သန်လျှင် ဆံတော်ရှင်ကျိုက်ခေါက်စေတီ ပုံတွေပါ  ရွာသားတွေ ဖူးမျှော်နိင်အောင်တင်ပေးလိုက်ပါတယ်…..  တကယ်ကို ထူးခြားတဲ့ သန်လျှင် ..ကျောက်တန်း .. ခရမ်း..သုံးခွ မြို့ လေးမြို့ရဲ့ လမ်းဆုံတဲ့နေရာ  ကုန်တော်မြင့်မြင့်လေးမှာ တည်ထားကိုကွယ်ခဲ့တာပါ။တောင်ငူဘုရင် နတ်သျှင်နောင် ဖူးမျော်ခဲ့တဲ့ဘုရား.. ရှင်မွေးလွန်းနဲ့ မင်းနဒ္ဒါ သစ္စွာတိုင်တည်ခဲ့ တဲ့စေတီ ဖြစ်ပါတယ်(သီချင်းထဲပါတာပြောတာ) …      အမှန်တော့  သန်လျှင် နဲ့ ကျောက်တန်းနဲ့က ( ၁၂) မိုင် လောက်ဝေးပါတယ်..  တချို့က သန်လျှင်ရေလယ် ဘုရားသွားကြမယ်ဟေ့ ဆိုပြီး  ကျိုက်ခေါက်စေတီကို ကျော်သွားတက်ပါတယ်.. ရန်ကုန်က ဆူးလေစေတီလိုပါပဲ  ကားပေါ်ကပဲ ဖူးရင်း ကျော်သွားတက်လို့ ကပ်ကျော် စေတီလို့ ခေါ်ဝေါ် သမုဒ်ကြတဲ့ စေတီပေါ့….ရွာထဲက အဒေါ်တယောက် ကျောက်တန်းရေလယ် စေတီပုံ တင်ပေးပြီး ..တညင်သား လေ   ဒီရွာသားအဖြစ်နဲ့ တာဝန်မကျေသလိုခံစားရလို့ ရွာသားတွေဖူးမျှော်နိင်အောင် တကူးတက  တင်ပေးလိုက်ရပါသည်..  …  …

About တညင်သား

has written 13 post in this Website..