အရုဏ်ဦးရဲ့ဧကစာရီ


ကန်တော်ကြီးလမ်းလျှောက်ထွက်တဲ့မနက်မှာ ကန်တော်ကြီးအနောက်ဖျားရောက်တော့ လမ်းကလေးက တောင်ဘက်ကိုကွေ့သွားပါတယ်။
အဲဒီကန်တော်ကြီးရဲ့ရေပြင်ထဲမှာ ရှင်ဥပဂုတ်ကိုရည်ရွယ်လို့တည်ထားဟန်ရှိတဲ့ ကျောင်းဆောင်လေးကိုရေလည်မှာတွေရပါတယ်။
အခုရက်ရေနည်းချိန်မှာအောက်ခံအုတ်ရိုးလေးတောင်မြင်နေရပါတယ်။
ထွက်ပေါ်စ ဖြာကျလာတဲ့ မူံရီရီအရုဏ်ဦးအလင်းရောင်အောက်မှာ မြင်ရတဲ့မြင်ကွင်းက ခံစားမှု့တစ်မျုးိကိုပေးတယ်လို့ထင်မိပါတယ်။
ထူးခြားတဲ့ပုံလေးမို့ သီးသန့်ခံစားလို့ရအောင်တစ်ပုံထဲခံစားလို့ရအောင်တင်ပေးလိုက်ပါတယ်။

5 comments

  • weiwei

    May 4, 2011 at 3:41 pm

    ကဗျာဆန်ဆန်နဲ့လှပါတယ် … တကယ်အပြင်မှာမြင်ရရင် မြင်ကွင်းကျယ်မြင်ရလို့ အရမ်းလှမှာပေါ့နော် …

  • ဆူး

    May 4, 2011 at 4:09 pm

    ရေတွေ က အရောင် လက်နေတယ်။
    မျက်စိထဲမှာ အရောင်တွေ ဖြာထွက်နေသလို ခံစားရတယ်။

  • MaMa

    May 5, 2011 at 11:34 pm

    ကိုပေါက် လက်ရာတွေ ပိုပြောင်မြောက်လာသလိုပဲ။

  • တညင်သား

    May 6, 2011 at 3:57 am

    မန်းလေး တောင်ပေါ်ရောက်တော့ ဓါတ်ပုံပြိုင်ပွဲတွေမှာ ဆုရတဲ့ ပုံတွေကြည့်ခဲ့ရတယ် .. ခေါင်းစဉ် ကိုတော့ မမှတ်မိဘူး.. ပန်းချီမှာ ဆိုရင်တော့ အလင်းနဲ့အမှောင် ခေါ်မလားပဲ ကြည့်ပြီးပြောချင်တာကတော့ အပေါ်က သစ်ရွက်တွေမပါရင် ပြိုင်ပွဲဝင်လို့ ရနိင်တယ်……..

  • kopauk mandalay

    May 6, 2011 at 12:12 pm

    မြ့ပိုင်ရဲပါဘူး ကိုယ့်လူရေ
    ဝါသနာရှင်သက်သက်ပါကွာ။

Leave a Reply