၂၀၁၁ ခုနှစ် မေလ ၁ ရက် တနင်္ဂနွေနေ့  မနက် ၁း၃၀  နာရီ

ပါကစ်စတန်နိုင်ငံ Abbotabad မြို့ 

 

ညသည်မှောင်မိုက်လျက်။ ကမ္ဘာကျော် နာမည်ကြီး အကြမ်းဖက်ခေါင်းဆောင် အိုစမာ ဘင်လာဒါအား ချေမှုန်းပစ်ရန်အတွက် အမေရိကန် ရဟတ်ယာဉ်များသည် ပါကစ်စတန်နိုင်ငံအတွင်းရှိ နံရံအမြင့်များ ဖြင့် ၀ိုင်းရံထားသော စံအိမ်တခုဆီသို့ ဦးတည်ပျံသန်းလျက်။

အာဖဂန် နစ်စတန် နိုင်ငံ၏ တောတောင်လျှိုမြောင်များအကြားတွင်ပုန်းခိုနေသည်ဟု အများက ယူဆလျက်ရှိသော ဘင်လာဒင်သည်ကား ပါကစ်စတန်နိုင်ငံ မြို့ တော် အစ်စလန်မာဘတ်၏မြောက်ဘက် ၆၂ မိုင်ခန့် အကွာရှိ Abbotabad မြို့ အတွင်းရှိ ဒေါ်လာ ၁ သန်းတန် ခြံဝန်းကျယ်အတွင်းရှိ သုံးထပ်အဆောက်အဥိးအတွင်း ပုန်းအောင်း နေထိုင်လျက်ရှိနေပေသည်။ ခြံဝန်းကျယ်ကြီးအား အမြင့်ပေ ၁၂ ပေမှ ၁၈ ပေခန့် မြင့်သော နံရံမြင့်ကြိးများဖြင့် ကာရံထားပြီး နံရံမြင့်များပေါ်တွင် သံဆူးကြိုးခွေများဖြင့် အတားအဆီးများပြုလုပ်ထားသည်။ လုံခြုံရေးဂိတ် ၂ ခုလဲရှိပြီး ခြံဝန်းအတွင်းတွင်လည်း စည်းရိုးအထပ်ထပ် အပိုင်းလိုက် ကာရံထားသည်။ အဆောက်အဦမှာကား သုံးထပ်အဆောက်အဦဖြစ်သည်။ ထူးခြားသည်မှာ ဤခြံဝန်းအတွင်း ဖုန်းနှင့်အင်တာနက်ဆားဗစ်များ လုံးဝ မရှိခြင်းပင်။ နောက်တချက်ကား ဤခြံဝန်းသည် ပါကစ်စတန်နိုင်ငံ၏ ထိပ်တန်း စစ်ဘက်ဆိုင်ရာ အရာရှိများ မွေးထုတ်ပေးရာ စစ်ဘက် သင်တန်းကျောင်း မှ ကိုက် ၈၀၀ ခန့် အကွာတွင်တည်ရှိနေခြင်းပင်။

ခြံဝန်းကျယ်ကြီး နှင့်အဆောက်အဦအား လွန်ခဲ့သော ငါးနှစ်ခန့် ကတည်ဆောက်ခဲ့သည်ဟုခန့် မှန်းရသည်။

Abbotabad မြို့ သည်ကား စိမ်းစိုသော တောင်တန်းများပတ်လည်ဝိုင်းလျက်ရှိသည့်ချိုင့်ဝှမ်းအတွင်းတည်ရှိပြီး နွေရာသီအပန်းဖြေစခန်းမြို့ အဖြစ်ကျော်ကြားသောဒေသတခုဖြစ်သည်။ ဤဒေသအတွင်း လူနေအိမ်ခြေများ အများအပြား တည်ဆောက်လာကြသော်လည်း ဤခြံဝန်းကြီးသည် ထိုအနီးတ၀ိုက်တွင် အကြီးဆုံးနှင့်  အစောင့်အရှောက်အထူထပ်ဆုံးဖြစ်နေသည်မှာလည်း ဒေသခံတို့ အတွက် သတိပြုစရာတခုပင်။

နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော လျို့ ဝှက်ထောက်လှမ်းရေး သတင်းအချက်အလက်များအပေါ်ခြေရာခံရင်း ဘင်လာဒင်နေထိုင်ရာ Abbotabad ခြံကျယ်ကြီးနှင့် လျှို့ ဝှက်အဆက်အသွယ်လုပ်နေသူတဦးအား ခြေရာကောက်မိလာခဲ့ရာမှအစပြု၍ ဤ စစ်ဆင်ရေးဖြစ်ပေါ်လာရခြင်းပင်။

အမေရိကန်သမတ အိုဘားမားက ဤစစ်ဆင်ရေးအား ပြီးခဲ့သည့် သောကြာနေ့ က အတည်ပြုခဲ့ခြင်းဖြစ်သည်။

ညအမှောင်ထဲတွင် မြေပြင်ကွန်မန်ဒိုများက ခြံဝန်းကျယ်အား ၀ိုင်းရံထားပြီး ရဟတ်ယာဉ်များက အပေါ်တွင်ပျံဝဲလျက်စစ်ဆင်ရေးအားစတင်လိုက်သည်။

ရုတ်တရက်ဆိုသလို မြေပြင်မှ စတင်ပစ်ခတ်လိုက်ရာ ရဟတ်ယာဉ်တဆင်းပျက်ကြသွားခဲ့သည်။ အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး  ခြံဝန်းတခုလုံး မီးလောင်ပြင်အဖြစ်အဆုံးသတ်သွားခဲ့သည်။ ကြာမြင့်ချိန်မှာ မိနစ် ၄၀ ဖြစ်သည်။အဖမ်းခံရန် ပြောကြားခဲ့သော်လည်း ဘင်လာဒင်က ငြင်းဆန်ခဲ့သဖြင့် ပစ်ခတ်ဖမ်းဆိးခဲ့သည်။ နဖူးတွင်ကျည်ဆန်ထိမှန်သေဆုံးခဲ့သည်။

ဘင်လာဒင်၏ ရုပ်အလောင်းအား အမေရိကန်တို့ ကသယ်ဆောာင်သွားခဲ့ပြီး DNA စစ်ဆေးအတည်ပြုချက်များအရ ဘင်လာဒင်ဟုတ်မှန်ကြောင်း အတည်ပြုနိုင်ခဲ့သည်။မွတ်စလင်ထုံတမ်းအရ ပင်လယ်ပြင်တွင် သင်္ဂြီုလ်ပေးခဲ့ကြောင်းအမေရိကန်ဘက်မှပြောကြားခဲ့သည်။

ဘင်လာဒင်၏ သားတယောက်, လျို့ ဝှက်သတင်းပို့ ဆောင်ပေးသူ ၂ ယောက် နှင့် မိန်းမ(အငယ်ဆုံး) ဟုယူဆရသူ အမျိုးသမီးတဦး သေဆုံးခဲ့ကြောင်း။ သားဖြစ်သူအားအတည်ပြုချက် မပြုသေးကြောင်းသိရှိရသည်။

စစ်ဆင်ရေးအတွင်း အမေရိကန်ဘက်မှအသေအပျောက်မရှိခဲ့ပေ။

ရဟတ်ယာဉ်ပျက်ကျခြဲ့ခင်းမှာ စက်မှုဆိုင်ရာ ချို့ ယွင်းမှုကြောင့်ဟု အမေရိကန်တို့ မှပြောကြားခဲ့ပြီး ထိုရဟတ်ယာဉ်အား နည်းပညာလုံခြုံရေးအရ ဖျက်စိးပြီးဖြစ်ကြောင်းနှင့် crew member များသည်အခြားရဟတ်ယာဉ်များဖြင့်ပြန်လည်ထွက်ခွါခဲ့ကြောင်း အမေရိကန်စစ်ဘက်မှပြောကြားခဲ့သည်။

စစ်ဆင်ရေးအတွင်း ပါကစ်စတန် စစ်ဘက်မှ လုံးဝပါဝင်ခဲ့ခြင်းမရှိဘဲ အမေရိကန် တပ်များဖြင့်သာ ဆင်နွဲခဲ့ကြောင်း၊ ပါကစ်စတန်တို့ အနေဖြင့် သတင်းအချက်အလက်ပိုင်းဆိုင်ရာသာအကူအညီပေးခဲ့ကြောင်း ပါကစ်စတန်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြောကြားခဲ့သည်။

အင်တာနက်နယူးမှထပ်ဆင့်တင်ပြပါသည်။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com

   Send article as PDF