ဒီနေ့အတွက် ခြေဆန့်လိုက်သော ရွာထဲမှ ……နှင့် ကျွန်တော်

KingMay 5, 20111min9413

မနက်ဆိုရင် ရွာထဲကို လျှောက်ကြည့်ပါတယ် ပွိုင့် 20 ထက်ပိုပေးမလားဆိုပြီးတော့ပေါ့လေ

ဒါပေမယ့်လည်း ရွာထဲမှာ နည်းနည်းတော့ စိမ်းသေးလို့လားမသိ ဟိုလူ့အိမ်ထဲဝင်လိုက် ဒီလူ့အိမ်ထဲဝင်လိုက်ပြီး

(ဖိနပ်ခိုးတာတော့ မဟုတ်ဘူးပေါ့လေ)

လေကန် ဝေဖန်ရင်း လျှောက်သွားနေလိုက်တာ အခုအိမ်ပြန်ဖို့ အချိန်ရောက်တဲ့အထိပေါ့

ရွာထဲမှာ လျှောက်ကြည့်ရင်း ဘာတွေတွေ့လဲဆိုတော့ ထုံးစံအတိုင်း သူတစ်လူ ငါတစ်မင်းနဲ့ အငြင်းအခုံတွေနဲ့ပေါ့

ဒါပေမယ့်လည်း ကျွန်တော်တို့ရွာလေးက ချစ်ဖို့ကောင်းပါတယ်ဗျ ညစ်ညမ်းမှုတွေမရှိသလို သဘာဝပတ်ဝန်းကျင်နဲ့လည်း

လိုက်လျောညီထွေမှုရှိသော ငြင်းခုံမှုလေးတွေနဲ့ပေါ့

(ငြင်းခုံမှုလို့ မပြောပါဘူး တော်ကြာ လာငြင်းနေကျမှာစိုးလို့ဗျ ကိုယ့်အမြင်လေးတွေ၊ ကိုယ်လက်ခံမှုလေးတွေကို လွတ်လပ်စွာ ထုတ်ဖော်နေကြတဲ့သဘောလို့ပဲ မှတ်ယူပေးကြပါဗျ)

ကိုပေါက်ရဲ့   ကြိုးစားအားထုတ်မှုကြောင့် ကိုဇဝန တစ်ယောက် ကျေနပ်မှု ရရှိစေမယ့် ချစ်စရာ အပြုအမူ ကူညီရိုင်းပင်းမှုလေးတွေကြောင့်လည်း

ရွာလေးဟာ ပိုမိုချစ်ကြည်ရင်းနှီးမှုတွေကို ရရှိစေမယ်လို့လည်း ထင်မိပါတယ်။

တစ်ဖန်ခုတစ်လော သတင်းမွှေးလာတဲ့ မူပိုင်ခွင့်ကိစ္စပါ ဒီကိစ္စအတွက်လည်း ရွာသားတွေစုစည်းပြီး ကာကွယ်နိုင်မယ့် နည်းလမ်းတစ်ရပ်ကို

စဉ်းစားကြစေသလို။ ကာကွယ်ဖို့အတွက်လည်း ရွာသားတွေက တစ်နိုင်တဲ့ဘက်က ကူညီကြမယ်ဆိုရင်ဖြင့် အတော်အတန် ကင်းရှင်းမယ်လို့

ယုံကြည်မိပါတယ်။ ဒါ့အပြင် ရွာထဲမှာ အလုပ်မရှိပဲ လျှောက်သွားသူများကို အဖွဲ့လေးဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခိုင်းသင့်ပါတယ်လို့လဲ

အကြံပြုပါတယ်။ နောက်ပြီး ဘာသာရေးနှင့် ဆိုင်တဲ့ ပို့စ်တွေ ရေးတာကို ဆက်ရေးပါစေ ။ လွတ်လပ်စွာသဘောထားကွဲလွဲခွင့်နဲ့

မှတ်ချက်ပေးခွင့်လည်း ပေးလိုက်ပါ။ ဒါပေမယ့် ရွာထဲကလူတွေက ကိုယ်မှန်တယ်ဆိုပြီး သူများကိုမှားတယ်လို့ အပြစ်တင်ရေးကြမယ့်

လူမျိုးတွေ မဟုတ်လောက်ပါဘူး။ အချက်အလက် မှန်မှန်ကန်ကန်တွေ။ ကိုးကားစရာတွေနဲ့  ရေးကြမယ်လို့ ထင်ပါတယ်ဗျ

ဘာပဲဖြစ်ဖြစ် ဒီနေ့ တော့ ရွာရိုးကိုးပေါက်လျှောက်လည်လိုက်တာ မောသွားပြီ

အားလုံးကိုပဲ ဒီနေ့အတွက် နှုတ်ဆက်လိုက်ပါတယ်ဗျ

13 comments

  • kopauk mandalay

    May 5, 2011 at 3:33 pm

    အမောပြေအောင်အအေးတိုက်မယ်ကွာ မန်းလေးကိုလာခဲ့နော်……………………………………..

    • king

      May 6, 2011 at 3:31 am

      ကျွန်တော်မန္တလေးကိုလာလည်လို့ ရှောင်နေရင်တော့
      ရွာထဲမှာ သတင်းလွှင့်လိုက်မှာနော် ကိုပေါက်ရဲ့ ဖြားရောင်းသွေးဆောင် လိမ်လည်မှုကြီး ဆိုပြီး
      ပို့စ်တစ်ခု တင်ပေးလိုက်မယ်

  • mandalarthu

    May 5, 2011 at 3:55 pm

    what’s yr real idea on yr post?I advice you to write sth sharing to alll,frd

  • manawphyulay

    May 6, 2011 at 3:24 am

    ဟုတ်တယ် ခုတစ်လော ရွာထဲမှာ သူများရဲ့ အားနည်းချက်၊ အပြစ်တွေပဲ မြင်နေကြတဲ့သူတွေ များနေတာကို တွေ့ရတဲ့အတွက် အတော်ပဲ စိတ်မကောင်းဖြစ်မိပါတယ်။ လည်သမျှ ရွာတွေတိုင်းမှာ ဒီလိုမျိုးတစ်ခါဖူးမျှမတွေ့မိတော့ ဒီရွာလေးကို သံယောဇဉ်တွယ်မိတယ်။ အတော်များများက ဝေဖန်တာထက် အပြစ်၊ အားနည်းချက် တစ်ယောက်ပြောရင် နောက်တစ်ယောက်ဖိမယ်ဆိုတဲ့ အမြင်တွေ တွေ့နေရတာ အတော်ကိုတော့ အံ့ဩမိပါတယ်။

    • king

      May 6, 2011 at 3:35 am

      ကျွန်တော်လည်း ဒီရွာလေးကို မမျှော်လင့်မိဘဲ
      မန်ဘာဝင်ဖြစ်ရင်း တော်တော်သံယောဇဉ်ဖြစ်သွားတယ်ဗျ
      ရေစက်ရှိလို့လားမသိဘူးဗျာ မနက်ဆိုရင် ရွာထဲလျှောက်သွားဖို့ပဲ အားသန်နေတယ်ဗျ

  • manawphyulay

    May 6, 2011 at 3:52 am

    ဟုတ်တယ်။ ၂၀၀၆ ဘလောဂ့်စရေးဖြစ်တုန်းထဲက စပြီး မေးလ်တောင်မဖွင့်ဖြစ်ဘူး။ ကိုယ်ပိုင်ဘလောဂ့်နဲ့ သံယောဇဉ်ရှိတဲ့ ရွာထဲပဲ လည်ဖြစ်တော့တယ်။

  • naywoonni

    May 6, 2011 at 5:30 am

    ကျွန်တော်က 2010 မှရောက်တာပါ..။ပြန်ကိုမထွက်တော့တာ..။ ရေးစရာမရှိရင်ဖတ်…။ ဒီထဲရောက်မှ ချက်တင်တောင်မလုပ်ဖြစ်တော့ဘူး..။ ရွာထဲက ကိစ္စလောက်ဘယ်ဟာမှ အရေးကြီးတယ်မထင်တော့လို့လေ…… 😛

  • PinkCandy

    May 6, 2011 at 6:26 am

    တူတူပဲ
    ခဏခဏ လာဖတ်ဖြစ်တယ်
    အလုပ်ချိန်ဖတ်လို့ အလုပ်ရှင်ကတော့သိပ်မကြည်ဘူး 😀

  • soethuya7

    May 7, 2011 at 5:14 am

    ကျနော်ဆို နက်ဆိုင်ကလဲနီးနေတော့ ခဏခဏ ရွာထဲကိုရောက်တယ် ခဏခဏဝင်လိုက် ထွက်လိုက်နဲ့ လုပ်နေတာများလို့ တစ်ခါတစ်ခါ မဝင်ပဲနဲ့တောင်ဖတ်တာ သူကြီးကိုအားနာလို့ ပွိုင့်တွေများသွားရင် မကောင်းလို့လေ…

  • cobra

    May 7, 2011 at 7:13 am

    ကျွန်တော်ဆိုရွာထဲမှာလူမိုက်ဗျ…။
    ကျွန်တော့လောက်ဘယ်သူမှမမိုက်ဘူး….။
    ဘာမိုက်တာလဲတော့မသိဘူး။
    မိုက်တော့မိုက်တယ်။
    ဒါ့အပြင် ရွာထဲမှာ အလုပ်မရှိပဲ လျှောက်သွားသူများကို အဖွဲ့လေးဖွဲ့ပြီး ဦးဆောင်ဦးရွက်ပြု ဆောင်ရွက်ခိုင်းသင့်ပါတယ်လို့လဲအကြံပြုပါတယ်။
    ဆိုတာကျွန်တော့ကိုပြောတာလား။
    ကျွန်တော်မှာအလုပ်အကိုင်မရှိတာဘာလို့သူများတွေကိုလျှောက်ပြောတာလဲ။
    ကို ကင်းနော် မခေါ်တော့ဘဲနေမှာဗျ………။

  • etone

    May 7, 2011 at 9:37 am

    သဂျီးရေ … သွယ်ဝှိုက်သောအားဖြင့် စီနီယာ ၊ ဂျူနီယာတွေ လုပ်နေကြပြီ….. ကိုင်း သဂျီးမှာ ဘယ်လို အစီစဉ်ရှိသလဲ… ။

  • intro

    May 7, 2011 at 1:02 pm

    ကိုယ်လဲ အားနေတယ်နော်… လိုအပ်တာရှိရင်ပြော၊ ဟဲဟဲ

Leave a Reply