22 comments

  • အာဖျံ ကွီး

    May 2, 2011 at 5:28 pm

    အင်း … ကျောက်တန်းရေလယ်ဘုရားတောင် မရောက်တာ ဘယ်လောက်တောင် ကြာပီလဲ …
    ဒကာမကြီး ဓါတ်ပုံရိုက်လာတော့မှပဲ ယောဂီလေးလဲ ဖူးရတော့တယ် .. ဟိဟိ 😛

  • bigcat

    May 3, 2011 at 12:29 am

    ကျောက်တန်းရေလယ်ဘုရားက လှိုင်းဘယ်လောက်ကြီးကြီး ရေမမြှုပ်သွားဘူး၊ အရမ်းတန်ခိုးကြီးတယ်တဲ့။ သဂျီး ဘုရားခြေတော်ရင်း ဝပ်ဆင်းသွားအောင် အန်တီဝေရဲ့ အပိုင်း(၂) မှာ လက်စွမ်းပြဖို့ တောင်းဆိုပါတယ်ဗျို့… သဂျီးက ၂၀၁၂ ကမာ္ဘပျက်မယ်ဆိုတာ မယုံဘူးဆိုပြီး လူကတော့ အသက်ကယ်အင်္ကျိ အမြဲဝတ်ထားတယ်၊ အိပ်ယာထဲတောင် အလွတ်မပေးဘူး။ သဂျီးကတော်က အဲသလောက်ကြောက်နေရင် အိပ်ယာခွဲအိပ်လို့ ရာဇသံပေးမှ ချွတ်သတဲ့။ ဒါတောင် ညဖက် အပေါ့အပါးသွားရင် အဲဒီသက်ကယ်အကျင်္ီပြန်ဝတ်တယ်။

  • weiwei

    May 3, 2011 at 3:30 am

    မရောက်တာတောင် ဆယ်စုနှစ်တစ်ခုစာမကတော့ဘူး …
    ကျိုက်ခမီရေလယ်ဘုရားနဲ့ အင်းတော်ကြီးရေလည်ဘုရားကိုလဲရောက်ဖူးတယ် ..
    ဒါပေမယ့် ကျောက်တန်းရေလည်ဘုရားက ရေလည်ဘုရားအရသာအစစ်ကို ခံစားရတယ် … သဗ္ဗာန်စီးပြီး သွားရလို့ …

  • တညင်သား

    May 3, 2011 at 4:02 am

    တညင်သား တွေ ကပြောတယ်.. မင်းတို့ ကျောက်တန်းသားတွေ အသုံးမကျလို့ စေတီတောင် ရေထဲမှာတည်ထားရတာလို့ .. အမြဲနောက်တက်တယ်………………….

  • weiwei

    May 3, 2011 at 4:50 am

    တစ်ခုသတိရမိလို့ …
    သန်လျင် ကျိုက်ခေါက်ဘုရားကို သမီးရည်းစားအတွဲသွားပြီး ဘုရားဖူးရင် မပေါင်းရပဲ ကွဲတတ်တယ်တဲ့ ….
    ဟုတ်မဟုတ်တော့ မသိဘူးနော် …. ကြားဖူးတာလေး ပြန်ပြောပြတာ …

    • eros

      May 3, 2011 at 1:21 pm

      သူငယ်ချင်းတယောက်ရဲ့ အစ်ကို သူ နဲ့ သွားတဲ့ သူရည်းစားနဲ့ ပဲညားပါတယ်။

  • cobra

    May 3, 2011 at 5:12 am

    ကျောက်တန်းကိုရောက်ဖြစ်ပါတယ်ဒါပေမယ့်
    သန်လျင်ရေလယ်ဘုရားကိုတခါမှမရောက်ဖူးသေးဘူး
    ကျေးဇူးတင်ပါတယ်
    ပုံတွေကြည့်ရလို့………။

  • kopauk mandalay

    May 3, 2011 at 7:19 am

    ငယ်ငယ်တုန်းကတော့ ရန်ကုန်လာရင်း တစ်ခေါက်ရာက်ဘူးတယ်။
    မှတ်မှတ်ရရ မြန်မာပြည်မှာ အကြွေစေ့ အပေါ့လေးတွေစထုတ်တဲ့နှစ်။
    ဆယ်ပြားစေ့တို့ တမတ်စေ့တို့။
    အဲဒီနှစ်မှာ မြန်မာပြည်ဆန်ရေစပါး အတော်လေးဒုက္ခရောက်ခဲ့တဲ့နှစ်ပေါ့။
    အဲဒီတုန်းက ထူးဆန်းတယ်လို့ထင်ခဲ့တာက ကမ်းစပ်က ရွွှံ့တွေပေါ်မှာ ငါးပျံလေးတွေ တွေ့ခဲ့ရတာပါ။
    ငါးပုစိလေးတွေအများကြိး ကလေးဘဝဆိုတော့ မြင်သမျှအကုန်ဆန်းပေါ့။
    နောက်ရန်ကုန်ရောက်ပေမယ့် အဲဒီကိုမရောက်တော့ ဘူး။
    ကျွန်တော်တို့ သွားတုန်းက သင်္ဘောကြီးစီးလို့ပေါ့။
    မဝေပြောတဲ့ သီတာသင်္ဘောလေ။

  • manawphyulay

    May 3, 2011 at 11:42 am

    မမဝေရေ ကျိုက်ခေါက်ဘုရားသွားလို့ ကွဲတယ်ဆိုတာ မဖြစ်နိုင်ဘူးထင်ပါတယ်ရှင်။ ကျွန်မတို့ခဏခဏသွားတိုင်း ပါတဲ့ သူငယ်ချင်းလင်မယားဆို ခုသားသမီးတွေနဲ့ ပျော်လို့ပါးလို့ပဲ သိလား။

  • ဆူး

    May 3, 2011 at 12:13 pm

    ကွဲတယ် ဘာညာတော့ ပြောကြတာပဲ။
    လူတွေက ဟိုပြောဒီပြောနဲ့ အစွဲ ဖြစ်သွားကြတာလို့ မြင်ပါတယ်။

  • ဆူး

    May 3, 2011 at 2:04 pm

    ပုံထဲမှာ ပိုးကောင် စုံတွဲ ကို သတိထားမိကြလား။

    ဘာရယ် မဟုတ်ပါဘူး။ နှစ်ကောင်လုံး နေရာတူတူမှာ နေနေတဲ့ ပုံက အမြင် တမျိုးလေး ဖြစ်နေလို့ ရိုက်ယူလာတာ။

  • တညင်သား

    May 3, 2011 at 2:06 pm

    cobra က နောက်နေတာလားဟင် .. ပြောင်ပြန်ကြီးပြောနေတယ်……….မမဝေ ပြောတဲ့ သမီးရီးစား မပေါင်းရပဲ ကွဲတက်တယ်ဆိုတာကို .. မနောက စမ်းကြည့်ပြီးပြီ . မယုံကြည့်တဲ့သူများသွားရောက် ဖူးမျှော်နိင်ပါကြောင်း…………..

  • shwe ni

    May 3, 2011 at 8:02 pm

    ၂၀၀ဝ ရောက်ပြီးထဲကမရောက်တော့တာ ကျေးဇူး ဆူးရေ .

  • nature

    May 4, 2011 at 12:25 am

    မြန်မာပြည်မှာထင်ရှားတဲ့ နေရာတခုပါဘဲ။

  • မမလေး

    May 4, 2011 at 12:27 pm

    ကွဲချင်ရင် ရေလယ် ၊ ကျိုက်ခေါက်သွားတဲ့ ။ နိုင်ချင်ရင် ပဲခူးသွားလို့ ကြားဖူးတယ် ။ 🙂

  • maythakhin

    May 6, 2011 at 8:58 am

    မရောက်ဖြစ်တာ ဆယ်နှစ်ကျော်ပတ်ဝန်းကျင်လောက်ရှိသွားပါပြီ။အခုလိုတစ်ဖန်ဖူးတွေ့ခွင့်ရတဲ့အတွက် ဆူးကိုကျေးဇူးအများကြီးတင်ပါတယ်၊

  • MaMa

    May 6, 2011 at 11:47 am

    ဘုန်းကြီးပုံက တကယ့်လူနဲ့ အရမ်းတူနေတယ် နော်။

  • yoeyar may

    February 21, 2012 at 8:20 pm

    တစ်ခါပဲရောက်ဖူးတယ်
    ပြန်ဖူးရလို့ကျေးဇူးပဲမမ

  • aye.kk

    February 22, 2012 at 6:10 am

    ဆူး,..
    ရန်ကုန်ရောက်တိုင်းဖူးဖြစ်တယ်..
    ပုံလေးတွေအတွက်ကျေးဇူးပါ..
    ကျိုက်ခေါက်ဘုရားကဆူးလေဘုရားလိုပါဘဲကပ်ကျော်သွားတာများတယ်..
    ငစင်ကာအုတ်ဂူရှိတာရယ်..
    ရှင်မွေးလွန်းနဲ့မင်းနန္ဒာတို့မပေါင်းဖက်လိုက်ရဘဲရင်ကွဲနာကျသေဆုံးခဲ့ရတဲ့..
    သမိုင်းဝင်ဇတ်လမ်းလေးကြောင့်၊ချစ်သူရည်းစားတွေဆုမတောင်းကောင်းတဲ့ဘုရားလို့
    ပါးစပ်ရာဇဝင်တွင်ခဲ့တာကိုကြားသိခဲ့ဘူးမိပါတယ်။

    • ဆူး

      February 22, 2012 at 9:15 am

      ချစ်သူတွေ သွားရင် ကွဲ တတ်တယ် ဆိုပြီး ပြောသံ ကြားဖူးပါတယ်။
      တာဝ မှာ ကျောင်းတတ်တုန်းကတော့ သူငယ်ချင်တွေ မသွားရဲကြဘူး။
      ဒါပေမဲ့ ချစ်သူတွေ တူတူ သွားပြီး ညားသွားကြတဲ့ စုံတွဲတွေလည်း ရှိပါတယ်။
      ဆူး ကတော့ ငါးကြီးတွေကို အစာကျွေးရတာ သိပ်ပျော်တာပဲ။

Leave a Reply