“ရခိုင်နဲ့မြွှေပွေးတွေ့ရင် ရခိုင်ကိုသတ်”

KingMay 3, 20111min22118
“ရခိုင်နဲ့မြွှေပွေးတွေ့ရင် ရခိုင်ကိုသတ်”ဟုသော စကားပုံအား တစ်ချို့မှာ အမှတ်မှားတတ်ကြသည်။ ရခိုင်နဲ့မြွေပွေးတွေ့ရင် ရခိုင်ကို သတ်ဆိုသည်မှာ ရခိုင်လူမျိုး၊ လူရခိုင်ကို သတ်ခိုင်းခြင်းမဟုတ်ပါ၊ ရခိုင်ငှက်ပျောသီးကိုဆိုလိုသည်။ ထိုစကားပုံအား အမှတ်မှားပါက အယူတစ်မျိုးပြောင်းသွားစေသည်။ မြွေပွေးနဲ့ ရခိုင်မှာ ရခိုင်လူမျိုးတို့က ဆိုးသွမ်းသည်ဟု အထင်ရှိသွားနိုင်သည်။ မြန်မာစာတို့သည် ဖတ်တော့အသံ ရေးတော့အမှန်ဆိုသလို ရှိကြပါသည်။

-=-=-=-=-=-=-=-=-=-=-

“ရခိုင်နဲ့မြွှေပွေးတွေ့ရင် ရခိုင်ကိုသတ်”ဟုပြောကြသည်   ဆိုလိုရင်းမှာ မြွှေပွေးသည် ပေါက်လိုက်တာနဲ့ တခါတည်း ဆေးကုသချိန်မရဘဲ သေဆုံးတတ်ပါသည်။ ထို့ကြောင့် ရခိုင်ငှက်ပျောသီးဟာ မည့်သည်အဆိပ်ကိုမဆို အဆိပ်များမပြန့်ပွားအောင် ထိမ်းထားနိုင်တဲ့စွမ်းရည် ရှိသောကြောင့် တကယ်လို့များ မြွှေပွေးအဆိပ်ကိုမိခဲ့သော်  “ရခိုင်ငှက်ပျောသီးမှ  အစေး ကိုထုပ်ယူ၍မြေပွေးကိုက်ခဲ့သော       နေရာအား ၎င်းအစေးဖြင့် လိမ်းကျန်ပါကမြွေဆိပ်အား ထိ်မ်းထားနိုင်စွမ်းရှိသည်”။

မြန်မာစာ မြန်မာစကား
http://myanmarsar.zaung.net

18 comments

  • kai

    May 3, 2011 at 9:16 am

    ငှက်ပျောသီးဘယ်အမျိုးပဲဖြစ်ဖြစ်.. အစေးပဲဖြစ်ဖြစ်.. မြွေဆိပ်ကို သက်သာရာရစေတယ်လို့.. ..ဂိုဂယ်ဆရာမေးတာ..ရှာမတွေဖူး..။ ဆရာဝန်တွေ သိရင်တေ့ာ ပြောပါနော..။
    လောလောဆယ်တော့ ..တွေ့တဲ့အထဲကကောင်းမယ်ထင်တာလေး..တင်ပေးလိုက်တယ်..။
    ဆိုတော့….
    ြမွေကိုက်ရင်.. ဘယ်လိုလုပ်ရမယ်ဆိုတာပေါ့..။ ဆေးရုံနီးရင်..ဆေးရုံသာပြေးပါ..။

    ပြောချင်တာက..
    မြန်မာလူမျိုးတွေမှာ.. အခြေခံကကို လူမျိုးရေးခွဲခြားမုန်းတီးမှုဖြစ်စေတဲ့ စာ..စကားတွေတော်တော်များများရှိပါတယ်.။
    ရှေးကတိုင်းရင်းသားနယ်တွေကို သိမ်းချင်တာမို ့.. စိတ်ဓါတ်စစ်ဆင်ရေးလုပ်တဲ့အနေနဲ့.. ပြန်နှံ့အောင် လုပ်ခဲ့တာဖြစ်နို်ငြ်ပီး.. ဒီခေတ်အထိလည်း တချို ့ပြောဆိုသုံးစွဲနေကြတုန်းပါပဲ.။
    အင်မတန်ရှက်ဖို့ကောင်းပါတယ်..။
    ဒါတွေကို ပပျောက်အောင်.. ဥပဒေထုတ်ပြီးတော့ကို ပိတ်ပင်တားဆီးသင့်တယ်ထင်ပါတယ်.။
    ယူအက်စ်မှာဆိုရင်တော့ ..Antidiscrimination (EEO) Law တွေလိုပေါ့..။
    http://www.sec.gov/eeoinfo/antidiscrimination.htm

    တိုင်းရင်းသားအချင်းချင်း..မုန်းတီးခွဲခြားမှုဖြစ်စေတဲ့စကားပြောတာနဲ့..ထောင်ထဲတန်းထည့်သင့်တယ်.။
    ===============================
    Non-Venomous Snakebites

    Although not likely to be life-threatening, bites from non-venomous snakes can still be painful and lead to infection.

    1. Clean the wound carefully, and stay calm. Wash with clean water. Use an alcohol-soaked pad if one is available. Try not to Panic.
    2. Treat the wound with an antibiotic ointment. Apply a thin coating of antibiotic ointment.
    3. Bandage the wound. This will protect it and help to discourage infection. Pay attention to the wound as it heals for redness or streaking or other signs of infection.

    Venomous Snakebites

    These steps for treating venomous snakebites assume that you have no special equipment such as a snakebite kit and do not have immediate access to medical services.[1]

    1. Get the victim away from the snake. Your first priority is to make sure that neither you nor the victim receive any additional snakebites.
    2. Remove clothing or constricting items. Bites from venomous snakes can cause rapid and severe swelling. Remove clothing or jewelry from the area.
    3. Minimize activity. Higher levels of activity will increase blood flow and increase the spread of venom through the body.
    4. Do not cut the bite site or use your mouth to suck out the poison. These are likely to be ineffective and can increase the likelihood of infection.
    5. Clean the bite site with soap and water. Cover the wound with a dressing.
    6. Wrap the bite site with a tight elastic bandage. You can use something like an Ace bandage for this, or can fashion one from a stretchy shirt or other article of clothing.

    The intent of this step is to slow capillary and venous blood flow (flow back to the heart), but permit arterial blood flow (away from the heart).
    Check for a pulse below the overwrap. It should be present.
    7. Splint the bitten limb to prevent motion. Keep a the splinted extremity below the level of the heart.
    8. Keep the victim calm and protected from the environment. Let the victim rest until you can get him medical attention. If the victim is conscious, make him drink fluids.

  • char too lan

    May 3, 2011 at 10:23 am

    ဒီစကားပုံနဲ့ အဓိပ္ပာယ်ကိုကောင်းကောင်းသိပါတယ်
    ကျနော်ကတော့ ဘယ်လူမျိုးကိုမှမမုန်းဘူး ဘယ်လူမျိုးကိုမှ အမြင်မစောင်းဘူး ဘယ်လူမျိုးကိုမှထိခိုက်ပြောဆိုတာမျိုးမရှိခဲ့ဘူး ကျနော်အတွေ ့များတာတော့ လူမျိုးကိုခွဲခြားနေတာ တိုင်းရင်းသားတွေပိုများတယ်လို့ထင်တယ် တစ်ချို ့တိုင်းရင်သားတွေမှာတွေ ့ရတတ်ပါတယ် ကိုယ့်လူမျိုးမှမဟုတ်ရင် လူမဟုတ်တော့သလိုပဲ ကျနော်ယူနီတက်နေတုန်းက တိုင်းရင်းသားသူငယ်ချင်းတွေရှိခဲ့ဖူးပါတယ် နှစ်မျိုးသုံးမျိုးလောက်က သူတို့အမျိုးမှသူတို့အမျိုးကိုဖြစ်နေတော့တာပါပဲ။ လူငယ်တွေချစ်ကြကြိုက်ကြရင်တောင် ကိုယ့်လူမျိုးကိုမရွေးချယ်လို့ ကျန်တဲ့လူတွေကလဲဝိုင်းပြောကြတာမျိုးကြုံဖူးတယ်……
    ကျနော်အတွက်ကတော့ အထူးအဆန်းကြီးပါပဲ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့သူတို့ကိုလဲ ချီးကျူးပါတယ်။ လူမျိုးကိုမဟုတ်ပဲ လူကိုပေါင်းကြည့် သိကြမှာပါ

    • susunosuki

      May 4, 2011 at 9:33 am

      မှန်ပါတယ်။
      တိုင်းရင်းသားတွေက ပိုပြီးခွဲခြားတတ်ကြပါတယ်။ သူတို့မှာ လည်း ဝမ်းနည်းစရာ အတိတ်တွေရှိခဲ့လို့ဖြစ်မယ်ထင်ပါတယ်။ ဒါပေမယ့် ပညာတတ်တွေဖြစ်ပြီးတဲ့ နောက်မှာတော့ ကျဉ်းမြောင်းတဲ့ အမြင်တွေကို ပြင်သင့်ပါတယ်။ အတူတူနေမရမယ့် အတူတူ သင့်သင့်မြတ်မြတ်ရှိမှ စိတ်ချမ်းသာမှာပါ။ ကျွန်တော်ကတော့ အတင်းအကျပ်မဟုတ်ပဲ ကြုံရင်ကြုံသလို နည်းနည်းချင်း တိုက်တွန်းတတ်ပါတယ်။ အားလုံးကိုလည်း တိုက်တွန်းစေချင်ပါတယ်။

      အရေးကြီးတာကတော့ ဒီလိုစကားမျိုးကိုလုံးဝ ရှောင်ဖို့ပါ။ စနောက်တာက အစပေါ့။

  • အာဖျံ ကွီး

    May 3, 2011 at 10:50 am

    အခုလို website ပေါ်တင်ပီးရှင်းပေးတာ ကျေးဇူးပါ king ရာ …
    မဟုတ်ရင် … မသေမချာလေး .. သံယောင်ကြားမိတာနဲ. … အမုန်းပွားနေကြတာက ရှိသကိုးကွဲ. …

  • nature

    May 3, 2011 at 11:06 am

    အခုလိုသိရတာဝမ်းသာပါတယ်၊ နားလည်မှုမှားနေတာကိုပြင်ပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်၊ ငှက်ပျောသီးသာမပါရင် ဒီစကားပုံအတိုင်းဆိုထောင်ကျကိန်းပဲ။

  • king

    May 3, 2011 at 11:27 am

    လူမျိုးကိုချစ်ကြတာလည်း ချစ်ကြပါ
    ဒါပေမယ့် အစွန်းရောက်သွားရင်တော့ ……….
    ဖြစ်သင့်တာက
    အလယ်အလတ်လမ်းစဉ်ကို လိုက်ပြီး
    သင့်တင့်လျောက်ပတ်တဲ့ အတိုင်း နေထိုင်နိုင်ကြရင်ကောင်းမယ်ထင်တယ်ဗျ

  • ဆူး

    May 3, 2011 at 12:03 pm

    ဗဟုသုတ အသစ် အနေနဲ့ မှတ်သားသွားပါတယ်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 3, 2011 at 3:21 pm

    ခင်ဗျားတို့တွေပြောလိုက်ရင်မိုးလားကဲလား
    အပြောကရွှေမန်း ကတော့ချိုမိုင်မိုင်ကြီးဘဲ
    တော်ပြီဒီတခါနောက်ဆုံးဘဲပြောဒေါ့မယ်
    အဲ့ဒါ ဇဂါးနောက်လို့မသေမချင်းမှတ်ထားဂျ
    ရခိုင်နဲ့မြွေဘွေးကိုတွေ့ရင်ရခိုင်ကိုအရင်ခုတ် ဘဲကြားဘူးဒယ်
    ရခိုင်ငှက်ပျောပင်ပေါ်မှာမြွေဘွေးက လေညှင်းခံနေဒါ
    ကိုယ်ဂ ရခိုင်ငှက်ပျောသီးကိုလိုချင်တော့
    ရခိုင်ငှက်ပျောပင်ကို အရင်ခုတ် ပြီးရင်မြွေပွေးကို
    အမြည်းလုပ်
    သိဘီလား

  • king

    May 3, 2011 at 3:29 pm

    သားက သောက်တက်ဘူးဗျ
    အမြည်းတော့ နှိုက်မြည်းတယ်
    တစ်ဖက်လောက်နော် သောက်ရင် မမေ့ပါနဲ့

  • nature

    May 4, 2011 at 12:20 am

    ကုလားမနိုင်ရခိုင်မဲ…ဆိုတဲ့စကားပုံလေးဟာလဲ အသားမဲတာကိုဆိုလိုတယ်လို့ယူဆပါတယ်။

    • bigcat

      May 4, 2011 at 12:40 am

      ရခိုင်အသိတဦးပြောတာတော့ မူရင်းအဓိပ္ပါယ် အစစ်က “ကုလားမနိုင် ရခိုင်မေး” တဲ့။ ဟိုးအရင်က နယ်စပ်ဖြတ်ဝင်လာတဲ့ ဘကုန်းတွေကို အရမ်းနိုင်တယ်ပေါ့။

  • MaMa

    May 4, 2011 at 12:56 am

    ကြားဖူးတာတော့ ပင့် ရစ်မနိုင် ရခိုင်မေး ဆိုပဲ။ ယပင့် ရရစ်ကို ရခိုင်တွေက အင်မတန်ကျွမ်းဆိုပဲ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 4, 2011 at 3:07 am

    ကိုယ်တော်တို့ ကြုံဘူးမှလည်းလုပ်ကြပါဗျ
    အကြောင်ရှိလို့အကျိုးရှိဆိုဘဲ
    ကျုပ်ကတော့ ရခိုင်တွေနဲ့နှစ်နှစ်ကျော်သုံးနှစ်နီးပါး
    လှေထိုးလွှတိုက်လုပ်ဘူးတယ်
    လက်ရုံရည်နှလုံးရည်ကိုဘေးချိတ်ထားလိုက်ဦး
    ကျုပ်တို့အဖွဲမှာ လူနှစ်ဆယ်နီးပါးလောက်ရှိတယ်
    ဒီအဖွဲ့ထည်းမှာ အရိုးဆုံးလို့ပြောလို့ရတဲ့ ချာတိတ်လေးတစ်ယောက်ရှိတယ်
    မျက်လုံးနည်းနည်းမှေးနေလို့
    ငမှေးးးးးးးးးးးးးးးးးလို့ခေါ်တယ်
    ဘာမှသုံးမရတော့ တောက်တိုမယ်ရခိုင်းတာပေါ့
    ကိုယ်တွေကလည်း အလုပ်တွေရှုပ်နေကြတော့
    တစ်ခါတစ်လေမအားလပ်ကြရင် ငမှေးကို
    ဟင်းစားဘို့ ကြက်သွားခိုးခိုင်းတယ်
    ဒါကြောင့်လျှော့တော့မတွက်နဲ့
    ရခိုင်ရိုးတယ်ဆိုပေမယ့် ကြက်ခိုးတာလောက်တော့ရသေးတယ်
    အဲ့သည်လို ထက်မြက်တာ
    ( တစ်ကယ့်အဖြစ်ပျက်တွေကိုပြောတာနော် လူမျိုးရေးနဲ့မဆိုင်ဘူး
    ကျုပ်တို့ဘော်ဒါရခိုင်လူမျိုးတွေကိုယ်တိုင် အပျော်သဘော နောက်ပြောင်ပြီးပြောကြတာ
    သူတို့ဆိုလိုတာက သူတို့ရခိုင်လူမျိုးတွေ ဘယ်လောက် အစွန်းအစရှိတယ်ဆိုတာကိုပါ
    ကြက်ခိုးတာကတော့ ကျုပ်လဲခိုးတတ်တယ် ခိုးလဲခိုးဘူးတယ် )

  • king

    May 4, 2011 at 3:22 am

    တင်ထားတဲ့ပုံကို အားမနာ မိုက်ကယ်ဂျော်နီအောင်ပုက ကြက်ခိုးတယ်ဆိုတော့
    ကျန်တဲ့သူတွေ …………………………………
    အဟဲ
    မလွန်လောက်ဘူးဖြစ်နေပြီ

  • အာဖျံ ကွီး

    May 4, 2011 at 6:25 am

    ဟုတ်တယ် မမရေ
    ပင့်ရစ်မနိင်ရင်တော့ ရခိုင်ကိုမေးလို.ရတယ် .. အင်မတန်ကျွမ်းတာ …
    နောက်ပစ် ကိုတော့သွားမမေးနဲ. ..

    သေး ကိုလဲ သေး ပဲ
    သဲ ကိုလဲ သေး ပဲ .. အသံထွက်တာ .. အဟီးးး

    လှောင်တာမဟုတ်ဘူး .. ကိုယ့်လူမျိုးတွေရဲ. (ကဲ .. ပြောလိုက်ပြီကွာ) .. ရခိုင်လူမျိုးမှန်းသိသာစေတဲ့ လေယူလေသိမ်းလေးတစ်ခုကို ကြုံလို.ပြောပြတာ ..

  • hmee

    May 4, 2011 at 7:03 am

    ရခိုင်ဆိုတာ ရက္ခိတ ဆိုတဲ့စကားက ဆင်းသက်လာတာတဲ့။ ရက္ခိတတရား ဆိုတာ အမျိုးဂုဏ်ကို စောင့်ဖို့ ပြောတာတဲ့။ အခုခောတ်တော့ တခြားလူမျိုးနဲ့လည်း ယူနေပါပြီတဲ့ အရင်လို တယူသန်ကြီး မဟုတ်ကြတော့ပါဘူးတဲ့ သူငယ်ချင်းကပြောတာ။ ရခိုင်တိုင်းလည်း အသားမမည်းပါဘူး။ ဘနဲ့ ကပ်နေတဲ့ ပြည်နယ်ကလူတွေပဲ မဲတာပါ။ ရေမြေလိုက်တာပေါ့။ မှီ့ သူငယ်ချင်းက ကျောက်ဖြူဇာတိ ဆိုတော့ နေတိုးတို့လို အသားအရည် ဖြူဖွေးနေတာပဲ။ တရုတ်ရှုံးတယ်။

  • photwenty

    May 4, 2011 at 7:16 am

    အနော်သိတာတော. ကုလားမကိုနိုင်ချင်ရင် ရခိုင်ကိုမေးလို.သိတာဗျို.

  • nature

    May 4, 2011 at 12:18 pm

    နိုင်နည်းလေးလည်းမျှပါဦးဗျို့။

Leave a Reply