ရှိခြင်း မရှိခြင်း ခြားနားချက်

ခါတိုင်းနှစ်ဒီလိုအချိန်ဆိုရင် မန်းလေးက ကန်တော်ကြီးလို့ အမည်ပေးတဲ့တက်သိမ်းအင်းမှာရေတွေဗောင်းလံလို့ ပြည့်လျှံနေပါတယ်။
ဒါကတော့ အရင်မနှစ်ဒီအချိန်လောက် က ရေပြည့်နေချိန်နေ့လည်ခင်းလေးက မြင်ကွင်းတွေပါ။

အခုအောက်ကပုံတွေကတော့ လက်ရှိ ကန်တော်ကြီးက ပုံလေးတွေပါ။
ကန်ကိုနက်အောင်တူးမယ်ဆိုလို့ ရေဆက်မသွင်းဘဲထားပါတယ်။
ရေကနည်းတာတော့ တော်တော်လေးကိုနည်းသွားပါတယ်။
ကန်ထဲမှာမြက်ပင်လေးတွေတောင်စိမ်းလို့နေပါတယ်။ဒီပုံလေးတွေက မနက်ခင်းလေးမှရိုက်ထားတာဖြစ်ပါတယ်။
ရေနည်းချိန်နဲ့ရေပြည့်ချိန်ကွာခြားပုံလေးကိုယှဉ်ကြည့်ရအောင်တင်မိပါသဗျာ

6 comments

  • ဆူး

    May 5, 2011 at 1:03 pm

    အရှိ သဘော နဲ့ မရှိ သဘော ကို မြင်အောင် ပြလိုက်တာပဲ။
    မရှိဘူး ဆိုပေမဲ့ ရှိနေသေးတယ်။

  • king

    May 5, 2011 at 1:06 pm

    ဒါပေမယ့်လည်း
    ရှိနေပေမယ့်လည်း မရှိတော့ဘူးဗျ
    မရှိဘူးဆိုရအောင်လည်း ရှိနေသေးတယ်

  • manawphyulay

    May 5, 2011 at 1:44 pm

    ခုပုံက ရေပြည့်ချိန်လား ရေနည်းချိန်လားဟင်
    တော်တော်တော့ ရေတွေများတယ်……

  • တညင်သား

    May 5, 2011 at 4:11 pm

    အန်တီ မနောကလဲ ရေပြည့်ချိန်နဲ့ ရေနဲ ချိန် ယှဉ်ပြထားတာကို…………

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 5, 2011 at 4:46 pm

    ဘာဘဲဖြစ်ဖြစ်
    မန္တလေးမြို့လိုအနေနဲ့ကတော့
    ဒီလိုရေကန်ကြီးတွေကို ထိမ်းသိမ်းစောင့်ရှောက်သင့်ပါတယ်
    ကန်ကြီးကို ပြန်လည်တူးဖော်တာဟာလည်း
    ကောင်းသောလုပ်ဆောင်ချက်လို့မြင်မိပါတယ် ( လုပ်အားပေးတွေခေါ်ပြီးနိုင်ငံတော်ကိုဘတ်ဂျက်မတင်ရင်ပေါ့ )
    မန္တလေးမြို့က ကန်မှမဟုတ်ပါဘူး
    မြန်မာပြည်အရပ်ရပ်မှာရှိတဲ့
    ဒေသအလိုက် ကန်တွေကို ပြုပြင်ထိမ်းသိမ်းသင့်ပါတယ်
    ပြောလို့သာေပြောတာ တစ်ခါမှမရောက်ဖူးဘူး
    တော်တော်တော့ကျယ်တာဘဲ
    ငါးတွေဘာတွေရှိလား ဖမ်းလို့ရလား 🙂 🙂 🙂

  • kopauk mandalay

    May 6, 2011 at 2:04 am

    ပုပုရေ
    ငါးကတော့ ဖမ်းလို့မရဘူး။
    ဘာလို့လဲဆိုတော့ ကန်ထရိုက်ပေးပြီးမွေးထားတာလေ။
    သူ့ငါးကိုလာဖမ်းရင် ဟိုကလဲပြန်ဖမ်းထဲ့လိုက်မှာပေါ့။
    ဒါပေမယ့် မနက်စောစော ဆိုရင်တော့ ရေထဲမှာမူးနေတဲ့ငါးတွေကို ဆင်းဆယ်လို့ရတယ်။
    ကြော်ငြာဝင်လိုက်အုံးမယ် တလောက တင်ထားတဲ့ မမှားစကောင်း မှားစကောင်းမှာ ဒီအကြောင်းပါ တယ်လေ။

Leave a Reply