ကျွမ်းကျင်ရာလိမ္မာ Expertise
ဓာတ်ပုံ (White House – P. Souza) ကို ကြည့်လိုက်ပါ။ ဘာထူးသလဲလို့….
ယနေ့ ဗွီအိုအေ မြန်မာပိုင်း အစီအစဉ်မှာ အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့တဲ့ စစ်ဆင်ရေးကို အိမ်ဖြူတော်ကနေ တိုက်ရိုက်ကြည့်နေခဲ့တဲ့ ဓာတ်ပုံကို သတင်းနဲ့အတူ တင်ထားတာတွေ့လို့ ပြည်တွင်းက ရွာသားများ တွေ့ရအောင် ဝေမျှလိုက်ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းကိုလည်း ဒီကနေပဲ ခွင့်တောင်းပါတယ်။ အမေရိကန် သမ္မတ အိုဘားမားဟာ နိုင်ငံသမတ၊ စစ်တပ်သေနာပတိချုပ် စတဲ့ ကမ္ဘာကို ကိုင်လှုပ်နိုင်အောင် ဩဇာအာဏာ ကြီးမားပေမဲ့ သူ့နေရာသူ သိပါတယ်။ ဘင်လာဒင်ကို ဖမ်းတဲ့ စစ်ဆင်ရေးကို တကယ်ကိုင်တွယ်သူ စစ်ဗိုလ်ချုပ်က အမိန့်ပေးခုံမှာ ထိုင်ပြီး သမတအပါအဝင် ဒုတိယသမတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြိးများက ဘေးကနေ ပေးရတာပါ။
တိုင်းပြည်တပြည် တိုးတက်ဖို့ဆိုရင် လူတိုင်းလူတိုင်း ကိုယ့်အလုပ် ကိုယ်လုပ်မှ၊ အားပေးသင့် ချီးမြောက်သင့်သူကို ချီးမြောက်မှ၊ ကျင့်ဝတ်သိက္ခာဆိုတာကို တန်ဖိုးထားတတ်မှ ဖြစ်ပါမယ်။ မြန်မာပြည်မှာလည်း ကိုယ့်နေရာကိုယ်သိပြီး မဆိုင်တာ ဝင်မရှုပ်ကြဘူးဆိုရင် တိုင်းပြည်တိုးတက်ဖို့ လမ်းစဖြစ်မှာပါ…
ဓာတ်ပုံများကို ဗွီအိုအေ မြန်မာပိုင်းဆိုက်နဲ့ ကိုမိုးသီးဘလော့တို့မှ ရယူပါသည်။

အိုစမာ ဘင်လာဒင်ကို သုတ်သင်ခဲ့သည့် စစ်ဆင်ရေးအား အိမ်ဖြူတော်မှ ကြည့်ရှုနေသည့် သမ္မတ အိုဘားမားနှင့် တာဝန်ရှိသူများ။

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး

   Send article as PDF