Myanmar Noble Collage ဖွင့်ပြီ

မမေလးMay 4, 20111min12912

နိုင်ငံ ရပ်ခြား သို့ သွားရောက် ပညာ သင်ယူ လိုသူများနှင့် ဗြိတိန် တက္ကသိုလ်များမှ ချီးမြှင့်သော HND, SQA HND ဘွဲ့ကို မြန်မာ နိုင်ငံ တွင်ပင် ဆည်းပူး လိုသူများအ တွက် ပထမဆုံး ဖွင့်လှစ် လိုက်သော Myanmar Noble College ကို အမှတ်(၁၀၈)၊ နှင်းဆီလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။ Myanmar Noble College တွင် High School Gradution Level နှင့် HND, SQA HND Level ဟူ၍ နှစ်ပိုင်း ခွဲခြားသင်ကြားပို့ချပေးမည်ဖြစ်ပြီး (၈) တန်းအောင်အဆင့်မှစတင်လက်ခံကာ ဗြိတိန်နိုင်ငံ Sixth form College ၏ သင်ရိုးဖြင့်(၂)နှစ်ကြာ သင် ကြားပေးမည်ဖြစ်သည်။

(၂)နှစ်ဆည်းပူးပြီးနောက်ရရှိမည့် High School Graduation Certificate သည် နိုင်ငံတကာအသိအမှတ်ပြု အောင်လက်မှတ်ဖြစ်သော ကြောင့် GCSE, IELTS,TOEFL များကို ဖြေဆိုရန် မလိုဘဲ ဗြိတိန်၊ အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျနိုင်ငံ ရှိ တက်္ကသိုလ်များသို့ တိုက်ရိုက်ပညာ သင်ခွင့်ရရှိမည်ဖြစ် ကြောင်း NLEC မှ ဒေါက်တာ နေဝင်းနိုင်ကပြောကြားသည်။ ထို့အပြင် တက်္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ (သို့မဟုတ်) Myanmar Noble College မှ ဒုတိယနှစ် အောင်မြင်ပြီးသူများသည် ဗြိတိန်နိုင်ငံရှိ Thames Valley University, Wigan & Leigh College, City of Sundertand College တို့နှင့် နည်းပညာ ပူးတွဲပို့ချမည့် HNO,SQA HND ကို မြန်မာနိုင်ငံ၌ သင်ယူပြီး B.A (Hons:), B.SC (Hons:) ဘွဲ့ကို ထပ်မံဆည်းပူးလိုပါက ဗြိတိန်နိုင်ငံရှိ တက္ကသိုလ်အသီးသီး တွင် Final Year မှ စတင် တက်ရောက် သင်ယူခွင့်ရရှိ မည်ဟုသိရသည်။

Myanmar Noble College ၏ နှစ်စဉ်သင်တန်းကြေးများက တစ်လလျှင်ကျပ်(၃၀၀,၀၀၀) ဖြင့် ပညာသင်တစ်နှစ်စာကျပ် သိန်း (၃၀) ပေးသွင်းရမည်ဖြစ် ကြောင်း ဖေဖော်ဝါရီလ(၂၄) ရက်နေ့မှ စ၍ (၈)တန်းအောင်၊ (၉) တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို စတင် လက်ခံနေပြီဖြစ်ကြောင်း အသေးစိတ် သိလိုသောအချက် အလက်များကို ကျောင်းသားရေးရာဌာန ဖုန်း ၂၂၀၄၇၆ သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

ဤကဲ့သို့ Myanmar Noble College တွင် ပညာဆည်းပူးပြီး ဗြိတိန်နိုင်ငံမှ ချီးမြှင့်သော ဘွဲ့ကိုရယူပါက ပညာသင်ကြားမှု ကုန်ကျစရိတ် ၇၀% သက်သာမည်ဖြစ်သည်။

သင်ကြားပို့ချမည့် အစီအစဉ်
Myanmar Noble College သည် နိုင်ငံရပ်ခြားတက္ကသိုလ်၊ ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၊ နိုင်ငံရပ်ခြားတွင် အဆင့်မြင့်ပညာ ဆည်းပူးခဲ့သော ပြည်တွင်းမှဝါရင့် ဆရာ၊ ဆရာမများဖြင့် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ခေတ်မီသင်ထောက်ကူ ပစ္စည်းများကို နိုင်ငံကတာအဆင့်မီ အသုံးပြုသွားမည်ဖြစ်သည်။ Myanmar Noble College တွင်တက်ရောက်နေစဉ်အတွင်း မည်သည့်ပြင်ပ  ကျူရှင်ကိုမျှတက်ရောက်ရန် မလိုပါ။ သင်ခန်းစာများ သင်ယူရာတွင် အားနည်းချက်ရှိပါက ဘာသာရပ်အလိုက် Personal Tutor များက နားလည်တတ်ကျွမ်းသည်အထိ (အခမဲ့) သီးသန့်ပို့ချပေးမည် ဖြစ်သည်။ Myanmar Noble College တွင် ပညာဆည်းပူးလိုသည့် ၈ တန်းအောင်၊ ၉ တန်းအောင်ကျောင်းသား၊ ကျောင်းသူများသည် ဖေဖေါ်ဝါရီ (၂၄) ရက်နေ့မှ စတင်အပ်နှံနိုင်ကြောင်းနှင့် နယ်မှ ကျောင်းသား၊ ကျောင်းသူများကိုလည်း အနေအထိုင်၊ အစားအသောက် ကောင်းမွန်ပြီး စည်းကမ်းတကျအုပ်ချုပ်သည့် ဘော်ဒါဆောင် စီစဉ်ပေးထားကြောင်း၊ ကျန်းမာရေးစောင့်ရှောက်ပါ စီစဉ်ပေးကြောင်းသိရသည်။ အသေးစိတ်သိလိုသော အချက်များကို ကျောင်းသားရေးရာဌာန – Myanmar Noble College အမှတ် (၁၀၈)၊ နှင်းဆီလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။ ဖုန်း – ၂၂၀၄၇၆၊ ဝ၉၅၁၁၆၄၂၄၊ ဝ၉၅၁၂၇၃၀၀၊ ၇၃၀၄၉၆၁၄၊ ၂၅၀၂၂၅၊ ၂၅၀၁၅ဝ တွင် စုံစမ်းမေးမြန်းနိုင်ကြောင်းနှင့် ဝင်ခွင့်လျှောက်လွှာများကို တင်သွင်းနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

12 comments

  • မမလေး

    May 4, 2011 at 2:24 pm

    အဲ့ဒီကျောင်းနားမှာနေပြီး ခုမှသိတယ် … အဲ့ဒီမြေကွက်ကို သိန်း ၁ သောင်းခွဲနဲ့ဝယ်ခဲ့တယ်တဲ့ …

  • weiwei

    May 4, 2011 at 2:32 pm

    ဪ … မမလေးက အလုံမှာနေတာကိုး … 🙂

  • ဆူး

    May 4, 2011 at 2:54 pm

    နှင်းဆီ လမ်းမှာ ကျောင်းကို မျက်စိထဲ မမြင်မိသေးဘူး။
    မရောက်တာ နည်းနည်းတောင် ကြာနေပြီ။
    မြေကွက် ကလည်း ဈေးကောင်းလိုက်တာနော်။

  • unclegyi1974

    May 4, 2011 at 3:07 pm

    တကယ်တတ်အောင်သင်မှာလားဟင်
    နိင်ငံခြားသွားသင်ရတာထက်စရိတ်သက်သာ
    ပေမဲ့လုပ်စားဆိုဒုက္ခ

  • မမလေး

    May 4, 2011 at 6:02 pm

    မမဝေ ရှုးတိုးတိုး … ။ အရင်က မြေနီလမ်းလေးလေ အဲ့ဒီလမ်းပေါ်မှာ တဲအိမ်လေးတွေရှိတယ် ။ ခုတော့ ကွန်ကရစ်လမ်းမကြီးပေါ့ … တဲအိမ်လေးတွေ မရှိတော့ဘူးထင်တယ် … ကျောင်းကတော့ အမိုက်စားပဲ လန်ပြန်သလန်နေတာပဲ …

    • ဆူး

      May 5, 2011 at 12:21 pm

      ဒီနေ့ပဲ ဖြတ်သွားတော့ ကွန်ကရစ် လမ်းထိပ်မှာ ဆိုင်းဘုတ်တွေ့တော့ ဒီလမ်းထဲမှာ ထင်တယ်လို့ တွေးနေတာ.. အဲဒီ ထဲမှာလား.. လူသူမဖြတ်တဲ့ လမ်းကလေး နောက်ဆို စည်ကားတော့မှာပေါ့။

  • noob

    May 4, 2011 at 6:45 pm

    အားရီကူး အားရီကူး (ကိုရီယားလို ငြီးသံ) မြေကွက် တကွက်ကို သိန်း ၁ သောင်းခွဲဆိုပါလား အဲဒီ ပိုက်ဆံ ရဖို ့ထီ 15 ကြီမ် ဆက်တိုက်ထီပေါက်မှ ဖြစ်မယ်
    ကျောင်းလခ က လဲ ၁ လ ၃ သိန်းကြီးများတောင် ဈေးကြီးချက်က 9 လောက်ရှိတယ်

  • intro

    May 5, 2011 at 3:52 am

    သေချာတာကတော့ ခုနေ ၉တန်းဆိုရင်တောင် ဒီကျောင်းကို မတတ်နိုင်ဘူး 🙁

  • zawinaing

    May 5, 2011 at 4:24 am

    ထီ ၁၅ ကြိမ်ပေါက်ဖို့မပြောနဲ့ ၁ ကြိမ်တောင်ပေါက်အောင် ဘယ်အချိန်ထိစောင့်ရမလဲမသိ……..

  • zawinaing

    May 5, 2011 at 4:27 am

    ဒီလောက် ပိုက်ဆံ အများကြီးရင်းထားမှတော့ ပြန်ရအောင်ယူမှာပေါ့……

  • မမလေး

    May 5, 2011 at 6:26 am

    ကျောင်းစစ ဖွင့်တာမို့လို့ ၅၀% discount ပေးရင်ကောင်းမယ်ကွာ …. အဲ့ဒီကျောင်းမနည်းဘူး ရင်းထားတာ မြေကွက်ဖိုးကသက်သက် ၊ အဆောက်အဦးဖိုးနဲ့ လမ်းဖိုးတွေရှိသေးတော့ ဈေးကလည်း ကြီးပြီပေါ့ … စကားမစပ် American သံရုံးမှာ Tofel တတ်ရင်ဘယ်လောက်ပေးရလဲသိလား …

  • antimoe

    May 5, 2011 at 9:45 am

    ရွှေအိုးရှိမှ..ပညာရ။

Leave a Reply