မင်းဝံတောင် ကန်ဘောင်ရိုးနဲ့ မိုးတိမ်တောင်


မန်းလေးက ကန်တော်ကြီးဘက်ကို လူတွေအလည်လာရင် ကရဝိက်ရှိတဲ့ ရေပြင်ကျယ်ဘက်ခြမ်းကိုဘဲရောက်တတ်ကြပါတယ်။
ကန်တော်ကြီးရဲ့မြောက်ဘက်ခြမ်းလမ်းကြမ်းကြမ်းလေးအတိုင်းသွားရင် ကန်တော်ကြီးရဲ့မြောက်ဘက်ခြမ်းကိုရောက်ပါတယ်။

အဲဒီမြောက်ဘက်ခြမ်းမှာက အိမ်အမြင့်တွေမရှိတော့ စစ်ကိုင်းတောင်ကိုထမ်းထားရတဲ့ မင်းဝံတောင်တန်းကြီးကို အလျားလိုက်ကြီးမြင်နေရတာကလည်းလွမ်းစရာပါ။
အဲဒီနေ့က မိုးတွေအုံ့နေပါတယ်။
မိုးအုံ့နေတာကြောင့် နွေနေ့လည်ခင်းမှာတောင် အမှောင်ကျနေတာရယ် စိမ်းမှောင်နေတဲ့ ကန်တော်ကြီးရေပြင်ရယ် ကောင်းကင်ထက်က တိမ်တောင်ထုရယ်မြင်ရတာ တကယ်ကို့လွမ်းဘို့ကောင်းလှပါတယ်
တစ်နေရာထဲကနေရိုက်ထားတာဖြစ်ပေမယ့် ခံစားမူ့ကိုတော့ တစ်မျုးိစီပေးမယ်လို့ ယူဆပါတယ်။

One comment

  • ဆူး

    May 3, 2011 at 4:27 pm

    ဒီနိုင်ငံမှာ တိမ်တွေ လှ တာ မြင်ရပေမဲ့.. တိမ်တွေ အလှ ကို မြင်ရခဲလို့လား.. ဘာလားတော့မသိဘူး။ တိမ်ပုံတွေ အရုပ်ရေးပြီး မီးထိုးထားရတယ်။ သဘာဝ ကတော့ သဘာဝ ပါပဲ။

Leave a Reply