ကိုယ် အလေးချိန် ၁၀၀၈ ပေါင်ရှိချင်သူ

မမေလးMay 4, 20111min12514

 

နယူးဂျာစီရဲ့ တံတားဟောင်း မြို့နယ်မှာ နေထိုင်တဲ့ အသက် ၄၄နှစ် အရွယ် အရပ် ၅ပေ ၄ လက်မရှိ ဒေါနာစင်မ်ဆန်ဟာ ကိုယ် အလေးချိန် ၆၀၂ ပေါင်ရှိနေ ပြီး ၁၀ဝ၈ ပေါင်အထိ ဝလာစေရန် ကြိုးစားနေပါတယ်။ အဲဒီအလေးချိန်ရဖို့အတွက် သူမဟာ တစ်နေ့လျှင် ကယ်လိုရီ ၁၂၀ဝဝ ကို နေ့စဉ်စား သုံးနေရပါ တယ်။ သူမ ဆူရှီ အခု ၇ဝ ကို တစ်ထိုင်တည်း စားပစ်နေပါတယ်။ သူမဟာရဲ့ ပထမအိမ်ထောင်မှ အမျိုးသားက စားဖိုမှူးတစ်ယောက် ဖြစ်ပြီး သူအလုပ်လုပ်တဲ့ စားသောက် ဆိုင်က အစားအစာ အပိုတွေကို အိမ်သို့ယူလာလေ့ရှိပါတယ်။ သူမဟာ အဲဒီ အစားကောင်းသောက်ဖွယ်အပို တွေကိုစားပြီး ကိုယ်အလေးချိန် စတင် တက်လာပါတယ်။ သူတို့နှစ်ဦး ကွာရှင်းပြီး မကြာခင်မှာပဲ သားဦးလေး ဒက်ဗင်ကို မွေးဖွား ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း သူမဟာ ကိုယ်အလေး ချိန်တွေ တဖြည်းဖြည်းနဲ့ တက်လာ ပါတယ်။ ဒါကြောင့် သူမဟာ ခြောက် လအတွင်း ပေါင် ၇ဝ ကျရန် ကြိုးစား ခဲ့ပါသေးတယ်။ ခွဲစိ်တ်မှု ပြုလုပ်ပြီး အစာအိမ်ကို ကြိုးချည်ကာ ကိုယ် အလေးချိန် လျှော့ရန် စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့ သူငယ်ချင်း တစ် ယောက်ဟာ အထက်ပါ ခွဲစိတ်မှု မျိုး ပြုလုပ်ပြီး ဝိတ်လျှော့ လိုက်တာ သေဆုံး သွားတာကို သိလိုက်ရ တဲ့အခါမှာ သူမစိတ်ပြောင်း သွားပြီး ကိုယ်အလေး ချိန်လျှော့ရန် မကြိုးစားတော့ ဘဲကိုယ်အ လေးချိန်တိုး ဖို့သာ ကြိုးစား ပါတော့တယ်။ အဲဒီနောက်ပိုင်း သူမဟာ နောက်ထပ် အိမ်ထောင် ထပ်ပြုခဲ့ပြီး ကိုယ်ဝန်ထပ် ဆောင်ခဲ့ပါတယ်။ ကိုယ်အလေးချိန်တွေ သိပ်များနေတဲ့ အတွက် သူမရဲ့ ကိုယ်ဝန်ကို ဆရာဝန် ၁၉ ယောက် ပါဝင်တဲ့ ဆရာဝန်အဖွဲ့ က မွေးဖွားပေးခဲ့ရပါတယ်။ ထိုအချိန် က သူမ ၅၃၂ ပေါင်ရှိနေပြီး ကမ္ဘာ့ ကိုယ်အလေးချိန်အများဆုံး မိခင် ဖြစ်လာပါတယ်။ ယခုတော့ ကမ္ဘာ့ ကိုယ်အလေးချိန်အများဆုံး အမျိုးသမီး တစ်ဦးဖြစ်လာနေရန် ကြိုးစားနေပါ တယ်။

14 comments

  • မမလေး

    May 4, 2011 at 3:01 pm

    ဓါတ်ပုံတင်တာ တင်လို့မရဘူးဖြစ်နေတယ် …

  • ဆူး

    May 4, 2011 at 3:08 pm

    ကိုယ်အလေးချိန်က သုံည တလုံးပိုနေတယ် ထင်တယ်။
    အလေးချိန် တသောင်းကျော်နေတယ်။

  • bigbird

    May 4, 2011 at 3:17 pm

    ခေါင်းစဉ်ကြည့်ပြီးတော့ လန့်သွားတာပဲ … ဒီလောက်တောင်မှ ကြီးပါ့မလားလို့သံသယဖြစ်နေတာ…အန်တီဆူးပြောသလို ဝ တစ်လုံးပိုသွားတာကိုး။

  • nature

    May 4, 2011 at 3:36 pm

    ဝ တလုံးပိုလို့၊မပိုရင်အစောကြီးကြွသွားနိုင်တယ်။ ၁၀၀၈ ပေါင်ဆိုလည်းမနဲဘူး၊ ၁၀၀၈ပေါင်=ပိသာ 280=၄၅ရ ကီလိုဂရမ်၊ ဂင်းနစ်ဘုတ်ဝင်ဖို့ကြိုးစားနေတာဖြစ်မယ်၊ လူတော်တော်များများဂင်းနစ်ဘုတ် ဝင်ဖို့ကြိုးစားကြတယ်၊ ဂင်နစ်ဘုတ်ဝင်ရင်ဘာတွေအကျိုးရှိလဲ။

  • မမလေး

    May 4, 2011 at 6:09 pm

    ဟီးဟီး … ဟုတ်သားပဲ 😛

  • kai

    May 4, 2011 at 6:49 pm

    @မမလေး
    ခုတလော ရွာထဲ..မူပိုင်ခွင့်တွေနဲ့ ပြသနာတက်နေတာ.. သတိမထားမိဘူးထင်တယ်..။
    တခြားသူတွေရဲ့.. ကိုယ်တိုင်လုံ့လစိုက်ထုတ်ရေးထားတဲ့… စာတွေပြန်ဖတ်ပါဦးနော..။
    လိမ်မာပါတယ်နော..။ 🙂

    ရွာစည်းကမ်းလည်းပြန်ကြည့်ပါဦး..။
    ================================
    8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များမတင်ရ။

    ဒီဝက်ဘ်ဆိုက်ရဲ့ မူရင်းဆောင်ပုဒ်ဟာ ဲ့ “မတူသော အတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ” ဖြစ်ပါတယ်။
    မတူသော ဆိုတာမှာ … ပုံမှန်မဟုတ်တဲ့၊ သစ်လွင်ထိုးဖေါက်တဲ့ စွန့်ဦးစွန့်စားတဲ့…
    အတွေး ဆိုတာမှာ… မိမိခေါင်းထဲ၊ဦးနှောက်ထဲ ပေါ်လာသမျှတွေကို…
    ကိုယ်ပိုင်စာ ခေါ်တဲ့..သူတပါးအတွေး၊အမြင်တွေ ကုူးယူဖေါ်ပြတာမျိုးမဟုတ်တဲ့ စာကိုချရေးကြစေလိုပါတယ်
    ကိုယ်ပိုင်စာဆိုတာမှာ ကိုယ်တိုင်က ဘလော့ဂ်ပိုင်ရှင်ဖြစ်နေပါရင် လွန်ခဲ့တဲ့နှစ်တော်တော်ကြာကတည်းကရေးထားတဲ့စာတွေရှိနေနိုင်ပါတယ်။ ဒါတွေကို ပြန်ကူးတင်နေတာမျိုးလည်း ခွင့်မပြုပါ။ အဲဒါတွေအတွက် ပွိုင့်ပြန်မချပေးနိုင်ပါ။
    မန္တလေးဂေဇက်ဟာ ဝိကီပီဒီးယားမဟုတ်ပါ။ ဒါကြောင့် ပုံနှိပ်ဖေါ်ပြပြီးသားစာတွေ အပုဒ်လိုက်ကူးတင်နေခွင့်မရှိပါ။
    ကိုယ်တိုင်ရိုက် ဓါတ်ပုံများတင်နိုင်ပါတယ်။ အထဲမှာ ဘာတွေ။ ဘယ်သူတွေပါတယ်။ ဘယ်နေရာမှာ ဘယ်နေ့က.. ဘာကြောင့်ရိုက်တယ်ဆိုတာလေးထည့်ပေးရမှာဖြစ်ပါတယ်။
    ဝက်ဘ်ဆိုက်ရဲ့ ပထမမျက်နှာစာကို လူထောင်ပေါင်းများစွာကြည့်နေတာပါ။ ဒါကြောင့်တဦးတည်းက တောက်လျှောက်ပို့စ်တွေ ဆက်မတင်ပါနဲ့။ တခြားသူတွေကို နေရာပေးပါ။

    April 2011 >> 105,706 Visits 517,611 Pageviews

    • bigcat

      May 5, 2011 at 12:04 am

      သဂျီးပြောတော့ April 2011 >> 105,706 Visits 517,611 Pageviews ရှိတယ်ဒဲ့။ အဲသလိုဆိုရင် ပျမ်းမျှနေ့တိုင်း လူသုံးထောင် ဆိုက်ကိုဝင်ကြည့်မှ ဖြစ်မယ်။ ပြထားတဲ့ who’s online မီတာမှာတော့ သုံးလေးဆယ် ပျမ်းမျှပဲတွေ့ဒယ်။ သဂျီးက မမလေးထက်ဆိုးပြီး သုညနှစလုံး ပိုသွားသလား…

  • kai

    May 5, 2011 at 1:29 am

    ဂိုဂယ်က..စာရင်းမို ့မှားစရာတော့ မရှိဘူး..။မနေ့ကဆို .. ၄၀၀ဝ ကျော်လူလာတယ်..။
    မီတာပြတာက.. ၅မိနစ်တခါ စစ်ပြနေတာ..။
    လူတွေအဝင်အထွက် တွေအကုန်ပေါင်းပြပုံရတယ်…။
    ဆိုတော့..ဝက်ဆိုက်ကို စက်ကန့်.. မိနစ်မလပ်လူရှိနေတဲ့သဘောပါပဲ..။

    Site Usage

    * 105,706
    Visits

    * 517,611
    Pageviews

    * 4.90
    Pages/Visit

    * 35.30%
    Bounce Rate

    * 00:11:14
    Avg. Time on Site

    * 32.79%
    % New Visits

  • မမလေး

    May 5, 2011 at 6:23 am

    ဪ …. ကိုင်း … မေ့သွားလို့ ဆောဆော မနေ့ကအားနေတာနဲ့ ဟိုလျောက်ဝင် ဒီလျောက်ဝင်နဲ့ တွေ့လို့ … နောင်မမှားတော့ပါဘူးဗျ 😛

  • ဆူး

    May 5, 2011 at 12:50 pm

    ဟီးဟီး.. အဝ ဆုံး စံချိန် တင်ချင်တဲ့ အမျိုးသမီး ဗိုက်ကြီးပူပြီး တွဲကျနေတာ..
    အတွင်းခံ ဘောင်းဘီတောင် မပါရင် ဘယ်သူမှ သိမှာ မဟုတ်ဘူး။
    အခုတောင် ပါရဲ့လား မသိဘူး။

    • king

      May 5, 2011 at 1:03 pm

      ဟုတ်တယ်
      အရေးကြီးဆုံးက ဒီကိစ္စပဲဗျ
      ဆူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
      ပြောမှပဲ သေချာကြည့်မိတော့မယ်
      ဟီးးးးးးး

  • nature

    May 5, 2011 at 1:58 pm

    ထိုင်နေတာကိုး၊ထကြည့်ပါလား၊

  • မမလေး

    May 6, 2011 at 7:31 am

    ခုတောင်မပါဘူး မမဆူးရေ … ဘေးဘက်ကို သေချာကြည့်ကြည့်ပြီးသွားပြီ ဘာပိတ်စမှမတွေ့ရဘူး … အဝတ်အစားဖိုး သက်သာတယ် … အဝတ်အစားဖိုး မသက်သာချင်ကြဘူးလား ???

  • naywoonni

    December 12, 2011 at 9:27 pm

    လှတာက ချက်စားလို့ မရဘူး ဝတာက ဖက်ထားလို့ရတယ်ဆို……….. သူတို့ပဲ အမျိုးမျိုး ……..။ ဟွန်း ပြောချင်ဘူး

Leave a Reply