အများကြီးမချမ်းသာတဲ့လူတစ်ယောက်ကို သူ့မှာရှိတာလေးတစ်ခုကိုတော့ ချမ်းသာပေးသင့်တယ်ထင်ပါတယ်.. ပြည့်နေတဲ့အိုးကိုတော့ လူတွေက ဖြည့်ဆည်းပေးချင်ကြတယ်.. မပြည့်တဲ့အိုးကျတော့ ဘောင်ဘင်ခတ်တယ်လေး ဘာလေးနဲ့ ကဲ့ရဲ့ချင်ကြတယ်.. တော်တော်လဲတရားတဲ့လူတွေ.. မပြည့်လို့သာ ဘောင်ဘင်ခတ်နေရတာပေါ့၊ ပြည့်အောင်သာ ဖြည့်ပေးကြည့်ပါလား.. ဘယ်လိုလုပ် ဘောင်ဘင်ခတ်တော့မှာလဲ??

(၅-၄-၂၀၁၁)

အချစ်ဆိုတာကို ငယ်ရွယ်သူတွေက ကိုးကွယ်ကြတယ်.. သူတို့မှာ ခံစားတတ်တာ နှလုံးသားပဲရှိတယ်.. ဦးဏှောက်မရှိဘူး
ကြီးရင့်သူတွေက အချစ်ကို မခံစားတတ်ကြဘူး.. သူတို့မှာ ဦးဏှောက်ပဲရှိတယ်.. နှလုံးသားမရှိဘူး

(၆-၄-၂၀၁၁)

ချစ်ခြင်းနှင့် ရိုးသားခြင်းကို ချိန်ထိုးကြည့်လိုက်သောအခါ
တစ်ဖက်ကိုမျှ အလေးမသာဘဲ
ချိန်ခွင်လျှာကြီးမှာသာ ဘယ်ဘက်လိုက်ရမလဲမသိ
အလယ်ကောင်မှာ ထီးထီးကြီး ဗျာများနေရှာလေတော့၏။ ။

(၁၆-၄-၂၀၁၁)

ကိုယ့်ရင်ခွင်မှာ ရှိမနေနိုင်တဲ့ချစ်သူကို
သူများရင်ခွင်မှာ ရှိမနေပါစေနဲ့လို့
ခပ်တိုးတိုး မ၀န့်မရဲ ရေရွတ်မိပါရဲ့။ ။

(၁၂-၄-၂၀၁၁)

၂၀၁၁ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့မှာ မြန်မာပြည်နဲ့ ချစ်တဲ့သူရဲ့ ရင်ခွင်မှာ အခြေချဖို့ ပြန်လာခဲ့ပါတော့မယ်.. ပျော်ရွှင်စရာ ခရီးစဉ်လေးတစ်ခုဖြစ်ပါစေလို့ ကိုယ့်ကိုယ်ကို ဆုတောင်းလိုက်ပါတယ်..

အပြုံးတွေနဲ့ ကြိုလင့်လှည့်ပါ ချစ်တဲ့ အို မြန်မာပြည်.. သင့်မြေ၊ သင့်ရေမှာ ကျွန်ုပ်ချစ်သောသူအား ထွေးဖက်ခွင့်ပြုပါ၊ လွမ်းမောခြင်းတွေ ဖြေဖျောက်ခွင့်ပြုပါ၊ စိတ်ဆင်းရဲစရာတွေ ဝေးလွင့်ရပါစေသား……..။ ။

(၂၆-၃-၂၀၁၁)

ငါ့ကိုယ်ငါ ချုံ့လို့ရရင် ကျုံ့ဝင်လိုက်ချင်ရဲ့
လောကကြီးမှာ နေရတာ ကျဉ်းကျပ်လာသလိုလိုရှိလို့…

(၇-၃-၂၀၁၁)

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..