သင့် နှလုံးသား အေးစက်လား ၊ နွေးထွေးလား အဖြေထုတ်ကြည့်ပါ

မမေလးMay 4, 20111min7711

၁ . သင်ဟာ မိတ်ဆွေ သူငယ်ချင်း ၊ ဆွေမျိုးများကို လက်ဆောင်ပေးရတာ နှစ်သက်သူဖြစ်ပါသလား ။

၂ .  သင့်ကို တစ်ယောက်ယောက်က နှုတ်ဖြင့်ဖြစ်စေ ၊ အလုပ်ဖြင့်ဖြစ်စေ တစ်ခုခုကူညီပေးတဲ့ အခါမျိုးမှာ * ကျေးဇူးတင်တယ် * ဆိုတဲ့စိတ်ဖြစ်ပေါ်ပါသလား (သို့ )  ကျေးဇူးတင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲပြောတတ်သူဖြစ်ပါသလား ။

၃ . သင်ဟာ သူတစ်ပါးရဲ့ အမှားတွေကို ခွင့်လွှတ်ပေးတတ်ပါသလား ။ ဒါ့အပြင် သူတစ်ပါးရဲ့အမှားတွေကို ခွင့်လွှတ်တဲ့မျက်လုံးနဲ့မြင်တတ်ပါသလား ။

၄ . သင်ဟာ အချစ်တွေ ထုံမွှမ်းနေတဲ့ပတ်ဝန်းကျင်မှာမွေးဖွါးသူဖြစ်ပါသလား ။ သင့်မိသားစု ၊ ဆွေမျိုး ၊ မိတ်ဆွေ တွေဟာ တစ်ဦးကို တစ်ဦး ချစ်ချစ်ခင်ခင် ဆက်ဆံတတ်သူတွေဖြစ်ပါသလား ။ ဒါဆိုရင်သင်ဟာ ချစ်ခင်မှုခြုံလွှမ်းတဲ့ ပတ်ဝန်းကျင်မှာမွေးဖွါးသူလို့ သတ်မှတ်လို့ရပါတယ် ။

၅ . သင်ဟာ သင့်ထက်အသက်အရွယ်ကြီးသူတွေ ( ဦးလေး ၊ အဒေါ် ၊ အဘိုး ၊ အဖွါး ၊  ဆရာမတွေ ) နဲ့ ဆက်ဆံရတဲ့ အခါ ပျင်းစရာကြီးလို့ယူဆပါသလား ။ သူတို့အနားမှာ မနေချင်ပဲ ပြေးထွက်သွားချင်သူဖြစ်ပါသလား ။

၆ . သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ သင်ဂရုတစိုက်ပြုစုပျိုးထောင်ထားတဲ့ အပင် အနည်းဆုံး တစ်ပင် ( သို့ ) အိမ်မွေးတိရိစာန် တစ်ကောင်ကောင် ရှိပါသလား ။

ရ . သင်ဟာ ပျော်ရွှင်စရာရိုက်ကူးထားတဲ့ ရုပ်ရှင် ၊ အချစ်အကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲတွေ ကိုကြိုက်နှစ်သက်သူဖြစ်ပါသလား ။

၈ . သင့်ပတ်ဝန်းကျင်မှာ အဖွဲ့အစည်း တစ်ခုခု ရဲ့ အသင်းဝင်အဖြစ် စိတ်ပါဝင်စားစွာ ပါဝင်လှုပ်ရှားသူလား ။

၉ . အကယ်လို့ သင့်ကို မိဘမဲ့ဂေဟာ ( သို့) ခိုကိုးရာမဲ့နေတဲ့ ကလေးတစ်ဦးဦး ကို မွေးစားပါလို့ အကြံပေးရင် သင်မွေးစားမှာလား ။

၁ဝ . သင်ဟာ သင့်မိသားစုဝင် ၊ မိတ်ဆွေ သူငယ်ချင်း တွေကို အမှတ်တရရှိနေတဲ့ အချိန်မျိုးမှာ ပို့စကတ်နဲ့ စာပို့ပြီး အမှတ်တရစကားပြောတတ်သူလား ။

Yes / No ဖြေကြည့်လိုက်ပါ ။ ၁ဝ ခု ရှိပါတယ် ။ တစ်ခုကို ၁ဝ မှတ်နဲ့ ။ အမှတ် ၁၀ဝ ဖိုးပါ ။ အဖြေကို နောက်မှ တင်ပေးပါ့မယ် ။။။

 

Beauty Max ( March ) ခရမ်းပြာ ရေးသားပါသည် ။

11 comments

  • king

    May 4, 2011 at 12:30 pm

    အာ
    ဖြေကြည့်တာ
    အမှတ်(၈၀)ရတယ်ဗျ
    ဘာဖြစ်မှာလဲ ပြောပြပါဗျ
    သိချင်လှပြီ။ အသည်းယားအောင်လုပ်နဲ့နော်ဗျာ

  • မမလေး

    May 4, 2011 at 1:10 pm

    ဟဲဟဲ နောက်လူတွေရှိသေးတယ် ပြောသေးဘူး … 😛 အသည်းယားရင် ခဏကုတ်ထားနော် … 🙂

    • king

      May 4, 2011 at 1:17 pm

      လက်ကအားသေးဘူးဗျ
      ရှေ့ကယားတာက ကိစ္စမရှိဘူး
      ကျောရားရင် ဒုက္ခ နောက်မယားလဲ ရှိဘူး ကုတ်ဖို့

  • nature

    May 4, 2011 at 2:02 pm

    ၁၊ ၅(yes)
    ၂၊ ၅( sometime)
    ၃၊ ၁ဝ (Yes)
    ၄၊ ၅ ( sometime)
    ၅၊ ၅ ( sometime)
    ၆၊ ဝ (No)
    ၇၊ ၁ဝ (Yes)
    ၈၊ ဝ (No)
    ၉၊ ဝ (No)
    ၁၀၊ ဝ (No)
    =၄၀

  • မမလေး

    May 4, 2011 at 6:23 pm

    nature … Yes သုံးခုပဲတွေ့တယ် ။ Sometimes ၃ ခုပေါင်းပြီး Yes တစ်ခုဖြစ်သွားတာလား ။ အမေးမှာ Yes & No ပဲလေ … ဘာလို့ sometimes က ပါလာတာတုန်းဟ …

  • etone

    May 5, 2011 at 6:15 am

    နှလုံးသားက ပူလိုက် ၊ အေးလိုက်နဲ့ ဘယ်တော့များ ဖျက်ခနဲ လန့်ကွဲမလဲပဲ စိုးရိမ်နေရတာ 😛

  • မမလေး

    May 5, 2011 at 6:30 am

    မမအီးတုံးပြောတာ နားမလည်ဘူး ? ? ?

  • မမလေး

    May 6, 2011 at 7:36 am

    အဖြေနော် …
    80 – 100 သင်ဟာ လူတွေကို ချစ်ခင် ကြင်နာတတ်တဲ့ အပြင် ဂရုတစိုက်ရှိသူလည်းဖြစ်ပါတယ် ။ လူသားအချင်းချင်း ရိုသေလေးစားစိတ်ရှိပြီး ပွင့်လင်း ဖော်ရွေတတ်တဲ့ နှလုံးသားနွေးထွေးသူဖြစ်ပါတယ် ။

    ၇ဝ နဲ့ ၅ဝ ကြား ချစ်ခင်မှုရော ၊ ဂရုစိုက်မှုပါနည်းပါးသူ နှလုံးသားအေးစက်တတ်သူလို့အဖြေရပါတယ် ။ သင်ဟာ တစ်ခါတစ်လေမှာ အထီးကျန်သလို ခံစားတတ်ပါတယ် ။

    ၄ဝ အောက် သင်ဟာ သင့်ကိုယ်သင် ဘယ်လိုလူလဲလို့ တောင် အဖြေရှာလို့မရတော့လောက်အောင် ခက်ခဲတဲ့ အခြေအနေတွေထဲမှာရောက်နေပါပြီ ။ ဘာတွေဘယ်လိုဖြစ်လို့ သင်ဟာ အေးစက် တတ်သူဖြစ်ပါလိမ့်လို့ ဆန်းစစ်ပါ ။ ရိုးသားဖို့ ၊ ကိုယ့်ကိုယ်ကို မညာဖို့ လိုအပ်ပါတယ် ။

  • king

    May 6, 2011 at 9:25 am

    အော်ဒီလိုလား
    ဒီလိုဆိုရင် ကျွန်တော်က …………….

  • nature

    May 6, 2011 at 11:48 pm

    somnetime ဆိုတာက
    ၂. တခါတလေကျေးဇူးတင်တယ် * ဆိုတဲ့စိတ်တခါတလေဖြစ်တယ်၊ ကျေးဇူးတင်ပါတယ်လို့ လှိုက်လှိုက်လှဲလှဲ တခါတလေပြောတတ်တယ်။ တိကျအောင်လို့ပါ၊ မဆိုးပါဘူးမှန်ပါတယ်၊ ကျနော်ကနှလုံးသားအေးသူတယောက် ဖြစ်ပေမဲ့ ရက်စက်ကြမ်းကြုပ်သူတယောက်တော့မဟုတ်ပါဘူး၊ ကျနော်ကအေးအေးဆေးဆေးနေတတ်ပါတယ်။

  • မမလေး

    May 9, 2011 at 3:51 pm

    အေးအေးဆေးဆေး မနေရင် မိန်းမက ရိုက်မယ်ဆိုလို့လား 😛

Leave a Reply