အိုစမာဘင်လာဒင်အား အခြားရှုထောင့်မှတွေးဆခြင်း

အိုစမာဘင်လာဒင်အကြောင်း ပြောမယ်ဆိုရင် အာဖဂန်နစ္စတန်နိုင်ငံရဲ့သမိုင်းကြောင်းကနေ အစချီပြီးပြောမှ ပြည့်စုံပါမယ်။ ယနေ့ကမာ္ဘ့အဆင်းရဲဆုံး နိုင်ငံ အာဖဂန်နစ္စတန်ဟာ တချိန်ကဆိုရင် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး သက်ဦးဆံပိုင်ဘုရင်ဇာဟီရာရှား အုပ်စိုးပါတယ်။ ရှင်ဘုရင် အီတလီပြည်သွားခိုက်မှာ ရှင်ဘုရင်ရဲ့ညီဝမ်းကွဲ ဒါဝတ်ခန်က သွေးထွက်သံယိုမရှိစေရဘဲ အာဏာသိမ်းခဲ့ပါတယ်။
၁၉ရ၃ခု၊ ဇူလိုင် ၁ရ ရက်မှာ ရှင်ဘုရင်ရဲ့ နှစ်ပေါင်းလေးဆယ် စိုးစံမှု နိဂုံးချုပ်ပါတယ်။
၁၉၇၈ ခု၊ ဧပြီလ(၂၇) ရက်မှာ ဆိုဗီယက်ကွန်မြူနစ်များ ဝင်လာပြီး ဒါဝတ်ခန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ သမ္မတဒါဝတ်ခန် အသတ်ခံရပါတယ်။ အာဖဂန်ကို ကွန်မြူနစ်ဆိုဗီယက်များ ကျူးကျော်ပြီဆိုတော့ မူဂျာဟစ်ဒင်တွေဟာ ရရာလက်နက်ကိုင်ပြီး တော်လှန်ကြတယ်။ ဆိုဗီယက်နဲ့ မတည့်တဲ့ အနောက်အုပ်စုက မူဂျာဟစ်ဒင်တွေကို လက်နက် အကြီးအကျယ်တပ်ပေးခဲ့တယ်။
မူဂျာဟစ်ဒင်ဆိုတာ အာဖဂန်တောင်သူလယ်သမားတွေပါ။ မူဂျာဟစ်ဒင်ဆိုတဲ့ အဓိပ္ပါယ်က ရုန်းကန်သူ၊ ဒါမှမဟုတ် jihad ဘာသာရေးစစ်ပွဲဆင်နွှဲသူ လို့ ခေါ်ရပါမယ်။ “အမှုတော်ထမ်းသူ” ပေါ့ဗျာ။ အနောက်အုပ်စုရဲ့ ကျေးဇူးကြောင့် မူဂျာတွေဟာ ကွန်မြူနစ်တွေကို အောင်နိုင်ခဲ့တယ်။ ဒါပေမယ့် ၁ဝ နှစ်တောင်ကြာခဲ့တာနော်။
၁၉၈၈ ခု၊ ဧပြီလမှာ ဆိုဗီယက်တွေ ၉လအတွင်း အာဖဂန်နစ္စတန်ကနေ အပြီးဆုတ်ခွာဖို့ ဂျနီဗာမှာ သဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့တယ်။
၁၉၈၉ ခု၊ ဇန္နဝါရီမှာ ဆိုဗီယက်တွေ အာဖဂန်မြေကနေ ဆုတ်ခွာလို့ပြီးစီးတယ်။
ဆိုဗီယက်တွေ သောင်းကျန်းခဲ့တဲ့ ၁ဝ နှစ်တာအတွင်းမှာ အာဖဂန်လူမျိုး ၂သန်းအသတ်ခံရတယ်လို့ wikipedia မှာ ဖတ်ရပါတယ်။
ဆိုဗီယက်တွေဆုတ်သွားပေမယ့် ကွန်မြူနစ်အစိုးရကျန်ခဲ့တယ်။ သမ္မတနာဂျီဘူလာက ဆိုဗီယက်ရဲ့ ရုပ်သေးရုပ်သမ္မတ။ ဒီတော့ မူဂျာဟစ်ဒင်တွေ အမှန်တကယ် စစ်မနိုင်သေးဘူးပေါ့။ ဆက်တိုက်ကြတယ်။
၁၉၉၂ ခု၊ ဧပြီလမှာ သမ္မတနာဂျီဘူလာ က မူဂျာဟစ်ဒင်တွေကို အညံ့ခံတယ်။ ကဘူးမြို့၊ နန်းတော်အနီး ကုလသမ္မဂ္ဂဝင်းထဲမှာ နာဂျီဘူလာကို ခိုလှုံခွင့်ပေးခဲ့တယ်။ ဆယ်နှစ်ကျော်ကြာမြင့်ခဲ့တဲ့ မွတ်စလင်ဘာသာရေးစစ်ပွဲပြီးဆုံးသွားခဲ့ပါပြီ။ ပေးဆပ်လိုက်ရတဲ့ အဖိုးအခကတော့ တိုင်းပြည် ဖွတ်ဖွတ်ကြေသွားတာပါ။ သေတဲ့လူက ၂သန်း။
ပြဿနာအစစ်က ဒီမှာလာပါပြီ။ ရန်သူတော်ဆိုဗီယက် ဆုတ်သွားပြီဖြစ်ပေမယ့် အနောက်အုပ်စုတပ်ပေးခဲ့တဲ့ လက်နက်တွေကတော့ ကျန်ခဲ့တယ်လေ။ အာဖဂန်နစ္စတန်မှာ လူမျိုးကြီးလေးသွယ်ရှိပါတယ်။ ဥဇဘက်၊ ပထန်၊ တာဂျစ်နဲ့ ဟာဇရာ။ ဒီလူမျိုးလေးသွယ်က အချင်းချင်းမတည့်ကြဘူး။ သူသမ္မတလုပ်မယ် ငါသမ္မတ လုပ်မယ်ဖြစ်ကုန်ကြရော။
အထင်ကရ လူမျိုးခေါင်းဆောင်တွေကတော့ ကျွန်တော်သိသလောက် ဥဇဘက်ဗိုလ်မှူးကြီး ဒိုစတမ်၊ တာဂျစ်ခေါင်းဆောင် ရာဘန်နီနဲ့ မာဆွတ်၊ ပထန်လူမျိုးခေါင်းဆောင် ဆေယွတ်၊ ဟာဇရာလူမျိုးခေါင်းဆောင် ဘာဘာမာဇာရီ။
သူတို့တွေအားလုံးကွဲကြပြဲကြပြီး အချိန်တိုအတွင်းမှာ သူတို့ဟာ စစ်ဘုရင်တွေဖြစ်ကုန်ကြပြီး အချင်းချင်းတိုက်ကြတယ်။ ၁၉၉၂ကနေ ၁၉၉၆ အထိ သူတို့တတွေဟာ (မြောက်ပိုင်းမဟာမိတ်လို့လည်းခေါ်) မြို့တော်ကဘူးကို ဝင်စီးထားခဲ့တယ်။ အာဖဂန်အရပ်သားတွေကို လူတောင်မလုပ်စေရဘူး။ ရက်စက်မှုကမ်းကုန်ပါတယ်။ လူမျိုးတွေ အချင်းချင်းသတ်ကြတာပါ။ ပထန်က ဟာဇရာကို သတ်ရင် ဟာဇရာကလည်း ပြန်သတ်၊ အဲဒီလို။ တစ်တိုင်းပြည်လုံးလည်း လက်နက်ကလွဲရင် ဖွတ်သထက်မွဲနေပါပြီ။
အဲဒီအချိန်မှာ တာလီဘန်ဆိုတာ မိုးကျရွှေကိုယ်လိုပေါ်လာတာပါ။
တာလီဘန်ဆိုတာ ဆိုဗီယက်ကွန်မြူနစ်တွေနဲ့ စစ်ဖြစ်တုန်းက ပထန်မိသားစုတွေဟာ ပါကစ္စတန်ကိုပြေးကြတယ်။ တာလီဘန်ဖြစ်လာမယ့်ကောင်လေး တွေဟာ တချို့က ပါကစ္စတန်မှာမွေးတယ်။ တချို့က ပါကစ္စတန်မှာ ကြီးပြင်းတယ်။ ဒါကြောင့် သူတို့မှာ မျိုးရိုးဇာစ်မြစ်မရှိဘူး။ ပါကစ္စတန်နယ်စပ်တစ်လျှောက်က ဒုက္ခသည်စခန်းမှာ ကြီးလာကြပြီး မွတ်စလင်ဘာသာရေးဆရာတွေဆီမှာ ကျောင်းတက်ခဲ့တာပါ။
တာလီဘန် ဆိုတဲ့အဓိပ္ပါယ်ကတော့ ရှင်းပါတယ်။ “ကျောင်းသား” ပါ။ ဒါပေမယ့် ကမာ္ဘ့စာပေတွေသင်တာ မဟုတ်ပါဘူး။ ကိုရန်ကျန်းသင်တာပါ။ တာလီဘန်တွေဟာ ဘာစာမှမတတ်ပါဘူး။ တကယ့်အရိုင်းအစိုင်းတွေပါ။ တာလီဘန်တွေရဲ့ ဂုရုကြီးကတော့ စာမတတ်တဲ့ မူလာမိုဟာမက်အိုမာ ပါ။ မူလာအိုမာ လို့ အလွယ်ခေါ်ပါတယ်။ မူလာ ဆိုတာ နာမည်မဟုတ်ပါဘူး။ မွတ်စလင်ဘာသာရေးဆရာပါ။ အဓိပ္ပါယ်ကတော့ “ဆရာကြီးအိုမာ” ပေါ့။
၁၉၉၄ ခု၊ စက်တင်ဘာကစပြီး တာလီဘန်တွေ အင်အားကြီးထွားလာတယ်။ မူဂျာဟစ်ဒင်တွေလက်ထဲက မြို့တွေ တစ်မြို့ပြိးတစ်မြို့ သိမ်းလာတယ်။
၁၉၉၆ ခုမှာ မြို့တော်ကဘူးကိုရောက်တယ်။ တာလီဘန်တွေဝင်လာပြီး မဟာမိတ်တွေကို တိုက်တော့ မြို့တော်သူမြို့တော်သားတွေက တာလီဘန်တွေကို ပန်းကြဲပြီးကြိုဆိုခဲ့တာလေ။ အဲဒီလောက်ထိ အားကိုးခဲ့ကြတယ်။
တာလီဘန်တွေက မူဂျာဟစ်ဒင်တွေတောင်မသတ်တဲ့ သမ္မတဟောင်းနာဂျီဘူလာကို နှိပ်စက်ညှင်းပန်းပြီး သတ်ပစ်လိုက်တယ်။ ပြီးတော့ အာဖဂန်တစ်ပြည်လုံးကို ရီစရာအကောင်းဆုံး ဥပဒေတွေနဲ့ စတင်တုပ်နှောင်တော့တာပါပဲ။ ဥပဒေရဲ့ အနှစ်ချုပ်ကတော့ လူကိုလူလိုမထားတဲ့ဥပဒေပါ။ ဥပမာ- မိန်းမတွေ အလုပ်မလုပ်ရ။ အလှမပြင်ရ။ လူကြားထဲ မရယ်ရ။ စကားကျယ်ကျယ်မပြောရ။ တွေ့ရင် အရိုးကွဲအောင်ရိုက်ပါတယ်။ ယောက်ျားတွေ မုတ်ဆိတ်ထားရမယ်။ မုတ်ဆိတ်မထားရင် မျက်နှာကို ဓားနဲ့မွှမ်းတယ်။ ဗောင်းထုပ်ဆောင်းရပါတယ်။ ဝါငယ်ရင် ဗောင်းထုပ် အနက်၊ ဝါကြီးရင် ဗောင်းထုပ်အဖြူ။ ဒါကြောင့် အိုစမာဘင်လာဒင်လည်း ဗောင်းထုပ်အဖြူလေးနဲ့ ခန့်ချောကြီးဖြစ်နေတာပါ။ တာလီဘန်တွေဟာ မကြုံဖူးမကြားဖူးလောက်အောင် ရက်စက်ပါတယ်။ သူတို့သတ်လို့သေတဲ့အလောင်းကို မိသားစုကိုကောက်ခွင့်မပေးပါဘူး။ လမ်းပေါ်မှာ ဒီအတိုင်းထားပြီး ခွေးစာကျွေးပစ်ပါတယ်။
တိုင်းပြည်တွင်းမှာ လျှို့ဝှက်စခန်းတွေဖွင့်ပြီး လူငယ်တွေကို မွတ်စလင်ဘာသာရေးမှိုင်းတိုက်တယ်။ အသေခံဗုံးခွဲတတ်အောင် သင်ပေးပါတယ်။ တိုင်းပြည်ရဲ့ အနာဂတ်ဟာ မတွေးဝံ့စရာ အခြေအနေမှာပါ။
၂၀၀၁ ခု၊ စက်တင်ဘာမှာတော့ ကမာ္ဘ့ကုန်သွယ်ဌာန အမွှာမျှော်စင်တိုက်ခိုက်ခံရပါတယ်။ လူတိုင်းသိပြီးသားပါ။ လက်သည် အိုစမာဘင်လာဒင်ကို ကာကွယ်မပေးဖို့ အနောက်အင်အားကြီးနိုင်ငံက တောင်းဆိုတော့ တာလီဘန်တွေက ဧည့်သည်ကို သူတို့နှင်မထုတ်ကြောင်းကြေငြာပါတယ်။ အဲဒီမှာ သမ္မတဘုရှ်က အာဖဂန်နစ္စတန်ကို စစ်ကြေငြာပါတော့တယ်။ ဒါတွေဟာ အားလုံးသိပြီးသားတွေပါ။
ဆိုဗီယက်နေရာက ပြန်ကောက်ပါမယ်။ ဆိုဗီယက်တွေဟာ အာဖဂန်မြေကဆုတ်ပြီး သိပ်မကြာဘူး။ ပြည်ထောင်စု အစိတ်စိတ်အမွှာမွှာပြိုကွဲပါတယ်။ ဒီတော့ အနောက်အုပ်စုအတွက်လည်း ဘယ်လိုပြောရမလဲ၊ cold war ခေါ်ရမလား၊ (နားလည်တဲ့လူတွေ အမှားထောက်ပေးပါ) အဲဒါပြီးသွားပါတယ်။ ဒါပေမယ့် သူတို့အင်အားကြီးနိုင်ငံတွေက ကိုယ့်မြေပေါ်မှာ စစ်မခင်းဘဲ တခြားတိုင်းပြည်ကို အသုံးချခဲ့တယ်လို့ ကျွန်တော်ဖတ်ဖူးပါတယ်။ အာဖဂန်မြေပေါ်မှာ သူတို့အချင်းချင်းအင်အားပြစရာမလိုတော့ဘူး။ ပက်ရှဝါအနီးက ဒုက္ခသည်စခန်းဟာ တချိန်တုန်းက အနောက်အုပ်စုအတွက် လက်မထောင်စရာ စံပြပါ။ အာဖဂန်ကို လက်နက်တွေချည်းတင်ပို့ခဲ့တာ မဟုတ်ပါဘူး ဒီလိုပေါ့။ ဆိုဗီယက်လည်း ဆုတ်သွားရော အဲဒီဒုက္ခသည်စခန်းကို လှည့်မကြည့်ကြတော့ဘူးတဲ့။ ဒီနောက်ပိုင်းမှာ အဲဒီစခန်းမှာ အာဖဂန်တွေ သောက်သောက်လဲသေတယ်။ ဝမ်းလျှောဝမ်းပျက် အဓိကတဲ့။
ကျွန်တော်ပြောချင်တာက ၁၉၉၂ ကနေ ၂၀၀၁ထိ (အမွှာမျှော်စင်တိုက်ခိုက်ခံရတဲ့ထိ) ၁ဝ နှစ်ကြာအောင် အနောက်အုပ်စုဟာ ဘာမှမလုပ်ခဲ့ဘူးနော်။ စီမံကိန်းတွေတော့ ရှိမှာပေါ့။ ဒီတိုင်းပြည် ဒီအခြေဆိုက်သွားတာ လူမျိုးရေး ဘာသာရေး အစွန်းရောက်မှုကြောင့် ဆိုတာမှန်ပါတယ်။ ဒါပေမယ့် အနောက်အုပ်စု လက်နက်တပ်ပေးခဲ့တဲ့ ပယောဂ မပါဘူးလား။ ကိုယ်ဆင်ပေးခဲ့တဲ့လက်နက်နဲ့ ပြည်တွင်းစစ်အကြီးအကျယ်ဖြစ်ခဲ့ကြတာ၊ ကုန်းကောက်စရာမရှိတဲ့အဖြစ်ရောက်ခဲ့တာ အနောက်အုပ်စု ထိုင်ကြည့်နေခဲ့တယ်နော်။ ဖြစ်မလာသေးတဲ့ စစ်ဆင်ရေးတွေနဲ့ပေါ့။
အိုစမာဘင်လာဒင်ရဲ့ လုပ်ရပ်ဟာ ယုတ်မာတဲ့လုပ်ရပ်ပါ။ ကောင်းမွန်တဲ့ရည်ရွယ်ချက်မပါပါဘူး။ ဒါပေမယ့် သူ့လုပ်ရပ်ဟာ မရည်ရွယ်ဘဲ သန်းချီနေတဲ့အာဖဂန်လူမျိုးတွေကို တာလီဘန်လက်တွင်းက ကယ်ဖို့ကြိုးစားနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်မိတာပါ။ မှားရင်လည်း ပြောကြပါ။ အခုဆိုရင် အာဖဂန်နစ္စတန်ဟာ တိုးတက်ရေးလမ်းစပေါ်ကို ရောက်နေပါပြီ။ တာလီဘန်တွေရဲ့ နှိပ်စက်မှုတွေ ရှဲသွားကြပါပြီ။
ကွန်မင့်တစ်ခုကို ဖတ်ကြည့်ပြီး စိတ်တိုင်းမကျတာနဲ့ ရေးချင်စိတ်ပေါ်လာလို့ပါ။
အာဖဂန်နစ္စတန်ကို ဘုရှ်ကတိုက်ပြီဆိုတော့ သတင်းကြေငြာတာက ဒီကနေ့ထိ အာဖဂန်အရပ်သားဘယ်နှဦးသေပါတယ် ဆိုတာမျိုးကို ကြေငြာတော့ လူတွေစိတ်ထဲမှာ ဘုရှ်က အာဖဂန်တွေကို လက်တုန့်ပြန်လို့ အပြစ်မဲ့ အရပ်သားတွေသေတယ်လို့ မြင်ကြပါတယ်။ ဒါ လက်တုန့်ပြန်တဲ့ လုပ်ရပ်လို့ မသတ်မှတ်ချင်ပါဘူး။ အကြမ်းဖက်အဖွဲ့အစည်းကို တိုက်ရမှာ သမိုင်းပေးတာဝန်လို့ ကျွန်တော်မြင်ပါတယ်။ အိုစမာကြောင့် အာဖဂန်အရပ်သားတွေ လက်တုန့်ပြန်ခံရပြီး သေတယ်လို့ မယူဆစေချင်ပါ။ ဒီလိုပဲ U.S ကြောင့် သေတယ်လို့လည်း မသတ်မှတ်စေချင်ပါ။ တကယ့်ရာဇဝတ်ကောင်တွေက တာလီဘန် မဟုတ်ပါလား။
တကယ်လို့သာ အိုစမာဘင်လာဒင် က အမွှာမျှော်စင်ကို သွားမတိုက်ဘူးဆိုရင် …

39 comments

  • သဂျီး၊ ခေါင်းစဉ်မှာ copy/paste ဆိုပြီးပေါ်နေတယ်။ ကျွန်တော်က creative writing ဆိုတာမျိုး လုပ်ချင်တာပါ။ အဲဒါမလုပ်တတ်လို့ အဲဒီလိုပေါ်နေတာပါ။ ကူးချတာ မဟုတ်ပါဘူး။ ကိုယ်တိုင်ရေးပါ။

    • eros

      May 7, 2011 at 4:25 am

      ဆိုလိုတာက ဘင်လာဒင် က အာဖဂန်မှာ နေလိုက်လို့ အမေရိကန်က အာဖဂန်ကို တိုက်၊ အာဖဂန်တွေက တာလီဘန်လက် ကလွတ်ပေါ့ ဟုတ်လား။

  • ဆူး

    May 6, 2011 at 3:51 pm

    အထက်မှာ dashboard ဆိုတာ ရှိတယ် manage post ကို နိပ်ပါ post တွေကို မြင်ရပါလိမ့်မယ်.. Quick edit ဆိုတာကို နိပ်လိုက်ပါပြောင်းချင်တဲ့ Categories ကို ပြောင်းလိုက်ရင် ရပါတယ်။

  • paukpauk

    May 6, 2011 at 3:52 pm

    ဘင်လာဒင်မသေခင်စကားတခွန်းပြောသွားတယ်။
    သူက တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်သွားရသူတဦးပါတဲ့။

    • eros

      May 8, 2011 at 3:41 am

      ဒါပေမယ့် ရှာဖွေနည်းလဲ မှန်ဖို့ လိုမယ်ထင်ပါတယ်။

  • parlayar46

    May 6, 2011 at 4:52 pm

    ကျုပ်ကတော့ ဒီရွာမှာ လူသစ်နီးပါးမို့ ဒီပိုစ့်ကိုရေးတဲ့မိတ်ဆွေအကြောင်း ဘာမှမသိပါဘူး။ ဒီပိုစ့်တခုထဲပေါ် ကြည့်ပြီးပြောရရင် အာဖဂန်ရဲ့ဖြစ်စဉ် သမိုင်းကြောင်းလေးကို တိုတိုနဲ့ ထိထိရောက်ရောက် သုံးသပ်ပြသွားတာ သဘောကျပါတယ်။ တကယ်လို့များ ဒီမိတ်ဆွေဟာ မြန်မာနိုင်ငံပြင်ပ မှာနေတာဆိုရင် မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းလေး ကိုလဲ ဒီလိုမျိုး ပိုစ့်တခုတင်ပြီး သုံးသပ်ပြရင် သိပ်ကောင်းမှာပဲ။ ငြင်းကြခုံကြ ဆဲကြဆိုကြနဲ့ပေါ့။
    (ဒီထဲမှာနေတာဆိုရင်တော့မလုပ်လိုက်နဲ့နော်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 4:56 pm

    လောလောဆယ် ခြောက်ယောက် ဈေးဦးပေါက်သွားပြီ
    Gunmen kill 6 people in southwest Pakistan
    Published: May 6, 2011, 4:17 AM UTC
    QUETTA, Pakistan (AP) — Assailants using rockets and guns attacked a group of people exercising at an open soccer field in southwestern Pakistan on Friday, killing six of them and wounding 13, police said.

    Senior police official Hamid Shakil said the attackers fled quickly toward the nearby mountains after the attack on the outskirts Quetta, which is the capital of southwestern Pakistan’s impoverished Baluchistan province.

    About 50 people were exercising at the time of the attack, he said.

    “These miscreants fired some rockets and then opened fire at the people who were exercising,” he said, adding that some of the wounded people were listed as being in critical condition at a hospital.

    Shakil said it appeared to be a sectarian attack as the victims belonged to the minority Shiite sect. He said police officers had launched a search in an efforts to trace and arrest the attackers.

    Pakistan has a history of sectarian violence. Although most majority Sunnis and Shiites live peacefully together, small extremist groups on both sides often target each other’s leaders and activists.

  • ချစ်စ/ဆ ရာ

    May 6, 2011 at 4:59 pm

    အချင်းချင်းတွေ အဲ့လိုမဖောလ်နဲ့လေကို မိုက်ကယ်ဂျော်နီအောင်ပု ရဲ့
    ဘာလဲဆိုတာလင်းပါဦး

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 6, 2011 at 5:01 pm

    ပြောဝူး
    တိဂျင်ရင်
    ဒဂျီးဂိုမေးကြည့် 🙂 🙂 🙂

  • nature

    May 6, 2011 at 5:34 pm

    ပါးကိုက်ရင်နားပြန်ကိုက်တတ်တာပဲ။အားကြီးတဲ့သူကတော့ နောက်ဆုံးမှာနိုင်တတ်တာပဲ။

  • windtalker9

    May 7, 2011 at 4:11 am

    အခု ကြားရတာ တာလီဘန် တွေ ရဲ ့နံပါတ်၁ ပစ်မှတ် က ပါကစ္စတန် ဆိုပဲ ။ အမေရိကန် မဟုတ်တော့ဘူး တဲ့ ။ သိသူများ ဆက်ပြောပေးပါဦး

  • တညင်သား

    May 7, 2011 at 1:18 pm

    ဘင်လာဒင် အကြောင်းလဲ မဟုတ်ဘူး … အာဖကန်အကြောင်းကြီပဲ.. ဟိုလေ မိုးကြ ရွေကို မဖြစ်ခင်က အကြောင်းလေးရေးပေးပါအုန်း…

  • MaMa

    May 7, 2011 at 2:11 pm

    သဂျီးကလည်း ဘိုလိုမှုတ်၊ ဒကာမိုက်ဂျော်ပုကလည်း ဘိုလိုမှုတ်။ ဒီ village တော့ ခက်နေပါပြီ။ မသိနားမလည်သော အူတူတူ အတတ ရွာသူရွာသားများအား ငဲ့ညှာသောအားဖြင့် ဘာသာပြန်လေးများ တင်ပေးကြလျှင် ကောင်းလေစွတကား။

  • OQ23

    May 7, 2011 at 2:26 pm

    အဲဒါတွေကနိူင်ငံရေးတွေပါ။
    နားမလည်ပါဘူး။

  • alfred

    May 7, 2011 at 2:41 pm

    မြန်မာနိုင်ငံအတွက် အိုစမာဘင်လာဒင်များမရှိဘူးလားမသိဘူး။ ဒါမှ america ကိုသွားတိုက်။ ပြိးရင် america က သန်းရွှေတို့ကို ပြန်တိုက်ပြီး မြန်မာလူမျိုးကိုကယ်ပေးရင်ကောင်းမှာပဲ 😛

  • piti

    May 7, 2011 at 2:55 pm

    သေချာတွေးကြည့်ရင် မဖြေသေချာ မရှိသေးဘူးလို့ ထင်ပါတယ်

    ကျနော်တို့ဘုရားက ဟောထားပါတယ်… ရန်ကိုရန်ချင်း မတုံ့နှင်းနဲ့တဲ့….
    အိုစမာဘင်လာဒင်ကတော့ သေသွားပါပီ… သူသေသွားတာဟာ တကယ်ရော ငြိမ်ချမ်းမှုတွေကို ချန်ထားပေးခဲ့ပါသလား…. ဘင်လာဒင် နောက်တစ်ယောက် ဘယ်တော့မှ ပေါ်မလာစေချင်ပါဘူးဗျာ….

  • phyoshein

    May 7, 2011 at 6:12 pm

    ဆိုဗီယက်က ဘာကြောင့် ဒါဝတ်ကို ဖြုတ်ချဖို့ကြိုးစားရတာလဲ…..အကြောင်းတစ်ခုတော့ရှိခဲ့မှာပါ..
    ဘာပဲဖြစ်ဖြစ်ပါ….ပြည့်အင်အားက ပြည်တွင်းမှာသာ ရှိတာပါ….
    ပြည်တွင်း မငြိမ်မသက်ဖြစ်မှသာ ဘေးပယောဂဆိုတာ ဝင်လို့ကောင်းတာလို့ထင်ပါတယ်..
    ကျွန်တော်တို့ တိုင်းပြည်လဲ ဒီလိုပါပဲ….ပြည်တွင်းစည်းလုံးမှု ရှိနေဖို့လိုပါတယ်…
    မိသားစု စည်းလုံးမှုရှိမှ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်နိုင်မှာပါ…
    ပြည်တွင်းမှာ စည်းလုံးညီညွတ်မှုရှိတယ် မရှိဘူးက တော့ အထူးပြောစရာ မလိုပါဘူး…. ရောင်းရင်းတို့သိပြီးသားပါ..
    တရားသောစစ် ဆင်နွှဲနေတဲ့ တပ်မတော်က သူတို့ပြောတဲ့ ပြည်ထောင်စုဖွားတိုင်းရင်းသား အချင်းချင်း ပစ်နေခတ်နေရတာပါ…
    ညီအစ်ကိုချင်း ပစ်သတ်ရတာဖြစ်လို့ အောင်ပွဲဆိုတာ အမှန်တစ်ကယ်မှာ မရှိပါဘူး…. အင်အားဖြုန်းနေတာပါ..
    လူ့စွမ်းအား လျော့ပါတယ်…
    တစ်ဘက်ကကြည့်ရင်လည်း …. တစ်ချို့တစ်ချို့တွေက ဘယ်လိုနာကြည်းချက်တွေကြောင့်များ တောခိုကြပါသလဲ..
    အပေါ်က ပြောထားသလို အင်အားကြီးတဲ့သူကတော့ နောက်ဆုံးမှာ နိုင်တာပါပဲ…
    ပြောရရင်လည်း ရှုပ်ပါတယ်…နော..
    ကျုပ်တို့လူမျိုးက ဗီဇကို ကမကောင်းတာထင်ပါတယ်… ပုဂံခေတ်ကစလို့ပေါ့…. ကောင်းခဲ့တဲ့ နှစ်တွေ က စုစုပေါင်းတိုင်းပြည်တည်ထောင်ခဲ့တဲ့ နှစ်တွေထက်စာရင် အရမ်းများနည်းနေသလားလို့….
    ကျန်တဲ့ အချိန်တွေမှာ နွားကွဲလို့ ကျားဆွဲခံရတဲ့ အချိန်တွေ များပါတယ်…
    အခုတော့ ကျားဆွဲတာလည်း ခံရတယ်.. နဂါးဆွဲတာလည်းခံရတယ်…
    အဖြေရှာဖို့လိုတာတော့ သေချာပါတယ်…. ဒီလိုပဲ ဆက်သွားရင်လည်း ၂၀၁၂ မှာသာ ကမ္ဘာပျက်မယ်ဆို ကိစ္စ မရှိပါဘူး…

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 8, 2011 at 1:50 am

    ကန်ဒါဟာနယ် အစိုးရရုံး တာလီဘန် ဝင်တိုက်
    အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်းက ကန်ဒါဟာ (Kandahar) မြို့က နေရာအများအပြားကို တာလီဘန် တွေက တိုက်ခိုက်နေလို့ လူအနည်းဆုံး ၂၄ ဦး ဒဏ်ရာရရှိသွားပါတယ်။

    ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ခြံဝန်း တိုက်ခိုက်ခံခဲ့ရတယ်လို့ ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဇာလ်မေး အာယူဘီ (Zalmay Ayoubi) က အဲဒီခြံဝန်းထဲကနေ ဖုန်းနဲ့ လှမ်းပြောသွားပါတယ်။

    ရဲစခန်းတခု အပါအဝင် မြို့ရဲ့ တခြားအပိုင်းတွေမှာလည်း သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားနေရတယ် လို့ ပြောကြပါတယ်။

    တိုက်ခိုက်မှုတွေက စနေ မွန်းလွဲပိုင်းမှာ စတင် ဖြစ်ပွားတာဖြစ်ပြီး စစ်သွေးကြွတွေက လက်နက်ငယ်တွေ၊ RPG ဒုံးကျည်တွေနဲ့ တိုက်ခိုက်နေကြတယ်ဆိုတဲ့ သတင်းတွေ ရရှိပါတယ်။ တိုက်ပွဲတွေ စတင်ပြီး နာရီ တော်တော်ကြာကြာထိလည်း သေနတ်သံတွေ ကြားနေရဆဲလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

    တာလီဘန်တို့က ဒီတိုက်ခိုက်မှုတွေကို သူတို့ လုပ်ဆောင်တာပါလို့ ပြောနေပြီး နွေဦး ထိုးစစ်တွေ စတင်မယ် လို့ တာလီဘန်က ကြေညာပြီး တပတ်အကြာမှာပဲ အခုလို တိုက်ခိုက်မှုတွေ ဖြစ်ပွားတာပါ။

    အိုစမာ ဘင်လာဒင် (Osama Bin Laden) အသတ်ခံလိုက်ရတာဟာ သူပုန်တွေကို စိတ်ဓာတ် တက်ကြွ အောင် လုပ်ဆောင်ပေးလိုက်တာပဲ ဆိုပြီး တာလီဘန်တို့က ကြေညာချက် ထုတ်လိုက်ပြီး နောက်တရက်မှာ ကန်ဒါဟာမြို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားတာပါ။

    ဒါပေမဲ့ အခု တိုက်ခိုက်မှုတွေက လက်တုံ့နှင်း လုပ်ဆောင်တာ မဟုတ်ပါဘူးလို့ စစ်သွေးကြွတွေရဲ့ ပြောရေး ဆိုခွင့် ရှိသူက ပြောပါတယ်။

    http://www.voanews.com/burmese/news/afghanistan-taliban-attacked-121437474.html

  • PaukPhaw

    May 8, 2011 at 3:28 am

    ဘာပဲဖြစ်ဖြစ် O ဘားမား ကိုတော့ ခိုက်တယ်ဗျာ

    ရေဆုံး၊မြေဆုံးကို လိုက်ရှာပြီး သုတ်သင်နိုင်တယ်

    နောက်ထပ် အစွန်းရောက် ငမိုက်သားတွေလဲ ဒီလိုပဲ ပြေးလွတ်မယ် မထင်နဲ ့တော့

    တာဝန်ကျေပါသည် O ဘားမား..

  • သဂျီးနော်။ သဂျီး တစ်စက်မှမကောင်းဘူး။ သူရို့ အမေရိကန်တွေ ကမာ္ဘ့မျက်နှာစာမှာ သူတော်ကောင်းလုပ်ပြနေပေမယ့် တကယ်တမ်းမှာ ကိုယ်ကျိုးစီးပွားငဲ့ပုံကို ကျွန်တော် နည်းနည်းလေး နှိုက်ချွတ်ပြတာကို သဂျီးသိလို့ တမင်ကို ဘာတစ်လုံးမှ ဝင်မပြောဘူး။ ကျွန်တော်တို့ကို ကျတော့ “ကိုယ်နဲ့တန်တဲ့ အစိုးရကို ရတယ်” လို့ မညှာမတာ ရက်ရက်စက်စက်ပြောတယ်။ ကျွန်တော်တို့မှာ မငြင်းနိုင်သလိုဖြစ်ပြီး နာသာခံခက်ဖြစ်ရတာပေါ့။ သဂျီးပြောတဲ့ပုံက အိမ်ဖော်မလေးကို ဆရာဝန်မကြီး မဖြစ်ရကောင်းလား ပြောသလိုပဲ။ ဒါကြောင့် ဟိုတလောက ရွာသူရွာသူအပေါင်းတို့ သဂျီးကို ဝိုင်းတိုက်ကြတာ နည်းတောင်နည်းသေးတယ်။ အခုလည်း သဂျီးကိုသာ ဝိုင်းဆော်ကြပါ။
    to eros:
    ဘင်လာဒင်က အာဖဂန်မှာနေလို့ အာဖဂန်ကိုတိုက်တာ မဟုတ်ပါဘူး။ ကျွန်တော် ဆိုလိုချင်တာက အဲဒီရဲ့ ဆန့်ကျင်ဘက်ပါ။ စစ်သွေးကြွတွေဟာ ကမာ္ဘ့နေရာအနှံ့အပြားမှာ အုံနဲ့ကျင်းနဲ့ ဖြစ်နေကြပါပြီ။ စောစောစီးစီး မဖြိုခွင်းရင် တနေ့မှာ လူမျိုးကြီးဝါဒ နာဇီတွေထက် ဆယ်ပြန်လောက်ဆိုးလာ နိုင်ပါတယ်။ ဘာသာရေးအစွန်းရောက်တာ လူမျိုးကြီးဝါဒထက်တောင် ပိုဆိုးသေးတယ်။ အသေခံဗုံးခွဲတဲ့လူတွေဟာ သူတို့ကိုယ်သူတို့ အလာဟ်ရဲ့ အမှုတော်ကို ထမ်းတယ်လို့ ယုံထားကြတာပါ။ ဘင်လာဒင်ဟာ အာဖဂန်မှာ မပုန်းလည်း တာလီဘန်တွေဗိုလ်လုပ်နေတဲ့ အာဖဂန်နစ္စတန်ကိုပဲ တိုက်ရမှာပါ။ အမေရိကန်တွေ စောစောစီးစီးမလုပ်လို့ အာဖဂန်နစ္စတန် မြေဇာပင်ဖြစ်ရတယ်လို့ ကျွန်တော် ထင်တာပါ။ အမေရိကန်တွေက သူတို့ရဲ့ ရန်သူတော်ကြီး ဆိုဗီယက်လည်း ပြိုကွဲသွားရော စောစောက သူတို့ခြေတော်တင်ခဲ့တဲ့ အာဖဂန်တွေကို ထိထိရောက်ရောက် ပြန်လုပ်မပေးတော့ဘူးလို့ ကျွန်တော်စွပ်စွဲချင်တာပါ။ ကျွန်တော်က သတ္တိသိပ်မရှိတော့ ခပ်ရင့်ရင့်မရေးရဲလို့ပါ။
    to phyoshein:
    ဘုရင်ဇာဟီရာရှားလက်ထက်တုန်းက ဆိုဗီယက်တွေနဲ့ အလွမ်းသင့်တယ်။ ကူးသန်းရောင်းဝယ်ရေး ကောင်းခဲ့တယ်။ အခု မြန်မာနဲ့ တရုတ်ကြီးလိုပေါ့။ ဒါဝတ်တက်တော့ အဲဒါတွေ မဖြစ်တော့လို့လား မသိဘူး။ ကျွန်တော် အကိုးအကားနဲ့ သေချာပြောပြချင်တာပါ။ နာဂစ်တုန်းက ကျွန်တော့်အိမ်ခေါင်မိုးလန်သွားပြီး စာဖတ်ခန်းတစ်ခုလုံး ထိခဲ့လို့ ဂျာနယ်တွေမရှိတော့ဘူး။
    to windtalker9:
    တာလီဘန်တွေက ပါကစ္စတန်ကို ချရင်ကောင်းတာပေါ့ဗျ။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံလိုပဲ၊ ပါကစ္စတန်ဟာ အာဖဂန်နစ္စတန်ရဲ့ greedy neighbour ပါ။ ကျွန်တော်ကတော့ နိုင်ငံတကာအသုံး greedy neighbour လို့တောင်မသုံးချင်ဘူး။ လောဘကြီးရုံတင်ဘယ်ကဦးမလဲ။ အင်း … စိတ်ထဲရှိတာ ဘရိတ်အုပ်လိုက်ဦးမှ။ နိုင်ငံတွေဟာ အိမ်နီးချင်းကောင်းမပီသရင် တနေ့မှာ ပြန်ခံရမယ်လို့ကို ယုံတယ်။

    ကျွန်တော်ကလေ အိုစမာဘင်လာဒင်ကို စနက်တံမီးရှို့တဲ့လူလို့ မြင်ပါတယ်။ သူကရုပ်ဖြောင့်တော့ နည်းနည်းလည်း မနာလိုချင်ဘူး။

  • phyoshein

    May 8, 2011 at 5:04 pm

    ကျေးဇူးပါ… အင်း.. ဘုရင်ဇာဟီရာရှားလက်ထက်တုန်းက အလွမ်းသင့်တဲ့ ဆိုဗီယက်တွေက ဒါဝတ်တက်တော့ ပြသနာဖြစ်ကြတယ်ဆိုတော့…
    ကျွန်တော်လည်း စဉ်းစားကြည့်တယ်.. အခု ကျုပ်တို့နဲ့ တရုတ်ကြီးနဲ့ သိပ်အလွမ်းသင့်နေတယ်.. အကြွေးယူရတာ.. ပိုက်ဆံချေးရတာကအစပေါ့…. ရေအားလျှပ်စစ်… ဖုန်းလိုင်း… စသည်ဖြင့် အရေးကြီးတဲ့ အခြေခံ အဆောက်အအုံများက အစ….တစ်ကယ်လို့များ…..ကျုပ်တို့နိုင်ငံ ဒါဝတ်တက်လို့…..ကတော့….
    ဟုတ်ပါတယ်.. စစ်သွေးကြွတွေကို… စောစောစီးစီး မနှိပ်ကွပ်ရင်… ဖက်ဆစ်ထက်ဆိုးနိုင်ပါတယ်… အနုမြူဗုံးကြဲသလိုပေါ့… အချို့အချို့တွေ နစ်နာကောင်းနစ်နာနိုင်ပေမယ့်… လုပ်သင့်ပါတယ်…

  • bigcat

    May 9, 2011 at 4:04 am

    သဂျီးမအားလို့ သူ့ရဲ့ငယ်ဆရာ ရွာဦးကျောင်းဆရာတော် ဘဒ္ဒန္တကြောင်ကြီး ပြောပြမယ် နားထောင်…
    နိုင်ငံရေးသမားတွေ သုံးလေ့ရှိတဲ့ စကားတွေထဲမှာ အိုင်ဒီယယ်လစ်ဇင် (idealism) နဲ့ ရီရယ်လစ်ဇင် (realism) ဆိုတဲ့ အသုံးအနှုန်းတွေရှိတယ်။ Idealist တွေက ယုံကြည်ထားတဲ့ အယူဝါဒ၊ ပေါ်လစီတွေကို တသွေမတိမ်း ကိုင်ပြီးသွားတယ်။ ကျောသားရင်သား မခွဲဘူး။ ခြေမကောင်း ခြေမဖြတ် လက်မ မကောင်းလက်မဖြတ်ပဲ (သဘောကိုပြောတာနော်)။ Realist တွေကြတော့ လက်ငင်းဖြစ်ရပ်တွေကို ကြည့်ပြီး အလျော့အတင်း အပေးအယူလုပ် မီးစင်ကြည့်ကတယ်။ ကိုယ်ချမှတ်ထားတဲ့ မူဝါဒနဲ့ တဖက်သားက သွေဖီနေလည်း လိုအပ်ရင် သုံးတယ်။ ဒီတော့ တိုင်းပြည်တပြည် အဖွဲ့တဖွဲ့ကို ငွေအားလူအား လက်နက်အား ထောက်ပံ့ပေးမယ် ဆိုရင် မူဝါဒချမှတ်သူများရဲ့ ရှုမြင်ပုံပေါ်မူတည်ပြီး ကွဲသွားတယ်။ မြန်မာပြည်ကိစ္စလိုမျိုးဆိုရင် စီးပွားရေးမက်လုံးတွေရှိပေမဲ့ အမေရိကန်အစိုးရက အခြေခံဥပဒေပါ ပြဌာန်းချက်တွေအပေါ် စွဲကိုင်ထားလို့ (အခြားအချက်များစွာလည်းရှိပါမယ်၊ ကွက်ကွက်ကွင်းကွင်း မြင်အောင်ဆွဲသုံးတာပါ) အိုင်ဒီယယ်လစ်ဇင် ဖြစ်တယ်လို့ ဆိုနိုင်မယ်ထင်တယ်။
    အာဖဂန်နစ္စတန်ကို ဆိုဗီယက်တပ်တွေ ဝင်သိမ်းတော့ ခုခံသူအစ္စလာမ်မစ်ဝါဒီကို အမေရိကန် စီအိုင်အေက ရန်သူရဲ့ရန်သူဟာ ငါ့မိတ်ဆွေဆိုတဲ့ လက်တွေ့ကျတဲ့ ရီယယ်လစ်ဇင်အမြင်နဲ့ အကြီးအကျယ် အထောက်အပံ့ပေးတယ်။ စစ်အေးတိုက်ပွဲ ပြင်းထန်နေချိန်ဆိုတော့လည်း ကူမြူနစ်ဆိုဗီယက်ကို နိုင်ငံရေး စစ်ရေး စီးပွားရေး အရ ထိုးနှက်ဖို့ မဟာအခွင့်အရေး တရပ်ဖစ်တာပေါ့။ ဒါပေမဲ့ ကိုယ့်မူဝါဒနဲ့ လုံးလုံးဆန့်ကျင်နေတဲ့ အစွန်းရောက်တွေကို မွေးထုတ်လိုက်သလိုဖြစ်သွားတယ်။ ဒါပေမဲ့ လက်တွေ့ဆန်လို့ အောင်မြင်မှုတွေလည်း အများကြီးရှိတယ်။ ဥပမာ ကူမြူနစ်တရုတ်ပြည်နဲ့ သမတ်နစ်ဆင်လက်ထက်မှာ သံတမန်ဆက်ဆံရေးဖွင့်ခဲ့တာ၊ ၁၉၈ဝပြည့်လွန်နှစ်တွေမှာ နှစ်နိုင်ငံကုန်သွယ်ရေး စတင်ခဲ့တာတွေ၊ ကူမြူနစ်ဗီယက်နမ်နဲ့ ပြန်လည်ဆက်ဆံရေးထူထောင် ကုန်သွယ်ခဲ့တာတွေဟာ လက်တွေ့ဆန်တဲ့ မူဝါဒရဲ့ အသီးအပွင့်တွေပဲ။ ပြန်ချုပ်လိုက်ရင် မူဝါဒနှစ်မျိုးစလုံး မှားလိုက်မှန်လိုက်နဲ့ တသမတ်ထဲ ယူလို့မရဆိုတာ တွေ့ရမှာဖြစ်ပါတယ်။
    ၁၉၉ဝပြည့်လွန်နှစ်တွေမှာ ဘင်လာဒင်ကို စီအိုင်အေက သုတ်သင်ပစ်ဖို့ အခွင့်ကောင်းရပေမဲ့ မဆိုင်သူတွေ ကြားခံနေလို့ လွှတ်ထားလိုက်ရတယ်။ အဲဒီတုန်းကလည်း ဘင်လာဒင်က ဆိုးဆိုးဝါးဝါး မဖြစ်သေးဘူး။ နိုင်အလဲဗင်းပြီးမှသာ ကမာ္ဘ့နိုင်ငံရေးတခုလုံး ပြောင်းလဲသွားတာ။ အဲဒီမတိုင်ခင်မှာ အာဖဂန်နစ္စတန်ကို ဝင်တိုက်ရင်၊ ဘင်လာဒင်းကို အခုလိုဝင်စီးသလို သူများနိုင်ငံထဲ ကျူးကျော်ခဲ့ရင် မွတ်စလင်ကမာ္ဘတခုလုံးက ဝိုင်းအော်လိုက်ကြမဲ့ဖြစ်ခြင်း၊ ဒါတောင် နိုင်းအလဲဗင်းဖြစ်ရပ်ကို ဘင်လာဒင်လုပ်တယ်ဆိုတဲ့ ဗွီဒီယိုမှတ်တမ်း ရသွားလို့၊ နို့မို့လိုကတော့ မတရားစွပ်စွဲ လုပ်ကြံတယ်နဲ့ အော်ကြအုံးမှာ…….

  • ကျေးဇူး ဦးကြောင်ကြီး။ ဒါကြောင့် ကျွန်တော်ပြောတာပေါ့။ အိုစမာဘင်လာဒင်ကြောင့် မရည်ရွယ်ဘဲ အာဖဂန်သားတွေအတွက် ကောင်းသွားတယ်လို့။ သူ့ကြောင့်သာ စစ်ကြေငြာခွင့်ရသွားတာပေါ့။
    ဒါပေမယ့် ပက်ရှဝါအနီးက နေဆာဘား ဒုက္ခသည်စခန်းကို အမေရိကန်တွေ နောက်ပိုင်း မပံ့ပိုးတော့ဘဲ ပစ်ထားလိုက်တာကတော့ လုံးဝမကောင်းပါ။ သိက္ခာမရှိပါ။ အဲဒီမှာ အာဖဂန်တွေငတ်ပြီး သောက်သောက်လဲသေကြတယ်။

  • kai

    May 9, 2011 at 8:26 am

    မြန်မာအပါအဝင်..ကမ္ဘာ့နိုင်ငံရေးအားလုံး ဘာသာရေးနဲ့ရောပြီး ..အုပ်ချုပ်ခံ..အုပ်ချုပ်သူ ကွဲပြား..ခွဲခြားအုပ်ချုပ်ကြတယ် ရေးခဲ့ဖူးတယ်..။

    အုပ်ချုပ်ခံတွေဟာ..အုပ်ချုပ်ခံအတွေးတွေကပဲ..ကျော်ဖေါက်မထွက်လာအောင်..ဘာသာရေးအယူတွေသွင်းပြီး.. လေးလံထုံမှိုင်းနေအောင် လုပ်ထားရတာပဲ..။
    ဒါကို ..အုပ်ချုပ်ခံတချို ့က.. နည်းနည်းတီးခေါက်မိပြီဆိုရင်.. နှိမ်နင်းခံရဖို ့တော်တော်နီးစပ်နေပြီဆိုပါစို့..။

    ဒန်တန်တန်..။
    ==============
    ဆိုတော့..
    ဘင်လဒင်တို့မိသားစုပိုင်တဲ့ ကုမ္ပဏီကြီးရှိတယ်..။
    http://en.wikipedia.org/wiki/Bin_Laden_family
    အိုစမာဘင်လာဒင်ရဲ့ အကိုတဥိးက… သမ္မတဘုရှ်(အငယ်)ရဲ့ ကုမ္မဏီမှာ ရှယ်ယာတွေဝယ်ထားဖူးတယ်..။
    http://www.rense.com/general14/bushsformer.htm
    ၉၊၁၁ ဖြစ်တော့… အဓိကအကျိုအမြတ်ထွက်သွားတာဟာ.. ရေနံကုမ္ပဏီင်္ကြီးတွေဖြစ်တယ်..။
    ယူအက်စ်ရဲ့ ဓါတ်ဆီဈေးဟာ.. တဂါလံ ၂ဒေါ်လာအောက်ကနေ.. တောက်လျှောက်တက်သွားခဲ့တယ်..။
    အခု..၄ဒေါ်လာကျော်..။
    http://zfacts.com/p/35.html
    အဲဒီလိုဆိုတေ့ာ ..ဆီကုမ္ပဏီကြီးတွေတခုဆီရဲ့.. အမြတ်ငွေဟာ.. တနှစ်တနှစ် ..မြန်မာပြည်တပြည်လုံးဂျိဒီပီထက်ကျော်တယ်..။

    ဖြစ်တော့ ၉။၁၁နဲ့ မာစတာမိုင်းက..ဘင်လာဒင်…
    တိုက်တော့..အီရတ်နဲ့..ဖမ်းပြီးသတ်လိုက်တော့.. ဆက်ဒမ်ဟူစိန်…။
    အီရတ်ကိုစစ်မကြေငြာခင်ကတည်းက.. အဲဒီတုံးက ဒုသမ္မတ ချင်နီရဲ့ကုမ္ပဏီရဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကားတွေ.. ယူအက်စ်အစိုးရနဲ့.. ကန်ထရိုက်ယူပြီး.. ပင်လယ်ကွေ့မှာ..အသင့်စောင့်နေကြပြီ..။

    ရယ်စရာမကောင်းဘူးလား..။

    ပြောရရင်.. စစ်ပွဲတွေအားလုံး… ဘာသာရေးအယူအဆတွေအားလုံး..အစွန်းရောက်သမားတွေအားလုံးဟာ.. အုပ်ချုပ်သူလူတချို ့ရဲ့.. စစ်တုရင်ခုံနဲ့… အဲဒီပေါ်က… နယ်ရုပ်ကလေးတွေပါ..။

    အခုထိနားလည်သလောက်တော့ … ထိန်းချုပ်ဖန်တီးထားတဲ့… ဘောင်ထဲကနေလွတ်ထွက်သွားတာ… ရှိဟန်မပေါ်သေးပါဘူး..။

    ကျန်တာကတော့..
    အဆင်ပြေသလို.. အလုပ်အကိုင်တွေအသစ်ဖန်တီးဖို့..လုပ်ကြတယ်..။ ပြောကြတယ်..။ ဖန်တီးကြတယ်…ဆိုပါစို့..။
    ယူအက်စ်စစ်သားတွေဆိုတာလည်း.. တရက်တရက်..လူထုရဲ့ အခွန်ငွေတွေ ထိုင်သုံးနေရတာ…ဘာကုန်ထုတ်စွမ်းအားမှရှိတာမဟုတ်…
    ကြာတော့… အမြင်မတော်တာမို ့..စစ်လေးဘာလေးဖန်တီး.. အတိုက်ပြပေးရတယ်ပေါ့..။

    ကျန်တာတော့… ကိုကြောင်ကြီးပြောတဲ့အတိုင်း..ဆက်စဉ်းစားကြပေါ့နော…။ 🙂

  • လင်းဝေကျော်

    May 9, 2011 at 10:11 am

    တကယ်တမ်းမှာ နိုင်ငံခေါင်းဆောင်များ ရဲ့ လုပ်ရပ်က အဲသလောက် နိမ့်ကျတယ် ကိုယ်ကျိုးကြည့်လွန်းတယ် မဟုတ်ရပါဘူး။
    တစ်ခါတစ်လေတော့လည်း အထကဋာဆရာများလို ဘေးမှ ဝေဖန်သူများက သူတို့မြင်တာကို အကွက်ရိုက်ပြပြီး ပြောကြတာတွေလည်းရှိသပေါ့ဗျာ။ ဟိုကတော့ လုပ်စရာရှိတာလုပ်နေတာပါပဲ ဘေးက ပုံချယ်ပြတော့ အားဟုတ်တယ်ပေါ့လေ။ အမှန်ကို သေချာသိနိုင်တာမှ မဟုတ်တော့ ငြင်းရင် အတော်ရှည်သွားမယ့်ကိစ္စ။
    အကြမ်းပြောရရင်တော့ တစ်ခါတစ်လေ အများဖတ်ရှုတဲ့နေရာတွေမှာ အတုယူဖွယ်ရာကိုသာ ရေးသင့်ပြီး။
    အတုယူလွဲနိုင်တာတွေကိုတော့ ချိန်ချိန်ဆဆ နဲ့ လေသံကိုဂရုတစိုက်ရေးသင့်ပါကြောင်း

  • phyoshein

    May 9, 2011 at 7:36 pm

    လင်းဝေကျော် ပြောတာကို ထောက်ခံပါတယ်…
    လုပ်ချင်တာကို လုပ်နေကြတယ်လို့လည်း မဟုတ်ကြပါဘူး..
    လုပ်သင့်တယ် ထင်တာကို လုပ်တတ်သလို လုပ်ကြတာတွေလည်း ရှိပါတယ်..
    ရေးတဲ့ နေရာမှာ ချိန်ချိန်ဆဆ ရေးသင့်သလို..
    ဖတ်သူများကလည်း တွေးတွေးဆဆ ဖတ်တာ အဆင်အပြေဆုံးပါ…
    သူများ ပြောတိုင်းလည်း မယုံသင့်ဘူးပေါ့…ဟုတ်တယ်ဟုတ်….

  • Hello Everyone

    May 10, 2011 at 1:21 am

    အမှန် ကအဲဒီ ဘင်လဒင် သေပြီဆိုတဲ့သီတင်းက အိုဘားမား မဲဆွယ်ကောင်းအောင် လုပ်ကြံထားတဲ့ လန်ကြုပ် ကြီးသက်သက်ပါ။ ( ဟိုတုံးက စက်တင်ဘာ ၁၁ ကိတ်စတုံးကလည်း ဘင်လာဒင် လုပ်တာပါဆိုပြီး စွတ်စွဲတာမှတ် ဦး မှာပါ။ အဲဒီတုန်း က ဘင်လာဒင် က”သူမဟုတ်ပါဘူး”လို့ အစပိုင်း ပြောပါသေးတယ်၊ နောက်တော့ သူလဲ လူအထင်ကြီး အောင် ”ငါလုပ်တာကွ ”လို့ပြောလိုက်တာပါ။)အမှန်က ဘင်လာဒင် ကခုချိန်ထိသက်ရှိထင်ရှား ရှိနေဆဲပါ။ ဒဂုံ ကြိုးတံတား နားမှာ ချင်းလေး ကိုင်ပြီး ဘရာကြော် ရောင်းပြီး အမေရိကန်တွေကို ပုန်းနေပါတယ်။ ( ခုအမေရိကန်တွေ သတ်လိုက်တာ ကတခြား လူတယောက်ပါ၊ အဲလိုကြောင့် လဲ အလောင်းစစ်ဆေးမှု တွေကို သူတို့ လူတစုနဲ့ပဲလုပ်ပြီး ရေထဲချ သဂြိုယ် လိုက်တာပါ။

  • eros

    May 10, 2011 at 2:15 am

    ပါပလာကြော်ရော မရောင်းဘူးလားဗျ။ ပါပလာကြော်ပါရောင်းရင်း ဈေးကွက်ချဲ့ ပါဦးလို့ 😛

  • ဆူး

    May 10, 2011 at 2:26 pm

    စမူဆာ လည်း ပါသေးတယ် ထင်တယ်။

  • darkoosky

    May 11, 2011 at 6:36 am

    ဘင်လာဒင်ကမသေခင်စကားတစ်ခွန်းပြောတယ် .. အား တဲ့

  • nature

    May 11, 2011 at 12:20 pm

    သူ့လုပ်ရပ်ကတော့တကမ္ဘာလုံးမှာ ရာဇဝင်တွင်စေမဲ့ ရာဇဝင်လူဆိုးတယောက်ပေါ့၊ သူတို့လူမျိုးစုအတွက်တော့ အမေရိကန်လိုနိုင်ငံကြီးကို ထိတ်လန့်သွားအောင်ခြိမ်းခြောက်နိုင်တဲ့ ့မာစတာဘရိန်း သူရဲကောင်းတယောက်ပေါ့။

  • king

    May 11, 2011 at 12:43 pm

    အား…. လို့ပြောပါဘူး
    အော်တာပါ (နာလို့)
    စမူဆာလည်းကြိုက်တယ် ဘယာကြော်လည်းဝါးမယ်
    တစ်ခုဘယ်လောက်လဲ
    (သေသေချာကိုင်နော် ပိုက်ဆံက …….)

  • bigcat

    May 11, 2011 at 11:45 pm

    ဘင်လာဒင် နောက်ဆုံးတကယ်ပြောသွားတာ ‘သောက်ပလုပ်တုတ်’

    • king

      May 12, 2011 at 1:17 pm

      ဟုတ်သေးဘူး ကိုကြောင်ကြီးရဲ့
      ဘင်လာဒင်က နည်းနည်းအသက်ပျင်းတယ်ဗျ
      ဒါကြောင့် သူက နောက်ဆုံးမှာခဲ့သေးတယ်
      သူ့ဇနီးကို နောက်သုံးလ နေလို့မှ ငါနဲ့ရတဲ့ ကိုယ်ဝန်မလွယ်ထားရင်
      နောက်အိမ်ထောင် ပြုလိုက်ပါတဲ့
      ဒါပေမယ့် ရွာထဲကသူတွေကိုတော့ မယူနဲ့တဲ့
      စကားလုံးတွေက ကြီးတော့ မိန်းမ မခံနိုင်မှာစိုးလို့တဲ့
      ( * _ ^ ) 😛 😀

      • eros

        May 12, 2011 at 3:37 pm

        တော်တော် နောက်တဲ့လူဗျာ။

  • unclegyi1974

    May 12, 2011 at 4:03 pm

    အိုစမာဘင်လာဒင်ကအမွှာမျှော်စင်ကိုသွား
    တိုက်လို့ဒီလောက်နှစ်နေရတာပါ
    ကျွန်တော်တို့ဘကြီးကိုလာထိရင်ဒီလောက်နှစ်
    အထိနေရဖို့မမြင်ပါဖူး
    ရွာသူရွာသားအပေါင်းကကောဘယ်လိုမြင်ပါသလဲ

Leave a Reply