ဗီတာမင်ဘီ အုပ်စုများသည် မှတ်ဉာဏ်ချို့ယွင်းခြင်းကို သက်သာစေနိုင်

draungaungMay 2, 20111min795
ဗီတာမင်ဘီ မှီဝဲစားသုံးခြင်းဟာ သက်ကြီးရွယ်အိုများတွင် မှတ်ဉာဏ်ချို့ယွင်းခြင်းနှင့် သတိမေ့တတ်ခြင်းကို လျှော့ကျစေနိုင်ပါတယ်။ အင်္ဂလန်နိုင်ငံတွင် ၂နှစ်ကြာ လေ့လာစမ်းသပ်မှုများ ပြုလုပ်ပြီးနောက်
အထက်ပါ အဆိုပြုချက်ကို ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။ ဗီတာမင် B6၊ B12 နှင့် ဖောလစ်အက်စစ်
အပါအဝင် ဗီတာမင် ဘီ အုပ်စုများဟာ သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်လေ့ရှိသော အယ်လ်ဇိုင်းမား ရောဂါ
(Alzheimer disease) နှင့် အခြားသော မှတ်ဉာဏ်ချို့ယွင်းသည့် ပြဿနာများကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။
မှတ်ဉာဏ်ချို့ယွင်းမှု လက္ခဏာပေါ်ပေါက်နေသော လူနာများနှင့် သွေးထဲတွင် ဟိုမိုစစ်စတင်း
(homocysteine) ပမာဏမြင့်မားနေသော လူနာများတွင် ဗီတာမင်ဘီဆေးဝါးများကို သိသိသာသာ
တုံ့ပြန်နိုင်စွမ်းရှိကြောင်း Houston ပြည်နယ် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာတက္ကသိုလ်မှ ဆရာဝန်ကြီး
တစ်ဦးဖြစ်သူ Dr. Gustavo C. Roman က ပြောကြားခဲ့ပါတယ်။ ဟိုမိုစစ်စတင်းဟူသည်မှာ သွေးထဲတွင်ရှိသော
အမို်င်နိုအက်စစ်တစ်မျိုးဖြစ်ပြီး ၎င်း ဟိုမိုစစ်စတင်းပမာဏ မြင့်တက်နေခြင်းနှင့် အယ်လ်ဇိုင်းမားရောဂါ
ခံစားရခြင်းတို့ကြား ဆက်နွယ်မှုရှိနေပါတယ်။
စမ်းသပ်ချက်များအရ ဗီတာမင်ဘီကို စားဆေးမှီဝဲခြင်းထက် ထိုးဆေးအဖြစ်မှီဝဲခြင်းက
မှတ်ဉာဏ်ချို့ယွင်းသော လူနာများတွင် ပိုမို ထိရောက်မှုရှိကြောင်း Roman က အဆိုပြုပါတယ်။
သက်ကြီးရွယ်အိုများတွင် ခံစားရလေ့ရှိတဲ့ အယ်လ်ဇိုင်းမားရောဂါရဲ့ လက္ခဏာတွေကတော့
အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်များကို မေ့နေခြင်း
၂။ ဂဏန်းသင်္ချာ ရေတွက်ခြင်း၊ ပြဿာနာများကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲဖြစ်ပေါ်ခြင်း
၃။ နိစ္စဓူဝ ဆောင်ရွက်မှုများတွင် အဆင်မပြေဖြစ်ခြင်း
၄။ အချိန်နာရီများ မသိရှိ၊ မမှတ်မိခြင်း
၅။ စာဖတ်၊ စာရေးခြင်းနှင့် စကားပြောဆိုရာတွင် အခက်အခဲရှိခြင်း
၆။ လူမှုဆက်ဆံရေး ချို့ယွင်းခြင်း
၇။ သိသိသာသာ စိတ်အခြေအနေများပြောင်းလဲခြင်း ၊ စိတ်အလိုမကျဖြစ်ခြင်း တို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၏ လူဦးရေငါးသန်းကျော်လောက်ဟာလည်း အထက်ပါ အယ်လ်ဇိုင်းမားရောဂါ
ခံစားနေရကြောင်း သိရှိရပါတယ်။ ဗီတာမင်ဘီများ မှီဝဲ သောက်သုံးခြင်းဖြင့် မှတ်ဉာဏ်ချို့ယွင်းခြင်းကို အပြည့်အဝ ကာကွယ်မပေးနိုင်ပါဘူး။ ဒါပေမယ့် မှန်ကန်သင့်လျော်သော ဆေးပမာဏကို သုံးစွဲမယ်ဆိုရင်တော့ မှတ်ဉာဏ်
ချို့ယွင်းသည့်ရောဂါကို ပိုမိုမဆိုးဝါးအောင် တားဆီးထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်လို့ Roman က
ဆက်လက်ပြောကြားသွားပါတယ်။

5 comments

  • နီလေး

    May 3, 2011 at 3:08 am

    အင်မတန်ကောင်းတဲ့ပို့စ်လေးပါ ဗီတာမင်ဘီပါတဲ့အစားအစာအုပ်စုလေးတွေကိုကော တင်ပေးရင်ကောင်းမယ်လို့ ထင်မြင်မိပါတယ်

  • nozomi

    May 3, 2011 at 3:59 am

    ဒီနေ့ တီဗီ ကြော်ငြာတွေရဲ့ အများစုက အားဆေးကြော်ငြာတွေချည်းဘဲ
    အရင်လူတွေလဲ ဘာအားဆေးမှ မသောက်ကြပဲ သက်တမ်းစေ့နေနိုင်ကြပါတယ်……အခု မှ အားဆေးတွေများလာတာ အခုခေတ်လူတွေ အားမရှိကြတော့လို့လား….မလိုပဲ ကြော်ငြာကောင်းလို့ သောက်နေကြတာလား…အားဆေးမှာရော ဘေးထွက်ဆိုးကျိုးရှိလား သိချင်လို့ပါ ..သိသူများဖြေပေးစေချင်ပါတယ်

    • bigcat

      May 3, 2011 at 4:02 am

      ရှိပါတယ်။ ပိုက်ဆံကုန်တာပါ….

  • Shwemannmay

    May 3, 2011 at 6:04 am

    အဲလဆိုု မှတ်ညဏ်အားကောင်းအောင် ဒါမှမပာုတ်လည်းပိုဆိုးမသွားအောင်ပေါ့နော် ဘယ်လို ဆေးမျိူးသောက်သင့်တယ်ဆိုတာ ညွန်းပေးပါလား။

  • draungaung

    May 3, 2011 at 6:44 am

    ဗီတာမင်ဓါတ်ကြွယ်ဝဖို့ အားဆေးသောက်ဖို ့မလိုပါဘူးခင်ဗျာ..
    နေ့စဉ်စားသောက်တဲ ့အာဟာရထဲမှာ ပါဝင်အောင်စားသုံးနိုင်ရင် အဆင်ပြေပါပြီ.
    ဗီတာမင်ဘီကြွယ်ဝတဲ့အစားအစာတွေသိရုံတင်မကပါဘူး..
    သူတို့ရဲ့ လုပ်ဆောင်ချက်တွေပါ ဗဟုသုတအနေနဲ့သိထားရင်ပိုကောင်းပါတယ်..
    ဗီတာမင်တွေအကြောင်း အသေးစိတ်ကိုတော့ စာအရှည်တစ်ပုဒ် သီးသန့်ရေးပေးနိုင်မှ
    ပြည့်စုံမယ်ထင်လို့ အခွင့်အခါသင့်ခဲ့ရင် ဗီတာမင်တွေအကြောင်းရေးပါဦးမယ်ခင်ဗျာ..

Leave a Reply