ကျွန်တော်နှင့် နိုင်ငံရေး (သင်တို့နှင့် နိုင်ငံရေးကရော?)

KingMay 3, 20111min805

နိုင်ငံရေးဆိုတာ ကျွန်တော် ဟိုးငယ်ငယ်လေး ဘဝထဲက ကြားသိ နားထောင်ခဲ့ဖူးတယ်ဗျ

အိမ်နားက အဘကြီးက မဆလ ခေတ်ဆိုလား ဘာဆိုလား အဲဒီခေတ်က အမတ်ဝင်ပြိုင်ဖူးသူဆိုတော့ ….

မနက်ဆိုရင် ကျွန်တော့်အဘိုးဆီလာတယ် ညက ရေဒီယိုက ဘာလွှင့်တယ် ဘာတွေဖြစ်နေတယ် ဘာတွေလုပ်သင့်တယ် ဆိုပြီး လာပြောနေကြပေါ့

ကျွန်တော့်အဘိုးကတော့ ရပ်ရွာမှ ဩဇာအသင့်အတင့်ရှိပြီး အုပ်ချုပ်ရေးပိုင်းတွေကို စိတ်မဝင်စား ဘုရားတရား အလုပ်ပဲ လုပ်တတ်တဲ့

လူရိုးကြီးဆိုတော့ဘာမှ ပြောလေ့ပြောထ မရှိဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ ဘာရယ်မဟုတ် စိတ်ဝင်စားလို့ နားထောင်မိရာကနေ

နိုင်ငံရေး ဆိုတဲ့စကားလုံးနဲ့ ရင်းနှီးလာခဲ့ပါတယ်လေ။ အခုကျွန်တော်ပြောချင်တာကတော့  အရွယ်ရောက်လို့ ကျွန်တော် လက်ခံမိတဲ့

နိုင်ငံရေးဆိုတာလေးကို ပြောပြချင်လို့ပါ

ကျွန်တော်ကတော့

နိုင်ငံရေးဆိုတာ ကိုယ်ကျိုးရှာသူတွေအတွက်တော့ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး

အများကျိုးရှာသူတွေအတွက်တော့ ပရဟိတ္တ လုပ်ငန်းဖြစ်တယ်လို့ မှတ်ယူပါတယ်

(လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်)

နောက်ပြီး

နိုင်ငံရေးဆိုတာ အမတ်လုပ်မှ ရွေးကောက်ပွဲအတွက်ဆောင်ရွက်ပေးမှ အတိုက်အခံအမတ်တွေလုပ်မှ ပါတီတွေထောင်မှ နိုင်ငံရေးလုပ်တာ

မဟုတ်ပါဘူး ကျောင်းဆရာကလည်း ကျောင်းဆရာအလုပ်လုပ်မယ်၊ ဆရာဝန်ကလည်း ဆရာဝန်အလုပ်၊ ဈေးရောင်းတဲ့သူကလည်း ဈေးရောင်းမယ်

ဆိုက်ကားဆရာကလည်း ဆိုက်ကားဆရာအလုပ်လုပ်မယ် ကိုယ့်ကျရာလုပ်ငန်းကို လုပ်ဆောင်နေခြင်းကလည်း နိုင်ငံ့ရဲ့ အရေးကို လုပ်ဆောင်

နေခြင်းဖြစ်လို့   နိုင်ငံရေး လုပ်နေတာပဲ ဒါကြောင့် နိုင်ငံသားတိုင်းဟာ မိမိတို့ ကျရာအလုပ်ကို အကောင်းဆုံးလုပ်ကြရင်း

နိုင်ငံတိုးတက်လာမယ်လို့    မျှော်လင့်ပါတယ်

(စာကြွင်း။  အဂတိ လိုက်စားမှု ကင်းရှင်းပြီး စိတ်သန့်ရှင်းစွာဖြင့် အလုပ်တွေလုပ်ဆောင်ကြမယ်ဆိုရင်ပေါ့)

5 comments

  • king

    May 3, 2011 at 3:25 pm

    ကဲဘယ်လိုလဲ သူငယ်ချင်းတို့
    ငြင်းခုံ ဗရုတ်သုတ်ခ ပြောကြပါစို့

  • MaMa

    May 3, 2011 at 4:45 pm

    (နိုင်ငံရေးဆိုတာ ကိုယ်ကျိုးရှာသူတွေအတွက်တော့ အတ္တဟိတ လုပ်ငန်းဖြစ်ပြီး)(အများကျိုးရှာသူတွေအတွက်တော့ ပရဟိတ္တ လုပ်ငန်းဖြစ်တယ်လို့ မှတ်ယူပါတယ်။) အဲဒါကိုတော့ လွတ်လပ်စွာ သဘောတူညီပါတယ်။

  • king

    May 4, 2011 at 3:12 am

    ကျွန်တော်နဲ့အမြင်ခြင်းတူတဲ့ မမ
    မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါတယ်
    အဲ
    အမြင်ခြင်းမတူတဲ့ သူတွေရော တူသလိုလို မတူသလိုလို သူတွေရောကိုပါ
    နှုတ်ဆက်ပါတယ်နော်
    မလိမ္မာတာရှိရင် ဆုံးမပေးကြပါ
    အားလုံးကို လေးစားလျှက်

  • zawana

    May 4, 2011 at 6:55 am

    (ဒါကြောင့် နိုင်ငံသားတိုင်းဟာ မိမိတို့ ကျရာအလုပ်ကို အကောင်းဆုံးလုပ်ကြရင်းနိုင်ငံတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်)
    အဲဒါ မှန်ပါတယ် … ဒါပေမဲ့ ကျရာအလုပ်ဆိုတာ ကိုယ်ဝါသနာ ပါတဲ့အလုပ်လား … ကိုယ်လေ့လာထားတဲ့ ဘာသာရပ်နဲ့ သက်ဆိုင်တဲ့ အလုပ်လား ဆိုတာတွေကလည်း အရေးပါပါတယ် … ကျောင်းဆရာက စားမလောက်လို့ ဆိုက်ကားထွက်နင်း နေရတယ် ဆိုရင်တော့ သိပ်မဟုတ်သေးပါ … (ဆရာဝန်ဘွဲ့ ရထားတဲ့ လူက တက်စီမောင်းစားနေတာကိုလည်း မြင်ဘူးပါတယ်)။
    နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီနိုင်ငံက နိုင်ငံရေးသမားတွေ ( အစိုးရရော အတိုက်အခံပါ) ရဲ့ အရည်အချင်းပေါ်မှာ မူတည်တယ်လို့ ထင်ပါတယ် ….

    • king

      June 24, 2011 at 5:26 am

      ဟုတ်ကဲ့ခင်ဗျ (ကို၊ ဦး)zawana ရဲ့ ထင်မြင်ယူဆချက်ကလည်း မှန်တယ်လို့ ကျွန်တော်လည်း ယုံကြည်မိပါတယ် …. ဒါပေမယ့် ဘဝဆိုတာ ပုံသေကားချပ်တော့ မဟုတ်သလို ကိုယ်ဖြစ်ချင်တိုင်း ဖြစ်လို့ရတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ခဲ့ပြန်တော့ …. ကိုယ်ဝါသနာအရပဲဖြစ်ဖြစ် ဝမ်းရေးအတွက်ပဲဖြစ်ဖြစ် လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်အပေါ်မှာ အကောင်းဆုံး ဖြစ်အောင်လုပ်ပေးကြဖို့ပါပဲ …..
      ထပ်မံအကြံပြု ဆွေးနွေးချက်များကိုလည်း မျှော်လင့်မိပါသေးတယ် …. 😀

Leave a Reply