ချစ်သူ့ ထံမှ ရရှိသော ကဗျာများ (အပိုင်း-၁)

KingMay 3, 20111min1012

အနိုင်ယူလိုသူ——-ငါ—နဲ့

 

အရှုံးမပေးတတ်သူ——-နင်

 

ဆရာလုပ်ချင်သူ—-နင်–နဲ့

 

တပည့်–မဖြစ်ချင်တဲ့ငါ–

 

အချစ်ကိုးကွယ်တဲ့—–နင်–နဲ့

 

…အချစ်ကို—–မယုံကြည်တတ်သူ–ငါ

 

အမှတ်တမဲ့ပေမဲ့—ပြစ်မှုတွေကျူးလွန်သူ—-နင်–နဲ့

 

ခွင့်မလွတ်တတ်တဲ့—–ငါ

 

အမှတ်တရ–ဖြစ်အောင်များ—တမင်ဖန်တီးသလား—-

 

လမ်းဆုံးမထိ—ခေါ်မသွားရဲ့ဘဲနဲ့များ—-

ငါ့လာချစ်ဖို့—စိတ်မကူးနဲ့နော်

ငါ—က——

အမှတ်တမဲ့–ကို–အမှတ်တရ—လုပ်တတ်သူမို့လို့ပါ——

N.Hsu

 

2 comments

  • susunosuki

    May 4, 2011 at 9:42 am

    ကဗျာကတော့ ပွင့်လင်းမြင်သာပါတယ်။ ကြိုက်တယ်။

    ဒါပေမယ့် စာလုံးတွေကြားမှာ ဘာလို့ မျဉ်းကြောင်းတွေခြားထားတာလဲ။ စတိုင်လား။ အရင်က တော့တစ်ခါမှ မမြင်ဖူးဘူး။

    လမ်းဆုံးမထိ—ခေါ်မသွားရဲ့ဘဲနဲ့များ ———-ဆိုတဲ့စကားအရ ကဗျာရှင်ဟာ အားနွဲ့သူမိန်းမသားဖြစ်နိုင်တယ်။ တို့နိုင်ငံမှာ ယောကျာင်္းလေးတွေက ဖန်းတီးသူလေ။

  • king

    May 4, 2011 at 12:07 pm

    ကဗျာကိုကြိုက်တဲ့အတွက် ဝမ်းသာပါတယ်
    ကဗျာရေးတဲ့သူရယ် လက်ခံရရှိသူရယ်ကိုတော့ ချမ်းသာပေးပါ
    မျဉ်းကြောင်းခြားထားတာမဟုတ်ပါ လိုင်းလေးတွေ ချထားတာကနေ အဲဒီလို
    တစ်ဆက်တည်း ဖြစ်သွားတာပါ ။ စတိုင်တော့မဟုတ်ပါဘူးဗျ
    အရင်က မမြင်ဘူးဆို မနေ့ကမှ ရွာထဲကို ဝင်လာတာပါ
    ဟုတ်ပါတယ် ကဗျာရှင်က မိန်းမသားပါဗျ

Leave a Reply