အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၄)

ဂျွန်ဆင့် အဖြေက ကျွန်တော့် အဆုံးအဖြတ်ကို ပိုခိုင်စေသဗျ။

“ကျွန်တော်တို့ အဲသလို လုပ်လို့မဖြစ်ဘူးဗျ။လုပ်ရင် ဥပဒေကြောင်းအရ ကျွန်တော့်တို့ အတွက် သူများထောက်စရာ ပျော့ကွက်

ဖြစ်သွားလိမ့်မယ်။ခင်ဗျားမြင်တဲ့ အတိုင်း ဒီကောင်လေးက ရိုးရိုးသားသား အနိုင်ရတဲ့ကောင်လေးဖြစ်ချင်ဖြစ် ၊ဒါမှမဟုတ် ကလိန်

ကကျစ် လူညစ်လေး ဖြစ်ရမယ်။အဲဒီတော့ သူ သန်းတစ်ထောင်ရရင် ရ ၊မရရင်သွား ဂျေး ထဲကို။ညှိတာတွေ အပေးအယူတွေ

နဲ ့လုပ်လို့မဖြစ်ဘူးဗျ။သူ သေချာပေါက် ထောင်ထဲရောက်သွားအောင် ခင်ဗျားကူညီပေးရမှာ။ခုနေ ရူးပီးသန်းတစ်ထောင် ပေး

လိုက်ရင် မစ္စတာ မီခေးလော့ဗ် နှလုံးသွေးရပ်သွားနိုင်တယ်ဗျ”

မင်းကြီးက ဂျွန်ဆင့် မျက်လုံးကိုတည့်တည့်ကြည့်ပြီးတော့-

“ကျူပ် သဘောပေါက်ပြီ” နောက် ခပ်လေးလေး ပြောလိုက်တာက-

“ဒီထဲမယ် ကျုပ်အတွက်ကောပါရဲ ့နော်”

မထင်မိဘူး။ဒါပေ့မဲ့ မှန်းထားတဲ့အတိုင်း ဂျွန်ဆင် မင်းကြီး လက်မောင်းဆွဲပြီး အခန်းထောင့်ထဲခေါ်သွားတယ်။သူတို့ တိုးတိုးနဲ့ပြောနေတာ

သုံးလုံးလောက်ပဲ ကျွန်တော် ဖမ်းမိတယ်-ဆယ်ရာခိုင်နှုန်း တဲ့။အဲ့ဒီလို ပြောလိုက်တာနဲ ့ မင်းကြီး တော်တော်စိတ်လှုပ်ရှားသွားတာ သိသာတယ်။

“အိုခေ..အိုခေ..ကိုင်း မစ္စတာဂျွန်ဆင်ရေ ..ခင်ဗျားကိစ္စ ပြီးပြီလို့သာ မှတ်ပေရော့။ ခု ဂွတ်ဘိုး ကိုခေါ်လိုက်ဦးမယ်။”

အင်စပက်တော်ကြီး ကို ဆင့်ခေါ်လိုက်ပြီး-

“ကဲ ဂွတ်ဘိုး မင်း ဘာတွေများ သူ့ဆီက မေးမြန်းလို့ရလဲ”

မင်းကြီးကမေးတော့ ဂွတ်ဘိုးက ကျွန်တော့် ဂျို(ချို)ကြည့် တစ်ချက်ကြည့်ပြီး-

“ဒီ အယုတ်တမာလေးက အဖြေတွေကို သူသိတာ ကံကောင်းလို့ ဆိုတာပဲ ထပ်ထပ်ပြောနေတယ်”

“ကံကောင်းလို့..” ဂျွန်ဆင်က လှောင်သလို ပြောင်သလိုနဲ ့ဝင်ငေါ့လိုက်သေး။

“ဟုတ်တယ် ဆရာရေ့ ကျွန်တော် တတိယအဆင့် ခပ်ပြင်းပြင်းလေး မစစ်ဆေးရသေးလို့သာ ဒီငနာ လေး အပိုးမကျိုးသေးတာပေါ့ခင်ဗျ၊

ကျွန်တော့် ကိုအဲ့လိုသာ ခွင့်ပြုမယ်ဆိုရင် သူ့ကြံရာပါတွေအကုန်လုံး အချိန်မဆိုင်းဘဲ ထုတ်ပြောစေရမယ်ဗျာ”

မင်းကြီးက ပြုံးစိစိ နဲ ့ဂျွန်ဆင်တို့ဘက်လှည့်ကြည့်ပြီး မေးလိုက်တယ်-

“ဘယ်လိုလဲ ဒီလိုဆို ခင်ဗျားတို့ အဆင်ပြေမလား”

နန္ဒာ က ဆံပင်ရှည်ကြီးဝဲသွားအောင် သူ့ခေါင်းကို ခပ်ပြင်းပြင်း ရမ်းလိုက်ပြီး-

“မဖြစ်ဘူး..လုံးဝဘဲ ။..မနှိပ်စက်နဲ ့၊ မညှဉ်းပန်း နဲ့။သူအဖမ်းခံရတဲ့ အကြောင်းသတင်းစာတွေထဲ ပွကုန်ပြီ။သူ့ကို ခပ်ကြမ်းကြမ်း ကိုင်လိုက်တဲ့

အကြောင်းသာ သတင်းသမားတွေသိသွားရင် ကျွန်တော်တို့သွားပြီ။အများပြည်သူ ရပိုင်ခွင့် အရ ကျုပ်ကို တရားစွဲမှာ မစိုးရိမ်ရတဲ့ ကိစ္စဆိုလို့

ကျွန်တော့်မယ် မရှိလောက်အောင်ဘဲဗျ။”

မင်းကြီးက သူ့ကျောကို ပုတ်ပြီး- “ဘီလီ..မင်းလည်း အမေရိကန်တွေနဲ ့တူလာပါပကော၊ စိတ်မပူပါနဲ ့ကွာ ဂွတ်ဘိုးက ဒါမျိုးကိစ္စမှာ တကယ်

ကျွမ်းတဲ့လူပါကွ။ဒီကောင်လေး ကိုယ်ပေါ်မှာ အညိုအမဲလေးတစ်ချက်တောင် မစွဲစေရဘူး ၊စိတ်ချ”

အစာခြေရည်တွေ ကျွန်တော့် အစာအိမ်ကနေ အလုံးကြီးလို ဆန်တက်လာတယ်။ကျွန်တော် အန်ချင်နေတာ။လေတွေပျို့ပျို့တက်လာတယ်။

မင်းကြီးက ထွက်ခါနီး ဂွတ်ဘိုး ကိုလှမ်း အမှာချွေနေသေးတယ်။

“ဂွတ်ဘိုး..နက်ဖြန် ဒီကောင်ရဲ ့ကြံရာပါတွေအကြောင်းသိချင်တယ်..နောက် ဆေးစစ်ချက် အသေးစိတ်ရယ်။သူ ့ဆီကစကားထွက်ဖို့ ကြိုက်တဲ့

နည်း လိုသလိုသာသုံးပေတော့။အဲ..သတိတော့ထား၊ မင်းရာထူးတိုးဖို့က ဒီအပေါ်မှာတည်တယ်ဆိုတာ မမေ့နဲ ့..ဟုတ်ပြီလား”

ဂွတ်ဘိုး မျက်ခွက်ကြီး ပြုံးသွားပုံများတော့ မြင်စေချင်တယ်။

ကျေးဇူးပဲ ဆပ်..ကျေးဇူး။ စိတ်မပူနဲ ့ဆပ်။ဒီငတိလေး ကျွန်တော်စစ်လိုက်တာနဲ ့ မဟတ္တမ ဂန္ဒီ ကိုတောင်သူသတ်မိပါတယ်လို့တောင်ဝန်ခံသွား

စေရမယ်”

ဂန္ဒီကြီး[1] ဘယ်သူသတ်ပါလိမ့်လို့ ကျွန်တော်စဉ်းစားကြည့်မိတယ်။သေခါနီး ဘယ်သူ့ကိုများ ဟေး..ရမ် လို့ခေါ်မှာလဲ။ကျွန်တော် ဒါကို သတိရပြီ

ဗျ။ကျွန်တော်အံ့အားသင့်ခဲ့ရတာလေ။ဒါ ကျွန်တော့် နာမည်ကြီး ဆိုပြီး။ဖာသာ တီမိုးသီ ကတော့ အေးအေးသာသာပဲ ရှင်းပြပါတယ်။ရမ် ဆိုတဲ့

အရှင်ကမဲဇာ ကို ၁၄နှစ်လောက်အနှင်ခံရတဲ့ ဟိန္ဒူ နတ်ဘုရားတစ်ပါးတဲ့လေ။

မင်းကြီး နဲ ့သူ ့လူနှစ်ယောက် မြင်ကွင်းကပျောက်သွားတော့ ဂွတ်ဘိုး ပြန်ဝင်လာတယ်။သလိပ်တချက်ဟပ်ပြီး အခန်းထဲ ပိတ်ထွေးလိုက်တယ်။

တံခါးကိုဆောင့်ပိတ်လိုက်ပြီး လက်ဆစ်တွေ တဖျောက်ဖျောက်ချိုးလို့။

“အိုခေ..မအေပေးလေး  အရေခွံ နွှာမဟေ့”

ပြီးတော့ ကျွန်တော့် အဝတ်အစားတွေ ချွတ်ခိုင်းတော့ တာပဲ။


[1] ဂန္ဒီကြီးကို သတ်သူမှာ နသူရမ် ဆိုသူဖြစ်သည်။

5 comments

  • babymay

    May 4, 2011 at 5:37 am

    mgbahlaing ရေ နောက်အပိုင်းတွေ ဆက်တင် ပေးပါဦး။။ အားပေးနေပါတယ်နော်။။။

  • mgbahlaing

    May 4, 2011 at 10:26 am

    ဟုတ်ကဲ့ ..ကျေးဇူးတင်ပါတယ်ဗျာ။

  • cherrywine

    May 11, 2011 at 5:43 am

    အားပေးနေတယ်နော် ။

  • လင်းဝေကျော်

    May 11, 2011 at 9:54 am

    ဒါက Slumdog Millionaire ရဲ့ မူရင်း ဝတ္ထု ကို ဘာသာပြန်တာလား ။ ဝတ္ထုက ပိုကောင်းတယ်။

  • Mobile

    February 5, 2013 at 10:31 pm

    ်ရေးတဲ့လူတော့ တော်တော်စိတ်ရှည်တာပဲ ကျနော် လိုက်ကူးရတာတောင်
    အတော် အလုပ်ရှုပ်တယ်။

Leave a Reply