်တော်များများ သိမ်းထားသေးတယ်” ဟု ကိုအွန်းမွန်က ပြောသည်။

    ကျွဲသုံးညီမကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ ကျွန်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်ပြီး အိမ်ခြေ ၆၀ဝ ကျော်ရှိကာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုကြ သည်။
    http://burmese.bnionline.net/news/imna/7012-2011-05-04-12-51-37.html

  • naywoonni

    May 5, 2011 at 8:28 am

    ဓါတ်ဆီ အခက်အခဲဖြစ်နေရတာက ပုဂ္ဂလိက ကိုလွှဲခဲ့စဉ်က ကန့်သတ်ချက်တွေရှိနေလို့ပါ..။ နိုင်ငံပိုင်စက်ရုံကနေ 2350/- နဲ့ဝယ်ပြီး 2500/- နဲ့ပြန်ရောင်းရတာပါ..။ ဘယ်ကဝယ်ဝယ် 2500/- ထက်ပိုမရောင်းရဘူးဆိုတဲ့ကန့်သတ်ချက်ရှိနေတော့ အပြင်ဈေးနဲ့ တစ်အားကွာနေတာပါ..။ ဒါကိုပြင်ပြီး အပြင်ဈေးနဲ့ မတမ်းမယိမ်းလောက် တက်ပေးကြည့်ပါလား ။ ဆီဆိုင်မှာတန်းစီမဲ့သူရှိမှာမဟုတ်တော့ဘူး..။

  • Shwe Tike Soe

    May 6, 2011 at 7:41 am

    ချောင်းသာမှာ ဆူနာမီ အချက်ပေး ကိရိယာ တပ်ဆင် ….

    ချောင်းသာ ကမ်းခြေမှာ ဆူနာမီ အချက်ပေး ကိရိယာ တပ်ဆင်ဖို့အတွက် ချောင်းသာ ဟိုတယ်ဇုန် လုပ်ငန်းရှင်များ အသင်းက ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ဟိုတယ် မက်စ် မန်နေဂျာ ဦးညီညီအောင်က ပြောပါတယ်။ ဆူနာမီဘေး ကျရောက်ပြီ ဆိုတာနဲ့စက္ကန့်ပိုင်း အတွင်း သံမြည်ပြီး အချက် ပေးနိုင်တဲ့ေ ခတ်မိ ကိရိယာ တစ်ခု ဖြစ်ပါတယ်။ အချက်ပေး ကိရိယာရဲ့ အသံကြောင့် ဆူနာမီ ဘေးကိုု သိပြီး ဘေးလွတ်ရာ ရှောင်တိမ်းနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းလိုင်းက တစ်ဆင့် အချက်ပေး ကိရိယာကို ဆက်သွယ် နိုင်အောင် စီစဉ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆူနာမီ အချက်ပေး ကိရိယာရဲ့ တန်ဖိုးက အမေရိကန် ဒေါ်လာ ၆၀၀ဝ ကနေ ၂၀,၀၀ဝ ဝန်းကျင်အထိ ရှိပါတယ်။ ချောင်းသာ ကမ်းခြေပေါ်မှာလည်း ကြည့်မျှော်စင် သုံးခု တည်ဆောက်ဖို့ လုပ်ငန်းစတင် လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။ ဆူနာမီ အချက်ပေး ကိရိယာကို ပြည်ပကနေ ဝယ်ယူ တင်သွင်းပြီး တည်ဆောက် သွားမှာ ဖြစ်ပါတယ်။ ဆူနာမီ အချက်ပေး ကိရိယာကို ချောင်းသာ ကမ်းခြေက ပထမဆုံး တပ်ဆင် အသုံးပြုတာ ဖြစ်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာ ဦးထွန်းလွင်က ပြောကြားခဲ့ကြောင်း ၂၀၁၁ ခုနှစ် မေလ ၆ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

  • nozomi

    May 6, 2011 at 8:10 am

    ယခုဈေးကွက်အတွင်း၌ စားသောက်ကုန်ပစ္စည်းများ အသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်း ဗီဒီယိုခွေများ အလွယ်တကူ ဝယ်ယူရရှိနိုင်ခြင်းနှင့် စုံတွဲများကို ဗီဒီယိုကင်မရာဖြင့် ခိုးယူရိုက်ကူးပြီး ညစ်ညမ်းခွေအဖြစ် ဖြန့်ချိခြင်းများ ရှိလာသောကြောင့် အမျိုးသမီးများ ပိုမို သတိထားလာရကြောင်း သိရသည်။
    (http://www.news-eleven.com/index.php?option=com_content&view=article&id=8258:2011-05-04-07-43-14&catid=42:2009-11-10-07-36-59&Itemid=112)

  • Shwe Tike Soe

    May 6, 2011 at 10:19 am

    စားသောက်ကုန် ပစ္စည်းများအသွင် ကာမစိတ်ကြွဆေးများ ရှိနေခြင်း၊ ညစ်ညမ်းခွေများ အလွယ်တကူ ရရှိနေခြင်း၊ စုံတွဲများ ဗီဒီယိုကင်မရာဖြင့် ခိုးရိုက်ခံရပြီး အွန်လိုင်းမှတစ်ဆင့် ပျံ့နှံ့နေခြင်းတို့ကြောင့် အမျိုးသမီးငယ်များ သွားလာနေထိုင်မှု ပိုမိုသတိပြုလာရ

    http://www.weeklyeleven.com/index.php?option=com_content&view=article&id=8258:2011-05-04-07-43-14&catid=42:2009-11-10-07-36-59&Itemid=112

  • meelay

    May 6, 2011 at 10:33 am

    ဦးတေဇမိသားစု အီတလီကိုသွားခဲ့
    မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ ပူးတွဲစီးပွားရေးလုပ်ခဲတဲ့ လုပ်ငန်းရှင်ကြီး ဦးတေဇရဲ့ ဇနီးနဲ့ သမီးဖြစ်သူတို့ မကြာခင်က အီတလီနိုင်ငံကို လာရောက်ပြီး ဆေးကုသခံယူသွားခဲ့တယ်ဆိုတဲ့ …
    http://www.bbc.co.uk/burmese/burma/2011/05/110506_teza_family_italy.shtml

  • meelay

    May 6, 2011 at 10:36 am

    တစ်ထောင် ကျပ်တန် ငွေစက္ကူ အတု များ နိုင်ငံတဝှမ်း တွင် သိမ်းဆည်းရမိ
    မြန်မာ နိုင်ငံတော် ဗဟိုဘဏ် မှ ၁၉၉၈ ခုနှစ် တွင် နိုင်ငံတွင်း သုံး ငွေကြေး နှင့် နိုင်ငံခြား ငွေကြေး များ နှင့် ပါ
    လဲလှယ် နိုင်ရန် ထုတ်လုပ် ခဲ့ သည့် ၁၀၀ဝ ကျပ် တန် ငွေ စက္ကူ အတု များ ကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီ၊
    လားရှိုး၊ တာချီလိတ် ၊ မော်လမြိုင်၊ ဘားအံ၊ မြဝတီ ၊ ပုဂံ နှင့် မြစ် ကြီး နား မြို ့များ တွင် ဧပြီ လ နှင့် မေ လ အတွင်း
    ကျပ်ငွေ သိန်း တစ်သောင်း ရှစ်ထောင် ကျော် ဖိုးခန် ့ဖမ်း ဆီး ရမိ သည် ဟု Freedom News Group မှ သတင်း
    ရရှိသည်။

    မြန်မာ ဝီကီလိခ် မှာ ရရှိခဲ့သော သတင်း အချက် အလက် များ အရ ရန်ကုန် မြို ့ရှိ အထူး စုံစမ်း စစ်ဆေးရေး ဦး
    စီးဌာန မှ တာဝန်ရှိသူများ သည် ဧပြီလ အတွင်း က သတင်းအရ ရန်ကုန် မြို ့ ရှိ ဟိုတယ် နှင့် နေအိမ် အချို ့တွင်
    ငှားရမ်း နေထိုင်သူများ အား ဝင်ရောက် ရှာဖွေ ဖမ်းဆီးရာ ၁၀၀ဝ ကျပ်တန် ငွေ စက္ကူ အတု သိန်း ၉၀၀ဝ ဖိုးခန် ့
    နှင့် လူ ရှစ်ဦး ကို ဖမ်း ဆီး ရမိ ပြီး နှစ် ဦးမှာ ပြည်ထောင် စု ကြံ့ခိုင် ရေး နှင့် ဖွံ ့ဖြိုး ရေး ပါတီ ဝင်များ ဖြစ်ပြီး ထိုသူ
    နှစ်ဦးမှာ ရန်ကုန် မြို ့ မြို ့တော် ခန် း မရှေ ့ နှင့် ဗိုလ်အောင် ကျော် လမ်း တို ့တွင် နိုင်ငံခြား လဲလှယ် ရေး လုပ်ငန်း
    များ နှင့် ဆက် စပ် နေသောသူ များ ဖြစ်သည် ဟု သတင်း ရရှိသည်။

    မူဆယ် မြို ့တွင် ဧပြီလ ၂၃ ရက် နေ ့နှင့် ၂၄ ရက်နေ ့တွင် ဖမ်းဆီး ရမိပြီး မူဆယ် မှ ဖမ်းဆီး ရမိ သူ နှစ်ယောက် ၏
    ထွက်ဆိုချက် များ ကို အခြေခံ ပြီးလိုက် လံ ဖမ်းဆီးရာ တာချီလိတ် ၊ မန္တလေး နှင့် မြဝတီ မြို ့များ တွင် ယခု တစ်
    ပတ် အတွင်း ဆက် တိုက် ဖမ်း ဆီး ရမိ သည် ဟု သတင်း ရရှိသည်။

    ၁၀၀ဝ ကျပ်တန် ငွေစက္ကူ အတု များ သည် တရုတ် ၊ ထိုင်း နှင့် လာအို နိုင်ငံ ဘက်များ မှ အများ ဆုံး ဝင်ရောက်
    လာခြင်း ဖြစ်ပြီး နယ်စပ် ဒေသ ကုန်စည် နှင့် ငွေကြေး လဲလှယ်မှု များ တွင် ငွေစက္ကူ အတု များ က အလို အလျှောက်
    ပါဝင် လာပြီး ယခု ကဲ့သို ့ငွေ စက္ကူ အတု အမြောက် အများ ဖမ်း ဆီးရမိမှု မှာ စစ်အစိုးရ သစ် လက်ထက် တွင်
    ပထမ ဆုံး အကြိမ် ဖြစ် ပြီး မည်သည့် အခါ ကမျှ ပွင့်လင်းမြင်သာမှု မရှိ ခဲ့သည့် စစ်အစိုး တစ်လျှောက် လုံးတွင်
    လည်း ပထမ ဆုံး အကြိမ် ဖြစ် နိုင်သည် ဟု ဆိုသည်။

    ယခင် က ငွေစက္ကူ အတုများ မှာ ရံဖန် ရံခါ ဆိုသလို ဖမ်းဆီး ရမိသော်လည်း ယခု ဖမ်းဆီး ရမိသည့် ပမာဏ
    လောက် များပြား ခြင်း မရှိ ဟု သိရသည်။ တောင်ဥက္ကလာ ပ မြို ့နယ် နှင့် မြောက်ဥက္ကလာ ပ မြို ့နယ် များ တွင်
    ငွေစက္ကူ အတု သိမ်းဆည်း ရမိသည့် အိမ်များမှာ စစ်တပ် အရာရှိ ဟောင်းများ နှင့် ကြံခိုင်ရေး ပါတီဝင် များ
    နှင့် ဆက်နွယ်မှု ရှိသည့် အိမ်များ ဖြစ်သည် ဟု သတင်း ရရှိသည်။

    မြန်မာ နိုင်ငံတော် ဗဟိုဘဏ် ငွေစက္ကူ ပုံနှိပ် ထုတ်ဝေ ရေး ဦးစီးဌာန သည်တစ် နှစ် လျှင် ၁၀၀ဝ ကျပ်တန် ရွက်
    ရေ သိန်း ၈ဝ ခန် ့ နှစ် စဉ် ပုံနှိပ် ထုတ်ဝေသော် လည်း နိုင်ငံ တွင်း စီဆင်း နေသည် ့ ပမာဏာ မှ ထိုထက် မက
    များ ပြား သည် ဟု ဘဏ္ဍာရေး နှင့် အခွန် ဝန်ကြီး ဌာန မှ ဝန်ထမ်း တစ်ဦး က Freedom News Group သို ့ပြော
    သည်။

    အစိုးရ တာဝန် ရှိသူများသည် လတ်တလောဖမ်းဆီးရမိသည့် ငွေစက္ကူ အတု များ နှင့် ပတ်သက် ပြီး အများ ပြည်
    သူ သိရှိရန် သတင်း ထုတ် ပြန် နိုင်ဖွယ် ရှိသည် ဟု ရန်ကုန် တိုင်း ရဲတပ် ဖွဲ ့မှုး ရုံးမှ အရာရှိ တစ်ဦးက ပြောသည်။

    ၁၉၉၈ ခုနှစ် တွင် ၁၀၀ဝ ကျပ်တန် ဆိုက်ကြီး ထုတ်ဝေ ပြီး ၂၀၀၄ ခုနှစ် တွင် ဆိုက်သေး ပြောင်းလဲ ထုတ်ဝေခဲ့
    သည်။

    http://freedomnewsgroup.com/2011/05/06/fake-mm-currency/

  • Shwe Tike Soe

    May 9, 2011 at 5:17 am

    စစ်ဆင်ရေးတွင် သုံးခဲ့သော အမေရိကန်၏ ထိပ်တန်းလျှို့ဝှက် ရဟတ်ယာဉ်

    အဖွဲ့(၆) ကွန်မန်ဒိုများသည် ဘင်လာဒင် စစ်ဆင်ရေးတွင် ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သော အဆင့်မြှင့်တင်ထားသည့် အသံတိတ် ရဟတ်ယာဉ်များကို အသုံးပြုခဲ့မှုကြောင့် ပစ်မှတ်ရှိရာသို့ တိတ်ဆိတ်စွာ ဝင်ရောက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့သည်။

    http://www.news-eleven.com/index.php?option=com_content&view=article&id=8327:2011-05-08-15-00-01&catid=79:internationalnews&Itemid=156

    • eros

      May 9, 2011 at 5:32 am

      ဟိုက်ရှာလပတ်ရည်လို့ပဲ ပြောရမှာပဲ ရွှေတိုက်စိုးရေ။

  • eros

    May 9, 2011 at 5:37 am

    ဒီညနေ ဒါမှမဟုတ် မနက်ဖြန်ကျရင် သတင်းစုစည်းမှ နောက်တပတ်စာအတွက်တင်ပါမယ်။

Leave a Reply