အခြေအနေမဲ့ သန်းကြွယ်သူဌေး -အပိုင်း (၆)

အငွေ့တထောင်းထောင်းနဲ ့ လက်ဘက်ရည်ခွက်လေးကိုင်ပြီး သားရေ ဆိုဖာပေါ် ကျွန်တော် ထိုင်နေတယ်။လေးထောင့် စားပွဲပေါ်မှာတော့

စာရွက်တွေ ပြန့်ကျဲနေတာပဲ။စာရွက်တချို့ကိုတော့ ဖန်တုံးလေးနဲ့ဖိထားတယ်။နောက်ပြီး အနီရောင်စားပွဲတင် မီးအိမ်လေးလည်းရှိသေးတယ်။အခန်း

နံရံတွေကတော့ ပန်းနုနှင်းဆီရောင် သုတ်ထားတာ။စာအုပ်စင်တန်းတွေထဲမှာ အနက်ရောင်စာအုပ်ထူထူကြီးတွေစီလို့။စာအုပ်ကြီးတွေ အနှောင့်မှာ

ရွှေရောင်စာလုံးတွေနဲ့လေ။နံရံမှာတော့ ဆာတီဖီကိတ်တွေ ၊ဒီပလိုမာ လက်မှတ်တွေကို ဘောင်သွင်းပြီး ချိတ်ထားတာ။ရှေ့တချိုးက အခန်းထောင့်

ဘေးမှာတော့ အရွက်ဖားဖားစိမ်းစိမ်း နဲ ့တိုက်ကပ်နွယ်ပင်လေးကို အိုးနဲ ့ထည့်စိုက်ထားတယ်။ကျွန်တော်တို့ဆီမယ်တော့ ငွေပင်[1] ခေါ်ကြတာပဲ။

စမီတာ ပြန်ထွက်လာတော့ သူ့လက်ထဲမှာ ပန်ကန်တချပ်နဲ ့ဖန်ခွက်တလုံးသယ်လာတာတွေ့ရတယ်။ဟင်းနံ့ ကျွေးနံ့လေး ရနေတယ်။

“ရှင် တော်တော်ဆာနေမယ်ဆိုတာ သိပါတယ်။ဒီမှာ ကျွန်မယူလာတာ..ချာပါတီ ရယ် ဟင်းရွက်အစုံသုတ်ထားတာရယ်..ပြီးတော့

ကုခ် တဗူး..ရေခဲသေတ္တာထဲ ရှိတာ ဒါအကုန်ပဲရှင့်”

ကျွန်တော် သူလက်ဆွဲပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်တယ်။သူလက်က နွေးထွေးတယ်၊စိုစွတ်နေသလိုပဲ။ကျွန်တော် သူ ရဲစခန်း

ကို ဘယ်လိုရောက်လာလဲမေးတော့ သတင်းစာတွေကနေသိတာတဲ့။သိသိချင်းရောက်လာခဲ့တာလို့ပြောတာပဲ။ခုကျွန်တော်ရောက်နေတာ ဘင်

ဒရာမှာရှိတဲ့ သူ့အိမ်။ဘယ်တုန်းကခေါ်လာတာလဲ ဘာကြောင့်လဲတွေ ကျွန်တော် မမေးဘူး။မေးမှာလဲ မဟုတ်ဘူး။အံ့ဖွယ်သရဲ ဖြစ်ရပ် ကို ဘယ်

သူက မေးခွန်းတွေ ထုတ်မှာလဲ။

ကျွန်တော် စစားပြီ။ ချာပါတီတွေ အကုန် ကုန်။အသီးရွက်သုတ်တွေလည်း ပြောင်။ကုခ် ဘူးဆိုတာ တစက်တောင်မကျန်ဘူး။စားပိုးနင့်

ပြီး မျက်လုံးတွေပြူးထွက်လာအောင် အငမ်းမရစားပြစ်တာ။

 

******************************************************************************************************

ညနေတောင် အတော်စောင်းသွားပြီ။ကျွန်တော် အိပ်လည်းအိပ်ပြီးပြီ။စားလည်းစားပြီးပြီ။ စမီတာ က ကျွန်တော်နဲ ့အတူရှိနေတုန်းပဲ။ ခု

ကျွန်တော် သူ့အိပ်ခန်းထဲမှာပါ။အပြာရောင် အိပ်ယာခင်း လွှမ်းထားတဲ့ မွေ့ယာကြီးပေါ်မှာ ထိုင်နေကြတာ။သူ့အိပ်ခန်းက အရင် ကျွန်တော့် အလုပ်

ရှင်တွေ အိပ်ခန်းနဲ့တော့ မတူဘူး။ကျွန်တော် အရင် အလုပ်ရှင် ဖလင်စတား နီးလိမာ ကုမ္မာရီ အခန်းဆို မှန်ကြီးတွေရယ် ၊ဆင့် တွေပေါ်မှာသူရတဲ့ ရုပ်ရှင်ဆုတံဆိပ်တွေ အရုပ်တွေ စီလို့။စမီတာ့ အခန်းကျတော့ စာအုပ်တွေရယ်..ဖန်မျက်လုံး နဲ့ အညိုရောင် တက်ဒီ ဝက်ဝံရုပ်ကြီးရယ်သာပဲ။အဲ..

နီးလိမာ နဲ့တူတာတော့ ဆိုနီတီဗွီ နဲ ့ ဒီဗီဒီစက်တောင် ရှိတာပဲ။

စမီတာ က မွေ့ယာအစွန်းမှာ ထိုင်နေပြီး သူ့လက်ထဲမှာ ဓာတ်ပြားခွေ အိတ်လေးကိုင်ထားတယ်။

“ဒီမယ်ကြည့်.. ရှင့် ရှိုးပွဲကိုရိုက်ထားတဲ့ ဒီဗီဒီခွေ ကျွန်မ ရအောင်ယူလာခဲ့တယ်..ဒါကို သေသေချာချာ ပြန်ကြည့်ရမယ်..

ပြီးတော့ ရှင်မေးခွန်းတွေကို ဘယ်လိုဖြေလို့ရခဲ့သလဲဆိုတာ တိတိကျကျ ရှင်းပြပေးပေါ့..အဲ..နောက်တစ်ခုကတော့

ရှင် အမှန်အတိုင်း ပြောဖို့ပဲ..။”

“ အမှန်အတိုင်း..”

“ရှင် ပြိုင်ပွဲမှာ ကလိန်ကျခဲ့တယ်ဆိုရင်တောင် ကျွန်မက အကာအကွယ်ပေးမှာပါ။ကျွန်မကို ပြောတဲ့ဟာတွေက တရားရုံးမှာ

ရှင့်ကို ပြဿနာလုပ်ဖို့မဟုတ်ပါဘူး”

ပထမဆုံး အကြိမ်သူ့ကို သံသယဝင်မိသလို ကျွန်တော်ခံစားလိုက်ရတယ်။ဒီအမျိုးသမီး ယုံလို့ရပါ့မလားပေါ့။နောက်ပြီးတော့ ဟိုထိပ်ပြောင်

ဂျွန်ဆင်ကြီး က ဒီအမျိုးသမီးနဲ့ ဂွင်ဆင်ပြီး ကျွန်တော့်အပြစ်ကို တဖက်လှည့် အစ်အောက် ..ဝန်ခံခိုင်းမလို့လား။ကျွန်တော် ချီတုံ ချတုံနဲ့ သူ့ယုံရ

နိုးနိုး ဖြစ်နေတာပဲ။

ကျွန်တော်ဆုံးဖြတ်ရတော့မယ်။ကျွန်တော် လုံးဝယုံကြည်ကိုးစားတဲ့ ၁ရူးပီးတန် အကြွေစေ့လေးကိုထုတ်လိုက်တယ်။ကဲ..ခေါင်းဆို

ကျွန်တော်သူ့ကိုယုံယုံကြည်ကြည်နဲ ့အကုန်ပြောမယ်။အဲ..ပန်း သာကျလို့ကတော့ တာ့တာပဲ။အကြွေစေ့ကိုမြှောက်ပြီး ကြည့်လိုက်တော့

ခေါင်း ကျတယ်ဗျ။

“ခင်ဗျား..အဲလ်ဘတ် ဖာနန်ဒက်စ် ကိုသိလား”

“ဟင့်အင်း.. ဘယ်သူလဲ သူက”

“သူက ဒရာဗီမှာ တရားမဝင်တဲ့ နာရီလက်ပတ်ကြိုးတွေထုတ်တဲ့စက်ရုံပိုင်တယ်”

“ပြီးတော့”

“ပြီးတော့ မတ်ကာ လည်းဆော့တယ်”

“မတ်ကာ[2]..ဘာပါလိမ့်”

“လောင်းကစားပေါ့ဗျာ ဖဲ လိုပဲ တရားဘယ်ဝင်မလဲ”

“အင်း..သိပြီ”

“အင်း..အဲဒီလူ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ မတ်ကာဆော့တာဗျာ..တကယ့်ကိုထူးထူးခြားခြားပဲ”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်လဲဆိုတော့ သူက ၁၅လှည့်တောင် တောက်လျှောက်ကြီးနိုင်တာဗျ။ယုံလားတော့ မသိဘူး။၁၅လှည့် တောက်လျှောက်

နော်..ရူးပီး ငါးသောင်းလောက် သယ်သွားတာပဲ အဲ့ဒီညနေက”

“အဲဒီတော့ ..ရှင်ပြောချင်တာနဲ ့ ဘာဆိုင်လို့လဲ ။သိပ်တော့မရှင်းသေးဘူး”

“ခင်ဗျားမမြင်ဘူးလား..ဒီလူဘယ်လောက်ကံကောင်းလဲ..ကျွန်တော်လဲ ပဟေဠိပြိုင်ပွဲမှာ ကံကောင်းခဲ့တာလေ..သူ့လိုပေါ့”

“ရှင်ဆိုလိုတာက ရှင်မေးခွန်း ၁၂ခုလုံး မှန်းသမ်းဖြေတာ ၁၂ခုလုံးတောင်မှန်တယ်ဆိုတော့ တကယ့်ကို ကံကောင်းတာ..

အဲ့လိုလား”

“မဟုတ်ဘူးဗျ..ကျွန်တော် ရမ်းတုတ်တာ မဟုတ်ဘူး..အဖြေတွေကို သိတာ”

“အဖြေတွေကို သိတာ”

“ဟုတ်တယ်.. အကုန်လုံးပဲဆိုပါတော့”

“အဖြေသိတဲ့ မေးခွန်းတွေချည်းလာမေးတယ်ဆိုတော့ အဲဒါကံကောင်းတာမဟုတ်ဘူးလားဗျာ..ကဲ”

စမီတာ ဘာမှတော့ မပြောဘူး။ပြောဖို့တောင်မလိုဘူး။မယုံကြည်ဘူး ဆိုတာ သူ့အကြည့် သူ့မျက်နှာမှာ ကောင်းကောင်းပေါ်နေတာပဲ။

ကျွန်တော် ဝမ်းနည်းသွားတယ်ဗျာ။နောက်တော့ စိတ်ထွက်လာတယ်။

“ခင်ဗျား ဘာတွေးနေလဲ ဆိုတာကျုပ်သိတယ်ဗျ။ခင်ဗျားလည်း ဟို ဂွတ်ဘိုးဆိုတဲ့ အကောင်ကြီးလိုဘဲ။ကျွန်တော်က လိန်ကကျစ်

ကောင်။မသမာတဲ့နည်းသုံးပြီး ပြိုင်ခဲ့တဲ့ကောင်ပေါ့။ဟုတ်တယ်..ကျွန်တော့်လိုကောင်က ဟိုပေစုတ်စုတ်စားသောက်ဆိုင်မျိုးမှာ အမြည်းလေး

ချပေး၊ အရက်လေးယူပေး ဒါမျိုးလောက်ပဲ သောက်သုံးကျတယ်။နေတော့လည်း ခွေးတစ်ကောင်လိုအရိုးအရင်းလေး ကိုက်နေ ..သေတော့လည်း

ပုရွက်ဆိတ်တွေ ၊ပိုးဟပ်တွေလို သေပေါ့ဗျာ..ဟုတ်တယ်မို့လား”

“မဟုတ်ဘူး ရမ်..” သူကျွန်တော့်လက် ဆုပ်ပြီးထပြောတယ်။

“ယုံတာမယုံတာထားပါဦး..ကျွန်မ ရှင့် ကိုကူညီပါမယ်ဆိုတော့ ရှင် ရူးပီးတစ်ဘီလျှံ ဘယ်လိုနိုင်လာလဲဆိုတာ  ကျွန်မ

သိဖို့လိုတာပေါ့။ဟုတ်ပါတယ်။ကျွန်မ ဝန်ခံပါတယ်။ရှင်ကံကောင်းခဲ့တယ်ဆိုတာ ကျွန်မအနေနဲ ့လက်ခံဖို့တော့ ခဲယဉ်းတာ။

တကယ်ပါ..ကျွန်မဆိုရင်တောင် ဒီမေးခွန်းတွေ တဝက်လောက်တောင်ဖြေနိုင်မထင်ဘူး။”

“ဟုတ်ပါပြီ..မဖုရားရယ်..ကျွန်တော်တို့လူဆင်းရဲတွေလည်း မေးခွန်းလေးတွေမေးနိုင်ကြပါတယ်။အဖြေလေးတွေလည်းမျှော်လင့်

ကြတာပါပဲ။ဒီမှာဗျာ ..ကျွန်တော်လောင်းရဲတယ်..ကျွန်တော်တို့ ဆင်းရဲသားတွေသာ ပဟေဠိ အစီအစဉ်လေးများ လုပ်ခဲ့ရင်လေ

ခင်ဗျားတို့ လူချမ်းသာတွေ တစ်ခုမှတောင်ဖြေနိုင်မှာ မဟုတ်ဘူးဗျ။ကျွန်တော် ပြင်သစ်နိုင်ငံသုံး ငွေကြေးမသိဘူး။ဒါပေနဲ ့

ကျွန်တော့် အိမ်ဘေးက ငွေတိုးချေးစားတဲ့လူကို ရှာလိနီတိုင်း ဘယ်လောက်ပေးဖို့ရှိတယ်ဆိုတာ သိတယ်။လပေါ် ပထမဆုံး

ဘယ်သူခြေချလည်း ကျွန်တော်မသိဘူး။ဒါပေနဲ့ ဒရာဗီမှာ တရားမဝင်ခိုးကူး ဒီဗီဒီခွေတွေ ဘယ်သူစဖြန့်လဲဆိုတာ ကျွန်တော်

သိတယ်ဗျ။ကဲ ..ကျွန်တော့်မေးခွန်းတွေ ခင်ဗျား ဖြေနိုင်မလား။”

“ရမ်..စိတ်မဆိုးပါနဲ့။ကျွန်မ ရှင့်ကို စိတ်ဆိုးအောင် လုပ်တဲ့သဘောမပါပါဘူး။ကျွန်မ ရှင့်ကို တကယ့်ကို ကူညီချင်တာပါ။ထားပါ။

ရှင် မသမာခဲ့ဘူးဘဲထားတော့။ရှင်ဘယ်လို လုပ်ပြီး အဖြေတွေသိခဲ့လည်းဆိုတာ ကျွန်မသိရမှဖြစ်မယ်။”

“ကျွန်တော် ရှင်းမပြတတ်ဘူးဗျာ..”

“ဘာလို့လဲ”

“ခင်ဗျား အသက်ရှူနေတာ သတိထားမိလား။နိုး..။ဟုတ်တယ်။အသက်ရှုမရှူ ဘယ်သူသတိထားကြည့်စရာလိုလဲဗျ။ရှင်းရှင်းလေး။

ရှူတယ်မရှူဘူး ခင်ဗျား ဘာသာသိနေတာပဲ။ကျွန်တော် ကျောင်းမနေဖူးဘူး။စာအုပ်တွေလည်း မဖတ်ဖူးဘူး။ဒါပေနဲ့ ကျွန်တော်ပြော

တယ်။အဲဒီအဖြေတွေ ကျွန်တော်သိတယ်။”

“ဒါဖြင့်..ရှင့်ဘဝ ဖြစ်ကြောင်းကုန်စင် သိမှပဲ ရှင်ဘယ်လိုဒီအဖြေတွေသိခဲ့လည်းဆိုတဲ့ ဇစ်မြစ်ကို နားလည်တော့မယ်ထင်တယ်။”

“အင်း..ဖြစ်နိုင်ပါတယ်”

စမီတာ ခေါင်းငြိမ့်ပြီး-

“ဟုတ်တယ်..ဒါက အဓိကပဲ။နောက်ဆုံးတော့ ဒီဉာဏ်စမ်း ပဟေဠိ ပြိုင်ပွဲ ဆိုတာလည်း ရှင့် ဗဟုသုတတွေ..မှတ်ဉာဏ်တွေစစ်

ဆေးတာရယ်လို့တောင်မဟုတ်တော့ဘူး။”

စမီတာ က သူခြုံပုဝါကို ပြင်ရုံလိုက်ပြီး ကျွန်တော့် မျက်လုံးကို သေချာကြည့်တယ်။

“ကျွန်မတော့ ရှင့်ဘဝ ဖြစ်ကြောင်းကုန်စင် သိချင်ပါတယ်..။အစ ကနေသာ စပြောပေတော့။

“ဘာလဲ ကျွန်တော်မွေးတဲ့အချိန်က စပြီးတော့လား။”

“မဟုတ်ဘူး..မေးခွန်း နံပါတ်(၁)ကနေ စပေါ့။ဒါပေမဲ့ ကျွန်မတို့ မစခင်မှာ ရှင် ကတိပေးပါ..ရမ်မိုဟာမက်သောမတ်စ်..။အဲဒါကတော့

အမှန်အတိုင်း ပြောပါမယ် ဆိုတာပဲ။”

“ခင်ဗျား ဆိုလိုတာက ဟို ရုပ်ရှင်တွေထဲကလိုလားဗျ..အမှန်တရား..အစစ်အမှန်သစ္စာတရား အမှန်တရားမှလွဲ၍ အခြားမဟုတ်။”

“အစစ်ပေါ့ရှင်”

ကျွန်တော် အသက်ကို ဝဝရှူလိုက်တယ်။

“ဟုတ်ပါပြီ..ကျွန်တော် ကျမ်းကျိန်ဖို့ ဘာရှိလဲ။ဂီတာ ကျမ်းတို့ ကိုရမ်ကျမ်းတို့ သမ္မာကျမ်းစာအုပ်တို့ ရှိလား..”

“ဘာစာအုပ်မှ မလိုဘူး..ကျွန်မက ရှင့်သက်သေပဲ”

စမီတာ က တောက်ပပြောင်လက်နေတဲ့ ခွေ ကို ကာဗာထဲကထုတ်ပြီး ဒီဗီဒီ ပလေယာထဲ ထည့်လိုက်တယ်။


[1] ငွေအိတ်ပင် ဟုကျွန်တော်တို့ဆီတွင်ခေါ်သောအလှစိုက်နွယ်ပင်မျိုး ဖြစ်နိုင်ပါသည်။

[2] မတ်ကာ မှာ ရာတန်ခါထရိဆိုသူထွင်ခဲ့သောကစားနည်းဖြစ်ပါသည်။အိန္ဒိယတွင် အလွန်ကြီးမားသောလောင်းကစားနည်းတစ်ခုဖြစ်သည်။အကျယ်

သိလိုပါက http://en.wikipedia.org/wiki/Matka_gambling တွင်ကြည့်ရှုပါ။

2 comments

  • cherrywine

    May 11, 2011 at 6:02 am

    အားပေးနေတယ်နော်။

  • Mobile

    February 5, 2013 at 10:37 pm

    ဒီအပိုဒ်မှာတော့ အားပေးသူ တစ်ယောက်ပဲရှိတယ်ဗျာ။
    ကျုပ်ဝင်ရောက် ကူးယူသွားပါကြောင်းးးးးးးးးးးးး

Leave a Reply