သမိုင်းသရုပ်ဖော် ပန်းချီကားများ



ဝါးပင်မှာ စာရေးပြီး ဆုတောင်းတယ်

ဗိသုကာ လက်ရာတချို့

တရုတ်လက်ရာ အဆောက်အဦး

ဒီဇိုင်းလှတဲ့ အုတ်တံတိုင်း

မြေကြီးပေါ်မှာတွေ့ရတဲ့ တာအိုအမှတ်အသားတစ်ခု

ဒီခေါင်းမိုးကလဲ အဆန်းပဲ

 

chengdu (成都) ချန်းသူးမြို့ထဲမှာ နေ့တဝက်လျှောက်လည်ဖို့ အချိန်ရတာနဲ့ ဘယ်နေရာတွေ နံမည်ကြီးလဲလို့ ဟိုတယ်ဝန်ထမ်းကိုမေးပြီး သူညွှန်လိုက်တဲ့ ဘုရားကျောင်းတစ်ခုကို သွားလည်ခဲ့ပါတယ်။ နံမည်တော့ မမှတ်မိတော့ဘူး။ အရမ်းပူပြင်းတဲ့ နွေရာသီမှာ ကျောင်းဝင်းထဲဝင်လိုက်တာနဲ့ အေးချမ်းသွားပါတယ်။ အတော်ကျယ်ဝန်းတဲ့ ပန်းခြံတစ်ခုထဲကို ရောက်သွားသလိုပဲ။ အဆောက်အဦးတွေက တရုတ်ရှေးဟောင်းရုပ်ရှင်ကားတစ်ကားထဲက ပုံစံအတိုင်းပဲ။ တာအိုအယူဝါဒနဲ့ သက်ဆိုင်တဲ့ သမိုင်းပန်းချီကားများ၊ ရုပ်ထုများနဲ့ ဝူတန်းဘုန်းကြီးလိုဝတ်စုံနဲ့ ဘုန်းကြီးတွေကိုပါ တွေ့ခဲ့ရပါတယ်။ သစ်ပင် ပန်းပင်များကို လှပသပ်ရပ်အောင် ပုံဖော်ထားတာကလဲ မျက်စိအမြင်အေးစေပါတယ်။

ကျွန်မတို့လဲ ဒီအတိုင်းပဲ လျှောက်ကြည့်ခဲ့တာဆိုတော့ လျှောက်ရိုက်ခဲ့တဲ့ ဓါတ်ပုံတစ်ချို့ကိုပဲ တင်လိုက်ပါတယ်။

About weiwei

weiwei has written 367 post in this Website..

မဂၤလာပါ ....