ချစ်သူ့ ထံမှ ရရှိသော ကဗျာများ (အပိုင်း-၂)

KingMay 3, 20111min1035

**ကောင်လေးရေ**…………
ဒဏ်ရာတွေနဲ့..ပြည့်နှက်နေတဲ့…

ငါ့နှလုံးသားရှိရာ..ကို
နင်…ဘာလို့တံခါးမခေါက်ဘဲ…..အလစ်ဝင်ချင်ရတာလဲ
**ကောင်လေးရေ**………..
မွန်းကြပ်လွန်းတဲ့..’အချစ’်  ဆိုတဲ့ခေါင်းစဉ်အောက်မှာ…
ငါ့နှလုံးသားလေး……..သေဆုံးဖို့ကို
နင်…ပြုမူရက်တယ်နော်
**ကောင်လေးရေ.**……….
“နူးညံ့” တယ်  လု့ိအများစုကယူဆကြတဲ့……
“အချစ”်ဆိုတာကြီးက….
တကယ်တော့
“ကြမ်းတမ်း'”
“ရိုင်းစိုင်း”
”မဖြူစင်မှု” တွေအများကြီးနဲ့ပေါ့
မသန့်ရှင်းတဲ့…..ချစ်ခြင်းတွေကြား
မဖြစ်သင့်တဲ့…သံယောဇဉ်တွေ..ထားမိကြရင်
မရပ်ရဲတဲ့…ရင်ခုန်သံတွေနဲ့
အနာဂတ်လမ်းကို….
ဆက်သွားရမှာက……မရေမရကြီးကိုဖြစ်လို့
**ကောင်လေးရေ**…….
****အဖြူစင်ဆုံးနှလုံးသားတခုလုံးနဲ့…နင်ချစ်တယ်****..ဆို့ရင်တော့
ငါ့ရင်ထဲက…………..ဖြူစင်တဲ့….ချစ်ခြင်းတွေကို
နင်…မြင်နိုင်မှာပါ……
N.Hsu

5 comments

  • king

    May 3, 2011 at 12:11 pm

    ဘယ်သူမှလည်း
    ငါ့ချစ်သူကဗျာလေးကို
    မခံစားပေးကြဘူးနော်
    ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    စိတ်နာတယ်

  • ဆူး

    May 3, 2011 at 1:18 pm

    သူများတွေ ဝိုင်းခံစားပြီး ကောင်မလေးကို ဝိုင်းချစ်သွားရင် ဘယ်လို လုပ်မလဲ

  • king

    May 3, 2011 at 2:19 pm

    အဲ
    ဟုတ်ပါ့
    ဒုက္ခ
    ဘူမှ လာခံစားနဲ့နော်
    တော်ပြီ နောက်ထပ်တင်တော့ဘူး
    သူများတွေဝိုင်းချစ်ရင် ရင်ကြိုးရချည်ရဲ့

  • MaMa

    May 3, 2011 at 4:50 pm

    အင်းးးးးးးးးး ဒီနေရာမှာ မြန်မားမီးရထားအလှည့်ရောက်လာပြီ။ အနာဂတ်လမ်းကို ဆက်သွားရင် မရေရင် ဘယ်ရမလဲ။ မရေမရာဖြစ်နေမှာပေ့ါ။ နောက်ပြီး ရင်ကျိုး ရမှာလား။ ဒါမှမဟုတ် ရင်ဘတ်ကို ကြိုးနဲ့စည်းထားရမှာလား။ (ချာတူးလန်မတွေ့ခင် အရင်ရေးထားမှ။)

  • king

    May 4, 2011 at 3:15 am

    ဟိုက်
    စနှိပ်နေပြီ
    တစ်ဆက်ရှင် 250 နဲ့

Leave a Reply