သင်တန်းအမှတ်တရ သင်တန်းသူတစ်ယောက်ရဲ့ ကဗျာလေးပါ

KingMay 3, 20111min725
သူငယ်ချင်း
လမ်းဆုံတစ်ကွေ့ တို့အတွေ့မှာ
ရယ်သံတစ်စာစာ ပျော်စရာတွေန
စီကာပတ်လုံး သီကုံးခဲ့လည်း
အချိန်တွေကုန် ပညာစုံတော့
လာရာဌာနီ နှုတ်ဆက်လမ်းခွံဲ
ဲပြန်ကြရပြီ……..
အနာဂတ်မှာ တာဝန်ကိုယ်စီ
ထမ်းဆောင်ရင်းနဲ့
လောကကြီးကို လက်တွေ့စမ်းသပ်
လွမ်းစရာတွေကိုမေ့ထား
ပျော်စရာတွေကိုသာ ပြန်စဉ်းစားရင်း
ဘဝခရီးဆက်ရအုံးမယ်လေ……..ဲ့

5 comments

  • ဆူး

    May 3, 2011 at 1:25 pm

    ငါသည် မုချ သေရမည် အချိန် ပိုင်းသာ လိုတော့သည်။
    ယခုပင် မအိုခင်က ကြိုတင် ကောင်းမှု ကြိုးစားပြုလော့…
    ယခု မခွဲလည်း နောက်ခွဲရမည်။
    သူမခွဲခင် ကြိုတင်ပြင်ဆင် နိုင်မှ တော်ကာကျမည်။
    တကယ် ခွဲတော့ ဆတ်ဆတ် မတုန်အောင်။ (ထုံဆေး ထိုးထား) 😉 😉 😛

  • king

    May 3, 2011 at 2:22 pm

    အင်း
    ထိုးတော့ထိုးမယ်
    ဒါပေမယ့် နှလုံးသားကနုတော့
    ဘယ်လိုထိုးရပါ့မလဲ

  • juttue.gyi

    May 3, 2011 at 4:31 pm

    အင်းဗျာ ကျတော်ဆီလည်းကဗျာ တစ်ပုဒ်ရှိတယ်ဗျာ ကျတော်ရေးတာတော့ မဟုတ်ဘူး ကျတော်သူငယ်ချင်းရေးတာ နည်းနည်းလောက်ခံစားပေးပါအုန်းဗျာ
    ٭٭٭٭ “လှဧကရီ” ٭٭٭٭
    ပြစ်မျိုးငါးသွယ်
    နတ်ပန်ချီကား
    အမှန်နတ်ပန်း
    ခူးလို့ပန်သော်
    မောင့်မှန်အပြစ်
    ဖြစ်ခဲ့လို့လည်း
    မကြောက်နန်ဆင်
    သေထိတိုင်အောင်
    ချစ်လို့နေမည်
    လှဧကရီ….။

  • MaMa

    May 3, 2011 at 4:43 pm

    ကျောင်းပြီးခါနီး ခံစားခဲ့ရတဲ့ ကဗျားလေးတစ်ပုဒ် မျှဝေပေးလိုက်တယ်။
    ကျောင်းတံခါးပိတ်
    လွယ်အိတ်လှုပ်ယမ်း
    စိတ်ပန်းနွမ်းလျှ
    ခွဲရရှေ့ဆက်။

  • king

    May 26, 2011 at 6:20 am

    မမ ကဗျာကို ဆက်ပြီး စပ်ပေးလိုက်တယ်
    အဟဲ 😛
    ရှေ့ဆက်ချော်ကြ
    များလှရန်ဘေး
    ခေါင်းညိတ်ရိုသေ
    လုပ်တတ်ပါမှ
    ကွင်းမည့်ထိုဘေး ….
    😀 ( * _ ^ ) 😀

Leave a Reply