ရန်ကုန် ညနေဆည်းဆာ

weiweiMay 3, 20111min18512

၄-၅-၂၀၁၁ ညနေ ၆ နာရီခွဲ

ဒီနေ့ ညနေ ၆ နာရီ ရန်ကုန်မြို့ နေအဝင်မှာ မြင်ရတဲ့ တိမ်ရောင်စုံတွေကို အိမ်ပေါ်ထပ် ပြူတင်းပေါက်ကနေ ရိုက်ထားလိုက်တာပါ။ ပို့စ်အနေနဲ့ တင်ဖို့ မရည်ရွယ်ခဲ့ပေမယ့် ကိုပေါက်ရဲ့ မန္တလေးက တိမ်တိုက်တွေကို တွေ့လိုက်တာနဲ့ ရန်ကုန်က တိမ်တွေလဲ လှတယ်ဆိုတာ သိရအောင် တင်လိုက်ပါတယ် ….

12 comments

  • MaMa

    May 3, 2011 at 11:37 pm

    ရန်ကုန်သူနဲ့ မန ္တလေးသားတို့ရဲ့ တိမ်အလှ ပြိုင်ပွဲပေ့ါ။ဘက်မလိုက်ပဲ ပြောရရင် စာသားက စာရေးဆရာ ကိုပေါက်ရဲ့ ခေါင်းစဉ်က ပိုကဗျာဆန်ပေမယ့် ပုံကျတော့ မဝေရဲ့ရန်ကုန်တိမ်က ပိုလှတယ်ထင်တယ်။

  • ရန်ကုန်က အရောင်တွေချယ်သလွန်းတယ်.. Mandalay က အရောင်ချယ်သမှုနည်းပေမယ့် တည်ငြိမ်တဲ့အလှရှိတယ်.. နောက်လမှပဲ ကိုယ်တိုင် ရန်ကုန်ရဲ့ကောင်းကင်နဲ့ Mandalay ရဲ့ ကောင်းကင်ကို ကြည့်ပြီး ဆုံးဖြတ်ပေးတော့မယ်..

    ပြောရရင်တော့ ရန်ကုန်က လူတွေတင်မကပဲ ကောင်းကင်တောင်မှ အရောင်တွေ မျိုးစုံနေပါရော့လား…. 🙁

  • MaMa

    May 4, 2011 at 12:46 am

    ရှုံး.. လူ ပြောတဲ့ အဓိပ္ပါယ်လည်း သက်ရောက်တယ်။ တိမ်တွေကလည်း လူတွေရဲ့ စိတ်ကို ထင်ဟပ်နေတာလား မသိဘူး။

  • weiwei

    May 4, 2011 at 1:44 am

    အခုတလော မိုးတိမ်တွေကြောင့် တစ်နေကုန် အရောင်အမျိုးမျိုး ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကောင်းကင်ကြီးလဲ တော်တော်လှပနေတယ် …
    လူတွေကတော့ အလုပ်တွေရှုပ် စိတ်တွေရှုပ်နဲ့ ကောင်းကင်ကြီးတောင် မော့မကြည့်အားကြဘူး …

  • kopauk mandalay

    May 4, 2011 at 1:59 am

    ဝေမမရဲ့
    ိတိ်မ်တွေက အရောင်တွေစုံပြီးပိုလှပါတယ်။
    ညနေခင်းဆိုရင် ကျနော်က အလုပ်ခန်းထဲမှာဘဲရှိနေတတ်တော့
    ကျနော်ပုံတွေက နံနက်ခင်းနဲ့ နေ့လည်ခင်းဘဲများပါတယ်။
    မဝေက ညနေခင်းပုံလေးတင်ပေးတော့ ပိုစုံသွားပါတယ်။
    ရန်ကုန်တိ်မ်နဲ့မန်းလေးတိမ်တော့ မပြိုင်ကြပါနဲ့။
    သူ ဟာနဲ့သူ အကုန်လှတယ်လို့ထင်ပါသဗျာ။

  • တညင်သား

    May 4, 2011 at 4:03 am

    ရန်ကုန်နဲ့ မန္တလေး အလှ ပြိုင်နေတာလား ကောင်းကင်မှာနေတဲ့တိမ်တောင် အငြိမ်မနေရဘူး.. လုပ်ပါအုံး မမဝေရဲ့ ကျွန်တော်တို့ တညင် တိမ်ပုံလေး…………

  • weiwei

    May 4, 2011 at 4:21 am

    အလှပြိုင်နေတာ မဟုတ်ပါဘူး … အလှအပကို ခံစားဖို့ အချိန်မရတဲ့သူတွေအတွက် ကွန်ပျုတာပေါ်ကနေ ခံစားဖို့ တင်ပေးလိုက်တာပါ …

    ညနေဆည်းဆာအချိန် သန်လျင်တံတားပေါ်ကနေ မြင်ရတဲ့အလှလဲ တော်တော်လှတယ် … နောက်ကြုံရင် ဓါတ်ပုံရိုက်ပြီး ပြပါအုန်းမယ် …

  • ဆူး

    May 4, 2011 at 4:50 am

    နတ်ရေးရယ် တိမ်ပန်းချီ ဆိုတာ ဒါမျိုးကို ပြောတာ
    အရောင်ကို စုံနေတာဘဲ။
    တနေ့က သန်လျင် တံတားပေါ် ဖြတ်တုံးက တိမ်တွေ အရောင်လက်နေတာ မြင်တယ်။
    ရိုက်ချင်ပေမဲ့ အဆင်မသင့်လို့ မရိုက်ခဲ့ဘူး။

  • မမလေး

    May 4, 2011 at 10:56 am

    ရန်ကုန်တိမ်နဲ့ မန်းတလေးတိမ် မတူမတူမတူ ဘယ်အရာမှ မတူ ရန်ကုန်တိမ်နဲ့ မန်းတလေးတိမ် 😛

  • blacklover

    May 4, 2011 at 12:19 pm

    ရန်ကုန်တိမ်လဲလှတယ် မန်းလေးတိမ်လဲလှတယ် ဒါပေမယ့် ဘယ်တိမ်ကပိုလှတယ်လို့တော့ပြောဖို့ခက်တယ်နော
    ဘာလို့လဲဆိုတော့ ကမ္ဘာမြေ တစ်မိုးအောက်ထဲမှာ တစ်ကောင်းကင်ထဲမှာရှိနေတာမို့ပါ………

  • weiwei

    May 4, 2011 at 4:03 pm

    ဒီနေ့ညနေ အရောင်တစ်မျိုးပြောင်းသွားလို့ တစ်ပုံထပ်တင်လိုက်ပါတယ် ..

  • ဆူး

    May 4, 2011 at 4:07 pm

    အထက်ကပုံများက ပိုလှ ပါသည်။

Leave a Reply