တရုတ်က အကောင်အထည်ဖော်မယ့် “ရန်ကုန်မြို့တော်သစ်”

မမေလးMay 4, 20111min16615

“ရန်ကုန်မြို့တော်သစ်” အကောင်အထည်ဖော်ရေး စီမံကိန်းအတွက် တရုတ်ကုမ္ပဏီ Zhuhai Zhong Zhu Holding ကုမ္ပဏီနဲ့ မြန်မာအစိုးရတို့ အခု လဆန်းက နေပြည်တော်မှာ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ နေပြည်တော်မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဗျူရို အမြဲတမ်း ကော်မတီဝင်နဲ့ တရုတ်င်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ရဲ့ (၁၁) ကြိမ်မြောက် အမျိုးသားကော်မတီ ဥက္ကဌ မစ္စတာ ကျာချင့်လင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ဆုံဆွေးနွေးပွဲ တက်ရောက်တဲ့ ခရီးစဉ်မှာ အဆိုပါ သဘောတူ တွေ စာချုပ်တွေ လက်မှတ်ထိုးခဲ့တာပါ။ လက်ရှိ ရန်ကုန်မြို့ဟာ လူဦးရေ ထူထပ်သိပ်သည်းလာခြင်း၊ မြို့တွင်းက ကားသွားလာတဲ့ အဓိက ပင်မလမ်းတွေ ကျဉ်းမြောင်းလာခြင်း၊ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုကြုံတွေ့လာခြင်း စတဲ့ အကြောင်းရင်းတွေကြောင့် “ရန်ကုန်မြို့တော်သစ်” စီမံကိန်းကို ပြုလုပ်ဖို့ သဘောတူညီခဲ့တာ ဖြစ်တယ်လို့ Zhuhai Zhong Zhu Stock ကုမ္ပဏီနဲ့ နီးစပ်သူ စီးပွားရေးလုပ်ငန်းရှင်တဦးက ပြောပါတယ်။ အဆိုပါ စီးပွားရေးလုပ်ငန်းရှင်က “လက်ရှိ ရန်ကုန်မြို့မှာ လူနေသိပ်သည်းဆတွေက အရမ်းများလာတယ်။ လူတွေများလာသလို အဆောက်အအုံတွေကလည်း အထပ်မြင့် တွေဖြစ်လာတယ်။ မြို့လည်ကောင် တဝိုက်မှာ ပြည့်နေပြီ။ ဒီအတွက် မြို့စွန်မှာသွားပြီး စီမံကိန်းဖော်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးအရလည်း အလုပ်မဖြစ်ဘူး” လို့ ပြောပါတယ်။ “သူတို့ ပြောပုံအရ မြို့တော်သစ်နေရာကို အနီးဆုံး ရန်ကုန်တဖက်ကမ်း ဒလကို လုပ်မယ်။ ဒီအတွက်ကလည်း ဝန်ကြီးဌာန တခုတည်းနဲ့ မပြီးဘူး။ လျှပ်စစ်၊ အိုးအိမ်၊ စည်ပင်သာယာ၊ အဆောက်အအုံ၊ လမ်းတံတား ဝန်ကြီးဌာန အကုန်ပါမှာဆိုတော့ ဝန်ကြီးဌာတွေ အများကြီးနဲ့ ပေါင်းပြီး လုပ်ရမှာ” လို့ အဲဒီ စီးပွားရေးလုပ်ငန်းရှင်က ဆက်ပြောပါတယ်။ အဲဒီ စီမံကိန်းကို ၅ နှစ်အတွင်း အကောင်အထည်ဖော်ဖို့ သဘောတူညီ ထားပြီး လက်တလောမှာ တရုတ်ကုမ္ပဏီက ကနဦး လေ့လာရေးဆန်းစစ်မှု ပြုလုပ်တဲ့ အဆင့်ပဲရှိသေးကြောင်း၊ ဘယ်အချိန်မှာ စတင် အကောင်အထည်ဖော်မယ်ဆိုတာ မသိရသေးကြောင်း သိရှိရပါတယ်။ Zhuhai Zhong Zhu Holding ကုမ္ပဏီဟာ တရုတ်ပြည်မှာ နာမည်ကြီးကုမ္ပဏီတခုဖြစ်ပြီး ယင်းပိုင် လုပ်ငန်းစု အများအပြား ရှိပါတယ်။

နရီလင်းလက်

15 comments

  • zawinaing

    May 5, 2011 at 4:48 am

    ဒလ မှာ လဒ တွေက အသိုက်အသစ် သွားဆောက်မလို့လာ….

  • king

    May 5, 2011 at 5:28 am

    မြေကွက်တောင်ကြိုဝယ်ထားရင် မဆိုးဘူးပဲ
    ဒါပေမယ့် စားဖို့တောင် အနိုင်နိုင်ဆိုတော့
    မြေကွက်ဝယ်ဖို့ ဆိုတာ အိမ်မက်ပမာ
    ဝသန်မိုးနဲ့အတူ မိုးရေထဲ မျောပါနေပြီဗျာ

  • moethidasoe

    May 5, 2011 at 6:38 am

    နောက်ထပ် တရုတ်မြို့တော်သစ် ပေါ်လာတော့မယ့် နိမိတ်လေလားကွယ် ..
    လု တို့ လာရင် ဝ တို့ ပြေးကြရဦးမယ်ပေါ့ ..

  • ဆူး

    May 5, 2011 at 12:47 pm

    ဒလ က ရေမကောင်းလို့ လူတွေ သိပ်မကြိုက်ကြဘူး။ အဲဒီ အစား တွံတေး သွားတဲ့ လမ်းက ဆို တံတားလည်း ရှိတယ်။ ဒလ ဆို တံတား အသစ်ထိုးရမယ်။ ပင်လယ်ကူး သင်္ဘောတွေ ဖြတ်လို့ တံတား မထိုးတာ ဆိုလား… ပန်းဆိုးတန်း နဲ့ နီးတာတော့ အတော် နီးတယ်။
    လှိုင်သာယာ ဆိုတဲ့ နေရာဆိုလည်း မြေပိုတွေ အားကြီး ရှိသေးတာပါပဲ။

    စီမံကိန်းသမားတွေက အကွက်ပိုစိမှာပါ။

  • intro

    May 5, 2011 at 1:22 pm

    Golden Gate လို တံတားစီမံကိန်းရော ပါလား ဟင်… 😛

  • unclegyi1974

    May 5, 2011 at 3:46 pm

    တံတားမထိုးပါဘူး
    မြေအောက်ဥမင်လှိုင်ခေါင်းလုပ်ပါမယ်
    စိတ်ဝင်စားသူများရှယ်ယာပါလို့ရပါတယ်

  • ဆူး

    May 5, 2011 at 3:52 pm

    ဥမင် လှိုင်ခေါင်း တူးရင်းနဲ့.. ဓမ္မစေတီမင်း ခေါင်းလောင်းထဲ သွားပေါက်နေအုန်းမယ်။

  • လင်းဝေကျော်

    May 6, 2011 at 3:57 am

    တရုပ်တွေအတွက် ဆောက်ပေးတာ။ မြန်မာတွေနေဖို့မဟုတ်ဘူး။

  • moethidasoe

    May 6, 2011 at 4:56 am

    လင်းမြွေပြောတာ တို့ပြောခဲ့သလိုပဲ .. ကိုးကန့်တွေ တရုတ်အစစ်တွေ ရောက်လာတော့မှာ

  • မမလေး

    May 6, 2011 at 6:45 am

    တရုတ်မြို့တော်လို့ လှလှပပ လေးဆို သိပ်ကောင်းမှာပဲ … နန်းတော်ကြီးတွေနဲ့ မမဝေ တင်ထားတဲ့ပုံတွေလိုပေါ့ …

  • cobra

    May 6, 2011 at 9:50 am

    ကြာရင်ဘယ်လိုဖြစ်မလဲဆိုတော့…
    ဝတို့ဘီမာပြည်ကြီးမှာ…
    ဝတို့ဘီမာပြည်ကြီးမှာ…
    ဆိုပီး
    တရုတ်ပြည်သူ ့မြန်မာနိုင်ငံတော်ဖြစ်တော့မယ်။

  • susunosuki

    May 6, 2011 at 9:54 am

    ဘယ်သူတွေပဲလုပ်လုပ် ရေမြုပ်တဲ့လမ်းနဲ့ ရေမလာတဲ့ပိုက်တွေ မရှိတော့ရင်ကောင်းပါတယ်။

  • naywoonni

    May 6, 2011 at 11:20 am

    ရန်ကုန်ကနေ ရန်တုန်ဖြစ်တော့မယ်နဲ့တူရဲ့..။ မန္တလေးမှာတော့ မြွေကြီးနှစ်ကောင် နေစရာမရှိဘူး..။ နောက်ဆုံးတော့ ပင်လယ်ထဲနစ်နေတဲ့ ေါခင်းလောင်း ကြီးထဲသွားနေကြပေါ့..။

  • paukpauk

    May 6, 2011 at 1:21 pm

    ရန်ကုန်ကို ကောင်းအောင်လုပ်ပေးချင်တဲ့ စိတ်ကလေးများ မရှိကြတော့ဘူးလား မသိဘူး။
    ရန်ကုန်ဟာ တကယ့် အချက်အခြာကျတဲ့နေရာဆိုတာ ဟိုးအရင်ကတည်းက ခုထိပါပဲ။
    သိတယ်မဟုတ်လား ရန်ကုန်ကလူတွေကခပ်ထက်ထက် ကလန်ကြတယ်လေ။
    အင်း… တချိန်တော့ ရန်ကုန်ပြန်ကောင်းလာအောင်လုပ်ပေးမယ့်သူ ပေါ်လာမှာပါ။

Leave a Reply