Easy way to U.A.E

zoxnetApril 30, 20101min1639
skyview

အခုလို OVERSEA EMPLOYER တွေအတွက် အလုပ်တွေကျပ်တည်းနေချိန်မှာ တော်တော်များများက UAE ကိုအာရုံစိုက်နေကြပါတယ်။ မြန်မာလုပ်သားတော်တော်များများ အသွားအများဆုံးဖြစ်တဲ့ မလေးရှား၊ စကာင်္ပူစတဲ့နိုင်ငံတွေမှာ လုပ်သားဦးရေမထင်မှတ်လောက်အောင် လျှော့ချပြီးတဲ့နောက် ယူအေအီးဘက်ကိုသာ သွားရောက်အလုပ်လုပ်ဖို့ အားထားလာကြပါတယ်။ ရေနံကိုဗဟိုပြုပြီး ကြွယ်ဝချမ်းသာလာတဲ့ ယူအေအီးဟာ တခြားနိုင်ငံတွေလောက် စီးပွားရေးဆုံးရှုံးမှုမဖြစ်ပေမဲ့ နံမည်ကြီးစက်ရုံကြီးတွေကတော့ လုပ်သား 50000 နီးပါးလျှော့ချလိုက်တယ်လို့ ကြားသိရပါတယ်။ လက်ရှိအခြေအနေမှာတော့ ဟိုတယ် နဲ့ စားသောက်ဆိုင်တွေကတော့ တခြားလုပ်ငန်းတွေလောက် များများစားစားထိခိုက်မှုမရှိပဲ အခုအချိန်ထိလုပ်သားတွေ ခေါ်ယူနေတာကို တွေ့ရှိရပါတယ်။ ဘာပဲပြောပြော တခြားအလုပ်အကိုင်တွေထက်စာရင် HOTEL LIFE က Salary အပြင် Tips, Service Charges တို့ကအပိုဝင်ငွေအဖြစ်ရှိလေတော့ လုပ်ကိုင်ရတဲ့နေရာမှာ ပိုကို်က်ပါတယ်။ ဒါပေမယ့် တချို့တချို့တွေလို ဗိသုကာပညာရှင်တွေ၊ Software Engineering, Network Engineering ပညာရှင်တွေနဲ့ Web Design ပညာရှင်တွေကတော့ UAE ကို Vist Visa နဲ့သွားကြပါတယ်။ ဟိုရောက်မှ အသင့်တော်ဆုံးအလုပ်အကိုင်နဲ့ စိတ်ကြိုက်လစာကို ရွေးချယ်ပြီး ဝင်ရောက်လုပ်ကိုင်ကြတာကို တွေ့ရပါတယ်။ ကိုယ့်မှာရှိတဲ့ ပညာကိုယုံကြည်သူတွေနဲ့ တကယ်အရည်အချင်းရှိသူတွေကတော့ ဒီအတိုင်းသွားပြီး ဒီလိုအလုပ်ရှာတာဟာ ပိုမိုလွယ်ကူပါတယ်။ တကယ်လည်း အကောင်းမွန်ဆုံးအလုပ်ကို ရကြပါတယ်။ VISIT VISA နဲ့သွားပြီး NETWORK ENGINEERING အလုပ်ကိုလုပ်ကိုင်နေသူတစ်ယောက်က အခုလိုပြောပြပါတယ်။…

” ကျွန်တော်ဒီကိုရောက်ပြီး ၃ ပတ်ပြည့်တဲ့နေ့မှ အလုပ်ရပါတယ်။ နေ့တိုင်းဒီနိုင်ငံထုတ် သတင်းစာတွေဝယ်တယ်။ မနက် ၁ဝးဝဝ မထိုးခင် သတင်းစာထဲက အလုပ်ကြော်ငြာတွေကနေ ကိုယ်နဲ့အဆင်ပြေမယ့်၊ ကိုယ်ကြိုက်တဲ့ကုမ္မဏီတွေဆီ CV ကိုအီးမေးလ်နဲ့ပို့တယ်။ အဲဒီမှာအခုလက်ရှိ ကျွန်တော်လုပ်နေတဲ့ ကုမ္မဏီကနေ ကျွန်တော့်ကို ဖုန်းဆက်ပြီးခေါ်တယ်။ ပြီးတော့ Interview တယ်။ လက်တွေ့လုပ်ခိုင်းတယ်။ ကျွန်တော်ကလည်း တကယ်ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်တော့ အလုပ်ရသွားတယ်။ လခကတော့ DHS 3000 လောက်ရတယ်။ မြန်မာငွေ ကိုးသိန်းဝန်းကျင်ပေါ့။ ”

အရင်ကတော့ UAE VISIT VISA ကိုနှစ်လသက်တမ်းပေးပါတယ်။ နှစ်လပြည့်ရင် သက်တမ်းတိုးရပါတယ်။ အခုတော့ သုံးလပေးပါတယ်။ သက်တမ်းတော့တိုးလို့ မရပါဘူး။

VISIT VISA နဲ့သွားပြီးအလုပ်ရသွားရင် IRAN နို်င်ငံကို ကုမ္မဏီစရိတ်နဲ့သွားပြီး ကုမ္မဏီကပဲ EMPLOYMENT VISA ချိန်းပေးပါတယ်။ UAE VISIT VISA နဲ့ပတ်သက်ပြီး စိတ်ဝင်စားရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သွားသင့်တဲ့ နိုင်ငံတစ်ခုပါ။ ပုံထဲမှာ တိမ်တွေပေါ် ထိုးထွက်နေတဲ့ ယူအေအီးက အဆောက်အအုံတွေကို တွေ့မြင်နိုင်ပါတယ်။

9 comments

  • Arrti

    April 30, 2010 at 6:37 am

    UAE visit Visa အကြောင်းသိချင်ပါတယ်။ ရှင်းပြပေးပါလား။

    • zoxnet

      April 30, 2010 at 11:35 am

      ဟုတ်ကဲ့။ ယူအေအီး Visit Visa အတွက်က ယူအေအီး နိုင်ငံကနေ ကိုယ့်အပေါ် စပွန်စာ လုပ်ပေးမယ့် ကုမ္မဏီ လိုပါတယ်။ LLC လိုင်စင် ရှိတဲ့ ဘယ်ကုမ္မဏီ မဆို စပွန်ဆာ လုပ်ပေးခွင့် ရှိပါတယ်။ အဲ့လို ကုမ္မဏီကနေ အစ်ကို့ကို စပွန်ဆာ လုပ်ပေးပြီး ဗီဇာလျှောက်ပေးရင် လွယ်လွယ်ကူကူ ရပါတယ်။ ဒေါ်လာ ၅၀ဝ ကနေ ၆၀ဝ အထိ အဲ့ဒီ ကုမ္မဏီတွေကို စပွန်ဆာနဲ့ ဗီဇာကြေး ပေးရပါတယ်။ တကယ်လို့ ကိုယ်နဲ့ ခင်မင်ရင်းနှီးတဲ့ ကုမ္မဏီ ယူအေအီး မှာရှိမယ်ဆိုရင်တော့ အလကား ရနိုင်ပါတယ်။ ဗီဇာ သက်တမ်းကို သူတို့က ခဏခဏ ပြောင်းလဲတတ်ပါတယ်။ ၁လ ဖြစ်လိုက်၊ ၂ လဖြစ်လိုက် ၃ လ ဖြစ်လိုက်နဲ့ ဗီဇာ ဥပဒေ ခဏခဏပြောင်းတတ်ပါတယ်။ ကိုယ် သွားမယ့်အချိန်နဲ့ ဥပဒေ အပေါ် ဗီဇာသက်တမ်းက မူတည်ပါတယ် ခင်ဗျာ။ မရှင်းတာ ရှိရင် ထပ်မေးနိုင်ပါတယ်။

  • kai

    April 30, 2010 at 6:53 am

    ဘာသာရေးနဲ့ပါတ်သက်ပြီး တင်းကြပ်တယ်လို့ ထင်ပါတယ်။ အဲဒါဟုတ်မဟုတ်လေးလည်း ရှင်းပြပေးပါလားခင်ဗျား။
    ုမြန်မာတွေရော..ယူအေအီးမှာ တော်တော်များနေပြီလား။ ဘယ်နှယောက်လောက်များရှိနေလည်း ခန် ့မှန်းပြပါဥိးခင်ဗျာ။

    • zoxnet

      April 30, 2010 at 11:59 am

      ဒူဘိုင်းမှာတော့ သိပ်မတင်းကျပ်ဘူး အစ်ကိုရ။ အဲ. . . တင်းကျပ်မယ် ဆိုရင်လည်း ခိုးလုပ်မယ့် သူတွေက အဆင်သင့် ရှိနေပြီးသားလေ။ အဘူဒါဘီကတော့ တင်းကျပ်တယ် အစ်ကို။ ဒူဘိုင်းမှာက ပိုက်ပိုက် ရှိရင် အကုန်ရတယ်။ ဒါပေမယ့် သူခိုးလို ဝယ်ရ သုံးစွဲရတာပေါ့။ မြန်မာတွေ တော်တော်တော့ များနေပြီ အစ်ကို။ အရေအတွက် အတိအကျတော့ ကျွန်တော် မပြောတတ်ဘူး။ မလေးရှားရောက် မြန်မာတွေ လောက်တော့ မရှိသေးဘူးပေါ့။ မလေးရှားမှာလောက်လဲ မကဲ ရဲကြသေးဘူးပေါ့ အစ်ကို။ ဒီလို ဥပဒေ တွေ ရှိလို့ အစ်ကိုရေ။ ပန်းခူးရင် ဒဏ်ငွေ ( 500 Dirhams )၊ အများပြည်သူနေရာတွေမှာတံတွေးထွေးရင် ( 500 Dirhams )၊ အများပြည်သူနေရာတွေမှာကွမ်းတံတွေးထွေးရင် ( 500 Dirhams )၊ လမ်းပေါ်အမှိုက်ပစ်ရင် ( 500 Dirhams )
      ၊အများပြည်သူနေရာအပေါ.သွားရင် ( 500 Dirhams )၊ လမ်းပေါ် ဆောက်လုပ်ရေးက အမှိုက်ပစ်ရင်
      ( 5,000 Dirhams )၊ တရားမဝင်တဲ့ နေရာတွေမှာ ပစ်ရင် ( 10,000 Dirhams )၊ သုံးပြီးသား ဆီတွေ မိလ္လာပိုက် ထဲပစ်ရင်
      ( 3,000 Dirhams )၊ အသုံးမလိုတော့တဲ့ အိမ်ထောင်ပရိဘောဂပစ္စည်းတွေ လမ်းပေါ် ပစ်ရင် .. ဒါမှ မဟုတ်
      တိုက်ခေါင်မိုးပေါ်မှာ စုထားရင် ( Dirhams 200 )။

      အဲ့ဒါတွေပါပဲ အစ်ကိုရေ။

  • laypyay

    May 2, 2010 at 6:04 pm

    ကျေးဇူးအကိုရေ.. ကျနော်လဲ netwoking နဲ့ အလုပ်စုံစမ်းနေတာ .. ခုလို သိရတော့ အရမ်းဝမ်းသာတယ် ဗျာ.။

  • minminaung

    July 30, 2010 at 9:18 am

    မြန်မာတွေဒူဘိုင်းမှာ ဒေါ်လာ၃၀ဝလောက်နဲ့သွားလုပ်နေကြတာ..သူ့နိုင်ငံ အနေအထားနဲ့ဆို
    မြန်မာတွေကို ပေးတာအရမ်းနဲတယ်လို့ထင်ပါတယ်..များစုက sale ဝန်ထမ်းတွေများပါတယ်..
    ဒူဘိုင်းမှာ အလုပ်ချိန်က ၁ဝနာရီလုပ်ရတယ်လို့လည်းပြောပါတယ်.. တစ်ချို့တွေက အချိန်ပိုလုပ်ရပြီး
    အချိန်ပိုလုပ်အားခမရဘူးလို့ပြောပါတယ်…မြန်မာပြည်မှာအေးဂျင့်ပြောတုန်းကတစ်မျိုး..ဟိုရောက်တော့တစ်မျိုး
    ဆိုတော့ တစ်ချို့မြန်မာတွေစိတ်ညစ်ကြတယ်လို့ပြောပါတယ်.. အချို့အေးဂျင့်တွေက ဒူဘိုင်းကို ဝန်ဆောင်ခအဖြစ် ကျပ် ၁ဝ သိန်းဝန်းကျင်ယူကြပါတယ်.. ဒူဘိုင်းကုမဏီတွေက အလုပ်သမားတွေအတွက် စရိတ်စက free လို့လည်းပြောပါတယ်.. မြန်မာတွေ (၃)လအောက် အခန်းအောင်းမှ အေးဂျင့်ခတွေကျေမှာပါ….ဒူဘိုင်းမှာ မြန်မာတွေအခက်အခဲဖြစ်လာရင် ဘယ်လိုဖြေရှင်းကြမလဲ
    အများစုမသိကြသေးပါဘူး…သိရင်ပြောပေးပါ
    ဒူဘိုင်းနိုင်ငံရဲ့ အလုပ်သမားခံစားခွင့်အကြောင်းသိချင်ပါတယ်..
    ကျေးဇူးတင်ပါတယ်..

    • zoxnet

      August 5, 2010 at 8:37 am

      Salary က Position ပေါ် မူတည်တယ် အစ်ကို။ အလုပ်ကောင်းရင် လခ ပိုကောင်းတယ်။ အခြေခံလစာကတော့ ဒေါ်လာ ၃၀ဝ ဝန်းကျင် များတယ် အစ်ကို။ ဟိုတယ်လ် လိုက်ဖ် ကတော့ တချို့ဆို ဒေါ်လာ ၉၀ဝ လောက်အထိ ရတယ် အစ်ကို။ ပုံမှန် အလုပ်ချိန်က ၈ နာရီ အစ်ကို။ ကျွန်တော် ထင်တာ ပွဲစားဆိုးတွေနဲ့ တွေ့သွားလို့ ထင်တယ်။ ဒီက အေဂျင်စီတွေနဲ့ လုပ်ရင်လည်း သေသေချာချာ မေးမြန်းပြီးမှ လုပ်သင့်တယ် အစ်ကို။ ဒူဘိုင်းမှာ အလုပ်သမား အခွင့်အရေး ရှိတယ် အစ်ကို။ ကိုယ် ကိုယ်တိုင်ကလည်း လည်လည် ဝယ်ဝယ် နဲ့ဆို မဟုတ်တာ လုပ်ရင်၊ စာချုပ်အတိုင်း အကျိုးခံစားခွင့် မပေးရင် တရားရုံးမှာ သွားတိုင်လို့ ရတယ်။ အလုပ်သမား ဝန်ကြီးဌာန မှာ တိုင်ချက်ဖွင့်လို့ ရတယ် အစ်ကို။ အေးဂျင့် တွေကတော့ ထုံးစံအတိုင်း ပေါ့ အစ်ကိုရာ။ ဝေစား မျှစားပေါ့။ ဒူဘိုင်းမှာ မြန်မာ သံရုံးမရှိသေးတော့ အခက်အခဲအတွက် ဖြေရှင်းရနည်းနည်း ခက်တယ် အစ်ကို။ ကိုယ့် ကိုယ်ကို ထိန်းထိန်းသိမ်းသိမ်း နေရင် လုံခြုံမှု ရှိပါတယ် အစ်ကို။ အနီးဆုံး မြန်မာသံရုံးကတော့ ဆော်ဒီနဲ့ အီဂျစ်မှာပဲ ရှိတယ် အစ်ကို။ ဒူဘိုင်းရောက် မြန်မာများဆိုပြီး ဖိုရမ် တစ်ခုရှိတယ် အစ်ကို။ လေ့လာကြည့်ပေါ့ ။ http://myanmarindubai.org ပါ။ ကျေးဇူးတင်ပါတယ်။

  • minminaung

    July 30, 2010 at 9:26 am

    အကို ..
    ဒူဘိုင်းမှာ Net work နဲ့အလုပ်လုပ်မဲ့လူတစ်ယောက်အတွက်ဘယ်လိုအရည်ချင်းတွေလိုမလဲ
    ဘယ်လိုအသိအမှတ်ပြု စာမေးပွဲတွေဖြေထားသင့်ပါသလဲခင်ဗျာ…

    • zoxnet

      August 5, 2010 at 8:41 am

      Networking ကို တကယ် တတ်သိကျွမ်းကျင်အောင် သင်တန်းတက်ပါ။ တကယ် လုပ်ငန်းခွင် ဆင်းကြည့်ပါ။ ဒူဘိုင်းက စာရွက်စာတမ်း မကြည့်ဘူး အစ်ကို။ အစ်ကို့မှာ တကယ် အရည်အချင်း ရှိဖို့ပဲ လိုပါတယ်။ သူတို့က လုပ်ငန်းခွင် တန်းဆင်းခိုင်းလို့ အစ်ကို ကျွမ်းကျင်ရင် မက်လောက်စရာ လစာကို ခံစားခွင့်ရပါမယ် အစ်ကို။ စာရွက်စာတမ်းတွေက ဖိတ် တွေပါ အစ်ကို။ သူတို့ဘက်ကလည်း ဒီလောက် အလေးမထားဘူး။ အဓိက တကယ် အရည်အချင်း ရှိဖို့ပဲ လိုတယ်အစ်ကို။ ကျွမ်းကျင်သူတွေအတွက် ဒူဘိုင်းမှာ အလုပ်မရှားပါဘူး အစ်ကို။

Leave a Reply