မန္တလေးနွေနေ့လည်ခင်းက တိမ်ထုလေးတွေ


(2-5-2011)နေ့လည်35လမ်းအတိုင်းလာနေရင်းက မိုးတိမ်တွေကိုတွေ့တော့ စိတ်ထဲမှာဓါတ်ပုံရိုက်ချင်စိတ်ပေါက်လာတာနဲ့

35လမ်းကနေ အနောက်ဖက်ခြမ်းမှာရှိတဲ့ တိမ်ပုံတွေကို ရိုက်ရော။
35လမ်းကုန်းကျော်ပေါ်ရောက်တော့ ခပ်တည်တည်နဲ့ ဆိုင်ကယ်ရပ်ပြီးခလုတ်နှိပ်ရော။
နောက်ကကားတွေက ဟွန်းတွေတီးတာပေါ့။

ဒါနဲ့ဘဲဆိုင်ကယ်ဆက်စီးရင် နည်းနည်းခြင်းစီလောက်ဘဲကွာတဲ့ပုံတွေကိုဆက်တိုက်ရိုက်မိပါတော့တယ်

အဲဒီနေ့က မိုးတွေအုံ့နေတယ်လေ။
ကောင်းကင်တစ်ခြမ်းက ကြည်လင် တစ်ခြမ်းက မိုးတိ်မ်တွေနဲ့ဆိုတော့ ခပ်မှောင်မှောင် မလှပေမယ့် တင်ပေးလိုက်ပါတယ်။

One comment

  • ဆူး

    May 3, 2011 at 3:30 pm

    ကောင်းကင် နဲ့ တိမ်လေးတွေကို မနေ့က သန်လျင်သွားတော့ နေဝင်ချိန်ဆိုတော့ ပုံလေးတွေ တော်တော် လှတယ်။ ဓါတ်ပုံရိုက်ဖို့ အဆင်မပြေလို့ ကိုယ်တိုင်ဘဲ ကြည့်ခဲ့တယ်။

    ဆွီးတီးဟုမ်း တဲ့.. တိမ်တွေကြားမှာ မြင်မိတယ်။
    ပျော်စရာ မိသားစု ကမာ္ဘလေးပေါ့နော်။

Leave a Reply